← Chapters

ဘိုးဘေးများမလိုချင်ခဲ့သော ပစ္စည်း

Vol. 2 Ch. 22

ဘိုးဘေးများမလိုချင်ခဲ့သော ပစ္စည်း

Vol. 2 Ch. 22

“ရှင်လည်း ချိုင်းနားဂျွိုင်း(China joy)ကို ဒီနှစ်သွားမယ်လို့ ပြောတာ ကျွန်မကြားလိုက်သလားလို့လေ” ကောရှင်းယွီ၏တိုက်ရိုက်ထုတ်လွှတ်တင်ဆက်မှုပြီးသည့်နောက် အိပ်ယာဝင်ခါနီးအချိန်တွင် ဖန့်ကြွယ်ယွီအား မက်ဆေ့ချ် ပို့ခဲ့သည်။

“မင်းလည်း သွားမှာလား”

“ဟုတ်တယ်။ ကျွန်မမှာ ဖော်လိုဝါတွေများလာတာမို့ ဘမ်ဘူး (bamboo) အဖွဲ့က ငါ့ကိုဖိတ်လို့ အဲ့ပွဲမှာရှိနေမှာ” ကောရှင်းယွီက ပြောင်စပ်စပ်အီမိုဂျီကိုပို့ခဲ့သည်။

“ကောင်းတာပေါ့။ အဲ့ဒီ့ကိုရောက်ရင် နေ့လည်စာ လိုက်ကျွေးမယ် လေ” ဖန့်ကြွယ်ယွီသည် ကောရှင်းယွီ၏ မျက်နှာကို မြင်ဖူးချင်သည်။ ဒီတစ်ခေါက်သည် သူမအနေဖြင့် ပထမဆုံးအကြိမ်ရုပ်လုံးထွက်ပြတာဖြစ်ရမည်။

“မလိုပါဘူးရှင်။ရှင်ကျွန်မကို အများကြီးကူညီထားပေးတာ။ ကျွေးမဲ့ကျွေး ကျွန်မက လိုက်ကျွေးရမှာပေါ့” ကောရှင်းယွီ၏ ဖော်လိုဝါအရေအတွက်သည် နှစ်သန်းကျော်ထိ တိုးလာခဲ့ သဖြင့် ဘမ်ဘူးအဖွဲ့က သူမနှင့် ကာလရှည်သဘောတူစာချုပ် တစ်ခု ချုပ်ဆိုခဲ့သည်။

ထိုစာချုပ်ကြောင့် သူမမိသားစု၏ အကြွေးများကိုလည်း ဆပ်ပေးနိုင်ခဲ့ပြီး သူမ၏ ဘဝလည်း အဆင့်မြင့်လာခဲ့သည်။ ထိုသို့ဖြစ်လာရခြင်းမှာ ဖန့်ကြွယ်ယွီ၏ ကျေးဇူးမကင်းပေ။

“ဟုတ်ပါပြီ။ ဒါဆိုလည်း ကျွန်တော်အားမနာတော့ဘူး။ မင်းနဲ့တွေ့ရဖို့ မျှော်လင့်နေမယ်” ဖန့်ကြွယ်ယွီက မငြင်းဆို တော့ပေ။

“ဟီး။ ရှင်တော့ စိတ်ပျက်သွားမှာပဲ။ ကျွန်မက ရှင်ထင်ထား သလောက်မလှဘူး။ တိုက်ရိုက်ထုတ်လွှင့်ချိန်ဆို ကျွန်မကို လူတွေက ချောင်ပီလော လို့ခေါ်ကြတာ” ကောရှင်းယွီက ပြောသည်။

“ငါတော့ မထင်ပါဘူး။ မင်းတို့မိန်းကလေးတွေက လှရင်လည်း မလှဘူး။ ပိန်ရင်လည်း မပိန်ပါဘူးပဲပြောကြတာ။ မိန်းကလေး တွေက ယောကျာ်းလေးတွေရဲ့ စိတ်ကိုလှည့်ဖျားနေကြတာ”

“ဟုတ်ပါပြီ။ နောက်ကျနေပြီ။ ကျွန်မအိပ်တော့မယ်။ မှော်ဝင်မြို့တော်မှာ ဆုံကြမယ်” ညဉ့်နက်နေပြီဖြစ်သော ကြောင့် ကောရှင်းယွီက အလွန်အိပ်ချင်နေသည်။

“ဟုတ်ပါပြီဗျာ။ ဒါဆိုလည်း အိပ်နှင့်ပါ။ ကောင်းသောညလေးဖြစ်ပါစေဗျာ” ဖန့်ကြွယ်ယွီက မအိပ်ချင် သေးပေ။ သူ၏ခန္ဓာကိုယ်က အဆင့်မြင့်သွားသောကြောင့် ဖြစ် သည်။ ခုတလော သူဘယ်လောက်ပဲ အိပ်ယာဝင်နောက်ကျ ပါစေ နောက်တစ်နေ့မနက်တွင် အားအင်အပြည့်နှင့် နိုးထလာ နိုင်သည်။

“ခဏနေပါဦး၊ ငါတစ်ခုခုကိုမေ့များမေ့နေလား” ဖန့်ကြွယ်ယွီက အိပ်ပျော်ခါနီးအချိန်တွင် သူသည် အိပ်ယာထဲမှ ပြန်ထလာသည်။

“ရှင်းရီ နောက်ဆုံးမစ်ရှင်အတွက် မင်းငါ့ကို ဆု မပေးရသေး ဘူးနော်”

ဘိုးဘေးများမလိုချင်သောအမှိုက်ဟု ခေါင်းစဉ်တပ်ထားခြင်းက နားဝင်မချိုလှသော်လည်း သေချာပေါက်ထူးခြားသည့် အရာတစ်ခုခုဖြစ်ရမည်ဆိုတာ သူသိနေသည်။

“ပိုင်ရှင်က မှတ်မိသားပဲ။ တစ်ပတ်အတွင်း မထုတ်ယူဘူးဆို နောက်ထပ်ထပ်ပြီး တောင်းလို့ရတော့မှာမဟုတ်ဘူး”

ရှင်းရီက ဆိုသည်။

“သေစမ်း။ မင်းဘာလို့ သတိမပေးတာလဲ။ ငါ့ကို တိုက်ရိုက်ပေးလိုက်လည်းရတာပဲလေ” ဖန့်ကြွယ်ယွီက ဒေါသထွက်နေသည်။ သူသာ သတိမရခဲ့ပါက ခုချိန်ထိပြီး မြောက်လာခဲ့သော မစ်ရှင်တိုင်းသည် အလဟသ ဖြစ်ကုန် တော့မည်။

“ဒါက ၉၉ယောက်မြောက်ပိုင်ရှင်မှာကြားခဲ့တာတွေပါ” ရုတ်တရက်ဆိုသလို ရှင်းရီသည် ဖန့်ဟွိုက်၏ အသံကိုတုပ သည်။

“ဒီကလေးက အမြဲလိုလိုမေ့တတ်တယ်။ အခွင့်သာမယ်ဆို နောက်ပိုင်းမှာ သတိပိုရှိဖို့ သင်ပေးလိုက်စမ်းပါ”

ရှင်းရီသည် သူ့အဖေအသံနှင့် တစ်ထပ်တည်းတူအောင် ပြောနိုင်ရုံသာမက လေယူလေသိမ်းလည်း ထပ်တူညီလှသည်။ သူ၏ ဖခင်မှာကြားခဲ့သော အရာဖြစ်တာမို့ ဖန့်ကြွယ်ယွီ စောဒမတက်ရဲတော့ပေ။

ဒီတစ်ကြိမ်မှာ သူသင်ခန်းစာရလိုက်သည်။ နောက်ပိုင်းတွင် မစ်ရှင်ပြီးဆုံးသည်နှင့် ဆုလာဘ်များကို ချက်ချင်းတောင်းခံ မည်။ ကျောင်းနှစ်ပတ်လည်ပွဲပြီးသောအခါ ရရှိသောဆုလာဘ် က ပိုမိုများပြားလိမ့်မည်။

“ကောင်းပြီ။ ဒါဆို ခုပဲ မစ်ရှင်ကပေးတဲ့ ဆုကို ပေးပါလား” ဖန့်ကြွယ်ယွီက ထိုအရာကဘာဖြစ်မလဲဆိုတာ အလွန်သိချင် နေသည်။

သူပြောပြီး မကြာခင်မှာပင် သူ၏စိတ်ထဲမှာ လေးထောင့်ပုံ အကွက် တစ်ခု ပေါ်လာသည်။ ထိုအရာသည် သူနေထိုင်သော ကမ္ဘာနှင့် ဆက်သွယ်ခြင်းမရှိသော သီးသန့်ကမ္ဘာလေးအဖြစ် ရပ်တည်နေသည်။

“ရှင်းရီ၊ ဒါက ဘာလဲ။ သီးခြားကမ္ဘာတစ်ခုလား” သူသည် သိပ္ပံကမ္ဘာထဲရောက်နေသလို ဖန့်ကြွယ်ယွီ ခံစားနေရသည်။

“ဟုတ်တာပေါ့။ ဒါက အာကာသဆိုင်ရာသိပ္ပံပညာကို အခြေခံ ပြီး တီထွင်ထားတာ။ ဒါက ရွေ့လျားနိုင်တဲ့ သီးခြားကမ္ဘာတစ်ခု ပေါ့။ သီအိုရီအရ ဒီနေရာက ကြီးတယ်ဆိုပေမဲ့ ကန့်သတ်ချက် တချို့ကြောင့် ခုတော့ ကုဗမီတာလောက်လေးပဲ အသုံးပြုနိုင် တာ”

“အို ဘုရားရေ” ထိုမျှလောက် အကျယ်အဝန်းနှင့်လည်း အများကြီး ပြုလုပ်နိုင်သည်။

“ဒါက ဘယ်လိုလုပ်ခဲ့တာလဲ”

“ငါ့ကိုဖန်တီးခဲ့တဲ့ ကမ္ဘာက ဒီလူသားကမ္ဘာထက် ပိုပြီး ခေတ်မီ တယ်။ ဒီလိုမျိုးနည်းပညာဆိုတာ သူတို့အတွက်တော့ မခဲယဉ်း ပါဘူး”

“ဒါဆို မင်းလာခဲ့တဲ့ကမ္ဘာက”

ဖန့်ကြွယ်ယွီသည် ရှင်းရီအား ထိုမေးခွန်းကိုတစ်ခါမှ မမေးဖူးပေ။

“သယံဇာတအရင်းအမြစ်တွေကို တူးဖော်တာများပြီး စကြာ ဝဠာတစ်ခုလုံးပျက်စီးကုန်တာ။ ငါ့ရဲ့ဒေတာ လမ်းကြောင်းက ကြယ်စဉ်တန်းဖျက်စီးမှုရဲ့ ဂမ်မာအလင်းတန်း နောက်ကိုလိုက် ပြီးကမ္ဘာမြေပေါ်ရောက်ခဲ့တာ။ ပြီးတော့ ဖန့်မိသားစုဘိုးဘေး တွေရဲ့ခန္ဓာကိုယ်ထဲမှာနေခဲ့တာ ကိုးဆယ့်ကိုးယောက်မြောက် ပိုင်ရှင်ထိ ဆိုပါတော့”

“ဪ ဒီလိုကိုး”

ဖန့်ကြွယ်ယွီသည် ယခုမှသာ ရှင်းရီ၏ နောက်ကြောင်းကို စုံစုံလင်လင် သိရတော့သည်။ ဖြစ်နိုင်တာက ထိုအရာကြောင့် သူတို့ဖန့်မိသားစု ကံကြမ္မာတစ်ဆစ်ချိုး ပြောင်းလဲခဲ့ပုံရသည်။

“ဒါဆို ငါက ဒီအရာကို ဘယ်လိုသုံးရမလဲ”

ထိုအကြောင်းတွေးမိပြီး ဖန့်ကြွယ်ယွီသည် အနီးဆုံးနေရာကို ရောက်အောင်သွားပြီး ထိုကမ္ဘာလေးကိုကြည့်သည်။ ထိုကုဗတုံးအရွယ်နေရာလေးသည် ဗလာကျင်းနီးပါးဖြစ်နေပြီး ကြွေထည်ပုလင်းတချို့သာရှိနေသည်။

ဖန့်ကြွယ်ယွီက ထိုပုလင်းကိုထုတ်ပြီး “ ဒါကရောရှေးဟောင်းပစ္စည်းပဲလား”

“ဟုတ်တယ်လို့ပဲဖြေရမှာပေါ့။ ဒါက ဆယ့်ငါးယောက်မြောက် ပိုင်ရှင်လက်ထက်ထဲက ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်းလာ ခဲ့တဲ့အရာပေါ့။ တန်ဖိုးမဖြစ်နိုင်တဲ့ ရှေးဟောင်းပစ္စည်းဆိုပါ တော့”

“ဒါပေမဲ့ တကယ့်ဆုက အဲ့ဒီ့ ပုလင်းထဲမှာရှိတဲ့အရာပေါ့”

“အို”ဖန့်ကြွယ်ယွီက ပုလင်းကို ဖွင့်လိုက်သောအခါ ဆေးအနံ့က ထောင်းခနဲထွက်လာသည်။ ထိုအနံ့ကြောင့် သူ၏ အင်အားများပြည့်လာသကဲ့သို့ ခံစားနေရသည်။

ထိုပုလင်းလေးထဲတွင် မဲပြောင်နက်နေသော ဆေးငါးလုံးကို တွေ့ရသည်။ ထိုဆေးများသည် သကြားလုံးအရွယ်အစားရှိပြီး တစ်လုံးနှင့်တစ်လုံး ပုံသဏ္ဍာန်မညီနေပေ။

“ဒါကဘာကြီးလဲ။ ဘိုးဘေးတွေ နှစ်ပေါင်းများစွာ စုဆောင်းခဲ့တဲ့ အရာတွေတော့ မဟုတ်ပါဘူးနော်”

“ဒီအရာတွေက ပိုင်ရှင်-၁၅က ဆေးလုံးဖော်တုန်းက မအောင်မြင်ခဲ့တဲ့ဆေးတွေပေါ့”

“ဘယ်လို ဆေးဖော်တယ်။ အင်မော်တယ်ကျင့်စဉ်လား” ဖန့်ကြွယ်ယွီက ရေရွတ်နေမိသည်။

“ဒါက သိပ္ပံပညာတစ်မျိုးပါ” “အပင်ထဲမှာရှိတဲ့ ဓာတ်ပစ္စည်းတွေကို ထုတ်ယူပြီး လူသားတွေအတွက် အကျိုးရှိတဲ့ဆေးဖော်တာ။ အပင်ရဲ့ ဓာတ်ပစ္စည်းတွေက သိပ်ပြီးမကောင်းတဲ့အတွက် ဖော်စပ်တဲ့ဆေးတွေက အင်မော်တယ် အဆင့်ကိုမရောက်ခဲ့ဘူး။ ဒါပေမဲ့ ဒီဆေးတွေကို သောက်လျှင်တော့ အရွယ်တင်နုပျိုပြီး အသက်ရှည်စေပါတယ်”

“ဒါတွေက…”

“ဒီဆေးလုံးတွေက ပိုင်ရှင်-၁၅ဖော်စပ်ခဲ့တဲ့ မအောင်မြင် လိုက် တဲ့ဆေးတွေပါ။ ဆေးဖော်ရတာတော့ ဧကရာဇ် ချင်ရှစ်ဟွမ် အတွက် မှော်ဝင်အင်မော်တယ်ဘဝကို ဖန်တီးပေးချင်လို့

လုပ်တာပါ”

“ဧကရာဇ် ချင်ရှစ်ဟွမ်”

ဧကရာဇ်ကပါ သူတို့ဘိုးဘေးများနှင့် ပတ်သက်နေသည်။ ဖန့်ကြွယ်ယွီက ပြောစရာစကားများပျောက်ရှရပြန်သည်။

“ပိုင်ရှင်-၁၅ က ငါ့ရဲ့ ဒေတာတွေထဲကနေ ဆေးပညာနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေရခဲ့တာ။ အဲ့ချိန်တုန်းက သူက ဆေးဖော်စပ်တဲ့ဆရာပေါ့။ သူ့မှာ ကုန်ကြမ်းပစ္စည်းလည်း လုံလုံလောက်လောက်ရှိပေမဲ့ ထူးချွန်ပြောင်မြောက်တဲ့ ဆေးတွေမထုတ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ သာမန်လူတစ်ဦးကို နောက်ထပ် နှစ်ပေါင်း ၂၀ အသက်ရှင်စေနိုင်တဲ့ ဆေးကိုတော့ ဖော်နိုင်ခဲ့တယ်”

“ဪ ဒီလိုကိုး” သေခါနီးလူတစ်ယောက်ကို အသက်ဆက် နိုင်ရန် ခေတ်မီဆေးပညာများက အောင်မြင်စွာမလုပ်ဆောင် နိုင်သေးပေ။

သို့သော် သူ၏ ဘိုးဘေးများက တကယ့်ကို ကျွမ်းကျင် ပြောင်မြောက် လှသည်။

“ဧကရာဇ်ချင်ရှစ်ဟွမ်က သေအံ့နီးနီးမှာ သူ့အတွက် မသေဆေး ဖော်ပေးဖို့ မင်းရဲ့ဘိုးဘေးတွေကို တောင်းဆိုခဲ့တာ။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံး ဆေးဝါးက မတတ်နိုင်ခဲ့ တာကို သူက လုပ်နိုင်ခဲ့တယ်။ သူက ဆယ်စုနှစ်တစ်ခုထိ သက်တမ်းတိုးစေတဲ့ ဆေးလုံးသုံးလုံးကို ဖော်စပ်နိုင်ခဲ့တယ်”

“အဲ့ကိစ္စတွေပြီးတော့ ဘာဆက်ဖြစ်သလဲ” ဖန့်ကြွယ်ယွီက ထိုဇာတ်လမ်းကို ပိုမိုပြီး စိတ်ဝင်စားလာသည်။

“ပြီးတော့ အဲ့ဒီ့ဆေးသုံးလုံးကို ကျောက်ကောင်းက လုယူခဲ့ တယ်။ ဒါပေမဲ့ ပိုင်ရှင်က စိတ်ထဲဘာမှ မဖြစ်ခဲ့ဘူး။ သူက လူသား တွေရဲ့တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်နိုင်ခဲ့ တယ် လေ။ သူ့ကို ဧကရာဇ်က ချီးမြှင့်တဲ့ ဆုတွေနဲ့ အဲ့ဒီ့နန်းတော် ထဲက တစ်ယောက်ထဲ ကိုယ်လွတ်ရုန်းနိုင်ခဲ့တယ်”

“ဟား ကျွန်တော့်ဘိုးဘေးတွေက တကယ့်အာဂတွေပါလား” ဖန့်ကြွယ်ယွီက နည်းနည်းမာန်တက်ချင်သလိုလိုတောင် ဖြစ်လာသည်။

“ဒါဆို ဒီဆေးငါးလုံးကရောဘာတွေလဲ။ ဒါတွေကရော အသက်ရှည်စေနိုင်လား”

“မရှည်စေနိုင်ဘူး။ ဒါတွေက မအောင်မြင်လိုက်တဲ့ဆေးလုံးတွေဆိုတော့ ဆေးအာနိသင်နဲ့ပတ်သက်ပြီး ပြသနာရှိတယ်ဆိုနိုင်မယ်။ ငါက ပါဝင်ပစ္စည်းတွေကို ခွဲခြမ်းစိတ်ဖြာကြည့်တော့ အိုမင်းရင့်ရော် တဲ့ဆဲလ်တွေကို ပြန်လည်နုပျိုပေးနိုင်စွမ်းရှိတယ်။ ဒီဆေးတွေ က ရောဂါကိုမကုနိုင်ပေမဲ့ ခြေပျက်လက်ပျက်မဟုတ်ခဲ့ဘူး ဆိုလျှင် ဘယ်ဒဏ်ရာကိုမဆို ဘယ်ဖျားနာမှုကိုမဆို ကုသပေး နိုင်စွမ်းရှိတယ်”

“ဒါဆို ကင်ဆာနဲ့ အေအိုင်ဒီအက်စ် (AIDS) ရောဂါကို ကုသနိုင်တယ်ပေါ့”

“ဒါပေါ့”

All Chapters