ကိုယ်ပိုင် ဟယ်လီကော်ပတာ
Vol. 2 Ch. 23
“ဟာ မိုက်ပါ့ကွာ”
ဖန့်ကြွယ်ယွီသည် ထိုစကားလုံးကိုကြိမ်ဖန်များစွာ သုံးနေရ သည်။
ထိုရောဂါကိုယနေ့ထက်တိုင် ကုသမရနိုင်သေးပေ။ အကယ်၍ ထိုရောဂါကို ကုသနိုင်သည့်ဆေးရှိသည် ဟု ဆေးပညာအသိုင်း အဝိုင်းကို သတင်းစကားဖြန့်လိုက်ပါက သေချာပေါက် သတင်းထူးဖြစ်လာလိမ့်မည်။
ထိုကဲ့သို့ ထူးခြားဆန်းကြယ်သည့်အရာကို သူ၏ဘိုးဘေးများ က အမှိုက်ဟု သတ်မှတ်ပြီး စွန့်ပစ်ထားခဲ့လေသည်။ ဤမျှလောက် အဖိုးတန်သော အမှိုက်ရှိပါလေဦးမလား။
သူက ပိုက်ဆံကို ရေလို မပူမပင် မကြောင့်မကြ သုံးစွဲနိုင်သော် လည်း ဘိုးဘေးများနှင့် ယှဉ်ပါက ခြွေတာသည်ဟု ဆိုနိုင်ပေ သည်။
သူ၏ဘိုးဘေးများက စွန့်ပစ်ခဲ့သော အမှိုက်သည် ထိုမျှလောက် အဖိုးတန်နေသည်။ သူ၏ ဘိုးဘေးများက မတော်တဆ ဆုံးရှုံး ခဲ့ရသော အရာများက မည်ကဲ့သို့ အဖိုးတန်ပစ္စည်းများ ဖြစ်လိမ့်မည်နည်း။
ဖန့်ကြွယ်ယွီသည် နောက်တစ်ဆင့်ကိုတက်လှမ်းရန် မစောင့် နိုင်တော့ပေ။
“ဟဲလို သူဌေး လု ဘယ်မှာလဲ”” ငါကတော့ လမ်းမှာ ကားပိတ်နေတယ်”
မော့တူကိုသွားရန် ဖန့်ကြွယ်ယွီသည် မနက်စောစောထခဲ့ သည်။ သို့သော် ချိုင်းနားဂျွိုင်း၏ ဆွဲဆောင်မှုကို သူလျှော့တွက် ခဲ့မိသည်။ ထိုနေ့မှာမြို့အသီးသီးမှ စိတ်ပါဝင်စားသူများ ရောက်လာကြသည်။ မနက် ၆ နာရီ ၇ နာရီ ဝန်းကျင်မှာတင် ကားလမ်းက ပိတ်နေခဲ့သည်။
(China joy ဆိုတာ တရုတ်မှာ နည်းပညာပြပွဲ၊ ဂိမ်းကစားပွဲလိုမျိုးပေါ့။ နောက်ဆုံးပေါ်နည်းပညာနဲ့ ဂိမ်းတွေကို မိတ်ဆက်တာမျိုး။ မြန်မာမှာဆိုရင် မိုဘိုင်းလီးဂျန့်ပြိုင်ပွဲတွေနဲ့ cosplay ပွဲတွေလိုမျိုး event တွေပါ။ အင်တာနက်ပေါ်က အနုပညာရှင်တွေကော၊ နာမည်ကြီးတွေပါ လာကြတာမျိုးပေါ့)
“ဆရာဖူ၊ သွားနှင့်ပါလား။ ကျွန်တော်နောက်ကလိုက်ခဲ့ပြီး ပွဲခင်းထဲမှာ ဆရာ့ကိုလာရှာမယ်လေ”
ကားပိတ်ခြင်းက ကြာမြင့်ဦးမည့်သဘောဖြစ်သည်။
ဖန့်ကြွယ်ယွီက သူတစ်ပါးကို စောင့်ဆိုင်းခိုင်းရသည်ကို အားနာလှသည်။အထူးသဖြင့် ဆရာဖူသည် ဒီနေ့မှာ သူ၏ သူငယ်ချင်းများနှင့် မိတ်ဆက်ပေးရန် စီစဉ်ထားပြီးဖြစ်သည်။
ဆရာဖူ၏ နာမည်အရင်းမှာ လျှိုရီမုန် ဖြစ်သည်။ သူက ပရော်ဖက်ရှင်နယ်ဂိမ်းပြိုင်ပွဲမှာ ပထမဆုရရှိကတည်းက မော့တူမှာ အခြေချခဲ့သည်။
ပုံမှန်ဆို သူက စောင့်ဆိုင်းရခြင်းကို စိတ်ထဲဘာမှမဖြစ်နေပေ။ သို့သော် ဒီကနေ့မှာ သူ့မှာ ဘမ်ဘူးတိုက်ရိုက်ထုတ်လွှင့် တင်ဆက်ခြင်း၏ သူဌေးကဲ့သို့ နိုင်ငံကျော် အရေးကြီးပုဂ္ဂိုလ်နှင့် ချိန်းထားသဖြင့် မစောင့်နိုင်ခြင်းဖြစ်သည်။
ဖန့်ကြွယ်ယွီက ချမ်းသာသော်ငြား ထိုပုဂ္ဂိုလ် ထက်တော့ မချမ်းသာနိုင်ဘူးဟု သူ့စိတ်ထဲမှာ တွေးနေမိသည်။ ထိုပုဂ္ဂိုလ်၏ မိသားစုသည် တရုတ်မှာ အချမ်းသာဆုံး ဖြစ်ရုံ သာမက သူသည် လည်းထိပ်တန်းအချမ်းသာဆုံး (၃)ဦးထဲမှာ အမြဲရှိနေသည်။ ထိုထိပ်သီး၃ ဦး၏နာမည်ကို လူတိုင်းသိသော် လည်း ဖန့်ကြွယ်ယွီကို မည်သူမှ မသိပေ။
လျှိုရီမုန်သည် အပေါင်းအသင့်ဆံ့လိုသဖြင့် ဖန့်ကြွယ်ယွီကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
“ဒါဆိုလည်း သွားနှင့်မယ်လေ။ ဒီနေ့မှာ သခင်လေးဝမ်နဲ့ ချိန်းထားတာလေးလည်း ရှိနေလို့ပါ။ မင်း ပွဲခင်းထဲရောက်တာ နဲ့ ငါ့ကိုခေါ်လိုက်ပါ။ ငါမင်းကို သူငယ်ချင်းတွေနဲ့ မိတ်ဆက် ပေးမယ်”
“ကောင်းပါပြီ။ ဒါဆိုလည်း ပွဲခင်းထဲရောက်မှ ဆုံကြမယ်”
သခင်လေးဝမ်က မည်သူလဲဆိုတာ ဖန့်ကြွယ်ယွီသိသည်။ ဝမ်လင်းသည် ဟွာရှား၏ အချမ်းသာဆုံး ၃ဦးစာရင်းဝင်ဖြစ်ပြီး သူ့သားက ဝမ်ချုံး ဖြစ်သည်။
“သူငယ်ချင်းတွေ ချမ်းသာလား မချမ်းသာလားဆိုတာ တစ်ခါမှ စိတ်မဝင်စားဖူးဘူး။ ဘာလို့လဲဆို ငါ့ထက်ပိုပြီးမချမ်းသာ နိုင်ဘူးဆိုတာ သေချာသိနေလို့” ဟူသော သူ၏ စကားသည် အင်တာနက်တခွင် နာမည်ကြီးခဲ့သဖြင့် သူသည် အင်တာနက် အနုပညာရှင်သဖွယ် ဖြစ်ခဲ့သည်။
သူက ဒုတိယမျိုးဆက်ချမ်းသာသူဖြစ်သော်လည်း ဝမ်ချုံသည် ဥာဏ်ပညာထက်မြက်ပြီး စည်းစနစ်ကျသူမို့ သူ၏ စကားများ က အမြဲလိုလို ပြောစမှတ်တွင်ခဲ့ရသည်။
သူ့အနေအထားနှင့် ထိုကဲ့သို့ ပုဂ္ဂိုလ်များနှင့် တစ်ခါမှ မတွေ့ဖူးပေ။ သို့သော် ယခုလိုအခွင့်အရေးပေးခဲ့သည့် ကံကြမ္မာ၏ ဆန်းကြယ်ပုံကိုလည်း တအံ့တဩဖြစ်ရသည်။
“ရှေ့မှာဘာတွေဖြစ်နေတာလဲကွာ” နှစ်နာရီလောက်စောင့်ဆိုင်းနေသော်လည်း ကားက တစ်လက်မမျှ မရွေ့ပေ။ ဖန့်ကြွယ်ယွီ သည်းခံနိုင်သည့် ပမာဏကို ကျော်လွန်ခဲ့ပြီဖြစ်သည်။
“ငါ့မှာ လေယာဉ်ပျံတစ်စင်းရှိရင် သိပ်ကောင်းမှာပဲ” ဟု သူ၏ စိတ်ထဲမှ ရေရွတ်မိသည်။
“ပိုင်ရှင်၊ မင်းဆီမှာ တစ်စင်းရှိတယ်လေ”
“ငါသိတယ်လေ ပင်လယ်စာနဲ့ အသားငါးတွေကို ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့သွားဝယ်တာမလား။ ဒါပေမဲ့ လေယာဉ်ရပ်ဖို့ပြေးလမ်းမှ မရှိနေတာ။ ရှိတော့ရော ဘာလုပ်နိုင်မှာမလို့လဲ”
“မဟုတ်ဘူး။ ငါပြောတာက မင်းရဲ့ကိုယ်ပိုင်လေယာဉ် မဟုတ်ဘူး။ မင်းရဲ့ ကိုယ်ပိုင် ဟယ်လီကော်ပတာ အကြောင်းပြောနေတာ”
“ငါ့မှာ ဟယ်လီကော်ပတာ ရှိတယ် ဟုတ်လား” ဖန့်ကြွယ်ယွီအံ့ဩရပြန်သည်။
“ဟုတ်ပါတယ်။ လေယာဉ်ပျံတောင်ပိုင်သေးတာပဲ။ ဟယ်လီကော်ပတာက ဘာလို့မရှိရမှာလဲ”
ထိုအကြောင်းကြားပြီး သူသည် ဖုန်းကိုချက်ချင်း ကောက်ကိုင် ကာ ကျွမ်းရီဆီ ဖုန်းဆက်သည်။
“သခင်လေး၊ မှော်ဝင်မြို့တော်ကို ရောက်ပြီလား” ကျွမ်းရီက မျက်နှာမှာ အလှအပရေးရာ မက်စ်(mask)ကို တပ်ထားပြီး မနက်ခင်း၏ သာယာမှုကို အပြည့်အဝခံစားနေသည်။
“မပြောပါနဲ့တော့။ ကားလမ်းပိတ်နေတာ နှစ်နာရီရှိပြီ။ ဒီတိုင်းသာဆို မမှောင်ခင်တောင် မှော်ဝင်မြို့ကို ရောက်နိုင်ပါ့မလားမသိဘူး”
“အိုး။ အဲ့လောက်တောင် အခြေအနေဆိုးတာလား။ဒါဆို သခင်လေး ခုဘယ်နားရောက်နေလဲဆိုတာပို့ပေးပါလား။ သခင်လေးကိုကြိုဖို့ ဟယ်လီကော်ပတာတစ်စင်း လွှတ်လိုက်မယ်”
ကျွမ်းရီက ဟယ်လီကော်ပတာတစ်စင်းကို စီးနေကျ ဘတ်စ်ကား သို့ ရထားကဲ့သို့ပင် မှတ်ယူပြီး လွယ်ကူသောအလုပ်သဖွယ်စီစဉ်ပေးနေသည်။
ဖန့်ကြွယ်ယွီက သူမအားတည်နေရာကို ပို့ပေးသည်။
“ခဏစောင့်ပါ သခင်လေး။ မှော်ဝင်မြို့တော်လေဆိပ်မှာသခင်လေးကိုယ်ပိုင်ဟယ်လီကော်ပတာက အသင့်ရှိနေပါတယ်။ နောက်ထပ် မိနစ်နှစ်ဆယ် အတွင်း အဲ့ဒီ့နေရာကိုရောက်လာပါလိမ့်မယ်”
“အိုကေ ကျေးဇူးပါ အမရီ”
“ချမ်းသာတာက တကယ့်ကိုမိုက်တာပဲ” ဖန့်ကြွယ်ယွီက တွေးမိသည်။
မိနစ်နှစ်ဆယ်ကြာပြီးနောက် ကောင်းကင်ထံမှ မိုးခြိမ်းမတတ် ကျယ်လောင်သော ဆူညံသံကိုကြားရသည်။ ထို့နောက် အနက်ရောင် ဟယ်လီကော်ပတာတစ်စင်းဆင်းသက်လာပြီး အနီးအနားရှိ လူပေါင်းများစွာကို အံ့ဩမှင်သက်စေသည်။
“ဟာ သေစမ်းကွာ။ ဒါက တကယ့်ကို ခမ်းနားလွန်းတယ် မလား” ဖန့်ကြွယ်ယွီက ဟယ်လီကော်ပတာအသေးလေး ကိုသာ မျှော်လင့်ထားသည်။ သို့သော် ဤတစ်စီးက စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေး ဟယ်လီကော်ပတာ အရွယ်အစားရှိသည်။ ကြီးမားလှသည် လေထုဖိအားသည် အောက်မှာရှိသော ကားများကို လွင့်ထွက်မတတ်ဖြစ်စေသည်။
“ပိုင်ရှင်၊ဒီဟယ်လီကော်ပတာက အရင်က အမေရိကန်စစ်တပ် ရဲ့ AH-64 စစ်ဘက်သုံးယာဉ်ကနေ ပြောင်းလဲထားတာတာပါ။ အလျားက ၁၇.၈ မီတာရှည်လျားပြီး အကျယ်က ၅.၂၃မီတာ ရှိပါတယ်။ မစ္စတာ ဖန့်ဟွိုက်က မကြာသေးခင်ကပဲ ဒေါ်လာ သန်း၁၂၀ နဲ့ တိုးတိုးတိတ်တိတ် ဝယ်ယူထားတာပါ”
“ငါ့အဖေရဲ့ ပုံစံကိုက ခန့်မှန်းရခက်တယ်မလား” ဖန့်ကြွယ်ယွီသည် ဒီတစ်ကြိမ်လည်း ဘာမှမပြောနိုင်အောင် ဖြစ်ရပြန်သည်။
“ဟယ်လီကော်ပတာက ဘာလို့ရပ်သွားတာလဲ။ တယောက်ယောက်ကိုလာကြိုတာလား”
“အို ဘုရားရေ ဒီလောက်ကြီးတဲ့ ဟယ်လီကော်ပတာကို ဘဝမှာတစ်ခါမှ မမြင်ဖူးခဲ့ဘူး။ ဒါက ပုဂ္ဂလိကပိုင်တာလား”
“မဟုတ်မှလွဲရော တစ်ယောက်ယောက်က ဒဏ်ရာရတာ ဒါမှမဟုတ် ဖျားနာနေလို့ ဆေးရုံကို အချိန်မီတင်ဖို့ လိုအပ်နေလို့လား”
“မြန်မြန်လာ။ ဒါကို ရိုက်ပြီး လိုင်းပေါ်တင်လျှင် သေချာပေါက် နာမည်ကြီးမှာပဲ”
အားလုံးက စိတ်ဝင်တစားရှိနေချိန်တွင် အနက်ရောင်ဝတ်စုံ နှင့်လူများက ဟယ်လီကော်ပတာပေါ်မှ ဆင်းလာပြီး ပို့ရှာ ( Porsche) ကားနားမှာရပ်သည်။ ထို့နောက်ကားကို သံကြိုး ကဲ့သို့အရာဖြင့် ချည်နှောင်ပြီး ဟယ်လီကော်ပတာဆီပြန်သွား သည်။
“ခဏနေပါဦး သူတို့ဘာတွေလုပ်နေတာလဲ” ဖန့်ကြွယ်ယွီလည်း လေယာဉ်စီးဖူးသည်။ သို့သော် ထိုကဲ့သို့ အရာမျိုးကို တစ်ခါမှ မကြုံခဲ့ဖူးပေ။အကယ်၍ ကြိုးများက ခိုင်မာမှုမရှိပဲ ပျက်ကျနိုင်သည်။ ထိုအမြင့်မှပြုတ်ကျလျှင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားနိုင်သည်။
“ဟားဟား။ စိတ်ကိုလျှော့ထားပါ ပိုင်ရှင်။ ဒီဟယ်လီကော်ပတာရဲ့ ပါဝါစနစ်က ရိုးရိုးကားမပြောနဲ့ တင့်ကားကိုတောင် မနိုင်တယ်။ ပြီးတော့ ဒီကြိုးတွေက အထူးစီမံထားတာ။ ဆယ်တန်အောက်ဆို အသာလေး မ, နိုင်တယ်”
“ဒါပေမဲ့ မင်းအဲ့လိုပြောနေပေမဲ့လည်း ကြောက်တာက ကြောက်တာပဲ”
“ငါ ပြုတ်ကျတော့မလို ခံစားနေရတာ…”
ဖန့်ကြွယ်ယွီ၏ အော်ဟစ်သံများကြားတွင် ဟယ်လီကော်ပတာ သည် ချိုင်းနားဂျွိုင်း ကွန်ဗင်းရှင်း (convention) စင်တာကို ချောချောမွေ့မွေ့ဆင်းသက်နိုင်ခဲ့သည်။ လူပေါင်းများစွာက ထိုအဖြစ်အပျက်ကို မှတ်တမ်းယူပြီး အင်တာနက်ပေါ် ဖြန့်ခြင်း အား သူမသိနေပေ။
ဖန့်ကြွယ်ယွီ မသိလိုက်ခင်မှာပဲ ထိုဗီဒီယိုသည် ဆယ်မိနစ် အတွင်း ဝီဘို (Weibo) ၏ လူကြည့်အများဆုံးဗီဒီယိုစာရင်း တွင်ဝင်ရောက်သွားခဲ့သည်။