← Chapters

ခန်းမအတွင်းဝင်ရောက်ဖို့အဆင့်အမြင့်ဆုံးနည်းလမ်း

Vol. 2 Ch. 24

ခန်းမအတွင်းဝင်ရောက်ဖို့အဆင့်အမြင့်ဆုံးနည်းလမ်း

Vol. 2 Ch. 24

ကျန်းနန်တံတားမှာ ကားပိတ်နေတဲ့အချိန် ပို့ရှာ(Porsche) ကားပိုင်ရှင်က ကိုယ်ပိုင်ဟယ်လီကော်ပတာခေါ်ပြီး လမ်းပိတ် တဲ့အပေါ်ကနေဖြတ်သွားတယ်…

ထိုကဲ့သို့ ရှာဖွေမှုကြီးသည် ဝီဘို (weibo) ၏ ခေါင်းကြီးပိုင်း တွင် နေရာယူထားသည်။ ဖန့်ကြွယ်ယွီက ကားနံပါတ်ပြား ကိုမဖုံးအုပ်ထားမိသဖြင့် အွန်လိုင်းတခွင် ပျံ့နှံ့သွားတော့သည်။

ထို့ပြင် ကြီးမားသော ဟယ်လီကော်ပတာကြီးက ကောင်းကင် ထက်တွင် ကားကိုဆွဲပြီး ပျံသန်းသွားပုံက အလွန်သိသာသည်။ ထိုဖြစ်စဉ်သည် ဘဝမှာကြုံတောင့်ကြုံခဲဖြစ်သောကြောင့်

မြင်ရသူအပေါင်းသည် ဓာတ်ပုံ သို့ ဗီဒီယိုမရိုက်ဘဲ မနေနိုင် ပေ။

လျှိုရီမုန်နှင့် ဝါရင့်ကစားသမားများစွာသည် ချိုင်းနားဂျွိုင်း ကျင်းပရာ ပွဲအခမ်းအနားကိုရောက်နှင့်နေကြပြီဖြစ်သည်။ သူတို့ထဲတွင် ဦးထုပ်ပြားကိုဆောင်းထားပြီး ဘေးနားတွင် အလွန်တရာချောမောလှပသော မင်းသမီးတစ်ဦးလည်း ရှိနေသည်။ ထိုသူသည် ဝမ်ချုံး ဖြစ်သည်။

အဆင့်တန်းမြင့်မြင့် နာမည်ကြီး သူဌေးတစ်ဦးဟူသော ဂုဏ်ပုဒ်များသည် သူနှင့်လိုက်ဖက်လွန်းသည်။

“လာကြည့်ကြပါဦး” ဝမ်ချုံး၏ ဖုန်းထဲတွင် ကားတစ်စီးကို ကောင်းကင်ထက်တွင် ဟယ်လီကော်ပတာတစ်စင်းက ဆွဲယူ သွားတာကိုမြင်ရသည်။ ထိုမြင်ကွင်းသည် ရုပ်ရှင်ထဲမှာတောင် မြင်ဖို့ ခဲယဉ်းလှသည်။

“ဟာ မိုက်လိုက်တာကွာ” လျှိုရီမုန်သည် ဝမ်ချုံး၏ ဖုန်းကို ခဏခဏ လှမ်းကြည့်ပြီး ထိုဗီဒီယိုက အစစ်ဟုတ်မဟုတ် အကဲခတ်နေသည်။

“ငါ့ကိုယ်ငါ အဆင့်မြင့်မြင့်နေထိုင်လွန်းတယ်လို့ မှတ်ထားတာ။ ဒီကမ္ဘာမှာ ငါ့ထက်သာတဲ့သူတွေအများကြီးရှိသေးတာပဲ။ ကားလမ်းပိတ်နေတဲ့အချိန်မှာ ဟယ်လီကော်ပတာကို ခေါ်ပြီး ကားလာဆွဲခိုင်းတာက အရမ်းပုံကြီးချဲ့လွန်းတယ်။ ဟုတ်တယ် မလား”

“ဒါပေမဲ့ ထူးဆန်းတာက အဲ့ဒီ့ကားက ယွမ်တစ်သန်းလောက်ပဲ တန်ကြေးရှိတာ။ ဟယ်လီကော်ပတာ တန်ကြေးနဲ့ယှဉ်လျှင် ကွာခြားလွန်းတယ်” လျှိုရီမုန်၏ အသင်းသားဖြစ်သူ အရိပ်က မှတ်ချက်ပြုသည်။

သူတို့ပိုင်ဆိုင်သမျှ အရာနှင့်ဆို ဟယ်လီကော်ပတာကို ဝယ်ယူ ရန် မတတ်နိုင်ဘဲ ကားဝယ်ဖို့သာတတ်နိုင်သည်။ “ဟယ်လီကော်ပတာတွေကို အက်ပလီကေးရှင် (application) အသစ်ဖြစ်တဲ့ “ Hail-A-Helicopter”ကနေ လှမ်းခေါ်တာများ လား။ သူတို့က ဟယ်လီကော်ပတာနဲ့ပတ်သက်တဲ့ ဝန်ဆောင် မှုပေးတာ ငါမှတ်မိနေတယ်။ ဒါပေမဲ့ စျေးအရမ်းကြီး တယ်”

“မဟုတ်ဘူး။ ဒီဟယ်လီကော်ပတာက ပုဂ္ဂလိကပိုင်တာ ဖြစ်မယ်” ဟု ဝမ်ချုံးက ပြန်ဖြေသည်။

“လွန်ခဲ့တဲ့သုံးနှစ်က အမေရိကန်က လေလံပွဲတစ်ခုကို အဖေနဲ့ အတူသွားတုန်းက အမေရိကန်စစ်တပ်က ပြန်ပြုပြင် ထားတဲ့ ဟယ်လီကော်ပတာကို ယွမ်သန်း ၁၂၀နဲ့ရောင်းတာ တွေ့ခဲ့ တယ်။ အဲ့ဟာကို ငါတို့နိုင်ငံက အမည်မဖော်လိုတဲ့ သူဌေး တစ်ဦးက ဝယ်သွားတာမှတ်မိနေသေးတယ်”

“ဥက္ကဌဝမ်ရဲ့အဖေက ဘာလို့မဝယ်ခဲ့တာလဲ” လျှိုရီမုန်က မေးသည်။

ဥက္ကဌဝမ်ဟူသော နာမည်မှာ သူ၏သူငယ်ချင်းများနှင့် အွန်လိုင်းဖော်လိုဝါများက ပေးထားသော နာမည်ပြောင် ဖြစ်သည်။

“သူကဘယ်လိုဝယ်နိုင်မှာလဲ။ အဖေက လေလံဝင်ဆွဲသေး တယ်။ ဒါပေမဲ့ ယွမ်သန်း ၁၀၀ရောက်တော့မှ လေလံထပ် မဆွဲတော့တာ”

“ဘာလို့လဲ။ အဲ့ဒီ့ ဟယ်လီကော်ပတာ သန်း ၁၀၀ မတန်လို့လား”

“မဟုတ်ပါဘူး။ အဖေက ဘယ်သူလေလံဆွဲတယ်ဆိုတာ သိပုံရတယ်။ လေလံပွဲကလူတွေကလည်း အဲ့ဒီ့လူနဲ့ မျက်နှာ မပျက်ချင်တာရော မျက်နှာသာပေးချင်တာလည်း ပါ တယ်။ သူလိုချင်တဲ့အရာကို သူနဲ့အပြိုင်ဘယ်သူမှ မဝယ်ရဲဘူးလေ”

ဗီအိုင်ပီအခန်းထဲမှ ထိုထူးဆန်းလှသည့် လေလံဆွဲသူကို သူမှတ်မိနေသည်။ လေလံပွဲတွင် ရော့စ်ချိုင်း(Rothschild) မိသားစု နှင့် မော်ဂန် (Morgan)မိသားစုပါနေသော်ငြား အားလုံးက ထိုလူကိုသာ မျက်နှာသာပေး နေပုံကိုကြည့်ခြင်း အားဖြင့် ထိုသူ၏ အနေအထားကို ခန့်မှန်းနိုင်သည်။

“ဒါဆို မင်းပြောချင်တာက ခုဗီဒီယိုထဲက လူက အဲ့ဒီ့လေလံ အောင်တဲ့သူနဲ့ တစ်နည်းတစ်ဖုံဆက်စပ်နေတယ်ပေါ့”

“သိပ်ဖြစ်နိုင်တာပေါ့”

“ဝီဘိုကိုကြည့်လိုက်စမ်းပါဦး။ ဒီဟယ်လီကော်ပတာက ချိုင်းနားဂျွိုင်းပွဲခင်းဘက်ကို လာနေတဲ့ပုံပဲ။” လျှိုရီမုန်၏ အသင်းဖော် စွန်းလုံက ဆိုသည်။

“မဖြစ်နိုင်ပါဘူး” ထိုသူသည် အရေးကြီးအစည်းအဝေး သို့ ကိစ္စတစ်ခုရှိသောကြောင့် ထိုကဲ့သို့ သွားဖို့ရွေးချယ်သည်ဟု ထင်မြင်ကြသည်။ သို့သော်ငြား သူသည် ပွဲခင်းကို စောစော ရောက်လိုသောရည်ရွယ်ချက်ဖြင့် ထိုပုံစံဖြင့်လာခဲ့တာလား??

ထိုအတိုင်းသာဆို အလွန်တရာပုံကြီးချဲ့လွန်းသည် မဟုတ်ပါလား??

“သွားကြစို့။ အပြင်ထွက်ပြီးကြည့်ကြရအောင်” ဝမ်ချုံးသည် သူ၏ဘေးနားက အလှပဂေးလေးကို အာရုံမထားနိုင်တော့ပေ။ သူ့အတွက် ထိုကားပိုင်ရှင်၏ သရုပ်မှန်က ပိုမိုပြီး ဆွဲဆောင် နေသည်။

သူမအပေါ်အာရုံမရှိသဖြင့် ထိုအလှပဂေးလေးလည်း စိတ်ဆိုး သွားတော့သည်။ သို့သော်ငြား သူမ၏ လူးဝစ်ဗီလ်တောန် (LV)အိတ်ကို ဆွဲယူပြီး သူ၏ နောက်ကိုပြေးလိုက်သွားတော့သည်။ ဝမ်ချုံး၏ ရည်းစားမဖြစ်ချင်သောသူ ဘယ်မှာရှိမည်နည်း။ များပြားလှစွာ သော မိန်းကလေးများက သူ၏ရည်းစားဖြစ်ဖို့အရေး တန်းစီ စောင့်နေကြသည်။ တစ်ပတ်လောက်တွဲရုံဖြင့် သူမအတွက် အကျိုးအမြတ်များစွာရရှိသည်။ ထိုကဲ့သို့ အခွင့်အရေးမျိုးကို သူမလက်လွှတ်အဆုံးရှုံးမခံနိုင်ပေ။

“ဝှီး ဝှီး ဝှီး”

ကောင်းကင်ယံမှ ကျယ်လောင်သော အင်ဂျင်သံကြီးကို ကြားနေရသည်။ ထိုဟယ်လီကော်ပတာသည် ပွဲခင်း အပြင် ဘက်မှာ ရပ်လိုက်ပုံရသည်။ သတင်းကြားနှင့်ပြီးသားဖြစ်သော လူများက အပြင်ဘက်မှာ ကြီးမားသောစက်ဝိုင်းတစ်ခုအသွင် စုဖွဲ့ပြီး ရပ်စောင့်နေကြသည်။ ထိုကားပိုင်ရှင်၏ မျက်နှာကို မြင်ဖူးချင်ကြသည်။

“သွားပြီ။ ငါတော့ နာမည်ကြီးတော့မယ်ထင်ပါရဲ့” ဖန့်ကြွယ်ယွီ၏ မျက်နှာက ရှုံ့မဲ့နေသည်။ သူ၏ ပတ်ပတ်လည် တွင် လူပေါင်းများစွာရပ်စောင့်နေကြသည်။ ကင်မရာပေါင်းများစွာကလည်း သူကားပေါ်က ဆင်းလာမည့် အချိန်ကို အမိအရမှတ်တမ်းတင်နိုင်ရန် စောင့်နေကြသည်။

“ရှောင်းရီကို ဒီလိုအခြေအနေဖြစ်အောင်လို့ အကူညီတောင်းခဲ့ တာမှမဟုတ်တာ”

နောက်ဆုံးတော့ ဖန့်ကြွယ်ယွီ၏ ဟယ်လီကော်ပတာက မြေပြင်ပေါ်ကိုဆင်းသက်သောအခါ အနက်ရောင်ဝတ်စုံနှင့် လူများက ဟယ်လီကော်ပတာပေါ်က ဆင်းလာကြသည်။ ကားကို ချည်းနှောင်ထားသော ကြိုးများကို ပြန်ဖြုတ်ပြီး ဟယ်လီကော်ပတာဆီ ပြန်သွားကြသည်။

“မစ်ရှင်ပြီးဆုံးပါပြီ။ ပြန်လှည့်မယ်”

ဟယ်လီကော်ပတာသည် ကျယ်လောင်သော အသံကြီးနှင့် အတူ ကောင်းကင်မှာ တဖန်ပြန်ပြီး ပျောက်ကွယ်သွားပြန် သည်။

ချက်ချင်းဆိုသလို လူအားလုံး၏ အာရုံသည် ပို့ရှာ(Porsche) ကားဆီ ရောက်လာသည်။ လူအုပ်ကြီးက အလွန်များသဖြင့် ကားထဲက မထွက်နိုင်အောင်ဖြစ်ရသည်။

“မတတ်နိုင်ဘူး။ အကူအညီတောင်းရတော့မှာပဲ” ဖန့်ကြွယ်ယွီ သည် လျှိုရီမုန်ထံ ဖုန်းခေါ်သည်။

“ဆရာပတ် ကျွန်တော့်ကိုကယ်ပါဦး”

“သူဌေးလု ရောက်ပြီလား။ ဘယ်နားရောက်ပြီလား။ ကယ်ပါဦး ဆိုတာကရော ဘာကိုပြောတာလဲ” ဖန့်ကြွယ်ယွီ၏ စကားလုံး များကို လျှိုရီမုန်က နားမလည်ပေ။

“ကျွန်တော့်ရဲ့ ဟယ်လီကော်ပတာက ဝင်ပေါက်ရှေ့မှာ ကျွန်တော့်ကို ချပေးသွားတာ။ ပြီးတော့ လူတွေကလည်း အများကြီး။ ကားပေါ်က ဆင်းတာနဲ့ ချက်ချင်း ပျောက်သွား မဲ့အတိုင်းပဲ။ ဒီလူတွေကို လူစုခွဲပေးနိုင်တဲ့ နည်းလမ်းလေး ဘာလေး မရှိဘူးလားဗျာ”

“ဟာ။ သူဌေး လု အဲ့တာ ခင်ဗျားကားလား” လျှိုရီမုန်က ထိုကားပိုင်ရှင်ကို ဖန့်ကြွယ်ယွီဖြစ်လိမ့်မည်ဟု တစ်ခါမှ ဆက်စပ်မတွေးဖူးပေ။ ဖန့်ကြွယ်ယွီက တံတားပေါ်မှာ ကားလမ်းပိတ်နေဆဲဟု တွေးခဲ့မိသည်။

“ခဏလေး။ ဥက္ကဌဝမ်ကို တချက်မေးကြည့်ဦးမယ်”

“ဆရာပတ်။ ဘယ်သူများလဲ” လျှိုရီမုန်၏ စကားတွင် သူ့နာမည်ပါသွားသည်ကို ဝမ်ချုံးကြားလိုက်မိသည်။

“သူဌေးဝမ်နဲ့ ဒီနေ့ မိတ်ဆက်ပေးမဲ့ဆိုတဲ့ သူငယ်ချင်းပါ။ သူဌေး လုကလည်း ဘမ်ဘူးစင်မြင့်မှာ ခုတလော နာမည်ကြီး နေတဲ့သူပါ”

“အို ငါသိတယ်” အွန်လိုင်းပေါ်တွင် ရုတ်တရက်ချမ်းသာလာသော သူဌေးများက မြင်နေကျ ဖြစ်သည်။ ထို့ကြောင့် ဝမ်ချုံးသည် ခုမှထပြီး ချမ်းသာလာ သောသူများနှင့် သိပ်ပြီးဆက်စပ်မှုမရှိနေပေ။

“သူဌေးလုက အခုကားထဲမှာပါ” လျှိုရီမုန်က ပို့ရှာကားကို ညွှန်ပြသည်။

“ဘာပြောတယ်။ မင်းပြောတဲ့ သူဌေးလုက အခုကားထဲမှာပေါ့” ရုတ်တရက်ဆိုသလို ဝမ်ချုံးထိတ်လန့်သွားတော့သည်။ ထိုဟယ်လီကော်ပတာကို ဝယ်နိုင်သူ၊ သူ၏ အဖေကတောင် လက်ရှောင်ပေးရသူ ထိုပုဂ္ဂိုလ်သည် သာမန်လူတော့ မဟုတ်

နိုင်ပေ။

“ခင်ဗျားသေချာလား”

“သူက အခုပဲ လူအုပ်ကြီးရှင်းပေးဖို့ အကူအညီတောင်းလာ တာပါ”

“ဟား။ ကြွားဝါပြီးတော့ ခုကျမှ ငါတို့အကူအညီကို တောင်းနေ ရလား” ဝမ်ချုံးက အားပါးတရရယ်မောပြီး သူ၏ လုံခြုံရေး အဖွဲ့ကိုခေါ်ယူသည်။

ချိုင်းနားဂျွိုင်းမှာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်တာမို့ သူ့မှာ အာဏာအပြည့်ရှိသည်။

သိပ်မကြာခင်မှာ လူအုပ်ကြီးကို ခွဲပေးရန် လုံခြုံရေးများ ရောက်ချလာသည်။

“အားလုံးပဲ လမ်းဖယ်ပေးကြပါ။ ဒါက ဒီကနေ့ ကွန်ဗင်းရှင်းမှာ လုပ်မဲ့အထူးအစီအစဉ်တွေထဲက တစ်ခုပါ။ ကျေးဇူးပြုပြီး လမ်းလေးရှင်းပေးကြပါ”

“ဒါဆို ဒါက အထူးအစီအစဉ်ပေါ့။ အရေးကြီးပုဂ္ဂိုလ် ရောက် လာတယ်ထင်တာ”

“ပွဲစီစဉ်သူတွေက ဒီလိုမျိုးဟယ်လီကော်ပတာရအောင် စီစဉ် နိုင်တာ အရမ်းမိုက်တာပဲ”

“ပွဲစီစဉ်သူက ဘယ်သူလို့ထင်လဲ။ ဥက္ကဌ ဝမ်က ဟယ်လီကော်ပတာရောက်လာဖို့ စီစဉ်တာဖြစ်နိုင်မလား”

“အဲ့လိုသာဆို သူတို့က ဥာဏ်များတာပဲ”

သိပ်မကြာခင်မှာ လူအုပ်ကြီးကွဲသွားသည်။ ထိုမှသာ ဖန့်ကြွယ်ယွီလည်း မြေအောက်ကားပါကင်မှာ သူ၏ ကားကိုရပ်နိုင်တော့သည်။သူကားပေါ်က ဆင်းလာသည့်အခါ သူ့ကို မည်သူမှ မမြင်ပေ။

သူက ခေါင်းကိုလေးလေးပင်ပင်ခါရမ်းသည်။

“ဒီကားကိုမစီးတော့တာ ပိုကောင်းမယ်”

All Chapters