ခင်ဗျားလိုသလောက် ကျွန်တော်ပေးမယ်
Vol. 2 Ch. 25
“ကျွမ်းရီရေ ကျွန်တော့်အတွက် ကားတစ်စီးလောက် ရှာပေးပါလား။ ကျွန်တော့်ကားက အင်တာနက်မှာနာမည်ကြီး နေတာမို့ အဲ့ဒီ့ကားကို နောက်ထပ် မမောင်းရဲတော့ဘူး” ဖန့်ကြွယ်ရီသည် ကျွမ်းရီအား တိုးတိုးလေးတောင်းဆိုသည်။
“ဟား ဟား ဟား” ကျွမ်းရီက အရေးကြောင်းများ ပေါ်လာသည်အထိ အားပါးတရရယ်မောသည်။ အမှန်တော့ ဖန့်ကြွယ်ယွီသည် မော့တူရှိ အသေးစားဟယ်လီကော်ပတာ များကို စီးနင်းခွင့်ရှိသည်။ သူမက တစ်စီးကိုရွေးချယ်ပြီး စေလွှတ်နိုင်သည်။ တစ်ယောက်ယောက်ကို စေလွှတ်ပြီး ဖန့်ကြွယ်ယွီ၏ ကားကို ကြည့်ရှုစောင့်ကြပ်ခိုင်းနိုင်သည်။
သူမက ရွှတ်နောက်ချင်သောစိတ်ဖြင့် ပြုလုပ်ခဲ့ခြင်းအား ဖန့်ကြွယ်ယွီသိပါက သူမကို သတ်ချင်ပေလိမ့်မည်။
“မင်းကရယ်နေတယ် ဟုတ်လား။ ငါ့ကို တိရစ္ဆာန်ဥယျာဉ်ထဲက မျောက်ဝံတစ်ကောင်လို ဝိုင်းကြည့်ကြတာ မင်းသိလား” ဖန့်ကြွယ်ယွီတစ်ယောက် ဒေါသထွက်နေသည်။
“ဟုတ်ပါပြီ။ ဒါဆိုလည်း သခင်လေးအတွက် ကားအသစ် တစ်စီးကို ပို့ပေးဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်။ ဘယ်လိုကားမျိုးကို သဘောကျလဲ။ မော့တူမှာ သခင်လေး ပိုင်တဲ့ ကားလုပ်ငန်းတွေရှိတာမို့ သခင်လေးကြိုက်တဲ့ ဘရန်း မျိုးစုံ မော်ဒယ်မျိုးစုံ ရွေးနိုင်တယ်”
“မာစီရာတီ (Maserati) ၄၃၀ တစ်စီးယူမယ်လေ”
အပိုလိုကားသည် သူ့စိတ်ကူးယဉ်ကားတစ်စီး ဖြစ်နေသော် လည်း မာစီရာတီသည် သူယခင်တုန်းက ကြိုက်ခဲ့ရသော ကား တစ်စီးဖြစ်သည်။ သူသည် ထိုကား၏ ပြင်ပရုပ်သွင် နှင့် လုပ်ဆောင်မှုကို နှစ်သက်တာမဟုတ်ဘဲ ထိုကား၏ အမှတ် အသားတံဆိပ်ကို ကြိုက်နှစ်သက်ရခြင်းဖြစ်သည်။
“ကောင်းပြီ။ အဲ့တာဆို သခင်လေးအတွက် တစ်စီးဝယ်ပြီး
ပို့ခိုင်းလိုက်ပါ့မယ်”
“ဟူး” ယခုမှသာ ဖန့်ကြွယ်ယွီလည်း သက်ပြင်းချနိုင်တော့ သည်။ နောက်ဆုံးတော့ ကားပါကင်နေရာထဲမှ ထွက်လာခဲ့ သည်။
“ဆရာဖူ၊ ကျွန်တော်အပြင်ဘက်ရောက်နေပြီ။ ဆရာတို့ကဘယ်မှာလဲ” ဖန့်ကြွယ်ယွီက ဖုန်းထပ်ဆက်သည်။
“အိုး ဟုတ်လား။ ငါတို့က မင်းဆင်းခဲ့တဲ့ နေရာနားလေးမှာပဲ။ ဥက္ကဌဝမ်လည်း ဒီမှာရှိနေတာမို့ အတော်ပဲ။ မိတ်ဆက်ပေးရ ဦးမယ်”
“ကောင်းပါပြီ။ ကျွန်တော်ခဏနေအဲ့ဒီ့ကိုရောက်မယ်”
ခဏအကြာမှာ ဝင်ပေါက်နားတွင် ရပ်စောင့်နေသော လျှိုရီမုန် နှင့် အခြားသူများကို တွေ့လိုက်ရသည်။
“ဆရာဖူ”
ဥက္ကဌဝမ် နှင့် ဆရာဖူတို့ကို အွန်လိုင်းပေါ်တွင် အကြိမ်ပေါင်း များစွာ တွေ့ဖူးတာမို့ ဖန့်ကြွယ်ယွီက တန်းမှတ်မိသည်။ အခြားသောလူများကို သိပ်ပြီး မြင်တွေ့နေကျမဟုတ်သော်ငြား ထိုသူများသည် မူလIGအသင်း၏ အဖွဲ့ဝင်ဟောင်းများဖြစ်ရ မည်။
“မင်း..မင်းက လင်းရှန်းကျန့်လူ၊ သူဌေးလေးမလား”
ဖန့်ကြွယ်ယွီသည် ထိုမျှလောက် ငယ်ရွယ်လိမ့်မည်ဟု လျှိုရီမုန် မထင်မိချေ။ သူ၏ ဓာတ်ပုံများကို ဆိုရှယ်မီဒီယာထက်တွင် မမြင်ဖူးတာမို့ သူ့အား အနည်းဆုံးအသက်သုံးဆယ်အရွယ် ရှိလောက်မည်ဟု ခန့်မှန်းထားမိသည်။
“ဟုတ်ကဲ့။ ကျွန်တော့်နာမည် ဖန့်ကြွယ်ယွီလို့ခေါ်ပါတယ်။ အသက်ကတော့ ၂၀ ရှိပါပြီ။ ကျန်းနန်မြို့ရဲ့ ကျန်းနန် တက္ကသိုလ်မှာ တက်ရောက်နေတာပါ” ဖန့်ကြွယ်ယွီက လက်ဆွဲနှုတ်ဆက်သည်။
“အာ..ဟဲလို” လျှိုရီမုန်လည်း အံ့ဩမှင်သက်နေရာမှ သတိ ပြန်လည်လာတော့သည်။
“အရင်ဆုံး မိတ်ဆက်ပေးပါရစေ။ ဒါကတော့ ငါနဲ့ အတူ ဂိမ်းဆော့နေကျ အသင်းသားတွေပါ။ ဒါကတော့ ဥက္ကဌဝမ်ပါ။ မင်းသိပြီးသားဖြစ်မယ်ထင်လို့ အထွေအထူးမိတ်ဆက် မပေးတော့ဘူးလေ”
“ဥက္ကဌဝမ်အကြောင်း ကျွန်တော်အများကြီး ကြားဖူးပါတယ် ဗျာ” ခုမှသာ ဥက္ကဌဝမ်အား အပြင်မှာဆုံရခြင်းဖြစ်သည်။
“ခင်ဗျားလို သူဌေးလေးနဲ့ ဟွာရှားမှာ ခုလိုဆုံရမယ်လို့ တစ်ခါမှ မတွေးမိဘူး ညီလေးဖန့်”
ဝမ်ချုံးသည် သူ့ကို တရင်းတနှီးနှုတ်ဆက်သည်။
“တစ်ခုလောက် မေးလို့ရမလား။ ခင်ဗျား ရဲ့ဟယ်လီ ကော်ပတာကိုရောင်းမလား။ ဒေါ်လာသန်း ၅၀ ဝယ်စျေး ပေးမယ်လေ။ မရှုံးစေရပါဘူး”
ဝမ်ချုံးက ဘာကြောင့်ဖော်ရွေနေရလဲဆိုတာ ယခုမှနားလည် သဘောပေါက်တော့သည်။ သူ၏ ဟယ်လီကော်ပတာသည် သူ၏ အာရုံကို ဖမ်းစားနေသည်။
တကယ်တော့ ဝမ်ချုံး အလွန်အမင်းသိချင် နေသော ကိစ္စ တစ်ခုရှိသည်။ ထိုဟယ်လီကော်ပတာက ဖန့်ကြွယ်ယွီ ပိုင်ဆိုင်သော အရာဟုတ်မဟုတ်ဆိုတာ သူသိချင်နေသည်။
“ဪ ဥက္ကဌဝမ်က ကျွန်တော့်ဟယ်လီကော်ပတာကို စိတ်ဝင်စားနေတာပဲ”
“တကယ်တော့ ငါရော ငါ့အဖေရောလေလံပွဲမှာရှိနေတာ။ ခင်ဗျားသာ လေလံမဆွဲလျှင် ကျွန်တော်တို့ရနေပြီ” ဝမ်ချုံးက ထိုဟယ်လီကော်ပတာအား လိုချင်စိတ်ပြင်းထန်ခဲ့သည်။
“အဲ့ဒီ့ဟယ်လီကော်ပတာက ကျွန်တော့်အဖေ လေလံအောင်ခဲ့ တာပါ။ ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး။ ဥက္ကဌဝမ် စိတ်ဝင်စား တယ်ဆို ကျွန်တော်တို့မိသားစုမှာ အခြားAH-1 တိုက်ခိုက်ရေး ဟယ်လီကော်ပတာတွေကို လေယာဉ်အသွင်ပြောင်းထားတာ ရှိတယ်။ စျေးကောင်းပေးမယ်ဆို ရောင်းဖို့ စဉ်းစားပေးမှာပါ”
ထိုသတင်းကို ခုနလေးတင်မှ ကျွမ်းရီက ပြောပြထားခြင်း ဖြစ်သည်။ ကြည့်ရတာ ဥက္ကဌဝမ်သည်လည်း စစ်ဘက်သုံး ဟယ်လီကော်ပတာများကို ပြန်လည်ပြင်ဆင်ထားသော ကိုယ်ပိုင်လေယာဉ်ငယ်ပုံစံများကို နှစ်ခြိုက်သဘောကျသူ ဖြစ်ရမည်။ သူ့နာမည်နှင့် အမည်ပေါက်ပိုင်ဆိုင်သော ဟယ်လီကော်ပတာ ၂၀စီးကျော်ရှိလိမ့်မည်။ တစ်စီးကိုလည်း ဒေါ်လာသန်း၁၀၀ကျော် တန်ကြေးရှိသည်။
“ခပ်ပြတ်ပြတ်ပြောချလိုက်တာပဲ။ ကျွန်တော် ခင်ဗျားနဲ့တောင် မိတ်ဆွေဖြစ်ချင်သွားပြီ”
တစ်ခဏအတွင်းမှာပင် ဒေါ်လာသန်းနှင့်ချီသော အရောင်းအဝယ်တည့်ကုန်ကြသည်။ ဆရာပတ်နှင့် သူ၏ အဖွဲ့သားများလည်း လုံးဝအံ့ဩမှင်သက်ကုန်ကြသည်။
ဒါက လူချမ်းသာတွေရဲ့ စကားဝိုင်းပဲ!!
“ဒါနဲ့ စကားမစပ် ခင်ဗျားကားတစ်စီးငှါးဖို့ လိုအပ်နေတယ် မလား။ ခင်ဗျားမောင်းလာတဲ့ Porsche (ပေါ်ရှာ) ကားကို လမ်းပေါ်မှာ ထပ်ပြီး မမောင်းရဲတော့ဘူးမလား။” ဝမ်ချုံးက သူတစ်ပါး ဒုက္ခတွေ့နေသည့်အပေါ်မှာ အားပါးတရ ရယ်မောသည်။
“မလိုပါဘူးဗျာ။ ကျွန်တော့်ကိုယ်ရေးအရာရှိက ကားတစ်စီး လာပို့ပေးမှာ။ ပြီးတော့ အဲ့ဒီ့ကားကိုလည်း ထပ်ပြီးစီးတော့မှာ မဟုတ်ဘူး”
“မင်း မစီးတော့ဘူးဆို ငါတို့ကိုပေးပါ့လား” ဆရာပတ်၏ သူငယ်ချင်းများက ထိုကားကို လိုချင်ကြသဖြင့် တောင်းဆို ကြသည်။ ယွမ်တစ်သန်းတန်သော ကားတစ်စီးကို စီးချင် ကြသဖြင့် ဤအခွင့်အရေးကို သူတို့အနေဖြင့် လက်လွှတ်မခံ လိုပေ။
ချိုင်းနားဂျွိုင်း တစ်နည်းအားဖြင့် ဟွာရှားနိုင်ငံတကာ ဒစ်ဂျစ်တယ်အနုပညာပြပွဲသည် များပြားလှသော ဂိမ်းများ၊ animeများ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် အခြား စိတ်ဝင်စား ဖွယ်ရာများကို လေးရက်တိုင်တိုင် တည်ခင်းပြသသည်။ သို့သော် ဇာတ်ကောင်များအတိုင်း နီးစပ်စွာဝတ်စားဆင်ယင် ထားမှုများကလည်း ပွဲလာသူအပေါင်းကို ဆွဲဆောင်နေသည်။
ဖန့်ကြွယ်ယွီသည် များပြားလှသော လူအုပ်များအလယ်တွင် မူးနောက်လာတော့သည်။ သူ့ကို အွန်လိုင်းအဖွဲ့အစည်းများက မသိသော်ငြား ဥက္ကဌဝမ်၊ ဆရာပတ်တို့အဖွဲ့နှင့်အတူ သွားလာ သဖြင့် မည်သည့်နေရာပဲရောက်ရောက် အားလုံး၏ စိတ်ဝင်စားမှုခံရသည်။
သူတို့က လမ်းပေါ်မှာ အချိန်နောက်ကျခဲ့သဖြင့် ပွဲခင်းထဲ လှည့်ပတ်ကြည့်ရှုချိန်သည် နေ့မွန်းတည့်ချိန် ရောက်ရှိနေပြီ ဖြစ်သည်။ ဥက္ကဌဝမ်က အနီးအနားရှိဟိုတယ်တွင် နေ့လည်စာ သုံးဆောင်ရန် ဖန့်ကြွယ်ယွီအား ဖိတ်ခေါ်သည်။
ကောရှင်းယွီက နေ့လည်မှရောက်ရှိမည်ဖြစ်သဖြင့် ညစာစား ရန် ချိန်းဆိုလိုက်ကြသည်။ ဖန့်ကြွယ်ယွီက နေ့လည်စာ ဖိတ်ကျွေး ခြင်းအား မငြင်းဆိုဝံ့ပေ။
“သူဌေးဖန့်၊ ငါနဲ့လိုက်ခဲ့လေ” ဆရာပတ်က သူ၏ လိမ္မော်ရော် လမ်ဘော်ဂီနီကားကို ဘေးမှာကားရပ်ပြီး သူနှင့်လိုက်ခဲ့ရန် လက်ဟန်ခြေဟန်ပြပြီး ပြောဆိုသည်။
“ဥက္ကဌကားမှာ ထိုင်ခုံက နှစ်ခုံပဲပါတာ။ ငါဘာကိုဆိုလိုလဲ ဆိုတာ မင်းသိမှာပါ”
ဆရာပတ်သည် ဥက္ကဌဝမ်၏ ဘေးနားမှာရှိသော မိန်းမလှ လေးဆီရောက်ရှိသွားသည်။ ထိုမိန်းကလေးသည် ဥက္ကဌဝမ်နှင့် ဓာတ်ပုံထဲတွင် အတူမြင်နေကျတစ်ယောက်မဟုတ်ပေ။ သို့သော် ထိုသို့ ပြောင်းလဲမှုများသည် ထူးခြားဆန်းပြားသော ကိစ္စရပ်တစ်ခုတော့ မဟုတ်ခဲ့ပေ။
“သူတို့ကရော ဘယ်လိုလိုက်လာမှာလဲ” ဖန့်ကြွယ်ယွီက စွန်းလုံနှင့် အခြားသူများကို ညွှန်ပြသည်။
“ရတယ်ရတယ်။ ငါတို့မှာကားပါလာတယ်။ သွားနှင့်ကြ။ နောက်ကလိုက်ခဲ့မယ်”
“ကောင်းပါပြီ”
ဖန့်ကြွယ်ယွီက ဆရာပတ်၏ ကားထဲဝင်ထိုင်သည်။ သူအနေနှင့် လမ်ဘော်ဂီနီကဲ့သို့ sports carကို ပထမဆုံး စီးဖူးတာမို့ စိတ်လှုပ်ရှားမိသည်။
ဆရာပတ်၏ လမ်ဘော်ဂီနီကားသည် ဝမ်ချုံး၏ ပေါ်ရှာ ၉၁၈ (Porsche) ကားနောက်ကို အမှီလိုက်သည်။
ဝမ်ချုံးသည် အနီးအနားရှိကြယ်ငါးပွင့်ဟိုတယ်တွင် နေ့လည်စာစားရန် ရွေးချယ်ထားသည်။
ယခင်က သာမန်စားနေကျပုံစံအတိုင်း စားရန်စီစဉ်ထားသော် လည်း ဖန့်ကြွယ်ယွီလည်း ပါလာတာမို့ နေ့လည်စာအတွက် သေချာပြင်ဆင်ရတော့သည်။
“ဒါနဲ့ မင်းမိဘတွေကဘာလုပ်တာလဲ။ မင်း ကြည့်ရတာ အရမ်းကြီးမားတဲ့ လုပ်ငန်းစုတစ်ခုခုကနေ ဆင်းသက်လာပုံပဲ။ မင်းမိဘတွေက တော်ရုံတန်ရုံသာမန်မဟုတ်ဘူးဆိုတာ ငါလောင်းရဲတယ်။ ငါတို့ မိဘတွေတစ်ဦးနဲ့တစ်ဦးက သိနေကြမလားပဲ”
နေ့လည်စာသုံးဆောင်ပြီးနောက် စကားစမြည် ဆက်ပြောကြ သည်။ ဝမ်ချုံးသည် ဖန့်ကြွယ်ယွီ၏ မိသားစုနောက်ခံ အကြောင်းကို လွန်စွာမှာသိချင်နေသည်။
“ကျွန်တော့်မိသားစုက လုပ်ငန်းအစုံလုပ်တယ်။ ပွင့်ပွင့် လင်းလင်း ဝန်ခံရမယ်ဆို ဘာလုပ်ငန်းတွေလုပ်ကြလဲဆိုတာ အကုန်လုံးတော့ ကျွန်တော်လည်း မသိဘူး။ လွန်ခဲ့တဲ့ အပတ် ကမှ ကျွန်တော်တို့က ချမ်းသာတယ်ဆိုတာ သိခဲ့တာ”
“ကျွန်တော့်မိဘတွေကတော့ ကျွန်တော်နဲ့ အတူ မရှိတော့ ပါဘူး”
“အို..ဟုတ်လား။ ငါစိတ်မကောင်းပါဘူးကွာ”
သူပြောသည့် အဓိပ္ပါယ်မှာ သူ့မိဘများက ဤကမ္ဘာမြေမှာ မရှိကြတော့ဘူးဟူသော အဓိပ္ပါယ်ဖြစ်သည်။ သို့သော် ဝမ်ချုံးက သူတို့သေဆုံးသွားကြပြီဟု ထင်မှတ်ပုံရသည်။ သူ့မိဘများကွယ်လွန်သွားတာမို့ ဖန့်ကြွယ်ယွီက အမွေရလိုက် သည်ဟု တွေးထင်နေကြသည်။
ဝမ်ချုံးနားလည်မှုလွဲသွားတာကို ဖန့်ကြွယ်ယွီက သဘောပေါက် သည်။ ဝမ်ချုံးက ထိုကိစ္စနှင့် ပတ်သက်ပြီး အသည်းအသန်စုံစမ်းပါက ရယ်စရာဖြစ်နေလိမ့်မည်။ သူသည် စိတ်ထဲမှနေပြီး သူ့ဖခင် ဖန့်ဟွိုက် နှင့် မိခင် ချောင်လန်အား အနူးအညွတ်တောင်းပန်လိုက်သည်။
“စကားမစပ် ပိုင်တားရုပ်ရှင်ထုတ်လုပ်ရေးက ဇာတ်ကား တစ်ကားထုတ်ဖို့ စီစဉ်နေတာ။ ဒါပေမဲ့ ဘတ်ဂျက်က လိုငွေ ပြနေတာ။ မင်းဘယ်လိုထင်လဲ။ မင်းရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စား လား။ မင်းရဲ့ ရင်းနှီးမြှုပ်နှံမှု အချိုးကျအတိုင်း အမြတ်ငွေ ပြန်ရ မယ်”
ဝမ်ချုံးလည်း သူအခက်ကြုံတွေ့နေသည့်အရာကို ဖန့်ကြွယ်ယွီ ထံမှ အကူအညီရရန် ကြိုးပမ်းသည်။
“တကယ်လား။ ဥက္ကဌတို့ မိသားစုက ဒီလောက်ချမ်းသာတာ။ ဒါတောင် ရုပ်ရှင်အတွက် ကျွန်တော်က အရင်းအနှီး ထုတ်ပေး ဖို့ လိုသေးတာလား”
“ဟား။ ပိုက်ဆံက ငါ့အဖေပိုက်ဆံပါ။ သူက လုပ်ငန်းစနိုင်ဖို့ အရင်းအနှီးထုတ်ပေးတာ။ ငါလည်း ရင်းနှီးမြှုပ်နှံတာကနေ ပိုက်ဆံပြန်ရပါတယ်။ မကြာသေးခင်ကမှ အများကြီးရင်းနှီး မြှုပ်နှံမိလို့ လိုငွေပြသွားတာ”
ဝမ်ချုံးမှာ အရေးပေါ်ကိစ္စပေါ်လာပါက ထုတ်သုံးနိုင်ရန် ပိုက်ဆံရှိသေးသော်ငြား ထိုပိုက်ဆံကို လက်လွတ်စပယ် သုံးစွဲလို့မရပေ။
“ကောင်းပြီလေ။ ဘယ်လောက်လိုတာလဲ။ ခင်ဗျားလိုသလောက် ကျွန်တော်ပေးမယ်”