← Chapters

လုပ်ငန်းကြီးတစ်ခု

Vol. 2 Ch. 27

လုပ်ငန်းကြီးတစ်ခု

Vol. 2 Ch. 27

“ကဲ သွားပြီ။ အချိန်ရရင်တော့ ကျန်းနန်မြို့ကို လာခဲ့ပါဦးမယ်။ နောက်ပြီးရုပ်ရှင်လုပ်ငန်းရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီးဆွေးနွေးကြတာပေါ့”

ဝမ်ချုံးသည် မသွားခင်မှာ ဖန့်ကြွယ်ယွီနှင့် အဆက်အသွယ် လုပ်နိုင်သည့်ဖုန်းနံပါတ်များ လဲလှယ်ခဲ့ကြသည်။ သို့သော် ဖန့်ကြွယ်ယွီနှင့် ယှဉ်ပြီး ဆက်မနေဝံ့တော့ပေ။ ဖန့်ကြွယ်ယွီနှင့် ယှဉ်ပါက သူ၏ အနေအထားသည် မှေးမှိန်လာတော့သည်။

ဖန့်ကြွယ်ယွီက ဘေးပတ်ပတ်လည်ကို ဝေ့ဝိုက်ကြည့်ရှုသည်။ ထိုကဲ့သို့ကားအကောင်းစားတစ်စီး၏ ဘေးနားတွင်ရပ်နေပါက လူအများ၏ အာရုံစူးစိုက်မှုကို ခံရမှာ အသေအချာဖြစ်သည်။

“ပိုင်ရှင်။ မင်းအဲ့လိုဖြစ်နေရမှာမဟုတ်ဘူး။ ခွင့်ပြုချက် ပထမအဆင့်ကို ဖြတ်ကျော်ချင်တယ်ဆို ကိုယ့်ကိုကိုယ် နာမည်ကြီးအောင် လုပ်ရမှာလေ။ မင်းတောင်းဆိုတာတွေကို အသာလေးဖြည့်ဆည်းပေးနိုင်ပေမဲ့ လုပ်ငန်းပြီးမြောက်မှုကို တော့ အများကြီးသက်ရောက်လိမ့်မယ်”

“ခဏလေး။ မဖျက်လိုက်ပါနဲ့ဦး” ဖန့်ကြွယ်ယွီက ချက်ချင်း ရပ်ခိုင်းလိုက်သည်။ ရှောင်းရီပြောတာမှန်ပေသည်။ ဤအချိန်သည် သူ့ကိုယ်သူနာမည်ကြီးအောင်ဖန်တီးရန် အခွင့်အလမ်းကောင်းတစ်ခုဟု ဆိုနိုင်သည်။

“ပိုင်ရှင်၊ အခုက လုပ်ငန်းပြီးမြောက်မှုနှုန်းက နှေးနေသေး တယ်။ ပထမအဆင့်ကို တစ်နှစ်အတွင်းဖြတ်ကျော်နိုင်ဖို့က အရမ်းကိုခဲယဉ်းလွန်းတယ်။ အခုက ကိစ္စရပ်ကြီးတစ်ခုကို အစပျိုးတာမို့ လက်ခံဖို့ အဆင်သင့်ပဲလား”

“ငါ့မှာရွေးချယ်စရာရှိလား” ဖန့်ကြွယ်ယွီက အံ့အားသင့်မိ သည်။ ဝတ္ထုများထဲမှာ မြင်နေကျဆို ထိုလုပ်ငန်းတာဝန်များကို မဖြစ် မနေလုပ်ဆောင်ရမှာဖြစ်ပြီး ကျရှုံးပါက ပြစ်ဒဏ်ကြီးကြီး မားမား ခံရသေးသည်။

“ငါ ငြင်းဆိုလျှင် မင်း ငါ့ကိုသတ်မှာလား”

“ဒီစနစ်ပြုပြင်ထိန်းသိမ်းဖို့က ပိုင်ရှင်ဆီက စွမ်းအင်နဲ့ အသက်ကိုလိုအပ်ပါတယ်။ စနစ်က ပိုင်ရှင်ရဲ့ အသက်ကို ထိပါးနိုင်တဲ့ ဘာအန္တရာယ်မှပေးမှာမဟုတ်ပါဘူး”

ရှောင်းရီ၏ စကားလုံးများက သူစိုးရိမ်ပူပန်နေသောအရာများ ကို အသာလေး ပယ်ဖျက်လိုက်နိုင်သည်။

“လုပ်ငန်းကို လုပ်ဆောင်ဖို့ ငြင်းဆိုရင်တော့ ခွင့်ပြုချက် ရနိုင်မဲ့ နှုန်းကို နှေးကွေးစေနိုင်ပါတယ်”

“ကောင်းပြီ။ အဲ့တာဆို ငါလက်ခံမယ်” မည်သည့်ပြစ်ဒဏ်မှ မရှိပါက ဖန့်ကြွယ်ယွီအတွက် ဝန်ထုပ်ဝန်ပိုး မရှိတော့ပေ။

“ကဲ လုပ်ငန်းကြီးတစ်ခုကို စတင်ပါပြီ”

လုပ်ငန်းစဉ်- တစ်နှစ်အတွင်း ပိုင်ဆိုင်မှုထဲမှ ၅၀၀ဘီလီယံကို သုံးရမည်။

လုပ်ငန်းစဉ်ပြီးမြောက်ပါက ဆုချီးမြှင့်မှု- အခြေအနေနဲ့အချိန် အခါပေါ်မူတည်ပြီး ခွင့်ပြုချက်များရနိုင်သည်။

“ဘယ်လို။ ပိုင်ဆိုင်မှုထဲက သုံးရမယ်။ ဒီလုပ်ငန်းက အရမ်းမလွယ်နေဘူးလား”

ဖန့်ကြွယ်ယွီတစ်ယောက် နားမလည်နိုင်အောင် ဖြစ်ရသည်။

ဒါက ပိုက်ဆံသုံးခိုင်းတာ သပ်သပ်မဟုတ်ပေဘူးလား။

ဒီအရာကို ဘယ်လိုလုပ်ပြီး လုပ်ငန်းကြီးတစ်ခုဟု သတ်မှတ် နိုင်မည်နည်း။

“ပိုင်ရှင်အနေနဲ့ ပိုင်ဆိုင်မှုအခြေအနေကို နားလည်နိုင်ဖို့ရာ ကျွန်တော်က ပိုင်ရှင်ပိုင်ဆိုင်တဲ့အရာတွေအတွက် တာလီချိုး ပေးပါ့မယ်”

ဖန့်ကြွယ်ယွီ၏ ရှေ့မှောက်တွင် ကိန်းဂဏန်းအတန်းလိုက်ကြီး ပေါ်လာသည်။

သူရေတွက်ကြည့်သောအခါ ၅၀၀ဘီလီယံဖြစ်နေသည်။ သို့သော် နောက်တစ်စက္ကန့်အတွင်း ထိုနံပါတ်များက ရုတ်ချည်း ပြောင်းလဲကုန်ပြန်သည်။

၅၀၀.၀၅ ဘီလီယံ၊ ၅၀၀.၁ ဘီလီယံ၊ ၅၀၀.၈ ဘီလီယံ၊ ၅၀၀.၁၂ ဘီလီယံ.......

စက္ကန့်တိုင်းလိုလိုတွင် သူ၏ ၅၀၀ ဘီလီယံသည် တဟုန်ထိုး အပြောင်းအလဲဖြစ်နေသည်။ တစ်ခါတစ်ရံ လျော့သွားလိုက် တစ်ခါတစ်ရံတွင် တိုးလာလိုက်နှင့် ပြောင်းလဲနေသည်။ ထိုပြောင်းလဲမှုက အများကြီး မဟုတ်သော်လည်း ၅၀၀ဘီလီယံ ပေါ်အခြေခံပြီး ပြောင်းလဲသောကြောင့် စက္ကန့်တိုင်းတွင် ဒေါ်လာသန်းနှင့် ချီပြီးပြောင်းလဲနေသည်။

ဖန့်ကြွယ်ယွီက ပိုက်ဆံကို မသုံးရသေးပေ။ တစ်မိနစ်တောင်မကြာလိုက်ဘဲနှင့် သူ၏ ပိုင်ဆိုင်မှုသည် ၂၀၀မီလီယံတိုးလာသည်။

သူသည် ထိုပိုက်ဆံကို မည်ကဲ့သို့ကုန်အောင် သုံးရမည်နည်း။

“ဟာ ဘာတွေဖြစ်နေတာလဲ”

“ဒီပိုက်ဆံတွေကို ပိုင်ရှင်ရဲ့ ပိုက်ဆံဝင်တဲ့လုပ်ငန်းတွေနဲ့ စီမံခန့်ခွဲမှုအဖွဲ့က ချိတ်ထားတာမို့ ပိုက်ဆံက အမြဲလိုလို တိုးနေတာပါ။ မြန်မြန်ဆန်ဆန် မသုံးပစ်ဘူးဆို ၅၀၀ဘီလီယံ က တစ်ပြားမှ လျော့မှာမဟုတ်ဘူး”

“သေစမ်းကွာ”

ထိုကဲ့သို့ ပိုက်ဆံတိုးနှုန်းနှင့်ဆို သူသည် တစ်နေ့ကို ဒေါ်လာ ဘီလီယံနှင့် ချီပြီး သုံးစွဲမှသာ တော်ကာကျတော့မည်။

ထို့ပြင် နိုင်ငံတကာငွေကြေးလဲလှယ်နှုန်းက အချိန်တိုင်းလိုလို အတက်အကျဖြစ်နေသဖြင့် ရှုပ်ထွေးလှသည်။

ချက်ချင်း ဆိုသလို သူ၏ ၅၀၀ ဘီလီယံက ရာခိုင်နှုန်း နည်းနည်း တိုးလာနိုင်သည်။

သူရရှိသော တစ်မိနစ်စာ အကျိုးအမြတ်သည် သာမန်မိသားစု အဖို့ တစ်သက်လုံး ကြိုးစားပမ်းစားရှာဖွေလျှင်တောင်မှ မရနိုင် ပေ။

အွန်လိုင်းပေါ်တွင် ယခင်တုန်းက နာမည်ကြီးဟာသတစ်ခု ရှိဖူးခဲ့သည်။ အလီဘားဘားကုမ္ပဏီပိုင်ရှင်က sports car ဝယ်ယူခြင်းနှင့်ပတ်သက်သောဟာသဖြစ်သည်။

ယခုလည်း သူ၏ ဘဝထဲတွင် ထိုဟာသလိုမျိုး ဖြစ်နေသည်။ သုံးစက္ကန့်အတွင်း သူအကောင့်ထဲက ပိုက်ဆံသည် ကမ္ဘာပေါ်ရှိ ကြိုက်နှစ်သက်ရာ sports carဝယ်နိုင်သည့် အနေအထား ဖြစ်နေသည်။

“ဟူး.. ပိုက်ဆံကို ဒီလောက်မြန်မြန်ကြီး သုံးပစ်ရမယ်” ဖန့်ကြွယ်ယွီက သက်ပြင်းချသည်။ သူ၏ ဘဝတွင် နှစ်ပေါင်း နှစ်ဆယ်လောက်ပိုက်ဆံရှာဖို့အတွက် မပူမပင်ဘဲ နေနိုင်

ခဲ့သည်။ သို့သော် ယခုအခါမှာ ပိုက်ဆံကို ဘယ်လိုသုံးရမလဲ ဟူသော အရာအတွက် တွေးပူနေပြန်သည်။

“အချိန်တန်ရင် သူ့အလိုလိုအဆင်ပြေလာပါလိမ့်မယ်” ဖန့်ကြွယ်ယွီတစ်ယောက် စိတ်ထဲတွေးပူမနေတော့ဘဲ သူ၏ မာစီရာတီ ၁၂ကားထဲကို ဝင်သွားသည်။

“ဖန့်ကြွယ်ယွီ၊ ရှင်ရောက်ပြီလား” သူသည် ပွဲခင်းထဲကို ပြန်ရောက်ရောက်ချင်း ကောရှင်းယွီထံမှ စာဝင်လာသည်။

“ကျွန်တော်ကရောက်နှင့်နေတာ။ ခုလေးတင်ပဲ ဆရာပတ်တို့ ဥက္ကဌဝမ်တို့နဲ့ နေ့လည်စာစားပြီး ပြန်လာခဲ့တာ” ဟု ဖန့်ကြွယ်ယွီက စာပြန်ခဲ့သည်။

“ဪ သိပြီ။ ကျွန်မတင်ဆက်ရမဲ့အစီအစဉ်က သုံးနာရီစမှာ။ ရှင် လာပြီး အားပေးပါဦး”

“ဟုတ်ပြီ။ လာခဲ့မယ်။ ပြီးတော့ ခင်ဗျားပေးထားတဲ့ ကတိအတိုင်း ညစာအတူစားဖို့လည်း စောင့်နေပါတယ်”

မက်ဆေ့ချ်ပို့နေရင်း သူ့မျက်နှာပေါ်တွင် မမြင်ရတာ ကြာပြီ ဖြစ်သော အပြုံးများ ပြန်ပေါ်လာသည်။

မကြာခင်တင်ဆက်ရမှာမို့ ကောရှင်းယွီက ဖြီးလိမ်းပြင်ဆင် ခြယ်သနေသည်။ ဖန့်ကြွယ်ယွီက သူမအားမနှောင့်ယှက်လိုဘဲ ပွဲခင်းထဲမှာ ဟိုဟိုဒီဒီ လျှောက်ကြည့်နေသည်။

ကံကောင်းစွာဖြင့် ပွဲခင်းနှင့် ဟိုတယ်က မနီးသောကြောင့် သူ့ကိုမည်သူမှ မမှတ်မိဘဲ အေးအေးဆေးဆေး သက်တောင့် သက်သာ လျှောက်ကြည့်နိုင်သည်။

ပွဲခင်းထဲတွင် အသားရည်လှပပြီး ခြေတံရှည်ရှည်နှင့် မိန်းမလှလေးများစွာရှိနေသည်။ ချိုင်းနားဂျွိုင်းကဲ့သို့ ပွဲကြီးတစ်ခုတက်ရောက်ရချိန်တွင် သူတို့၏ အလှအပနှင့် အသွင်အပြင်ပေါ်တွင် လွန်စွာယုံကြည်ချက်ရှိနေကြသည်။

သို့သော် ဖန့်ကြွယ်ယွီသည် “မိုဘိုင်းစစ်သားဂမ်ဒမ်” ကဲ့သို့ anime ဇာတ်ကောင်များကို ပိုမိုစိတ်ဝင်စားမိသည်။ သူက ထိုအရာများကို အရူးအမူးကြိုက်နှစ်သက်သူတစ်ဦးဖြစ်သည်။

နံရံတစ်ခုစာ anime ပုံစံငယ်များ စုဆောင်းရခြင်း၏ ကုန်ကျငွေသည် ယန်ကျင့်မြို့တွင် အိမ်တစ်လုံးဝယ်နိုင်သည့် ပမာဏဖြစ်သည်။ ထိုအရာကိုကြည့်ခြင်းဖြင့် ထိုပုံစံငယ်များ သည် မည်မျှ စျေးကြီးကြောင်း သိနိုင်သည်။

ယခင်တုန်းက သူ့မှာပိုက်ဆံမရှိသဖြင့် သောင်း/ သိန်းချီ တန်ဖိုးရှိသော အကန့်အသတ်ဖြင့်ရောင်းချသည့် အရုပ်များကို မဝယ်နိုင်ဘဲ ငေးကြည့်ရုံသာတတ်နိုင်သည်။ သို့သော် ယခုအခါမှာတော့ သူစိတ်ကြိုက်ဝယ်ယူနိုင်ပြီဖြစ်သည်။

“ကျွန်တော် ဒါတွေအကုန်လုံးယူမယ်ဗျာ။ ထုတ်ပိုးပေးပါဦး”

“ဒါလည်း ယူမယ်။ အကန့်အသတ်နဲ့ထုတ်တဲ့ ဇာတ်ကောင် တစ်ခုစီလည်း ယူမယ်”

ကျိကျိတက်ချမ်းသာသော ဖန့်ကြွယ်ယွီက စိတ်ကြိုက်ဝယ်ယူ နိုင်သည်။ ကံကောင်းစွာဖြင့် လျှော့စျေးပေးနေချိန်နှင့် တိုက်ဆိုင်သောကြောင့် ဝယ်ယူမှုကြီးများအတွက် အခမဲ့ ပို့ဆောင်ပေးသည်။ သို့မဟုတ်ပါက သူဝယ်ထားသည့်အရာ များက သူ၏ကားနှင့်မဆံ့သဖြင့် သယ်ယူဖို့ အခက်တွေ့နေခဲ့ သည်။

“မင်္ဂလာပါ။ စုစုပေါင်းကုန်ကျစရိတ်က ၄၁၈,၂၄၀ဖြစ်ပါတယ်။ ကတ်နဲ့ရှင်းမှာလားခင်ဗျ”

အရောင်းဝန်ထမ်း၏ မျက်နှာသည် အပြုံးပန်းဝေဆာနေသည်။ ဖွင့်ပွဲမှာ ထိုမျှလောက်ပမာဏ ရောင်းချရသဖြင့် သူရမည့် ကော်မရှင်ခသည် များပြားမည်ဆိုတာကို သိနေသည်။

“ဟုတ်ပါတယ်။ ကတ်နဲ့ရှင်းမှာပါ”

ဖန့်ကြွယ်ယွီက သူ၏ အနက်ရောင်ကတ်ကို ထုတ်ယူရင်း ရေရွတ်မိသည်။

“စျေးသက်သာတာပဲ။ ခုနလေးတင်က ငါရှာနိုင်ခဲ့တဲ့ ပမာဏ က ရလာမဲ့ အတိုးနှုန်းကို ထိတောင်မထိဘူး”

နာရီဝက်အတွင်းမှာ သူ၏ ပိုက်ဆံများသည် ၅၀၀၈.၇ ဘီလီယံ တိုးလာသဖြင့် တစ်ခဏအတွင်း ဒေါ်လာတစ်ဘီလီယံ တိုးလာ သည်ဟု ဆိုနိုင်မည်။

“ဒီလိပ်စာကို ပို့ပေးပါ” ဖန့်ကြွယ်ယွီက လိမ်စာပေးပြီးဆိုင်ထဲမှ ထွက်လာသည်။ ချက်ချင်းဆိုသလို ကျွမ်းရီထံ ဖုန်းဆက်သည်။

“ကျွမ်းရီ၊ ဂမ်ဒမ်ဇာတ်လမ်းတွဲက ဒီဇိုင်နာနဲ့ ဘယ်လို ဆက်သွယ်ရမလဲဆိုတာ သိလား။ ပြီးတော့ ဗိသုကာပညာရှင် တချို့နဲ့ စက်မှုအင်ဂျင်နီယာတွေကိုလည်း ငှါးပေးပါ။ ငါရဲ့ခြံရှေ့ မှာ ဂမ်ဒမ်ပုံစံ တည်ဆောက်ချင်တယ်”

“ဂျပန်မှာရှိတဲ့ အိုဒိုင်ဘမှာလိုမျိုးပေါ့။ အဲ့ပုံစံတစ်ထပ်ထဲ လိုချင်တယ်”

“လိုအပ်တာတွေကရော”

“ဘာမှမလိုဘူး။ စျေးအကြီဆုံးနဲ့အကောင်းဆုံးပစ္စည်းတွေကို ဝယ်ပြီး အတော်ဆုံးလူတွေကို ငှါးလိုက်ပါ။ ပိုက်ဆံအတွက်က မပူပါနဲ့။ စျေးကြီးလေ ပိုကောင်းလေပဲ”

“ဒါဆို သန်း ၈၀လောက်ဆိုရင်ရော”

“ဟာ မရဘူး။ စျေးပေါလွန်းတယ်။ ဒီဇိုင်နာတွေကို ဘီလီယံနဲ့ ချီတဲ့ တည်ဆောက်မှု လုပ်ချင်တာလို့ ပြောပြီး ပြောင်းခိုင်း လိုက်ပါ”

“ငါ ဖျားပြီး ကယောင်ချောက်ချားပြောနေတာ မဟုတ်ဘူး”

All Chapters