← Chapters

အခန်း (၆၁၆)

Vol. 42 Ch. 616

အခန်း (၆၁၆)

Vol. 42 Ch. 616

#ဘာသာပြန် = စနိုးဝှိုက်

"ဥာဏ်ကောင်းစေသော ဆေးလုံးကို အသုံးပြုရမယ့် မစ်ရှင် ပြီးမြောက်သွားပါပြီ..။စွယ်စုံအမှတ် + 100.."

"၁၅ ခု မြောက် အသိပညာ စာရွက်ကို ဖွင့်လှစ်လိုက်ပါပြီ..။၁၅ ခု မြောက် အသိပညာအား..ပိုင်ရှင်နှင့် နီးစပ်သည့် လူတစ်ယောက် ဆီမှ ရွေးချယ်ပေးမည်ဖြစ်သည်.."

"လီရူဟာ..ပိုင်ရှင်ထံမှ အရှက်ခွဲမူကို အကြိမ်များစွာ ခံခဲ့ရသည်..။ဒါကြောင့်..ဒီတစ်ခေါက်အသိပညာအား..အကိုင်းအခွဲ အသိပညာ ဖြစ်သည့်..ယာဥ္မောင်း ကျွမ်းကျင်မူအား ဖွင့်လှစ်လိုက်သည်.."

"မစ်ရှင် : ဘေဂျင်းရှိ ချင်ထျန်ဘေ..ပြိုင်ပွဲတွင် ပါဝင်ပြီး ပထမ နေရာ ရရှိရန်.."

"ဆုလာဒ် : စွယ်စုံအမှတ် ၂၀ ရပြီး..၁၆ ခုမြောက် အသိပညာကို ဖွင့်လှစ်နိုင်မည်ဖြစ်သည်.."

"မှတ်ချက် : အကိုင်းအခွဲ့ အသိပညာ ဖြစ်သည့်အတွက်..ပရိုအဆင့်အဖြစ် ပါဝင်ရန် မလိုအပ်ပေ.."

ချီးပဲ..

အသုံးမဝင်တဲ့ အသိပညာပဲ..

သူက ကမ္ဘာကိုတောင် တုန်လှုပ်နိုင်တဲ့..အသိပညာအခန်းတွေ ရဖို့မျှော်လင့်နေခဲ့တာပါ..။သို့ပေမယ့် ဒီီလို အမှိုက်သာသာ အသိပညာအခန်းကို ရလိမ့်မယ် လို့ မထင်ထားခဲ့ပေ..။

မေ့လိုက်တော့..အနည်းဆုံးတော့..ကားမောင်းတာ က ဘဝမှာ လိုအပ်သေးတာပဲ...

သို့ပေမယ့်..စွယ်စုံကျမ်းက သူ ဥာဏ်ကောင်းစေသော ဆေးလုံးတွေ နဲ့ လုပ်တဲ့ မစ်ရှင်အတွက် ဆုလာဒ်မပေးရသေးပါဘူး..။ဒါကြောင့် နောက်ထပ် ဆုလာဒိတစ်ခု ရှိရပါဦးမယ်..။

"ကျပမ်း အသိပညာအခန်း ကို ဆုလာဒ် အနေနဲ့ ရွေးချယ်ပေးပါတော့မည်.."

လင်းဖန် ရဲ့ ရှေ့မှာ လှည့်ဖို့အတွက် အဝိုင်း ပုံစံ..သစ်သားပြားကြီး ပေါ်လာပါတော့တယ်..။အထဲမှာတော့ များပြားလှတဲ့..အသိပညာ အခန်းတွေ ရှိနေခဲ့တာပါ..။ဒီမှာ အကိုင်းအခွဲ အသိပညာအခန်တွေက အများကြီး ရှိနေပြီး..အဓိက အသိပညာ အခန်းတွေကတော့ ထင်သလောက် မများပါဘူး..။

"ဒင် ..ကျပမ်း ရွေးချယ်မူ စတင်လိုက်ပါပြီ.."

အဝိုင်းပြားကြီးဟာ စတင် လည်ပတ်သွားခဲ့တယ်..။

လင်းဖန် ဘာရလာဒ်မှ ထူးထူးခြားခြား မျှော်လင့်မနေခဲ့ပေ.။ဒီ ဆုလာဒ်က အခမဲ့ ရထားတာ ဆိုတော့ စွယ်စုံကျမ်းက ထင်သလောက် ရက်ရောမှာ မဟုတ်ပါဘူး..။

ဒီလို ဆိုရင်တောင် သူ့စိတ်က မျှော်လင့်ချက် တွေနဲ့ ပြည့်နေပါသေးတယ်..။အတွင်းထဲမှာတော့ အနည်းငယ် ကြောက်ရွံ့မိပါတယ်..။၁၅ ခုမြောက် အသိပညာ အခန်းက အမှိုက်သာသာ ရှိတာကြောင့် သူ ဒီတစ်ခုကိုတော့ ကောင်းကောင်းလေး ရချင်ပါတယ်..။

လမ်းဘေးကားပြိုင်တာက လွဲပြီး အဲတာက ဘာအသုံးဝင်မှာကြောင့်လဲ..။

တကယ့် လက်တွေ့မှာတော့ အဲတာက အသုံးမဝင်ပါဘူး..။

ကျိုးမင်ချင်း သူ့ဆရာ အချိန်အကြာကြီး ရပ်နေတာကို ကြည့်ပြီး ပဟေဠိဖြစ် သွားခဲ့တယ်..။သူ ပြောလိုက်တယ်..။

"ဆရာ..ဘာဖြစ်လို့လဲ..။ဘာတွေ တွေးနေတာလဲ.."

"မဟုတ်ပါဘူး..ဒီတိုင်း တစ်ခြားလုပ်စရာ လေးတွေ တွေးနေတာပါ.."

သူ့စိတ်က ဒီအသိပညာက အခမဲ့ ဖြစ်တာကြောင့် ဂရုမစိုက်ဘူးလို့ ဟန်ဆောင်နေပေမယ့်..စိတ်ထဲမှာတော့..အမှန်တကယ် မျှော်လင့်မိပါတယ်..။

ကျိုးမင်ချင်း သူ့ဆရာရဲ့ အတွေးတွေကို အနှောက်အယှက်ဖြစ်မှာကြောင့် ဘာမှ ထပ်မပြောတော့ပေ..။သူ့အတွက်တော့..သူ့ဆရာက အရေးကြီးတဲ့ အရာတွေကို တွေးနေတာပဲ ဖြစ်နိုင်ပါတယ်..။

သူ့ဆရာ ဒီလောက်အထိ လေးလေးနက်နက် အတွေးနက်နေတာကို တစ်ခါမှ မမြင်ဖူးပါဘူး..။

"ချီးပဲ..အကိုင်းအခွဲ အသိပညာ ဖြစ်တော့မှာလား.."

လင်းဖန် အဝိုင်းပြားကြီး တဖြည်းဖြည်း နှေးကွေးလာတာကို ကြည့်ပြီး ​ရေရွတ်လိုက်တာပါ..။သူ မြင်တာအရတော့..ဒီမှာ ရှိနေတဲ့ မြားက..အကိုင်းအခွဲ အသိပညာမှာ ရပ်တော့မယ့်ပုံပါပဲ..။

လင်းဖန်အတွက်ကတော့ အကိုင်းအခွဲ အသိပညာ အများစုက အမှိုက်သာသာတွေပါ..။ဒါတွေက တစ်ယောက်ယောက်ရဲ့ မျက်လုံးကို ..ဖမ်းစားနိုင်ဖို့ အတွက် သာမန်ကျလွန်းပါတယ်..။

လင်းဖန် တွေးနေတာကို ရပ်လိုက်ပြီး လှည့်ပတ်ကာ ပြောလိုက်တယ်..။

"မင်ချင်း..တကယ်လို့ ခင်ဗျား အချိန်ရှိရင် ဒီကို မကြာခန လာပေးသင့်တယ်..။ကလေးတွေကို တရုတ်ဆေးညာ အကြောင်း ပုံမြင်တွေ ပိုပြီး ပြောပြပေါ့..။ဒီကလေးတွေ..က အခုချိန်က စပြီး ကွဲပြားနေပြီ ဆိုတာ သိသင့်တယ်လေ.."

ကျိုးမင်ချင်း ခေါင်းညိမ့်လိုက်တယ်..။ဒီကလေးတွေက အစက သနားဖို့ ကောင်းနိုင်ပေမယ့် အခုတော့ မတူတော့ပါဘူး..။ဥာဏ်ကောင်းစေသော ဆေးလုံးကြောင့် ဘယ်လိုတွေ တိူးတက်လာနိုင်မလဲဆိုတာ မပြောနိုင်ပေ..။

တကယ်လို့ သူ သာ ဒီကလေးတွေကို..မကြာခနလာပြီး တရုတ်ဆေးပညာအကြောင်း သင်ပြပေးမယ် ဆိုရင်..သူတို့က နှစ်အနည်းငယ်လောက်ကြာရင် တော်တော် နားလည်လာကြမှာပါ..။တကယ်လို့ သူတို့သာ..အသက်ငယ်ငယ်လေးနဲ့ တရုတ်ဆေးပညာ ကို ကျွမ်းကျင်သွားရင်တော့ တကယ်ကို ကြောက်စရာပါပဲ..။

ဘာပဲဖြစ်ဖြစ် သူတောင် အရင်ကနဲ့ မတူတော့ပေ..။နေ့နေ့ညည လေ့ကျင့်မူတွေက နှစ်ဆလောက်ပိုပြီး တိုးတက်လာခဲ့ပါတယ်..။သူ့အတွက်တော့ သူ့ဆရာက ကမ္ဘာမြေပေါ်က နတ်ဘုရားတစ်ယောက် လိုပါပဲ..။

"ချီးပဲ.."

ရုတ်တရက် ရုတ်ရင်း ကြမ်းတမ်းတဲ့ စကားတစ်ခွန်း ကျိုးမင်ချင်းရဲ့ နားထဲကို ဝင်လာခဲ့တယ်..။ဒီ ရုတ်ရင်းကြမ်းတမ်းတဲ့ စကားက သူ့ဆရာ ပါးစပ်ကနေ ထွက်လာတာမှန်း သိလိုက်တဲ့ အချိန်မှာ သူအနည်းငယ် ကြောင်အသွားခဲ့ပါတယ်..။

"ဆရာ..ဘာဖြစ်လို့လဲ.."

ကျိုးမင်ချင်း သူ့ဆရာကို အံ့ဩစွာ ကြည့်ပြီး မေးလိုက်တာပါ..။သို့ပေမယ့် ရုတ်တရက်..အခြေအနေက နည်းနည်း ထူးဆန်းနေခဲ့တယ်..။သူ့ဆရာက ခါတိုင်းထက် ထူးခြားနေခဲ့တာပါ..။

ရုတ်တရက် သူ့ဆရာရဲ့ မျက်နှာမှာ အလင်းရောင်တစ်ချက် တောက်ပသွားပြီး..ခနအကြာမှာပဲ ပျောက်ကွယ် သွားခဲ့ပါတယ်..။

ဒီမြင်ကွင်းက..သူတင်မြင်လိုက်တာ မဟုတ်ပါဘူး..။ဒါရိုက်တာ ဟောင် နဲ့ ဟန်လုတို့လဲ မြင်လိုက်ကြပါတယ်..။သူတို့ တစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြတယ်..။သူတို့ ပြန်ကြည့်လိုက်တဲ့ အချိန်မှာတော့..ပြန်ပြီး ပျောက်ကွယ်သွားခဲ့ပါပြီ..။

ဒီ အလင်းရောင်ကပဲ ပြသနာ ဖြစ်နိုင်မလား...။

အဲ့အချိန်မှာပဲ လင်းဖန် ရဲ့ ခန္တာကိုယ်က အနည်း် တုန်ခါသွားခဲ့တယ်..။သူ့ရဲ့အမူအရာက မယုံကြည်မူတွေ နဲ့ ကြောင်အနေခဲ့ပါတယ်..။

ပုံမှန်အားဖြင့် တည်ငြိမ်နေတဲ့ သူ့ရဲ့ မျက်လုံးက အခုချိန်မှာ အံ့ဩမူတွေိနဲ့ ပြည့်နေခဲတယ်..။

"ဘယ်လို ဖြစ်နိုင်မှာလဲ..."

သူ့ ခေါင်းထဲမှာ ကြားနေရတဲ့ အသံကို ယုံတောင် မယုံကြည်နိုင်တော့ပါဘူး..။

ငါက ကောင်းကင်က ချစ်မြတ်နိုးတဲ့..အိမ်မွေး တိရစ္ဆာန်လေးလို ဖြစ်နေတာလား...

"ဒင်..ကျပမ်း ရွေးချယ်မူ ပြီးသွားပါပြီ..။ဂုဏ်ယူပါတယ်..ကိုယ်ခံပညာရဲ့ အဓိက အသိပညာအခန်းကို ရရှိသွားခဲ့ပါပြီ..."

"ပိုင်ရှင်အား ဂါဝရ ပြုပါတယ်..။သင်ဟာ ဒီလို မဖြစ်နိုင်တဲ့ အဓိက အသိပညာအခန်းကို ရခဲ့တာဟာ ကောင်းကင်က ချစ်မြတ်နိုးနေတဲ့..အချစ်တော် လေး ဖြစ်နေတာပါပဲ..။သင်က ကမ္ဘာကြီးကနေ ထွက်ခွာပြီး..ကောင်းကင်ဘုံကို တက်လှမ်းဖို့အတွက် အတော်ကို နီးစပ် နေခဲ့ပါပြီ.."

"ဒီ ကိုယ်ခံပညာ အဓိက ..အသိပညာအခန်းက..သူရဲကောင်း အသိပညာအခန်း ..ဆန်းကျယ်မူ အသိပညာ အခန်း..ရှင်းတို အသိပညာ အခန်းတွေ နဲ့ ဆက်စပ်နေပါတယ်.."

အဲအချိန်မှာပဲ..လင်းဖန်ရဲ့ နှာဖူးမှာ ချွေးတွေနဲ့ ပြည့်နေပြီး..သူ့မျက်နှာက ဖြူဖျော့နေခဲ့တယ်..။

သူအခု ချိန်မှာ စိတ်ပူတာတွေ စိုးရိမ်တာတွေ ဖြစ်မနေပဲ..ပြောင်းလဲမူ အကြီးကြီးတွေသာ ဖြစ်နေခဲ့ပါတယ်..။ကြီးမားတဲ့ ကိုယ်ခံပညာ အသိပညာ တွေက..သူ့ရဲ့ ဦးနှောက်ထဲကို ဆက်တိုက် စီးဝင်နေခဲ့ပါတယ်..။

တတိယ အမြန်နှုန်း..

ဒုတိယ အမြန်နှုန်း..

…

မှောင်ဆန်းတဲ့ စွမ်းအင်တွေဟာ ဆက်တိုက်ကို စီးဝင်နေခဲ့တယ်..။

"ဒင်..ကိုယ်ခံပညာ အဓိက အသိပညာများ လွဲအပ်မူ ပြီးဆုံးသွားခဲ့ပါပြီ..။တကယ်လို့ ပိုင်ရှင်က ပိုပြီး အဆင့်မြင့်တဲ့ အနေအထားကို ရောက်ချင်ရင် သူရဲကောင်း အသိပညာ အခန်း..ဆန်းကျယ်မူ အသိပညာ အခန်း နဲ့..ရှင်းတို အသိပညာ အခန်းတို့ကို ဖွင့်လှစ့်ဖို့ လိုအပ်ပါတယ်..။သို့ပေမယ့် ဒီ အခန်းတွေက..ဖွင့်ဖို့ မလွယ်ကူပါဘူး.."

လင်းဖန်ရဲ့ ခေါင်းဟာ ပြားများလှတဲ့ အချက်အလက်တွေကြောင့် ကိုက်ခဲနေခဲ့တယ်..။အခြေအနေ တစ်ခုလုံးက တကယ် ကြောက်စရာပါပဲ...။

သူ ဒီလို အဓိက အသိပညာ အခန်းကြီးကို ရွေးချယ်မိသွားလိမ့်မယ့် လို့ မထင်ထားခဲ့ပါဘူး..။စွယ်စုံကျမ်းက သူ့ကို နောက်ထပ် အသိပညာ အခန်းကြီးတွေ လဲလှယ်ခွင့်ပေးထားပေမယ့်..စွယ်စုံအမှတ်လိုအပ်မူက ကြောက်စရာပါပဲ..။

"ချီးပဲ..ဒီအချိန်တိုလေး အတွင်းမှာတင် ငါက မယုံနိုင်စရာ ဖြစ်သွားပြီပဲ.."

ဒါက အိပ်မက်မကါ နေသလိုပါပဲ..။

"ဆရာ..ဆရာ.."

ကျိုးမင်ချင်း သူ့ဆရာ အခြေအနေက နည်းနည်းထူးဆန်းနေပြီ ဆိုတာကို သတိထားမိလိုက်တယ်..။ဒီခံစားချက်က အတော်ကို ထူးဆန်းလှပါတယ်..။သူ ဘယ်လို ဖော်ပြရမလဲ ဆိုတာ မသိရပေမယ့်..ဒါက အတော်ကို ထူးဆန်းလှတာပါ..။

သူ့ဆရာရဲ့ မျက်နှာမှာ အလင်းရောင် တစ်ခု မြင်လိုက်ပေမယ့်..ခနအတွင်းမှာပဲ ပျောက်ကွယ် သွားခဲ့ပါတယ်..။

ပြီးတော့ သူ့ဆရာက အချိန်အကြာကြီး ရပ်နေတာ ဆိုတော့ တစ်ခုခု ဖြစ်သွားတာ အသေအချာပါပဲ..။

"ဟားဟား.."

ရုတ်တရက် လင်းဖန် ရယ်မောလိုက်တယ်..။သူ တကယ်စိတ်လှုပ်ရှားနေခဲ့တာပါ..။အခုချိန်မှာတော့ သူက လေပေါ်မှာ ဝဲပျံနေသလိုပါပဲ..။

"မင်ချင်း ဘာမှ မပြောနဲ့ဦး...။ဒီနေ့ ခင်ဗျားရဲ့ဆရာက တကယ်ကို ပျော်ရွှင်နေတာ..။ခင်ဗျားမှာတောင်းဆိုစရာ ရှိရင် ပြောသာ ပြောလိုက် ကျုပ်လက်ခံပေးမယ်.."

လင်းဖန် အခုချိန်မှာ ပျော်တယ် ဆိုတာထက်တောင် ပိုနေခဲ့ပါပြီ..။ကျပမ်းရွေးချယ်လိုက်တဲ့ အသိပညာ အခန်းက သူ့အတွက်တော့ ဆုလာဒ်ကြီးတစ်ခုလိုပါပဲ..။

ဒါက လက်ရှိ ကမ္ဘာမှာ သိပ်ပြီး အသုံးပြုလို့ မရပေမယ့် စွယ်စုံကျမ်းက သူ ကမ္ဘာပေါ်ကနေ ထွက်ခွာပြီး ကောင်းကင်ဘုံကို တက်လှမ်းဖို့ အတော်နီးစပ် နေပြီလို့ အသိပေးခဲ့တာပါ..။

"ဆရာ..အဆင်ပြေရဲ့လား.."

ကျိုးမင်ချင်း သူ့ဆရာကို စိတ်ပူသွားခဲ့တယ်..။သူ့ဆရာ ဘာတွေ လုပ်နေတာလဲ..။သူက အစောက ပုံမှန်ဖြစ်ပေမယ့် အခုတော့ အတော်ကို ပြောင်းလဲ သွားခဲ့တာပါ..။

လင်းဖန် ကျိုးမင်ချင်းကို ကြည့်ပြီး ပြောလိုက်တယ်..။

"ဘာမှားနေလို့လဲ..။ခင်ဗျားရဲ့ ဆရာက အခုချိန်မှာ ခံစားချက် ကောင်းမွန်နေတာလေ.."

တာအို သဘောတရားမှာတော့..သိမူ ခံစားချက် ငါးခု ရဲ့ မှော်ပညာက စွမ်းအား အမြင့်ဆုံးပါပဲ..။ဒါက အဆုံးမရှိ စွမ်းအင်တွေ ရဲ့ သင်္ကေတ ဖြစ်ပြီး..အင်မော်တယ် တစ်ယောက်တောင် ဖြစ်နိုင်ပါတယ်..။သို့ပေမယ့် သူက အခုမှ ကိုယ်ခံပညာ..အဓိက ဘာသာရပ်ကို ရရှိခဲ့တာပါ..။အင်မော်တယ် တစ်ယောက်ဖြစ်ဖို့ ဆိုတာက လွယ်ကူတဲ့ အရာတော့မဟုတ်ပါဘူး..။စွယ်စုံကျမ်းက ဘယ်လိုအလုပ်လုပ်မလဲ ဆိုတာ ဘယ်သူသိနိုင်မှာလဲ..။

ဘာပဲဖြစ်ဖြစ် အခုချိန်မှာ သူက အဆုံးမရှိတဲ့..စွမ်းအင်တွေ ပြည့်နှက်နေသလိုပါပဲ..။

"ဒါကောင်းတယ်..။ဆရာဆီက နည်းနည်း ထူးဆန်းနေသလို ခံစားရလို့ပါ..."

ကျိုးမင်ချင်း ပြောလိုက်တာပါ..။

လင်းဖန် ရယ်မောပြီး ပြောလိုက်တယ်..။

"ဘာများ ထူးဆန်းနေလို့လဲ..။ခင်ဗျားဆရာက ရုတ်တရက် တစ်ခုခုကို နားလည်သဘောပေါက်သွားတယ်..။ဒီလောက်ပါပဲ.."

ကျိုးမင်ချင်း ခေါင်းညိမ့်လိုက်တယ်..။သူ့ဆရာက အဆင်ပြေနေသ၍ သူ ဘယ်လိုပဲ နေနေ ဒါက အဆင်ပြေပါတယ်..။

အဲ့အချိန်မှာပဲ..လူစိမ်း အနည်းငယ်ဟာ..နန်ရှမ်းဂေဟာ ရဲ့ ဝင်ပေါက်မှာ ပေါ်လာခဲ့ပါတယ်..။

"ဟဲလို..ဒါရိုက်တာ ကျိုး...

All Chapters