← Chapters

ကိုယ်စားတိုက်ခိုက်ပေးခြင်း

Vol. 42 Ch. 617

ကိုယ်စားတိုက်ခိုက်ပေးခြင်း

Vol. 42 Ch. 617

#ဘာသာပြန် = စနိုးဝှိုက်

ကျိုးမင်ချင်း ဒီလူတွေကို မြင်တဲ့ အချိန်မှာ မျက်မှောင်ကျုတ်သွားခဲ့တယ်..။သူ ဒီလူတွေကို မကြိုက်ဘူးဆိုတာက ထင်ရှားပါတယ်..။

"မင်ချင်း ဒီလူတွေက ဘယ်သူလဲ.."

လင်းဖန် ဒီလူတွေ ရောက်လာ​တာကြောင့် ကျိုးမင်ချင်း အနည်းငယ် စိတ်ရှုတ်သွားတာကို ခံစားမိပါတယ်..။ဒီလူတွေ ရဲ့ ပုံစံကို ကြည့်ရတာတော့..သူတို့က သာမန်လူတွေ မဟုတ်လောက်ပါဘူး..။သူတို့ ဆီမှာ မကောင်းတဲ့ ကံတရားတွေ တွေ့နေရတာကြောင့် ဒီလူတွေက..မကောင်းမူတွေ အများကြီး လုပ်ထားတာကို တွေ့ရပါတယ်..။

ကျိုးမင်ချင်း သူ့ကို တီးတိုးပြောလိုက်တယ်.။

"ဆရာ..ဒီလူတွေက ချင်ကျိုးမှာ ရှိတဲ့ မာမူဖန်း ရဲ့ လူတွေပဲ..။သူတို့က မာမူဖန်းရဲ့ အမိန့်နဲ့ ကျွန်တော်ကို ရောဂါကုပေးဖို့ လာခေါ်ကြတာ..။ကျွန်တော်က အဲ့ကို မသွားချင်ဘူးလေ.."

"ဘာလို့လဲ.."

လင်းဖန် မေးလိုက်တယ်..။သူ့တပည့်ရဲ့ စိတ်ထားကိုသူသိထားပါတယ်..။တကယ်လို့ နေမကောင်းတဲ့ လူတစ်ယောက်ယောက်က သူ့ကို လာပြီး..ကုသခိုင်းမယ် ဆိုရင် သူက ငြင်းပယ်မဲ့လူမဟုတ်ပေ..။သူက လင်းဖန် ထက်တောင်မှ ပိုပြီး ကြင်နာတဲ့ နှလံူးသား ရှိတဲ့ လူတစ်ယောက်ပါ..။သိူ့ပေမယ့် ကျိုးမင်ချင်း အခုလို မကုသချင်ဘူးဆိုတာက ပုံမှန်အခြေအနေတော့ မဟုတ်ပါဘူး..။

ကျိုးမင်ချင်း ဒီလူတွေ အပေါ်မှာ အမုန်းတစ်ချို့ ရှိနေခဲ့တယ်..။

"ဆရာ..ဒီ မာမူဖန်းက ချင်ကျိူးမှာ အချမ်းသာဆုံး လူတွေထဲက တစ်ယောက်ပဲ..။သူက အတော်ကျော်ကြားပြီး မာချင်ကျိုး အဖြစ်လည်း လူသိများတယ်..။ဒါပေမဲ့ ကျွန်တော် သိသလောက်တော့..သူက လူကောင်းတစ်ယောက် မဟုတ်ဘူး..။လွန်ခဲ့တဲ့ သုံးနှစ်က ချင်ကျိုးမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို ဆရာသိထားလား.."

"ချင်ကျိုးမှာ ဘာဖြစ်လို့လဲ.."

လင်းဖန် အတွေးနက်သွားခဲ့တယ်..။ယင်းနောက် ရုတ်တရက် သူမှတ်မိသွားခဲ့ပါတယ်..။သူက အဲတုန်းက ကျောင်းမှာပဲ ရှိသေးတာက သတင်းက သူ့အပေါ်အတော်လွှမ်းမိုးနိင်စွမ်း ရှိခဲ့တာပါ...။

အဲ့တုန်းက ချင်ကျိုး တိုးတက်ရေး စီမံကိန်းအတွက် နေရာတစ်ချို့က လူတွေကို ဖယ်ရှားခိုင်းခဲ့တာပါ..။ဒီလူတွေက နည်းလမ်းတွေ မျိုးစုံကို သုံးခဲ့ကြပါတယ်..။သူတို့က အကုန်လုံးကို မြေလှန်ခဲ့ကြပြီး..သာမန်လူတွေ ဆိုရင် သေကြေခဲ့ရပါတယ်..။ဒီသတင်းက နေရာအနှံ့ပျံ့နှံ့သွားပြီး မကြာခင်မှာပဲ ရုတ်တရက် ရပ်တန့်သွားခဲ့တယ်..။ဒါက တစ်ယောက်ယောက်က သတင်းကို ရပ်တန့်လိုက်သလိုပါပဲ..။

နိုင်ငံသားတွေ အတွက်တော့ ဒါက သတင်းကို တစ်ယောက်ယောက် တားဆီးပြီး ထပ်မတင်ရဲအောင် လုပ်ခဲ့တာပါ..။

ကျိုးမင်ချင်း ပြောလိုက်တယ်..။

"ဒီလူတွေ အကုန်လုံးက မာမူဖန်း ရဲ့ လူတွေပဲ..။ဒါကြောင့် ကျွန်တော် မကုသ ပေးချင်တာ..။ကျွန်တော်သာ သူ့ကို ကုသပေးလိုက်ရင် မရေမတွက်နိုင်တဲ့ လူတွေ ဒုက္ခရောက်ကြလိမ့်မယ်.."

လင်းဖန် ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။

"ဟုတ်တယ်..ခင်ဗျားဆရာက ခင်ဗျားကို ထောက်ပံ့ပေးမယ်..။ခင်ဗျားက ကောင်းမွန်တဲ့ အရာကို လုပ်နေတာပဲ.."

လူစိမ်း သုံးယောက်ဟာ ကျိုးမင်ချင်း ဆီကိုလျောက်လာခဲ့ကြတယ်..။သူတို့ထဲက တစ်ယောက်က အရမ်းကို ယဥ္ကျေးသိမ်မွေ့နေခဲ့တာပါ..။သူက သေသပ်တဲ့ အနောက်တိုင်းဝတ်စုံနဲ့ မျက်မှန် ကို ဝတ်ဆင်ထားပြီး ဆံပင်ကို စနစ်တကျ ဖီးထားခဲ့တယ်..။

"ငါ မသွားဘူး..."

ကျိုးမင်ချင်း ဘာမဇ တွေဝေမနေပဲ တစ်ခါတည်း ပြောလိုက်ပါတယ်..။သူ ဒီလူကို ဘာမျက်နှာမှ ထောက်မနေခဲ့ပါဘူး..။

ဒီလူက မာမူဖန်းရဲ့ အတွေးရေးမှူး တစ်ယောက်ပါ..။ဒါရိုက်တာ ကျိုး သဘောမတူဘူးလို့ ပြောတာကိုကြားတဲ့အချိန်မှာ မျက်မှောင်ကျုတ်လိုက်တယ်..။သို့ပေမယ့် သူ အပြုံးကို ဆက်ထိန်းထားပြီး ပြောလိုက်ပါတယ်..။

"ဒါရိုက်တာ ကျိုး..ခင်ဗျားက နှလုံးသားလှပတဲ့ သမားတော် တစ်ယောက်ပါ..။ကျုပ်တို့ရဲ့ ဂေါ့ဖားသား မာ ကတကယ်ကို လေးနက်တဲ့ ရောဂါတစ်ခု ဖြစ်နေတာလေ..။ခင်ဗျားရဲ့ ဆေးပညာက ဒုတိယ မရှ်ိတာကြောင့် ဂေါ့ဖားသားမာ ကို ကုသပေးဖို့ လာတောင်းဆိုတာပါ..။ဒါပြီးသွားရင် ကျွန်တော်တို့ သမားတော် ကျိုးကို အကျိုးမယူတ်စေရပါဘူး.."

ကျိုးမင်ချင်း နှာခေါင်းရှုတ်ပြီး ပြောလိုက်တယ်..။

"ငါ ကျိုးမင်ချင်းက.. မင်းတို့ရဲ့ သွေးစွန်းနေတဲ့ ပိုက်ဆံတွေကို မယူရဲပါဘူး..။မင်းတို့ရဲ့ ဂေါ့ဖားသား မာ က ဒီလောက်တောင် အင်အားကြီးတာ သူ စကားတစ်ခွန်းပြောလိုက်တာနဲ့ ကုသချင်တဲ့ တရုတ်သမားတော် တွေ တန်းစီ နေမှာပဲ..။ဘာလို့ ငါ့ကိုမှ လာရှာတာလဲ.."

"ဒါရိုက်တာ ကျိုး..ခင်ဗျား ဂေါ့ဖားသား မာ ကို နားလည်မူ လွဲနေပြီထင်တယ်..။သူက ခင်ဗျားရဲ့ ဆေးပညာက ဒုတိယ မရှိအောင် ကောင်းမွန်တာ သိလို့ ဖိတ်ခိုင်းလိုက်တာပါ..။ကျေးဇူးပြုပြီး ချင်ကျိုးကို လိုက်ခဲ့ပေးပါလား.."

သူပြောလိုက်တယ်..။လီရန် က..မာမူဖန်းရဲ့ အတွင်းရေးမှူး လုပ်နေတာကြာပြီ ဆိုတော့ကျိုးမင်ချင်း ဘာကို ဆိုလိုတာလဲ ဆိုတာ နားလည်ပါတယ်..။

သူ အတွင်းထဲမှာ ဒေါသထွက်နေပေမယ့် ဒီလူရဲ့ အကူအညီကို လိုအပ်နေပြီ ဆိုမှတော့ ငြိမ်းချမ်းတဲ့ စကားတွေ နဲ့ပဲ ဖြေရှင်းရမှာပါ..။

တကယ်လို့ ဂေါ့ဖားသား မာ သာ သူအ​ေခြအနေကို ပိုပြီး ရှုပ်ထွေးအောင် လုပ်မိလို့ သိသွားရင် သေလောက်အောင် အရိုက်ခံရမှာ အသေအချာပါပဲ..။

ကျိုးမင်ချင်း လီရန်ကို ကြည့်ပြီး ပြောလိုက်တယ်..။

"ဒုတိယ မရှိဘူးဟုတ်လား..။မင်းတို့က ငါ့ဆရာကို အထင်သေးနေတာလား..။မင်းတို့ ပြန်သင့်နေပြီ..။ငါ ပြောထားသလိုပဲ ..သူ့ကို ကုသပေးမှာ မဟုတ်ဘူး..။တစ်ခြား ဆရာဝန်တွေနဲ့ သာ သူ့ကို သွားပြလိုက်.."

လီရန် ရယ်မောပြီး ပြောလိုက်တယ်..။

"ဒါရိုက်တာ ကျိုး..ကျွန်တော်တို့ရဲ့ ဂေါ့ဖားသား မာက ခင်ဗျား ရဲ့ ဆရာကို သိထားပါတယ်..။ရှန်ဟိုင်းက ဆေးပညာကို တစ်ဖက်ကမ်းခတ်အောင် ကျွမ်းကျင်တဲ့ နတ်ဆေးဆရာလေးလေ..။ဒါပေမဲ့ သူက ခင်ဗျားကိုယ်တိုင် ကုသရင် ပျောက်ကင်းမယ်လို့ ယုံကြည်နေတာ..။တကယ်လို့ ခင်ဗျား မကုသချင်ဘူးဆိုရင် ခင်ဗျားရဲ့ ဆရာကို အကူညီတောင်းပေးလို့ ရမလား.."

ကျိုးမင်ချင်းမှာ ဆရာရှိတာက ..လျို့ဝှက်ချက်တစ်ခု မဟုတ်ပါဘူး..။ဒါကို လူတွေ အများကြီး ရယ်မောခဲ့ကြပြီး ဂေါ့ဖားသား မာ လည်း အတူတူပါပဲ..။သတင်းတွေပေါ်မှာ နတ်ဆေးဆရာလေးရဲ့ ဆန်းကြယ်မူတွေ အများကြီး တက်လာပေမယ့် ဂေါ့ဖားသား မာ ဟာ မယုံကြည်နိုင်ခဲ့ပေ..။သူက ကျိုးမင်ချင်းကသာ ပိုပြီး ယုံကြည်ရတယ်လို့ ခံစားနေရတာပါ..။

ပြီးတော့ သူတို့ရဲ့ ဂေါ့ဖားသား မာက နိုင်ငံခြားမှာလည်း ကုသပြီးသွားပါပြီ..။နိုင်ငံခြား ဒေါက်တာ တွေဟာလည်း အကူညီမဲ့နေကြပြီး ဆက်ပြီး မဆိုးရွားဖို့သာ ထိန်းထားနိုင်ခဲ့ကြပါတယ်..။ဒီရောဂါအတွက် သူတို့ ရဲ့ကတော့ ပြသနာကတော့ နောက်ကျသွားတာပါပဲ..။ဒါကြောင့် သူတို့က တိုင်းရင်းဆေးသမားတော် တွေ နဲ့ ကုသကြည့်ဖို့ အကြံပေးခဲ့တာပါ..။

ရလာဒ်အနေနဲ့ သူတိုလ တစ်နိုင်ငံလုံးက တရုတ်သမားတော် တွေ ရှာဖွေခဲ့ပါတယ်..။

သူတို့ နတ်ဆေးဆရာလေး ရဲ့ သတင်းတွေကို ကြားပေမယ့်လည်း သူ့ရဲ့ တပည့်ကသာ ပိုပြီး ယုံကြည်ဖို့ သင့်တော် နေခဲ့ပါတယ်..။

ကျိုးမင်ချင်း သူတို့ကို ကြည့်ပြီး ပြောလိုက်တယ်..။

"ငါ့ဆရာ..ကို တွေ့ရဖို့ ဆိုတာက မင်းတို့အတွက် မဖြစ်နိုင်ဘူး..။သွားကြတော့..ငါ ကုပေးမှာ မဟုတ်ဘူး.."

လီရန် ရဲ့ စိတ်ရှည်မူ ဆိုတာက ..အကန့်အသတ်ရှိပါတယ်..။သူ ရှန်ဟိုင်းမှာ ​ေရာက်နေတာ၂ ရက်ရှိပြီ ဖြစ်ပြီး ဒီနှစ်ရက်လုံး..ကျိုးမင်ချင်းကိုပဲ နားချနေခဲ့ရတာပါ..။သိူ့ပေမယ့် ဒီလူက လှုပ်တောင် မလှုပ်ပါဘူး..။သူက လုံးဝ ကုသပေးမယ့်ပုံ မရှိပေ..။တကယ်လို့ ဒီလို ဆက်ဖြစ်နေရင် ဂေါ့ဖားသား မာ ဒေါသထွက်လာမှာကို စိုးရိမ်မိပါတယ်..။

အဲ့အချိန်မှာပဲ..လီရန် ရဲ့ အပြုံးတွေဟာ ​ပျောက်ကွယ်သွားပြီး ပြောလိုက်တယ်..။

"ဒါရိုက်တာ ကျိုး..ခင်ဗျားရဲ့ သူ့ကို မကုသဘူးဆိုတဲ့ စကားကို ကျုပ်ရှင်းရှင်း လင်းလင်းနဲ့ ကျယ်ကျယ်လောင်လောင် ကြားရပါတယ်..။ဒါပေမဲ့ ကျုပ်တို့ရဲ့ ခေါင်းဆောင်က ဘယ်သူလဲ ဆိုတာကို ခင်ဗျား မှတ်မိ သင့်တယ်နော်.."

သူ သဘောတူညီ မူ မရဘူးဆိုမှတော့ ချိန်း​ခြောက်မှ ရတော့မှာပါ..။

လူတွေ အများကြီး အတွက်က မာမူဖန်းက ချမ်းသာပြီး အင်အားကြီးတဲ့ လူတစ်ယောက်ပါ..။ကျိုးမင်ချင်းက လူမူနယ်ပယ်မှာ နေရာတစ်ခု မရှိဘူးဆိုပေမယ့် ဒါရိုက်တာ တစ်ယောက်အနေနဲ့ သူ့စကားက အနည်းငယ်တော့ အကျိုးသက်ရောက်ပါသေးတယ်..။

မာမူဖန်း က လွယ်လွယ်နဲ့ လာပြီး ရှုပ်လို့ ရတဲ့ လူစားမျိုး မဟုတ်ပါဘူး..။ဘယ်လို လူပဲဖြစ်ဖြစ် သူက ဖြေရှင်းမယ့် လူပါ..။တကယ်လို့ သမားတော် ကျိုးသာ မကုသ ဘူးဆိုရင် ပြသနာ ရှိလာနိုင်ပါတယ်..။

သို့ပေမယ့် ဒီလိုဆိုရင်တောင် ကျိုးမင်ချင်းကတော့ ဒီစကားပဲ ပြောဦးမှာပါပဲ..။

မကုပေးနိုင်ဘူး..။

လင်းဖန် တစ်ချိန်လုံး..ဘေးနားမှာ ရပ်ပြီး ဘာမှ မပြောပဲ နေခဲ့တာပါ..။သို့ပေမယ့် အဲ့အချိန်မှာပဲ..ကျိုးမင်ချင်းရဲ့ မျက်နှာအမူအရာ ပြောင်းလဲ သွားတာကို သူသတိထားမိလိုက်တယ်..။

ကျိုးမင်ချင်းရဲ့ စိုးရိမ်မူ တစ်ချိူ့ကို သူတွေ့လိုက်ရတာပါ..။ဒီမှာ လက်စားချေမူတွေ ရှိလာနိုင်ပြီး..အဲ့လက်စားချေမူကလည်း မိသားစုကိုတောင် သွေးစွန်းသွားနိုင်ပါတယ်..။သူ့ရဲ့ ဘဝက အန္တာရာယ်ထဲ ရောက်နေပါပြီ..။

ကြည့်ရတာ ဒီ မာမူဖန်းက အတော် သန်မာတဲ့ လူတစ်ယောက် ဖြစ်တဲ့ ပုံပါပဲ..။

ရိုက်ချက်ကို ခံယူမယ်..။

လင်းဖန် ကျိုးမင်ချင်း ခံရမယ့် ..ရိုက်ချက်ကို ကိုယ်စားခံယူပြီး ကာကွယ်ပေးသွားရမှာပါ..။သူ့တပည့်ကို သူ့ရဲ့ ရှေ့မှာ ဒီလို လာပြီး ဖိအားပေးလို့ မရပါဘူး..။

ဒါသာ အရင်တုန်းက ဆိုရင် သူ တွေဝေဖြစ်မလား ဆိုတာ သေချာမသိပါဘူး..။သို့ပေမယ့် အခုတော့ ဘာမှ ကြောက်နေစရာ မရှိတော့ပေ..။

နေ့ဘက်မှာပဲ ဖြစ်ဖြစ် ညဘက်မှာပဲ ဖြစ်ဖြစ် ကြိုက်သလို သူ့ကို လာဖြေရှင်းလို့ ရပါတယ်..။သူတတ်ထားတဲ့ ကိုယ်ခံပညာတွေက ဟာသ မဟုတ်ပါဘူး..။

လင်းဖန် ကျိုးမင််ချင်းကို သူ့နောက်ကို ဆွဲလိုက််တယ်..။ယင်းနောက် သူ့ရှေ့က လူတွေကို ကြည့်လိုက်ပြီး..

"ကျုပ်က ကျိုးမင်ချင်းရဲ့ဆရာပဲ..။ပြန်သွားပြီး ဂေါ့ဖားသား မာ ကိုပြောလိုက်..ကျုပ်ရော ကျုပ်တပည့်ရော သူ့ကို ကုသပေးမှာ မဟုတ်ဘူးလို့.."

လီရန် ကြောင်အသွားခဲ့တယ်..။သူ လင်းဖန်ကို အံ့ဩစွာ ကြည့်လိုက်ပြီး..

"ဒီတော့ ဒါက နတ်ဆေးဆရာလေးလား..။ကျွန်တော် နတ်ဆေးဆရာလေးနဲ့ တွေ့ချင်နေတာပါ..။နတ်ဆေးဆရာလေး ဒါကို သေချာတွေးပေးမယ်လို့ မျော်လင့်ပါတယ်..။ကျွန်တော်တို့ အပေါ်ကို နားလည်မူ လွဲနေတာပါ..။ကျွန်တော်တို့ ဂေ့ါဖားသား မာက နတ်ဆေးဆရာလေးကို ချင်းကျိုးကို လိုက်ပြီး ကုသပေးစေချင်​ေနတာပါ..။တကယ်လို့ နားလည်မူလွဲနေတာလေးတွေ ရှိရင်လည်း ကျွန်တော်တို့ ဖြေရှင်းပေးပါ့မယ်..."

လင်းဖန် လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။

"ကျုပ်မှာ မာချင်ကျိုး နဲ့ ဘာနားလည်မူ လွဲစရာမှ မရှ်ိဘူး..။ဒါပေမဲ့ သူက မကောင်းတဲ့လူတစ်ယောက်ပဲ.ကျုပ်က မကောင်းတဲ့ လူတွေကို ကုသပေးမှာ မဟုတ်ဘူး..။ကောင်းပြီ သွားကြတော့..ဒီမှာလာပြီး ကျုပ်တို့ရဲ့ အချိန်ကို ဖြုန်းမနေနဲ့.."

ယင်းနောက်..သူ ဒီလူတွေကို လျစ်လျူရူပြီး ပြောလိုက်တယ်..။

"မင်ချင်း ကျုပ်နဲ့ လမ်းလျောက်လိုက်ခဲ့ဦး.."

ကျိုးမင်ချင်း ခေါင်းညိမ့်ပြီး ​ပြန်ပြောလိုက်တယ်..။

"သိပါပြီ ဆရာ.."

လီရန် ဒါကို မြင်ပြီး မျက်မှောင်ကျုတ်လိုက်ပါတယ်..။

သူတို့က သေချင်နေတာလား......

All Chapters