ကြည့်ရတာတော့ တကယ်အင်အားကြီးတဲ့ ပုံပဲ..
Vol. 42 Ch. 618
#ဘာသာပြန် = စနိုးဝှိုက်
လီရန် သူ့ေနာက်က လူနှစ်ေယာက်ကို ကြည့်လိုက် တယ်။ သူရဲ့ေဒါသ ေတွကို ဒီထက်ပိုပြီး မထိန်းချုပ်
ထားနိုင်ေတာ့ ပါဘူး။
"မင်းတို့က ေကျးဇူးမတင် တတ်တဲ့ တိရစ္ဆာန်တွေပဲ.."
ဂေါ့ဖားသား မာ ရဲ့ တောင်းဆိုမူကို ငြင်းပယ်ရဲတဲ့ လူရှိနေလိမ့်ဦးမယ်လို့ သူတကယ် မထင်ထားခဲ့ပါဘူး..။
အခြေအနေကို ကြည့်ရတာတော့..ပြသနာက..သူဖြေရှင်းလို့ မရတာကြောင့် ..ဂေါ့ဖားသား မာ..ရဲ့ ပြသနာ ဖြစ်သွားပါပြီ..။
သူ ဖုန်းကို ထုတ်လိုက်တယ်..။
"နတ်ဘုရား မာ..ကျိုးမင်ချင်းက ကျွန်တော်တို့ကိုဘငြင်းပယ်လိုက်တယ်..။ပြီးတော့ သူ့ကို သင်ပေးနေတဲ့ ဆရာ ဆိုတာရောပဲ..။သူလည်း ကျွန်တော်တို့ကိုငြင်းပယ် ခဲ့တယ်.."
သူ လေးလေးစားစားနဲ့ ပြောလိုက်တာပါ..။သူ လာကိုမှ အလျင်စလို မပြောရဲသေးပါဘူး..။
"အင်း.."
ဖုန်းရဲ့ တစ်ခြားတစ်ဖက်က..ဘာမှ မပြောခဲ့ပဲ..အနည်းငယ်သော တုန့်ပြန်မူ သာ ပြုလုပ်ခဲ့ပါတယ်..။
ဂေါ့ဖားသား မာက အပြင်ဘက်မှာ တည်ငြိမ်နေပေမယ့်..အတွင်းစိတ်မှာတော့..မတည်ငြိမ်နေမှာကို သူ ေကြာက်ရွံ့ မိပါတယ်..။သူ့ကြည့်ရတာ ကြောက်မက်စရာ သားရဲကြီး နိုးထလာသလိုပါပဲ..။
ဂေါ့ဖားသား မာ ရဲ့ အခြေအနေက..လေးနက်တယ် ဆိုတာကို သူသိထားပါတယ်..။သူ ဒါကို မကြောက်ရွံ့ဘူးဆိုရင်တောင် မကြာခင်..သူ အကူအ
ညီ ရှာမတွေ့ဘူးဆိုရင်..မကြာခင် အသက်ဆုံးရှုံးရတော့မှာပါ..။
ဂေါ့ဖားသား မာ လို့..အင်အားကြီးတဲ့ လူတစ်ယောက်က ဒီလို လွယ်လွယ်နဲ့ သေလို့ မရပေ..။
သူ့အသက်နဲ့ ရင်းထားရတဲ့ ဒီလို အချိန်မှာ သူမလုပ်ရဲတာ ဆိုလို့ ဘယ်အရာမှ မရှိပါဘူး..။
…
ကျိုးမင်ချင်း ပြောလိုက်တယ်..။
"ဆရာ..ကျွန်တော်တို့ ငြင်းတဲ့ နည်းလမ်းက နည်းနည်းများ လွန်သွားလား မသိဘူး..။မာ ချင်ကျိုး ကျွန်တော် တို့ အပေါ်ကို ပြန်လက်စားချေ မှာကို စိုးရိမ် မိတယ်.."
လင်းဖန် ပြုံးလိုက်ပြီး..
"ခင်ဗျားက သူတို့ ပြန်လက်စားချေကြမယ် ဆိုတာ သိနေတာပဲ..။ဒါဆိုရင် ဘာလို့ အစကတည်းက..မကြောက်ပဲ အခုမှ ကြောက်နေတာလဲ.."
ကျိုးမင်ချင်း ပြောလိုက်တယ်..။
"အစတုန်းက ကျွန်တော် တစ်ယောက်တည်းလေ..။ကျွန်တော်လို အသက်တွေ ကြီးနေတဲ့ အဖိူးကြီးက သူတို့ လက်စားချေမှာကို ဘာလို့ ကြောက်ရွံ့ရမှာလဲ..။ဒါပေမဲ့ အခုက ဆရာ ပါ ဝင်ပါလာပြီလေ..။ဒီတော့ ကျွန်တော် ကြောက်မိတာက..."
"ကောင်းပြီ ထပ်မပြောနဲ့တော့..။ဘာမှ ကြောက်နေစရာ အကြောင်းမရှိဘူး..။ခင်ဗျားရဲ့ အသွင်အပြင်ကို အစောက ကြည့်တုန်းက..မှောင်မိုက်တဲ့ လေထုက ဖုံးလွှမ်းနေတယ် ဒါက..ကြီးမားတဲ့ ဘေးဒုက္ခကို ဆောင်ကျဥ္းလာမှာ အသေအချာပဲ..။ဒါပေမဲ့ အခုအဆင်ပြေသွားပြီ..။ခင်ဗျားက ကျုပ်ရဲ့ တပည့်ဆိုတော့ ဒီ ဘေးဒုက္ခကို ခင်ဗျားအစား လက်ခံယူပေးမယ်.."
လင်းဖန် ပြောလိုက်တာပါ..။
"အာ.. "
ကျိုးမင်ချင်း ကြောင်အသွားခဲ့တယ်..။ယင်းနောက် သူ စိတ်ပူစွာ ပြောလိုက်ပါတယ်..။
"ဆရာ..ဒါ...ဒါက..."
လင်းဖန် ပြုံးပြီး ပြောလိုက်တယ်..။
"ခင်ဗျား ခံစားသွားရတာလား..။ခင်ဗျားရဲ့ ဆရာက..အရမ်းကောင်းတယ် မလား..။ခင်ဗျားရဲ့ ကံဆိုးမူတွေကိုတောင် ကိုယ်စားခံယူပေးတယ်လေ.."
လင်းဖန် ဒီီလိုအခြေအနေ တွေကို ဖြေရှင်းဖို့ နည်းနည်းမှ ကြောက်ရွံ့မနေခဲ့ပါဘူး..။သူ ကိုယ်ခံပညာ အဓိက အသိပညာရပ် မရှိတုန်းကတောင် အန္တရာယ်တွေကို ဖြေရှင်းလာတာ အခုဆိုရင်တော့ ပြောစရာတောင် မလိုတော့ပါဘူး..။
ကျိုးမင်ချင်း စိတ်ပူသွားပြီး ပြောလိုက်တယ်..။
"ဆရာ..ကျွန်တော် ဆရာ့ကို ဒုက္ခတွေ အများကြီး မပေးသင့်ဘူးလေ..။ကျွန်တော်...."
သူ ကိုယ့်ကိုကို အပြစ်တင်နေခဲ့ပါတယ်..။
သူ သူ့ဆရာ ရဲ့ တပည့် စဖြစ်လာတဲ့ အချိန်ကစပြီး သူ့ဆရာအပေါ် ဘာကောင်းတာမှ မလုပ်ပေးနိုင်ခဲ့ပဲ သူ့ဆရာကသာ သူ့ကို ကူညီပေးနေခဲ့တာပါ..။
"အာ..ဘာဖြစ်သွားတာလဲ..။ခင်ဗျား ဒီလို အမူအရာကြီးဖြစ်သွားတာကို ကျုပ်တကယ် မကြိုက်ဘူး..။ခင်ဗျား ခံစားရလား မခံစားရဘူးလားပဲ ကျုပ်က မေးတာလေ.."
လင်းဖန် မေးလိုက်တာပါ..။
ကျိုးမင်ချင်း ဖြည်းညှင်းစွာ ခေါင်းညိမ့်လိုက်ပြီး..
"ကျွန်တော် ခံစားရပါတယ်.."
လင်းဖန် ကျိုးမင်ချင်း ရဲ့ ပုခုံးကို ပုတ်ပြီး ပြောလိုက်တယ်..။
"ခင်ဗျား ခံစားမိတယ် ဆိုရင် ဒါအဆင်ပြေပါတယ်..။ကျုပ်က ခင်ဗျားရဲ့ ဆရာ ဆိုတာကို မှတ်ထားပါ..။ကျုပ်သာ ခင်ဗျားရှေ့က မရပ်တည်ပေးရင် ဘယ်သူက ရပ်တည်ပေးတော့မှာလဲ..။ပြီတော့ ဒီ မာချင်ကျိုးက လူကောင်းတစ်ယောက် မဟုတ်ဘူး..။ဒါပေမဲ့ ခင်ဗျားရဲ့ ဆရာက ဘယ်သူလဲ..။အမှန်တရား ဖန် လေ..ဒါကို နားလည်တယ်မလား..။ဒီလူတွေ ကျုပ်တို့နဲ့ လာမရှုပ်တာ အကောင်းဆုံးပဲ..။မဟုတ်ရင် ကျုပ်သူ့ကို ထောင်ထဲ ရောက်အောင် ထည့်ပြမယ်.."
ကျိုးမင်ချင်း ခံစားသွားခဲ့ရတယ်..။သူ့ရဲ့ မျက်လုံးတွေကတော့ မျက်ရည်ကျလု နီးနီး ဖြစ်နေခဲ့ပါပြီ..။
"ဆရာ..သူ့ကို ထောင်ထဲ ထည့်ဖို့ ဆိုတာတော့ မဖြစ်နိုင်ဘူးထင်တယိနော်..။ဒီ မာချင်ကျိုးက ချင်ကျ်ိုးမှာ ဘယ်လောက်အထိ သန်မာလဲ ဆိုတာ ဆရာ မသိသေးလို့..။ပြီးတော့ အဲဲဒီက အဆက်အသွယ်တွေက အတော် ရှုပ်ထွေးတယ်..။ပြီးတော့ မာချင်ကျိုးက အဆင့်တစ်ခုစီတိုင်းမှာ သူ့ရဲ့ အဆက်အသွယ်တွေ ရှိနေတယ်လေ..။ပြီးတော့ သူက လူတွေ အများကြီးကို နောက်ကွယ်ကနေ ထောက်ပံ့နေတာ.."
ကျိုးမင်ချင်း ပြောလိုက်တာပါ..။
"တောိလောက်ပြီး..ဒါကိုပဲ အများကြီး တွေးမနေနဲ့တော့..။ဒီကိစ္စကို ခင်ဗျား ဆရာဆီမှာပဲ အပ်ထားလိုက်တော့..။သူက မာချင်ကျိုး ဖြစ်ဖြစ် မာလန်ကျိုး ဖြစ်ဖြစ် ကျုပ် ဂရုမစိုက်ဘူး..။ကျုပ်မှာ အကြံအစည်ရှိပြီးသား.."
လင်းဖန် ဒီ မာချင်ကျိုးကို အနိုင်ယူပြီး နောက်ထပ် ကောင်းတာလေးတွေ လုပ်ဖို့ ဆုံးဖြတ် ပြီးသွားပါပြီ..။သို့ပေမယ့် သူ ဒီမာချင်ကျိုး အကြောင်းကို သေချာ မသိသေးတော့..အရင်ဆုံး သေချာလေ့လာဖို့ လိူအပ်ပါတယ်..။
ပြီးတော့ မာချင်ကျိုး အကြောင်း သူ့ကို ပြောနိုင်တဲ့ လူကို လည်း လင်းဖန် စဥ္းစားပြီးသွားပါပြီ..။
အဲဒါက လုလီ ပါပဲ..။
…
နောက်တစ်ရက်..။
လု ကော်ပိုရေးရှင်းတွင်..။
မှန်လုံကားလေး တစ်စီးဟာ ကော်ပိုရေးရှင်းရဲ့ တံခါးကို ရောက်လာတာနဲ့ ဘောဒီဂတ် တွေဟာ အလျင်အမြန်သွားပြီး ကြိုဆိုလိုက်ကြပါတယ်..။
တစ်ကြိမ် ပြန်ပေးဆွဲခံရပြီးတဲ့ နောက်မှာ လုလီက အတော်ကို ကြောက်ရွံ့သွားခဲ့တာပါ..။သူ ဒီလို အဖြစ်မျိုး နောက်တစ်ကြိမ် အဖြစ်မခံနိုင်တော့တာကြောင့် သူ့ကို ကာကွယ်ပေးဖို့အတွက် ဘောဒီဂတ် တွေ အများကြီး ငှားရမ်းထားခဲ့ပါတယ်..။
အရင်တုန်းက ဆိုရင် သူ ဒီလို အဖြစ်မျိုး ဖြစ်လာမယ်လို့ မထင်ထားတဲ့ အတွက်. ဘော်ဒိီဂတ် လေး ငါးယောက်ပဲ ထားထားခဲ့တာပါ..။
သို့ပေမယ့်..မူးယစ်ရာဇာ တွေနဲ့ တွေ့တဲ့ အချိန်က ဒီဘော်ဒီဂတ် လေး ငါးယောက်က ဘယ်လိုမှ မယှဥ္နိုင်ခဲ့ပါဘူး..။
ဒါကြောင့် သူ သေချာလေ့ကျင့်ထားတဲ့ ဘော်ဒိိီဂတ် ၁၂ ယောက်လောက်ကို စောင့်ရှောက်ဖို့ ခေါ်ထားခဲ့တာပါ..။
ဒါက အတော်များပြားတယ် ဆိုပေမယ့် သူ့ရဲ့ လုံခြုံရေးပို ပြီး အရေးကြီးပါတယ်..။
သူ ဘေးပတ်လည်ကို ကြည့်လိုက်တဲ့ အချိန်မှာ ရင်းနှီးတဲ့ အရိပ်တစ်ခုကို တွေ့လိုက်ရတယ်..။
ဘော္ဒိီဂတ် တွေဟာလည်း လင်းဖန် ဖြည်းဖြည်းချင်း အနားကပ်လာတာကို မြင်ပြီး..မေးခွန်းမေးဖို့ လုပ်လိုက်ကြပေမယ့် လုလီက တားဆီးလိုက်ပါတယ်..။
"မလိုဘူး..ဒါက မာစတာလင်း ပဲ..။မင်းတို့ ဒီကနေပဲ စောင့်နေလိုက်.."
တစ်ခြားလူတွေ ရှေ့မှာတော့ လုလီက အေးစက်ပြီး မောက်မာပါတယ်..။အကြည့်တစ်ချက်ကတင် သူက အာဏာရှင် တစ်ယောက်လိုပါပဲ..။ဒီလို ဂုဏ်အရှိန်အဝါ မျိုး ဆိုတာက လူတိုင်း မရနိုင်တဲ့ အရာမျိုးပါ..။
တကယ်လို့ လင်းဖန် တောင် လုလီ ရဲ့ အစစ်အမှန်ဘက်ခြမ်းကို မမြင်ထားရင် သူပါ လှည့်စားခံရမှာ အသေအချာပါပဲ..။
လုလီ ကြီးမားတဲ့ အပြုံးတစ်ခု နဲ့ အတူ ပြောလိုက်တယ်..။
"မာစတာလင်း..ဘယ်လို ဖြစ်ပြီး ဒီကို ရောက်လာတာလဲ.."
"ငါ မင်းကို နာမည်တစ်ခု ပြောမယ် မင်းသိလား သိချင်လို့.."
လင်းဖန် ပြောလိုက်တာပါ..။
လုလီ ယုံကြည်မူ ရှိစွာ ပြုံးပြီး ပြောလိုက်တယ်..။
"ဆက်ပြောပါဦး..သူက အင်အား နည်းနည်းရှိတဲ့ လူဆိုရင် ကျုပ်သိရင် သိမှာပေါ့..။ဒါက ယင်ကောင် တစ်ကောင် ဖြစ်နေမယ် ဆိုရင်တော့ ကျွန်ျတာ် သိဖို့ အထိ မထိုက်တန်ဘူးလေ.."
လင်းဖန် မေးခွန်းကို မမေးသေးပဲ သူ့ကို ကြည့်ပြီး ပြောလိုက်တယ်..။
"မင်း ဒီတိုင်း သာမန် အတိုင်းနေလို့ မရဘူးလား..။ဘာလို့ ငါ့ရှေ့မှာ လာပြီး သရုပ်ဆောင် နေတာလဲ.."
"အာ..."
လုလီ ရှက်ရွံ့သွားခဲ့တယ်..။ယင်းနောက် သူ ရယ်ပြီး ပြောလိုက်ပါတယ်..။
"အစ်ကို လင်း မေးစရာရှိတာ မေးပါ..။ကျွန်တော် တို့က အခု ကော်ပိုရေးရှင်းရဲ့ ဝင်ပေါက်မှာလေ..။ဒီတော့ သိက္ခာလေး ဘာလေး ထိန်းရသေးတာပေါ့.."
"ချင်းကျိုးရဲ့ မာမူ ဖန်း..မင်း သူ့ကို သိလား.."
လင်းဖန် မေးလိုက်တာပါ.။
ဒီနာမည်ကို ကြားတဲ့ အချိန်မှာ လုလီ ကြောင်အသွားခဲ့တယ်..။သူ ပြန်ပြောလိုက်ပါတယ်..။
"အစ်ကို လင်း..မာချင်ကျိုး အကြောင်း ပြောနေတာလား.."
"ဟုတ်တယ် မာချင်ကျိုး ကို ပြောနေတာ.."
လုလီ ရဲ့ အမူအရာကို ကြည့်ရတာတော့ သူ ဒီလူကို သိနေတဲ့ ပုံပါပဲ..။သို့ေပမယ့် လုလီ ရဲ့ မျက်လုံးတွေအရ မာချင်ကျိုးက တစ်ခုခုပဲ ဆိုတာကို သူခံစားမိပါတယ်..။ဘာပဲဖြစ်ဖြစ်..လုလီ ကို အခုလို သတိကပ် သွားအောင် လုပ်နိုင်တဲ့ လူတွေက သိပ်မများပါဘူး..။
ရှန်ဟိုင်းမှာ ဆိုရင် လု မိသားစူက ထိပ်တန်း ကော်ပိုရေးရှင်းတွေ ထဲက တစ်ခုပါ..။ဝမ်မင်ယန် တောင် သူတို့ကို မယှဥ္နိုင်ပါဘူး..။
လုလီ စီကရက် နှစ်လိပ် ထုတ်ပြီး လင်းဖန်ကို တစ်လိပ်ကမ်းပေးလိုက်တယ်..။ သူ ကိုယ်တိုင် ကိုယ်ကျ တောင် လင်းဖန်အတွက် မီးညှိပေးလိုက်ပါသေးတယ်..။
ခပ်လှမ်းလှမ်းက ဘော်ဒီဂတ် တွေဟာ လုလီ ရဲ့ အပြုအမူကို မြင်ပြီး ရင်ထဲမှာ လိုှင်းထန် သွားခဲ့ကြတယ်..။
ဘယ်လို ဖြစ်နိုင်မှာလဲ..။အကြီးအကဲ လုက..တစ်စုံတစ်ယောက် အတွက် စီးကရက်ကို မီးညှိပေးခဲ့တာလား..။
ပြီးတော့ သူ က ပြုံးလည်း ပြုံးပြနေခဲ့ပါသေးတယ်.။
သူတို့အတွက်ကတော့ ဒါက မဖြစ်နိုင်တဲ့ အရာကြီး တစ်ခုပါပဲ..။
အကြီးအကဲ လုက ဘယ်သူလဲ..။သူ လုကော်ပိုရေးရှင်းမှာ ရာထူးအကြီးဆုံး ခေါင်းဆောင် တစ်ယောက်လေ..။သူ့ရဲ့ ပါဝါက လူတိုင်းကို ကြောက်ရွံ့စေပေမယ့်..တစ်ခြားလူတွေသာ ဒီအဖြစ်အပျက်ကို မြင်ကြရင် လူတိူင်းက သူ့အဖေကို ငိုကြွေးပြီး ပြန်ပြောမိကြမှာပါ..။
…
"ကျုပ် ဒီ မာချင်ကျိုးကို သိတယ်..။သူက ချင်ကျိုးမှာ အရမ်း အင်အားကြီးတာလေ..။အရင်တုန်းက သူ့ကို တစ်ခေါက်မြင်ဖူးတယ် ..သူက အဆက်အသွယ်တွေ အများကြီး ရှိတဲ့ လူတစ်ယောက်ပဲ..။ချင်ကျိုးက ခေါင်းဆောင်တစ်ချို့တောင် သူ့ကိုဆို ဂေါ့ဖားသား မာ လို့ ခေါ်ကြရတယ်..။ကျွန်တော် ကြားတာတော့ သူ့နောက်မှာ အံ့ဩစရာ လူတစ်ယောက်က ထောက်ပံ့ပေးထားတယ်တဲ့..။အစ်ကို လင်းက သူနဲ့ရန်ငြိုးတွေ ရှိနေတာလား..."
လင်းဖန် ဂရုတစိုက် တွေးလိုက်တယ်..။ကြည့်ရတာ ဒီငနဲက အမှန်တကယ်ပဲ အင်အားကြီး တဲ့ ပုံပါပဲ..။
လုလီဟာ...လင်းဖန် ဘာမှ မပြောတာကို ကြည့်ပြီး သူတို့ကြားမှာ ရန်ငြိုးတစ်ချို့ ရှိနေတာကို သိလိုက်တယ်..။သူ ထပ်ပြောလိုက်ပါတယ်..။
"ဒါပေမဲ့ ဒါက အဆင်ပြေပါတယ်..။မာစတာ လင်း ရှန်ဟိုင်းမှာ နေနေသ၍ သူ ချင်ကျိုးမှာ ဘယ်လောက်ပဲ အင်အားကြီးနေပါစေ ပြသနာ မရှိဘူး..။ရှန်ဟိုင်းက ထူးခြားတဲ့ မြို့တစ်မြို့ပဲ..။ဒါက နိုင်ငံတစ်ကာ အဆင့်မှီ မြို့ကြီးတစ်မြို့ ဆိုတော့ သူ ရိုင်းစိုင်းချင်တိုင်း ရိုင်းစိုင်းလို့ရတဲ့ နေရာမဟုတ်ဘူး.."
"မင်း ဘာကို ပြောချင်တာလဲ.."
လင်းဖန် သိချင်စွာ မေးလိုက်တာပါ..။သူက ရှန်ဟိုင်းနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ဘာမှ မတွေ့မိပါဘူး..။
လုလီ ပြုံးပြီး ပြောလိုက်တယ်..။
"ရှန်ဟိုင်းဆိုတာက နိုင်ငံရဲ့ အသဲနှလုံးပဲလေ..။GDP မှာလည်း ထိပ်တန်းပဲ..အာရှမှာလည်း ထိပ်တန်းပဲ..နိုင်ငံတကာ..အဆင့်ဝင်တယ်..။တကယ်လို့ သူသာ ရှန်ဟိုင်းကို လာပြီး ညစ်ပတ်တဲ့ စီးပွားရေးတွေ လုပ်မယ် ဆိုရင် နှစ်ရက် အတွင်းမှာပဲ သူသေရလိမ့်မယ်..။ပြီးတော့ သူ ဘယ်လို သေသွားမလဲ ဆိုတာ ဘယ်သူမှတောင် သိမှာ မဟုတ်ဘူး..။ဒီမှာ ဘယ်သူမှ ညစ်ပတ်တဲ့ စီးပွားရေးတွေ မလုပ်ရဲဘူး..လု မိသားစုတောင် စီးပွားရေးကို ရိုးရိုးသားသားပဲ လုပ်ရဲတယ်..။ဒါက စည်းမျဥ္းတစ်ခုလိုပဲ..မဟုတ်ရင် ဒီလို အရေးပါတဲ့နေရာ တစ်ခုက သူ့ကို သည်းခံနေမှာ မဟုတ်ဘူး.."
ဒီီလိုလား...
"ဒါပေမဲ့ ဒီ မာချင်ကျိုးက အရေးမပါတဲ့ လူတစ်ယောက်တော့ မဟုတ်ဘူး..။ရှန်ဟိုင်းမှာ ဆိုရင် ကျွန်တော် မကြောက်ပေမယ့်..တကယ်လို့ ချင်ကျိုးမှာသာ ဆိုရင် လု မိသားစု ဖြစ်နေရင်တောင် သူ့ကို ဂရုတစိုက် ကိုင်တွယ် ရမှာပဲ.."
ဒါကတော့ လုလီ ဆီက နောက်ဆုံး အဖြေပါ..။