ဒေါသတရား..
Vol. 42 Ch. 619
#ဘာသာပြန် = စနိုးဝှိုက်
"အစ်ကို လင်း..ဘယ်လို ဖြစ်ပြီး ဒီလောက်အလျင်စလို ပြန်ဖို့ လုပ်နေတာလဲ..။ဘာလို့ အေးဆေးနေပြီး စကားလေးဘာလေး မပြောတာလဲ.."
လုလီ လှမ်းအော်လိုက်တာပါ..။
လင်းဖန် လက်ဝေ့ပြလိုက်ပြီး..
"မထိုင်တော့ပါဘူး..ကျေးဇူးပဲ.."
လုလီ ပြုံးလိုက်တယ်..။
"အစ်ကို လင်းက အပြင်လူတစ်ယောက်လို ပြောနေတာပဲ..။ကျွန်တော့်ရဲ့ အသက်ကို အစ်ကိုလင်း ကယ်ပေးခဲ့တာလေ..။ဒါပေမဲ့ ပြသနာ တစ်ခုခု ဖြစ်လာလို့ ရှိရင် ကျွန်တော့်ကို လာရှာလို့ ရတယ်နော်.."
"ကောင်းပြီလေ..အခုတော့ ငါသွားတော့မယ်.."
လင်းဖန် လှည့့်ပြီး ထွက်လာခဲ့ပါတယ်..။
သိူ့ပေမယ့် လင်းဖန် ထွက်သွားပြီးနောက်မှာ လုလီ ရဲ့ အမူအရာဟာ ချက်ချင်း ပြောင်းလဲသွားခဲ့တယ်..။သူ့ရဲ့ ပုံစံက လုံးဝကို အေးစက်ပြီး မောက်မာ တဲ့ ပုံစံမျိုး ဖြစ်သွားခဲ့တာပါ..။သူ့ရဲ့ ဝန်ထမ်းတွေ ရှေ့မှာ သူက လုံးဝကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ လူတစ်ယောက်လို ဖြစ်နေရပါလိမ့်မယ်..။
ဒါပေါ့..အရင်နေ့တုန်းက အဖြစ်အပျက်ကြောင့်သာ မဟုတ်ရင် လုလီက အခုလို ခံစားချက်တွေ ဖုံးကွယ်ထားတဲ့ လူတစ်ယောက် ဆိုတာ လင်းဖန် တောင် သိထားမှာ မဟုတ်ပါဘူး..။
လုလီဆီကနေ ပြန်လာအပြီးမှာ လင်းဖန် တိမ်ဖြူလမ်းကို ပြန်ဖို့ အလျင်မလိုခဲ့ပေ..။သို့ပေမယ့် အဲဒိီအစား..ရှန်ဟိုင်း ကျေးလက်ဒေသ တစ်နေရာက လူသူ အနည်းငယ်ရှင်း တဲ့ နေရာတစ်ခုကို သွားလိုက်ပါတယ်..။
သူ ..ဝူရှ ကိုယ်ခံပညာ..အဓိက အသိပညာခန်းကို ရပြီးတဲ့ အချိန်ကစပြီး..ဘာတွေ ထူးခြားလာလဲ ဆိုတာကို အခုအချိန်အထိ မစမ်းကြည့်ရသေးပါဘူး..။
သို့ပေမယ့်..လင်းဖန် ကို အံ့ဩစေတာက .သူ နောက်ကို လှည့်ကြည့်လို့ မရပေမယ့်..နောက်မှာ ဖြစ်ပျက်နေတဲ့ လှုပ်ရှားမူတွေကို ခံစားနေရတာပါ..။ထပ်ပြောရရင် ပိုပြီး ထူးခြားတာက သူ့မြင်ကွင်းရှေ့မှာ သစ်ပင်တွေ ကာနေရင်တောင်..နောက်ဘက် ဘာတွေ ရှိနေလဲ ဆိုတာ သူပုံမှန်အတိုင်း မြင်နေရသလိုပါပဲ..။
ဒါက ထူးဆန်းပါတယ်..။ဒါက ဘယ်လို လှည့်စားမူ မျိုးလဲ သူလည်း မသေချာပါဘူး..။
ဒါက သူ့ရဲ့ စွမ်းဆောင်နိုင်စွမ်းတွေက..အရမ်းကို မြင့်သွားတာကြောင့် လူသားတွေရဲ့ အကန့်အသတ်ကို ကျော်သွားတာလည်း ဖြစ်နိုင်ပါတယ်..။
သူ နေရာတစ်ခုမှာ ်မတ်တတ်ရပ်နေပြီး အသက်ကို ပြင်းပြင်းရူ လိုက်တယ်..။ဘေးနားမှာ ဝန်းရံနေတဲ့ မျက်ခင်းပြင်တွေဟာ အမည်မသိ အားတစ်ခုက ဖန်တီး လိုက်သလိုပဲ စတင်လှုပ်ယမ်းလာခဲ့ပါတယ်..။
*ဘန်း*
သူ ခုန်လိုက်တယ်..။
အရိပ်တစ်ခုက ကောင်းကင်ပေါ်ကို ထိုးတက်သွားခဲ့ပါတယ်..။
"ဟင်..အမြင့်ကြီးပဲ..."
လင်းဖန် ခေါင်းကို ငုံ့ပြီ သူ့အောက်မှာ ရှိနေတဲ့ အရာရာတိုင်းကို ကြည့်လိုက်ပါတယ်..။သူ ယုံတောင် မယုံကြည်ရဲတော့ပါဘူး..။ဒါကြီးက သိပ္ပံပညာနဲ့ ရှင်းပြဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာတစ်ခုပါ..။သူ ခုန်လိုက်တဲ့ အမြင့်က တော်တော်ကြီးကို မြင့်ပါတယ်..။
ငါ စူပါမန်း လို ဖြစ်လာတာလား...
ဒီလို စွမ်းဆောင်ရည်မျိုးနဲ့ ဆိုရင်..တကယ်လို့ တစ်ခြားလူတွေသာ..သူ ဒါကို လုပ်နေတာ သိရင်..သရဲတစ်ကောင်ကို မြင်နေရသလို ဖြစ်နေတော့မှာပါ..။
သူ အမြင့်တစ်ခု ကို ရောက်သွားတဲ့ အချိန်မှာ ထပ်ပြီး..အပေါ်ကို ထပ်ပြီး တက်မနေတော့ပါဘူး..သူ့ခန္တာကိုယ်က အောက်ကို ဖြည်းဖြည်းချင်း ပြန်ကျ လာခဲ့ပါတယ်..။လင်းဖန် သိချင်သွားပြီး..လေပေါ်မှာတင်ပဲ..ထပ်ပြီး ခုန်လိုက်တယ်..။
* ဝုန်း *
* ဝုန်း *
သူ ခြေလှမ်း လှမ်းလိုက်တိုင်းမှာ..လေထုက အသံတွေ မြည်နေခဲ့ပါတယ်..။ဒါက..လေပေါ်မှာ လမ်းလျောက်ခြင်း ဒါမှမဟုတ် ..သူ ကောင်းကင်မှာ ပျံသန်း နေတယ်လို့တောင် ပြောလို့ရနေပါပြီ..။
သူ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်းမှာ သူ့ခန္တာကိုယ်က အကွာအဝေး တစ်ခုကို ရောက်ရောက်သွားခဲ့ပါတယ်..။
လျှင်မြန်တဲ့ အမြန်နှုန်း...
သူ မကြာခန သူရဲ့ အမြန်နှုန်းကို မြင့်တင်နေခဲ့ပါတယ်..။လေထုကတော့ ကြမ်းတမ်းတဲ့ အသံတွေ မြည်နေခဲ့တယ်..။လင်းဖန် သူ့ကိုသူ သဘောကျနေခဲ့ပါပြီ..။ဒါက ဘယ်လို မှော်ပညာမျိုးလဲ..။ဒါက သူ လေပေါ်မှာ ပြေးလွှားနေသလို ဖြစ်နေပြီး နောက်မှာလည်း အဖြူရောင် အငွေ့တန်းကြီး ဖြစ်ပေါ်နေခဲ့ပါတယ်..။
သူ အမှန်တကယ်ကိုပဲ လေပေါ်မှာ ပြေလွှားလို့ရနေခဲ့ပါတယ်..။
"ကောင်းကင်က နေ ဆင်းသက်လာပြီး တိုက်ခိုက်ရဲ့..လက်သီး နည်းစနစ် တစ်ခု ရှိတာပဲ.."
အဲ့အချိန်မှာပဲ လင်းဖန် အဲ့နည်းစနစ်ကို စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်တယ်..။သူလေပေါ်ကို အကြိမ်အနည်းငယ် ပျံသန်းပြီး လက်သီးအမူအရာ ပြင်ဆင်လိုက်ပါတယ်..။သူ့ရဲ့ လက်သီးမှာ..ခွန်အားတွေ ထည့်သွားထားပြီး မြေကြီးပေါ် အရှိန်နဲ့ ဇောက်ထိုး ဆင်းသွားခဲ့တယ်..။
သူ ဆင်းလာတဲ့ အမြန်နှုန်းက အတော်ကို မယုံနိုင်စရာပါပဲ..။လေထုရဲ့ အသံတွေကို သူ့နားထဲမှာ ကြားနေရတယ်..။
သူ မြေကြီးပေါ်ကို ရောက်ခါနီးမှာပဲ ကျယ်လောင်တဲ့ အသံကြီး ထွက်ပေါ်လာခဲ့ပါတယ်..။
သူ့ရဲ့ လက်သီးကနေ ပြင်းထန်တဲ့ အတွင်းအားလိှုင်းတွေ ပေါ်လာပြီး..မြေကြီးပေါ်ကို တိုက်ရိုက် ထိတွေ့သွားခဲ့ပါတယ်..။မြေဆီလွှာ တွေဟာ ချက်ချင်း တိုက်စားသွားပြီး..ကြီးမားတဲ့ လက်သီးပုံ ချိုင့်ခွက်ကြီး ဖြစ်သွားခဲ့တယ်..။သို့ပေမယ့် ဒါက ဒီမှာတင် မဆုံးသေးပါဘူး..။မြေဆီလွှာကဆက်ပြီး တိုက်စားနေခဲ့တာပါ..။
"ဒါကြီးက အတော် အံ့ဩဖို့ ကောင်းတာပဲ..။ငါက လူသားတစ်ယောက် ရော ဟုတ်သေးရဲ့လား.."
လင်းဖန် ယုံတောင် မယုံကြည်ရဲတော့ပေ..။သူ့ရဲ့စွမ်းအင်တွေကို ထပ်ပြီး မစမ်းသပ်ခဲ့ပါဘူး..။သူ့ရဲ့ ခြေထောက်တွေကတော့ အခုထိ မြေကြီးနဲ့ မထိသေးပဲ..လေပေါ်မှာတင် တည်တည်ငြိမ်ငြိမ် ရပ်နေခဲ့တယ်..။အချိန်ခနကြာပြီးသွားမှာ သူ မြေကြီးပေါ်ကို ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့ပါတယ်..။
"ပါးကွကျန်း"
လင်းဖန် နောက်တစ်ကြိမ် အော်ဟစ်ပြီး လက်တွေကို လှုပ်ရှားလိုက်တယ်..။ပေါ်ကွဲထွက်နေတဲ့ အသံတွေကို သူ ကြားနေရဆဲ ဖြစ်ပေမယ့် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားနေခဲ့ပါပြီ..။သူ့ကို ပိုပြီး အံ့ဩသင့်စေတာက သူရပ်နေတဲ့ လက်သီးပုံစံ ချိုင့်ခွက်ကြီး ပေါ်မှာ နောက်ထပ် စွမ်းအားရှစ်မျိုး လက်သီးသိုင်း ပုံစံခွက်တစ်ခု ထပ်ပေါ်လာခဲ့တာပါ..။
တကယ် မယုံနိုင်စရာပဲ..။
နာရီဝက်ကြာပြီးနောက်မှာတော့..ဒီ ဧရိယာမှာ ဘာ လှုပ်ရှားမူ မှ မရှိတော့ပါဘူ..။
မြေကြီးပေါ်မှာ ထင်ကျန်နေခဲ့တဲ့ လက်သီးပုံစံ ချိုင့်ခွက်ကြီးကိုပဲ တွေ့မြင်နေကြရပါတယ်..။
တစ်ချို့လူတွေ..ဒီနေရာက ဖြတ်သွားတဲ့ အချိန်မှာ ဒီမှာ ဖြစ်ပျက်နေတဲ့ အရာကို မြင်ပြီး အင်တာနက်ပေါ် တင်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်..။
လူတစ်ချို့ဟာ ပြောလိုက်ကြတယ်..။
"ဘယ်လို အရူးက အလုပ်မရှိ အလုပ်ရှာပြီး မြေကြီးပေါ်မှာ စွမ်းအား ရှစ်မျိုး လက်သီးပုံစံ တူးသွား တာလဲ.."
လင်းဖန် သူ့ရဲ့ စွမ်းအင်တွေကို အခြေခံတော့ နားလည် သွားခဲ့ပါပြီ..။ဒါက အတော်ကြီးကို ကြမ်းတမ်းပါတယ်..။ဒါက မယုံနိုင်စရာပါပဲ..။
သူ ဒီလို စွမ်းအားမျိုး ရရှိသွားတာက မြန်ဆန်းလွန်းလှပါတယ်..။ နတ်ဘုရားတွေကတော့ နတ်ဘုရား ပါပဲ..။ဒီလို စွမ်းအား မျိုးက သိပ္ပံပညာနဲ့ ရှင်းပြလို့ မရပေ..။
ဝူရှ က ပြသလိုက်တဲ့ အရာတွေကတောင် သူ့ကို မှီးနိုင်မှာ မဟုတ်ပါဘူး..။
သူတို့က လေပေါ်မှာ ပျံသန်းနိုင်ကြတာလား..။
ဒါက ဖြစ်နိုင်လောက်ပါတယ်..။
သူတို့က လေပေါ်တွေမှာ တိုက်ခိုက်ကြပြီး.. ကမ္ဘာမြေကြီးကိုတောင် တုန်လှုပ်နိုင်တဲ့ စွမ်းအားတွေ ရှိတယ် ဆိုတာက တကယ်ဖြစ်နိုင်လောက်ပါတယ်..။
တိမ်ဖြူလမ်း..။
"ဟေး.."
လူလိန် ထျန် လင်းဖန်ကို မြင်တဲ့ အချိန်မှာ..သိချင်စိတ် ဖြစ်သွားခဲ့တယ်..။
"မင်း ဒီနေ့ ဘာတွေ စားနေတာလဲ..။ဒီလို တက်ကြွမူ..ဒီလို ခံစားချက်...."
"ဘာလို့လဲ.."
လင်းဖန် မေးလိုက်တာပါ..။
"ထိပ်လန့်စရာပဲ.."
လူလိမ် ထျန် လင်းဖန်ကို သရဲတစ်ကောင်လို ကြည့်လိုက်တယ်..။သူက ပါးကွကျန်း ရဲ့ စွမ်းအားရှစ်မျိုး လက်သီးသိုင်း မာစတာ တစ်ယောက်ပါ..။အရင်တုန်းက လင်းဖန် ရဲ့ အရှိန်အဝါက သူ့ကို ထိပ်လန့်ရလောက်တဲ့ အထိ ..မခြိမ်းခြောက်နိုင်ပါဘူး..။သိူ့ပေမယ့် ဒီနေ့က တစ်ခုခု ထူးခြားနေခဲ့ပါတယ်..။
သူ့ရံ့ ကျွမ်းကျင်မူ တွေက တကယ်ကို ကောင်းပါတယ်..။အရင်တုန်းက သူ လင်းဖန် သန်မာတာကို သိပေမယ့်လည်း ဒီနေ့မှာတော့ ခံစားချက်က သူတို့နှစ်ယောက် အတော် အလှမ်းဝေးသွားပြီ လို့ ခံစားနေရပါတယ်..။
သာမန်လူတွေက ဒီလို ခံစားချက်တွေကို မခံစားရပေမယ့် သူကတော့ ခံစားနိုင်ပါတယ်..။
လင်းဖန် ရယ်မောလိုက်ပြီး..
"လူလိမ် ကျုပ်က ကြောက်ဖို့ကောင်းမှန်း ခင်ဗျားသိတာ ကောင်းတယ်..။တကယ်လို့ နောင်တစ်ချိန် ခင်ဗျား ကိုယ့်ကိုကို စိတ်ကြီး ဝင်မိရင် ကျုပ်ဆီကိုလာပြီး တစ်ချက်လောက်အရိုက်ခံလိုက်..။ကျုပ် ခင်ဗျားကို စကြင်္ာဝဠာ ထဲအထိ ရောက်အောင် ရိုက်ပေးလိုက်မယ်.."
"ဖြစ်နိုင်လို့လား..။လူအထင်ကြီးအောင် လုပ်နေတာတော်လိုက်တော့.."
လူလိမ် ထျန် စီးကရက်ကို ထုတ်ပြီး လမ်းမပေါ်ကို ကြည့်လိုက်တယ်..။ယင်းနောက် သူ ခေါင်းခါယမ်းလိုက်ပြီး..
"ရာသီ ဥတုက အတော် အေးစက်လာတာပဲ..။လမ်းပေါ်မှာတောင် ဘာမှ စိတ်ဝင်စားစရာ အခြေအနေ မရှိတော့ဘူး.."
လငိးဖန် ခေါင်းခါယမ်းလိုက်ပြီး ဝူယူလန် ကို မေးလိုက်ပါတယ်..။
"ယူလန် ..မနေ့က ရွှန်းယွဲ့နဲ့ စျေးဝယ်ထွက်တာ အခြေအနေ ဘယ်လိုရှိလဲ.."
"ပျော်ဖို့ မကောင်းဘူး.."
ဝူယူလန် ချစ်ဖို့ကောင်းစွာ ပြန်ပြောလိုက်တာပါ..။
"ဘာလို့လဲ..."
ဝူယူလန် ခနလောက် တွေးလိုက်တယ်..။
"ရွှန်းယွဲ့က အခု စူပါစတား ဖြစ်နေပြီလေ..။သူမ က အပြင်သွားရင် ရုပ်ဖျက်ပြီး သွားရတာ..။ညီမက အဲလို မျိုးကြီးကို မကြိုက်ဘူး..။ဘာအဓိပ္ပါယ် မှ မရှိဘူး..။စူပါစတား ဖြစ်တာ ဘာတွေများကောင်းနေလို့လဲ..။ပျော်ပျော်ရွှင်ရွှင်နဲ့ သာမန်ဘဝမှာ နေခွင့်ရတာက အကောင်းဆုံးပဲ.."
"ဟားဟား.."
လင်းဖန် ရယ်မောလိုက်တယ်..။
"လူတိုင်းမှာ အိပ်မက်ရှိကြတယ်လေ..။ရွှန်းယွဲ့ရဲ့ အိပ်မက်က အခုလို စူပါစတား ဖြစ်ဖို့ပဲ..။ယူလန်..မင်းကိုလည်း ကိုယ့်ရဲ့ အိပ်မက်နောက်ကို လိုက်ဖို့ အစ်ကိုလင်း မပြောထားဘူးလား.."
ဝူယူလန် ပြန်ပြောလိုက်တယ်..။
"ညီမမှာလည်း အိပ်မက် ရှိတယ်..။အခု အဲ့အိမ်မက်နောက်ကို လိုက်နေတာလေ..."
"ဘာ အိပ်မက်လဲ..ဘယ်လို လိုက်နေတာလဲ.."
ဝူယူလန် လျိုဝှက်စွာ ရယ်မောလိုက်တယ်..။
"အခု ပြောမှာ မဟုတ်ဘူး..။ညီမရဲ့ အိပ်မက် အောင်မြင်သွားတဲ့ နေ့ကြမှ ပြောမယ်..."
လင်းဖန် ပြုံးပြီး ခေါင်းညိမ့်လိုက်ပါတယ်..။
"ကောင်းပြီလေ.."
ဝူတန်ဟီကတော့..စာအုပ်ဖတ်ရင်းနဲ့ ရယ်မောနေခဲ့ပါတယ်..။
အဲ့အချိန်မှာပဲ လင်းဖန်ရဲ့ ဖုန်းဟာ မြည်လာခဲ့တယ်..။
ဒါက အမည်မသိ နံပါတ် တစ်ခုပါ..။
"ဟဲလို ဘယ်သူပါလဲ.."
"နတ်ဆေးဆရာလင်း..နေကောင်းရဲ့လား..။ကျွန်တော်က ချင်ကျိုးက မာမူဖန်း ပါ.."
လင်းဖန် ကြောင်အသွားခဲ့တယ်..။မာမူ ဖန်း ရဲ့ ပထမဆုံး လှုပ်ရှားတဲ့ အကွက်က သူ့ကို ဖုန်းခေါ်လိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး..။ဒါက တကယ်ကို အံ့ဩသင့်စရာပါပဲ..။
"အိုး..ဒါက မာချင်ကျိုးလား..။ဘာကိစ္စ ရှိလို့လဲ.."
"နတ်ဆေးဆရာလေး ကျွန်တော်က နတ်ဆေးဆရာလေးကို ကျွန်တော်ရဲ့ ရောဂါ ကုသပေးဖို့ တောင်းဆိုမလို့ပါ..။အဲဘက်က ဘာတောင်းဆိုမူပဲ ဖြစ်ဖြစ် ပြောသာ ပြောပါ ကျွန်တော် ဖြည့်ဆီးပေးပါ့မယ်.."
လင်းဖန် ရယ်မောလိုက်ပြီး..
"ခင်ဗျားက ဘယ်လို တောင်းဆို မူမျိုးကို မဆို ဖြည့်ဆီးပေးနိုင်တဲ့ အစွမ်းရှ်ိလို့လား.."
"နတ်ဆေးဆရာလေး လင်း...မင်းက မာချင်ကျိုး ဆိုတာ ဘယ်လို လူမျိုးလဲ မသိသေးတဲ့ ပုံပဲ..။ဖြစ်နိုင်မယ် ဆိုရင် ချင်ကျိုးကို လာခဲ့ပါလား..ကျွန်တော် လက်တွေ့ပြပေးပါ့မယ်.."
သူ စကားပြောတဲ့ နေရာမှာ အတော်ကို ယုံကြည်မူ ရှိပါတယ်..။ဒီလို ယုံကြည်မူက သူ့ရဲ့ အားသာမူ ပါပဲ..။
လင်းဖန် ပြောလိုက်တယ်.။
"ကောင်းပြီလေ ကျုပ်ခင်ဗျား အခက်တွေ့အောင် မလုပ်တော့ဘူး..။ခင်ဗျားက ဘယ်လို တောင်းဆိုမူ မဆို ဖြည့်ဆီးပေးနိုင်တယ် ဆိုမှတော့ ကျုပ်တစ်ခု တောင်းဆိုလိုက်မယ်.."
မာချင်ကျိုး ဖုန်းထဲကနေ ရယ်မောလိုက်တယ်..။ဒီဂြိုလ်ပေါ်မှာ အင်အားရှိနေသ၍ သူ့ကို ငြင်းပယ်ရဲတဲ့ လူ မရှိပါဘူး..။
"ကောင်းပြီလေ..တောင်းဆိုကြည့်ပါ.."
"ကျုပ် နေလုံး ကြီးကို လိုချင်နေတယ်ဗျာ.."
လငိးဖန် ဒီလို ဟာသကို တွေးမိသွားလို့ ကိုယ့်ကိုကို ဂုဏ်ယူနေခဲ့တယ်..။
"မင်းက ငါ့ကို လာနောက်နေတာလား.."
မာချင်ကျိုးရဲ့ အသံဟာ ရုတ်တရက် ပြောင်းလဲသွားခဲ့တယ်..။သူ့ရင်ထဲမှာ ရုတ်တရက် ဒေါသထွက်လာခဲ့ပါတယ်..။
လင်းဖန် ရိုးသားစွာ ပဲ ပြောလိုက်တယ်..။
"ဟုတ်တယ် ခင်ဗျားက ဥာဏ်ကောင်းတာပဲ..။ကျုပ်ခင်ဗျားကို စနောက်နေတာ..။စိတ်မကောင်းစရာက ဘာဆုလာဒ် မှ မရှိဘူး..။ခင်ဗျားကရော ကျုပ်ကို ရောဂါ ကုသပေးစေချင် သေးလား..။ခင်ဗျား မှန်ထဲကို ပြန်ကြည့်ပြီး..ဒီလို အခြေအနေ ရောက်လာအောင် ဘာတွေ လုပ်ခဲ့လဲ ဆိုတာကို ပြန်စဥ္းစား ကြည့်လိုက်ဦး..."
ပြောပြီးတာနဲ့ လင်းဖန် ချက်ချင်း ဖုန်းချလိုက်တယ်..။
ဘာတွေများ ကြောက်စရာ ရှိလို့လဲ..။သူတကယ် ရှက်ရွံ့ သင့်တယ်..။
"မင်း.."
*တီ တီ*
ဖုန်းရဲ့ အချက်ပြမူဟာ ရပ်တန့်သွားခဲ့ပါတယ်..။
ချင်ကျိူးမှာ ရှိနေတဲ့ မာချင်ကျိူး ကတော့ အတော်ကို ဒေါသထွက်နေခဲ့ပါပြီ.။သူ ဖုန်းကို မြေကြီးပေါ် ပစ်ပေါက်လိုက်ပြီး..ကျိန်ဆဲလိုက်တယ်..။
"#$%&"