← Chapters

ကြောက်မနေနဲ့ လုပ်လိုက်..

Vol. 42 Ch. 620

ကြောက်မနေနဲ့ လုပ်လိုက်..

Vol. 42 Ch. 620

#ဘာသာပြန် = စနိုးဝှိုက်

"အစ်ကို လင်း..ဒါက ဘယ်သူလဲ..။ဘာလို့..ဒါက လူကောင်းမဟုတ်ဘူးလို့ ညီမ ခံစားနေတာလဲ.."

ဝူယူလန် လဖက်ရည် ယူလာပြီး ပြောလိုက်တာပါ..။ယင်းနောက် သူမ လင်ဖန် ရဲ့ နောက်ကျောကို သွားပြီး နိပ်ပေးနေခဲ့တယ်..။

လင်းဖန် ရယ်မောလိုက်ပြီး..

"မင်းတို့လည်း ဒီလူက လူဆိုးလို့ ခံစားနေရတယ် မလား..။သူက ချင်ကျိုးက မာမူဖန်းပဲ..သူ့ကို မာချင်ကျိုးလို့လည်း ခေါ်ကြတယ်..။သူက ငါ့ကို သူ့ရောဂါ ကုပေးဖို့ အကူညီ တောင်းနေတာ..။ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ..။သူက မကောင်းတာတွေ အများကြီး လုပ်ထားတာလေ..။တကယ်လို့..ငါ သာ သူ့ကို ကုပေးလိုက်ရင်..တစ်ခြားလူတွေ အတွက် အဆင်မပြေ ဖြစ်စေလိမ့်မယ်..။ဒါကြောင့် ဖုန်းကို စောစောချပစ်လိုက်တာက အကောင်းဆုံးပဲ.."

"မာချင်ကျိုး..."

ဝူတန်ဟီဟာ စိတ်လွင့်ပျံသွားခဲ့တယ်..။သူ့ကြည့်ရတာ တစ်ခုခုကို တွေးတော နေတဲ့ ပုံပါပဲ..။

"ဒီလူက သွားရှုပ်လို့ ရတဲ့လူ မဟုတ်ဘူး..။ချင်ကျိုးမှာ သူက အဆင့်အတန်း တစ်ခုရှိတယ်..။အရင်တုန်းက ငါ အရေးကြီးတဲ့ လူတစ်ယောက်ရဲ့ ကံကြမ္မာကို ဖတ်ပေးခဲ့ဖူးတယ်..။သူက မာချင်ကျိုးကို တစ်ချက်တည်းနဲ့ ဖမ်းဖို့ စီစဥ္နေခဲ့တာ..။ဒါပေမဲ့ သူ့ရဲ့ အထက်ကနေ သူ့ကို တားဆီးတဲ့ လူတွေ ရှိနေခဲ့တယ်လေ.."

"ကြည့်ရတာ ဒီလူက တကယ် ကျွမ်းကျင်မူ ရှိတဲ့ပုံပဲ.."

လင်းဖန် ဂရုမစိုက်သလို ပြုံးလိုက်ပါတယ်..။

သို့ပေမယ့် သူ့စိတ်ထဲမှာတော့ ဒီမာချင်ကျိုးကို စမ်းသပ်ကြည့်ချင်နေခဲ့ပါတယ်..။သူလို တရားမျှတတဲ့ လူတစ်ယောက် အနေနဲ့..ဒီလိူ..တရားမမျှတတဲ့ လူတွေ နဲ့ တွေ့တဲ့အချိန်မှာ ရင်ဆိုင် ဖြေရှင်းချင်တာက ပုံမှန်ပါပဲ..။သူ ဒီရက်ပိုင်း ဘာမှ သိပ်လုပ်စရာ မရှိတာကြောင့် ဒီငနဲ နဲ့ အနည်းငယ် ကစားတာက ပြသနာ ကြီးတစ်ခု မဟုတ်ပေ..။

ပထမနေရာမှာ ဘယ်သူမှ ဘယ်သူမှ မရှိတာနဲ့..ဒါက ပြသနာ ရှာနေတယ် လို့ ပြောလို့မရပါဘူး..။တရားမျှတမူကို ချစ်မြတ်နိုးတဲ့ လူတစ်ယောက် အနေနဲ့ ကိုယ့်ဘက်မှာ ဘယ်သူမှ မရှိဘူး ဆိုရင်တောင်..သူ/သူမ က နောက်မဆုတ်ပဲ တစ်ယောက်တည်း ဖြေရှင်းသင့်ပါတယ်..။

ဝူတန်ဟီ ခေါင်းကို ညိမ့်လိုက်တယ်..။

"ဟုတ််တယ်..ကိုယ့်ကိုကို ဂရုစိုက်ပါ..။မင်း ရှန်ဟိုင်းကနေ အပြင်ကို မထွက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်..။ဒီလူက ချင်ကျိူးမှာ လွှမ်းမိုးနိုင်စွမ်း ရှိတဲ့ လူတစ်ယောက်ပဲ..။ဒါပေမဲ့..သူက ရှန်ဟိုင်းမှာတော့ ဘာမှ လုပ်လို့ ရမှာမဟုတ်ဘူး..ဒီမှာက သူ့ကို စောင့်ကြည့်နေတဲ့ လူတွေ အများကြီးရှိတယ်.."

လင်းဖန် ပြန်ပြောလိုက်တယ်..။

"စိတ်မပူပါနဲ့..ကျွန်တော် ဖြေရှင်းဖို့ အစီစဥ္ ရှ်ိပါတယ်.."

ဝူယူလန် မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်ပြီး ပြောလိုက်တယ်..။

"သမီးကတော့ ဂရုမစိုက်ဘူး..။သမီးသိတာကတော့ အစ်ကိုလင်းက တကယ်အံ့ဩဖို့ ကောင်းတယ် ဆိုတာပဲ..။ဒီ မာချင်ကျိုးက အစ်ကိုလင်း..ရှေ့မှာ လုံးဝကို အခွင့်အရေး ရှိမှာမဟုတ်ဘူး.."

လင်းဖန် ဝူယူလန် ရဲ့ လက်ကို ပုတ်လိုက််..။သူ အကူညီမဲ့စွာ ရယ်မောလိုက်ပြီး..

"ဒီမှာ ဥာဏ်အကောင်းဆုံးက..ယူလန်..မင်းတစ်ယောက်ပဲ ရှိတယ်.."

ကျောက်ကျန်းယန်ကတော့ အောင်မြင်နေတဲ့ တိုက်ရိုက်ထုတ်လွင့်သူ တစ်ယောက် ဖြစ်ပေမယ့်..ဒီလူနှစ်ယောက် ဘာတွေ ပြောနေမှန်း မသိပါဘူး..။

"အကြီးအကဲ ဝူ .ကျွန်တော်က အခု..ခေတ်မှီတဲ့ လူမူ အဆင့်အတန်းတစ်ခုမှာ နေနေကြတာလေ..။ဒီလို ရက်စက်တဲ့ ကိစ္စတွေက အခုထိ တည်ရှိသေးလို့လား..."

ဝူတန်ဟီ ခေါင်းခါယမ်းလိုက်တယ်..။

"ကောင်လေး ကျောက်..လက်ရှိခေတ် အခြေအနေက မင်းထင်သလောက် မရိုးရှင်းဘူး..။အရင်တုန်းက အဆင့်အတန်း အနိမ့်အမြင့်ရှိသလို အခုလည်း ရှိနေတုန်းပဲ..။မာချင်ကျိုးက ချင်ကျိုးမှာ ရှိတဲ့ တစ်ယောက်တည်းသော လူမဟုတ်ဘူး..။တစ်ခြား နေရာတွေကို ပြောကြည့်ကြရအောင်..။နိုင်ငံလုံး အတိုင်းအတာမှာ ဆိုရင် ရှန်ဟိုင်းနဲ့ မြို့တော် ကလွဲလို့ ကျန်တဲ့ မြို့တွေမှာက သူတို့ရဲ့ နယ်ခံမြွေတွေ ရှိနေပြီးသား..။ဒါက မင်း အနေနဲ့ အတွေ့အကြုံ မရှိသေးလို့သာ နားမလည်သေးတာ..။ပြီးတော့..မာချင်ကျိုး ..လင်းဖန်ကို ဆက်သွယ်လာတာက မထင်မှတ်စရာပဲ.."

"လုံလောက်ပြီ ..ဒီကိစ္စကို ထပ်မပြောကြရအောင်..။ဒီ မာချင်ကျိုး ကို ဘယ်သူမှ ဂရုမစိုက်ကြနဲ့..။သူက တို့နဲ့ ဘာမှ မဆိုင်ဘူး.."

လင်းဖန် ပြောလိုက်တာပါ..။

သူ ဖုန်းကို ဖွင့်လိုက်တယ်.။ညနေဘက်မှာ..သူ အင်တာနက်ပေါ် တက်ပြီး.. မာချင်ကျိုး လို့ ရိုက်ရှာလိုက်ပါတယ်..။

အမှန်တကယ်ပဲ ဒီလူနဲ့ ပတ်သက်ပြီး အကြောင်းအရာ တွေ အများကြီးပါပဲ..။သတင်းတွေက..ဝက်ဆိုဒ် အကြီးကြီးတွေမှာ ရှိမနေခဲ့ပဲ..ဖိုရမ် နဲ့ ဝက်ဆိုဒ် အသေးလေးတွေမှာပဲ ရှိနေခဲ့တာပါ..။

နောက်ဆုံးတက်ခဲ့တဲ့..သတင်းဆိုရင် တစ်နှစ်လောက် တော့ ရှိနေခဲ့ပါပြီ..။

ဒီလို လူက ပြသနာ တစ်ခုမှ မရှာခဲ့ဖူးဘူးဆိုတာ သူ လုံးဝ မယုံကြည်နိုင်ပါဘူး..။သူက သတင်းတွေကို လိုက် ပိတ်ပင်ထားတာ ဖြစ်နိုင်ပါတယ်..။

ဘာပဲဖြစ်ဖြစ် ဒီခွေးသားက မာချင်ကျိုးပါ..။သူက ချင်ကျိုးရဲ့ အရိပ်တွေထဲမှာ ပုန်းကွယ်နေတာ ဖြစ်နိုင်ပါတယ်..။သူ့မှာ ကိုယ်စားအပြစ်ခံယူပေးမယ့် လူတွေ ရှိယုံတင်မကပဲ..အထောက်အပံ့တွေလည်း အများကြီး ရှိပါတယ်..။သူကို ပေါ်တင် တိုင်ကြားရဲတဲ့ လူကလည်း ဘယ်သူမှ မရှိပေ..။

"ချင်ကျိုးမှာ ရှိတဲ့..စတုန်းရန်း မီတာ တစ်ခုကို ဒေါ်လာ ၁၀၀၀၀ တန်တဲ့ မြေကွက်ကြီးအား..မာချင်ကျိုးရဲ့ ကုမ္ပဏီမှ တစ်မီတာ ဒေါ်လာ ၃၀၀၀ ဖြင့် ခြိမ်းခြောက် ဝယ်ယူခဲ့သည်."

"မာချင်ကျိုးက အရမ်းမူးကာ ကားမောင်းရင်း လူတစ်ယောက်အား သတ်ခဲ့မိသည်..။သိူ့ပေမယ့် စစ်ဆေးရာတွင်တော့ သူက ပုံမှန်မောင်းတဲ့လူတစ်ယောက် ဖြစ်ပြီး အတိုက်ခံရတဲ့ လူက အရက်မူးပြီးလမ်းပေါ် လျောက်ပြေးနေခဲ့သည်ဟုသာ တွေ့ရှ်ိခဲ့ရသည်..။သူ ဒီကိစ္စအား ငွေကြေးဖြင့် ဖြေရှင်းနိုင်ခဲ့သည်.."

…

ဒီအကြောင်းအရာ တွေက လင်းဖန်ကို အံ့ဩသင့်စေပါတယ်..။ဒီလူက..ဒီလောက်အထိ ဆိုးရွားတာတွေ လုပ်နေတာတောငိ ဥပဒေက မသက်ရောက်ပဲ ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့ပါဘူး..။

ချင်ကျိုးမှာ ဒီလိူ အဖြစ်အပျက်ကို ခံစားရတဲ့ လူတွေကတော့ အကူညီတောင်းရမယ့် နေရာမရှိခဲ့ပါဘူး..။တကယ်လို့ သူတို့ တိုင်ကြားမယ်ဆိုရင် လမ်းတစ်နေရာရာမှာတင် ပြန်ပေးဆွဲ ခံရပြီး ဆိုးဆိုးရွားရွားခံစား သွားကြ ရမှာပါ..။

တစ်ချိန်တည်းမှာပဲ..မာချင်ကျိူးမှာ တစ်ခြား နာမည်တွေလည်း ရှိနေပါသေးတယ်..။

ချင်ကျိုး ရဲ့ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် ဆယိယောက်..စာရင်းဝင်..။

ချင်ကျိုးရဲ့ ထိပ်တန်း ပရဟိတပြု လှူဒါန်းသူ ဆယ်ယောက် စာရင်းဝင်..။

စသဖြင့်..။

ဒီ အောင်မြင်မူတွေကို ကြည့်ပြီး လင်းဖန် အကူညီမဲ့စွာ ရယ်မောလိုက်တယ်..။ဒါက အတော် ရှက်ဖို့ကောင်းတာ မဟုတ်ဘူးလား..။

ဒီလို လူတစ်ယောက်က ဒီလို ခေါင်းစဥ္မျိုးတွေ ရနေတယ် ဆိုတာက တကယ်ကို ဟာသတစ်ခုပါ..။

ဒီလို အခြေအနေတွေ ဖြစ်နေပြီ ဆိုမှတော့..နိုင်ငံသားကောင်းဆုတံဆိပ် ရထားတဲ့ လူတစ်ယောက်အနေနဲ့ တစ်ဖက်လူကို လွှတ်ပေးလိုက်လို့ မဖြစ်တော့ပါဘူး..။

သူ ဝိုက်ဘိုကို ဖွင့်လိုက်တယ်..။

တစ်ခုခု ကြီးမားတဲ့ အရာက ဖြစ်သွားခဲ့ပါတယ်..။

လင်းဖန် , " ချင်ကျိုးက မာမူဖန်.. မာချင်ကျိုး ဆိုတဲ့လူ အခု နေမကောင်းဖြစ်နေတယ်..။ဒါကြောင့် သူ ကုသဖို့ လိုအပ်နေတယ်လေ..။တစ်စုံတစ်ယောက် ချမ်းသားတာပဲဖြစ်ဖြစ် ဆင်းရဲတာပဲဖြစ်ဖြစ် ကုသပေးဖို့ ဆိုတာက ကျုပ်တို့လို သမားတော် တွေရဲ့ တာဝန်ပဲ..။ဒါပေမဲ့ ကျုပ်သိသလောက်ဆိုရင် မာချင်ကျိူးက လူဆိုးတစ်ယောက်လေ..။သူ့မှာက ဆိုးရွားတဲ့ သမိုင်းကြောင်းရှ်ိပြီး မကောင်းမူများစွာကို လုပ်ခဲ့တယ်..။သူက ချင်ကျိုးမှာ အထောက်အပံ့ အကူအညီတွေ အများကြီး ရှိနေတဲ့ ဆရာကြီးပဲလေ..။ရလာဒ်အနေနဲ့တော့ သူ့ကို ကျုပ် ချက်ချင်း ငြင်းပယ်လိုက်တယ်..။တစ်ခုခု ပိုပြီး သိထားတဲ့ လူတွေ ကွန်မန့်လေးတွေ ရေးပေးခဲ့ပါဦး.."

ဒီဝိုက်ဘို ပိုစ့်က စီးပွားရေး လုပ်ငန်းရှင် တစ်ဦးအကြောင်းဖြစ်တာကြောင့် ချက်ချင်း ပျံ့နှံ့သွားခဲ့ပါတယ်..။

ဝူတန်ဟီဟာ..ဝိုဘိုသုံးနေရင်းကနေ လင်းဖန်ကို အံ့ဩသင့်တဲ့ အမူအရာနဲ့ ကြည့်လိုက်ပါတယ်..။

"မာစတာ လင်း .မင်း."

ဝူတန်ဟီ ဘာပြောရမလဲ တောင် မသိတော့ပေ..။သာမန်လူတွေက မသိကြပေမယ့် ..ဒီ မာချင်ကျိုးက ရက်စက်တဲ့လူတစ်ယောက် ဆိုတာ သူကောင်းကောင်း သိထားပါတယ်..။အခု မာစတာလင်း ဒီလို ထလုပ်တာက ကိုယ့် သေတွင်းကို တူးနေသလိုပါပဲ..။

လင်းဖန် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး..

"ဘာမှ မဟုတ်ဘူး..။ကျုပ်က အရင်လှုပ်ရှား လိုက်တာ..။ဒီ မာချင်ကျိုး ဘာလုပ်မလဲ တကယ် သိချင်မိတယ်.."

ဝူတန်ဟီ ခေါင်းခါယမ်းလိုက်တယ်..။သူ ဘာထပ်ပြောရမလဲတောင် မသိတောာ့ပါဘူး..။

အနည်းဆုံးတော့ သူရှန်ဟိုင်းမှာ ရှိနေသ၍ အန္တရာယ် ကင်းနိုင်ပါသေးတယ်..။

ဝိုက်ဘိုက ဒီပိုစ့်ကြောင့် ပေါက်ကွဲထွက်သွားတယ်..။

"ချီးပဲ မာစတာလင်းက ပြန်လာပြီဟ..။ဘယ်လောက် အံ့ဩဖို့ ကောင်းလဲ.."

"မာချင်ကျိုးက ဘယ်သူလဲ..။သူက နာမည်ကြီးတဲ့ လူတစ်ယောက်ပဲလေ.."

"မကောင်းမူတွေ အများကြီး လုပ်ထားတယ်..။သူ့မှာက သမိုင်းကြောင်းနဲ့ အကူအညီတွေ ရှိတယ်နော်..။တစ်ချက်ကြည့်ယုံနဲ့ ဒီလူက လူဆိုးပဲ.."

"ငါ မာစတာ လင်းပြောတာကို လက်ခံတယ်..။တစ်ဖက်လူက ဒီလောက် ဆိုးရွားနေတယ်ဆိုတော့ မကုပေးသင့်ဘူးလေ..။သူ့ကို ကုသပေးလိုက်လို့ ဆိုးရွားတာတွေ ထပ်လုပ်ရင် ဘယ်လိုလုပ်မလဲ.."

"ငါက ချင်ကျိူးကပါ..။ဒီ မာချင်ကျိူးက ဒီမှာတော့ နယ်ခံမြွေပဲ..။ဒီက အရာရှိတွေတောင် သူနဲ့ သွားမရှုပ်ရဲကြဘူး..။ဒီမှာ ဥပဒေ မရှိဘူးလို့တောင် ပြောလို့ရတယ်..။ မာချင်ကျိုးက ဒီမှာ ဥပဒေပဲ.."

"ဒီလူက ငရဲလိုပဲ..။လွှမ်းမိုးနိုင်စွမ်းရှိတဲ့ လူတွေကလည်း သူနဲ့ လက်တွဲနေကြတယ်လေ.."

"ဒီမာချင်ကျိူးက..အင်အားကြီးတယ်နော်..။ဒီမာစတာလင်းက..မာချင်ကျိူးကို ဒီလို ပေါ်တင်ရင်ဆိုင်တာ တစ်ခုခုဖြစ်မှာ မကြောက်ဘူးလား.."

လင်းဖန် ဝိုက်ဘိုကနေ စာပြန်လိုက်တယ်..။

"တရားမျှတမူက မကောင်းမူတွေကို တိုက်ခိုက်တဲ့ အချိန်မှာ အနားမယူဘူး.."

ဝိုက်ဘိုဟာ ထပ်ပြီး ပေါက်ကွဲထွက်သွားခဲ့တယ်..။

"666..ငါ တကယ်ကျေနပ်တယ်."

"မာစတာလင်းက အံ့ဩစရာပဲ.."

"မာချင်ကျိူးက ဘယ်လိုလူလဲ ဆိုတာကို ငါသိသလောက် အကုန်ရေးပြပေးမယ်.."

လင်းဖန်က အခုချိန်မှာ ဝိုက်ဘိုက ဆယ်လီတစ်ယောက်ပါ..။သူ့မှာ ဖော်လိုဝါ တွေ အများကြီး ရှိတာကြောင့် ချက်ချင်း ပျံ့နှံ့သွားခဲ့တယ်..။

.

လူတွေ အများကြီးကတော့ မာချင်ကျိူးဆိုတာ ဘယ်သူလဲ မသိတာကြောင့် အင်တာနက်ကနေ စစ်ဆေးကြည့်လိုက်ကြပါတယ်..။သူတို့ အချက်အလက်တွေက ဝက်ဆိုဒ် သေးသေးလေးတွေကပဲ ရကြတာပါ..။

ဒီလို ဝက်ဆိုဒ် သေးသေးလေးက သတင်းအချက်အလက်တွေက မမျှမတ ခံခဲ့ရတဲ့လူတွေ ရေးတင်ထားကြတာပါ..။သူတို့ဒီလို ရေးတင်ထားတယ် ဆို၀ာာက တစ်ယောက်ယောက်များ သတိထားမိမလား ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပါ..။

All Chapters