← Chapters

ငါက အောင်မြင်တဲ့ လူတစ်ယောက်

Vol. 42 Ch. 621

ငါက အောင်မြင်တဲ့ လူတစ်ယောက်

Vol. 42 Ch. 621

#ဘာသာပြန် = စနိုးဝှိုက်

အရှေ့ဘက် ဟန် အုပ်စု..။

ဝမ်မင်ယန်ဟာ လတ်တလော ရုံးခန်းထဲမှာ ရှိနေခဲ့တယ်..။သူ နောက်ထပ် ပရောဂျက် တစ်ခုကို စစ်ဆေးနေတဲ့ အချိန်မှာ သူ့ဖုန်းက တုန်ခါလာခဲ့ပါတယ်..။ဒါက..ဖုန်းခေါ်ဆိုမူ တစ်ခု မဟုတ်ပါဘူး..ဝိုက်ဘိုက လှမ်းပြီး အချက်ပေးတဲ့..စာ ကျလာခဲ့တာပါ..။

သူက လင်းဖန်ကို ဖော်လို လုပ်ထားတာကြောင့် လင်းဖန် တစ်ခုခုတင်ပြီ ဆိုတာနဲ့ သူ့ဆီကို အကြောင်းကြားစာ အလိုလျောက် ပို့ပါတယ်..။သူတို့က အရင်းနှီးဆုံး ညီအစ်ကို တွေ ဖြစ်တာကြောင့် လင်းဖန် ရဲ့ လှုပ်ရှားမူတွေကို စောင့်ကြည့်တာက ပုံမှန်ပါပဲ..။

"ဟီးဟီး ငါ့ညီအစ်ကို..ဒီတစ်ကြိမ်ရော..ဘယ်လို အံ့ဩသင့်စရာ ပို့စ်တွေ တင်ပြန်ပြီလဲ မသိဘူး.."

ဝမ်မင်ယန် အတော် သိချင်သွားခဲ့တယ်..။သူ ဖုန်းကို ဖွင့်ပြီး ကြည့်လိုက်တဲ့ အချိန်မှာတော့ ကြောင်အသွားခဲ့ပါတယ်..။

မာချင်ကျိုးလား...

ငါ့ညီအစ်ကိုက ဘာလို့ မာချင်ကျိုး နဲ့ သွားရှုပ်နေတာလဲ..။သူ့မျက်နှာက အမူအရာက တဖြည်းဖြည်း ပြောင်းလဲ လာခဲ့ပါတယ်..။သူ လင်းဖန်ကို ချက်ချင်း ဖုန်းခေါ်လိုက်တယ်..။

ဝမ်မင်ယန် ပြောလိုက်တယ်..။

"ညီအစ်ကို မင်းဘာတွေ လုပ်နေတာလဲ..။မင်း ဘာလု့ိ မာချင်ကျိုးနဲ့ ထိပ်တိုက် ရင်ဆိုင်ဖို့ လုပ်နေတာလဲ.."

လင်းဖန် ကြောင်အသွားခဲ့ပြီး..

"ခင်ဗျားလည်း မာချင်ကျိုးကို သိထားတာလား.."

"ဘယ်လို အဓိပ္ပါယ်မရှိတဲ့ စကားလဲ..။ငါ့ဘဝမှာ ဒီလူကို ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ဘူး.."

ဝမ်မင်ယန် အတိတ်က အကြောင်းအရာကို ပြန်ပြောဖို့ လုပ်လိုက်ပေမယ့် သူ့ရဲ့ သွေးတွေက ဆူပွက်လာခဲ့ပါတယ်..။

လင်းဖန် ပြောလိုက်တယ်..။

"ဘာဖြစ်လို့လဲ..။ခင်ဗျားတို့ချင်း အရင်တုန်းက ပြသနာ ဖြစ်ဖူးလို့လား..."

ဝမ်မင်ယန် ဒေါသထွက်စွာ ပြောလိုက်တယ်..။

"အချင်းချင်း ပြသနာ ဖြစ်တယ် ဆိုတာလောက် မရိုးရှင်းဘူး..။လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ငါက ချင်ကျိုးရဲ့ ဆိုဒ်တစ်ခုမှာ အလုပ်လုပ်ဖို့ အဆင်သင့်ပြင်နေခဲ့တာ..။ပြင်ဆင်မူတွေကလည်း အကုန်လုံး ပြီးနေပြီ..။ဒါပေမဲ့ မာချင်ကျိုးက အဲ့မြေကို လိုချင်တဲ့အတွက် အကုန်လံူးကို အင်အားသုံးပြီး ဖယ်ရှားခဲ့တယ်လေ..။ဒါက ငါ့ကို ရွေးချယ်စရာ မရှိစေပဲ..လက်ခံလိုက်ရပြီး ရှန်ဟိုင်းကို ရောက်လာစေခဲ့တာ..။ဒါက ငါ့ကို ဒေါ်လာ ၆ သန်းလောက် အရှုံးပေါ်စေခဲ့တယ်..။ငါ ဒါကို အမြဲတမ်း မှတ်မိနေမှာ..ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး.."

"ချီးပဲ.."

လင်းဖန် ဒေါသထွက်သွားခဲ့တယ်..။

"ဒီခွေးသားက ခင်ဗျားကိုတောင် အနိုင်ကျင့် ရဲတာပဲ..။အစကတော့ ကျုပ် ဒီလူကို နည်းနည်းလောက် ပညာပေးဖို့ပဲ စဥ္းစားထားတာ..။ဒါပေမဲ့ ဒီလူက ကျုပ်ညီအစ်ကို ကိုတောင် အနိုင်ကျင့်ရဲတယ် ဆိုမှတော့ ကျုပ်ရှေ့မှာ ဒူးထောက်ပြီး ဒယ်ဒိီ လို့ ခေါ်ရတဲ့ အထိ လုပ်ပြမယ်..။မဟုတ်ရင် ကျုပ်က ညီအစ်ကို ဆက်ဆံရေးကို အလေးမထားသလို ဖြစ်လိမ့်မယ်.."

ဝမ်မင်ယန် အလျင်အမြန်ပြောလိုက်တယ်..။

"မလုပ်နဲ့..ဒီလူက သွားရှုပ်လို့ရတဲ့ လူမဟုတ်ဘူး..။ထားလိုက်တော့..အမြန် ဝိုက်ဘိုက ပိုစ့်ကို ပြန်ဖျက်လိုက်..။မင်း အိပ်မက်ဆိုးတွေ မမက်ချင်ဘူး မလား.."

"မဖျက်ဘူး..ဘာတွေများ ကြောက်စရာရှိမှာ မို့လို့လဲ..။ဒါက မာချင်ကျိူးလေးပဲလေ..။ဒါက ကျုပ်သိထားတဲ့ ဝမ်မင်ယန် မဟုတ်ပါဘူး..။ခင်ဗျား သူ့ကို တကယ် ကြောက်နေတာလား..။စိတ်မပူနဲ့..ကျုပ် ခင်ဗျားကိုယ်စား ဒီလူကို လက်စားချေပြမယ်.."

လင်းဖန် ဒီ မာချင်ကျိုးကို ..ဘယ်တုန်းကမှ မျက်လုံးထဲမထည့်ထားပါဘူး..။သူ အစီအစဥ္ တွေနဲ့ တိုက်ခိုက်လို့ မရရင် ဒီလူဆီကို ကိုယ်တိုင်သွားသတ်လို့ရပါတယ်..။

သိူ့ပေမယ့် လက်ရှိနေထိုင်နေတာက ငြိမ်းချမ်းတဲ့ လူမူ ပတ်ဝန်းကျင်မှာပါ..။လူတွေကို ရိုက်နှက်ပြီး သတ်ဖြတ်တာက မဟုတ်သေးပါဘူး..။သို့ပေမယ့်..တစ်ဖက်လူက လွန်လာမယ် ဆိုရင်တော့ သူ ဒီလို လုပ်ဖို့ တွေဝေ နေမှာ မဟုတ်ပေ..။သူ မျက်နှာဖုံး တစ်ခု တပ်ပြီး အချိန်မရွေး လူသတ်သမား လုပ်လို့ရပါတယ်..။

ဝမ်မင်ယန် တစ်ခုခု ပြောဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ ဖုန်းက ကျသွားခဲ့ပါတယ်..။

"တီ"

ဝမ်မင်ယန် သက်ပြင်းချလိုက်တယ်..။ဒီညီအစ်ကိုက ခေါင်းမာတာက လွဲရင် ကျန်တာ အကောင်း ပြီးပြည့်စုံပါတယ်..။သူ ဒီိလိုခေါင်းမာမူကြောင့် အနာဂတ်မှာ ဒုက္ခရောက်နိုင်မလား သူ မပြောတတ်ပါဘူး..။

သူ မာချင်ကျိုးကို ကြောက်နေတာ မဟုတ်ပဲ..ဒီလို လူမျိုးနဲ့ လုံးဝကို မပတ်သက်ချင်တာပါ..။

ချင်ကျိူးတွင်..။

.

မာချင်ကျိူးဟာ ဆေးသောက်နေခဲ့တယ်..။သူ့ရဲ့ ခန္တာကိုယ် အခြေအနေကို သူ ကောင်းကောင်းသိထားပါတယ်..။

*ကလင် ကလင်*

သူ့ဖုန်းမြည်လာခဲ့တယ်..။

ခေါ်ဆိုတဲ့ လူနာမည်ကို ကြည့်ပြီး မာချင်ကျိုး အကူညီမဲ့ စွာ ရယ်မောလိုက်ပါတယ်..။

"သခင်လေး ဟောင်..ဘာဖြစ်ပြန်ပြီတုန်း.."

သခင်လေးဟောင် ဆိုတာက ချင်ကျိုးမှာ ရှိတဲ့ နယ်ခံ မိသားစုကြီးတွေထဲက သခင်လေး တစ်ယောက်ပါ..။မာချင်ကျိုးမှာ ကြောက်စရာ လူ များများစားစား မရှ်ိပေမယ့်..သူတို့နဲ့တော့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ထားဖို့ လိုအပ်ပါသေးတယ်..။

"ဂေါ့ဖားသားမာ..ခင်ဗျား ဝိုက်ဘိုက တစ်ခြား လူတွေ အတွက် ရယ်စရာ ဖြစ်နေတာ သိပြီးပြီလား.."

"ဘာ.."

မာချင်ကျိုး ကြောင်အသွားခဲ့တယ်..။

"တစ်ခြားလူတွေ အတွက် ရယ်စရာဖြစ်နေတယ် ဆိုတာ ဘာကို ဆိုလိုတာလဲ.."

သခင်လေးဟောင် ပြန်ဖြေလိုက်တယ်..။

"ခင်ဗျား ဝိုက်ဘိုကို ဖွင့်ပြီး ကိုယ့်ဟာကိုသာ ကြည့်လိုက်တော့..။သူက ရှန်ဟိုင်းက မာစတာလင်းပဲ..။ဝိုက်ဘိုမှာတော့..ကျော်ကြားတယ်လို့ ပြောလိူ့ရတယ်.."

မာချင်ကျိုး..သံသယဖြစ်သွားခဲ့ပေမယ့် ချက်ချင်းပဲ တည်ငြိမ်အောင် လုပ်နိုင်ခဲ့ပါတယ်..။

"ကျွန်တော့်ကို သတင်းပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်..သခင်လေး ဟောင်..။ကျွန်တော် အခုပဲ ကြည့်လိုက်ပါ့မယ်.."

သူ ဖုန်းကို ချလိုက်ပြီး ချက်ချင်း ဝိုက်ဘိူကို စစ်ဆေးလိုက်ပါတယ်..။

သူ ဝိုက်ဘိုကို အမြဲတမ်း မသုံးဖြစ်ပေမယ့်..မကြာမကြာတော့ သုံးဖြစ်ပါသေးတယ်..။

သူ မာစတာလင်းရဲ့ ဝိုက်ဘိုကို မြင်တဲ့ အချိန်မှာ မာချင်ကျိုးရဲ့ အမူအရာ ပြောင်းလဲသွားခဲ့တယ်..။

"သေချင်နေတာလား.."

သူ အံကိုကြိတ်လိုက်ပြီး ချက်ချင်း လူသတ်ချင်စိတ်တွေ ပေါက်လာခဲ့ပါတယ်..။ဒီခွေးသားက ဒါမျိုးလုပ်ရဲလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး..။

*ခွမ်း*

သူ့ဘေးနားမှာ ရှိနေတဲ့ စျေးကြီးတဲ့ ပန်းအိုးတစ်လံူးကို ကြမ်းပြင်ကို ပစ်ပေါက်လိုက်တယ်..။

အခုမှ ရှန်ဟိုင်းကနေ ပြန်လာတဲ့ လီရန်ဟာ အခန်းထဲက ဆူညံ့သံတွေ ထွက်လာတာကို ကြားနေခဲ့ရပါတယ်..။သူ အလျင်အမြန် အထဲကို ဝင်သွားပြီး ကြည့်လိုက်တယ်..။သူ ကွဲကြေနေတဲ့ ကြမ်းပြင်ပေါ်က ပန်းအိုးကို မြင်ပြီး ကြောင်အသွားခဲ့ပါတယ်..။

"ဂေါ့ဖားသား မာ..တစ်ခုခု အဆင်မပြေတာ ဖြစ်လို့လား..။ဆရာဝန်က..ဒေါသမထွက်ဖို့ သတိပေးထားတယ်လေ.."

ဂေါ့ဖားသား မာ လီရန်ကို စူးရှတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ပြီး..

"ဒီကောင် ငါ့ကို ဝိုက်ဘိုမှာ ဘာပြောထားလဲ ဆိုတာကို ကြည့်လိုက်.."

လီရန် ဘာကို​ပြောနေတယ် ဆိုတာကို နားမလည်ခဲ့ပါဘူး..။သို့ပေမယ့် ဝိုက်ဘိုကို ကြည့်တဲ့..အချိန်မှာ သူ့ရဲ့ အမူအရာပါ ပြောင်းလဲ သွားခဲ့တယ်..။

"ဒီကောင် ဘယ်က သတ္တိနဲ့.."

သူ ဒါကို ဘယ်တုန်းကမှ မတွေးမိဖူးပါဘူး..။တစ်စုံတစ်ယောက်က ဘာလို့ ဂေါ့ဖားသား မာ နဲ့ လာရှုပ်ချင်ရတာလဲ..။ထပ်​ပြောရရင် သူက အင်တာနက်ပေါ်မှာတောင် ဂေါ့ဖားသား မာကို မှတ်ချက် ရေးရဲခဲ့တာပါ..။ဒါက လုံးဝကို စောက်ရူးပါပဲ..။

တကယ်လို့ ဒါသာ ချင်ကျိူးမှာ ဆိုရင် ဒီငနဲ တစ်နာရီ အတွင်းမှာတင် ဂေါ့ဖားသား မာ ရှေ့မှာ ဒူးထောက် နေရလောက်ပါပြီ..။

သို့ပေမယ့် ဒီငနဲက ရှန်ဟိုင်းကပါ..။

မာချင်ကျိူး ဒေါသထွက်နေခဲ့တယ်..။

"ဒီခွေးသားက သေချင်နေတာပဲ..။ငါ မာချင်ကျိူးက လွယ်လွယ်နဲ့ လာရှုပ်လို့ ရတယ်လို့ သူက ထင်နေတာလား.."

လီရန် ပြန်ပြောလိုက်တယ်..။

"ဂေါ့ဖားသား မာ ကျေးဇူးပြုပြီး တည်တည်ငြိမ်ငြိမ်နဲ့ စိတ်ရှည်ရှည်ထားပါ..။ဒီကိစ္စမှာ အရမ်းကြီး အားစိူက်မထားပါနဲ့..။ရောဂါကို ကုသဖို့ အတွက်လည်း သူ့ရဲ့ တပည့် အကူအညီကို လိုသေးတယ်လေ..။အခု ချင်ကျိူးက မိသားစုကြီးတွေက ဂေါ့ဖားသား မာ နေမကောင်းဖြစ်နေတာကို သိသွားပြီဆိုတော့..ဒီအခွင့်အရေးကို အသုံးချပြီး တိုက်ခိုက်ဖို့ စီစဥ္ကြတော့မယ်..။တစ်ချို့ စီးပွားရေး တွေ ဆိုရင် လက်လွှတ်ပေးရနိုင်ချေ ရှ်ိတယ်နော်.."

ဂေါ့ဖားသားမာ ရဲ့ အကြံပေးတစ်ယောက် အနေနဲ့ သူက ပုံမှန်အားဖြင့် ဥာဏ်ကောင်းပါတယ်..။ဒီကိစ္စက ဂေါ့ဖားသားမာ..ခနရွှေ့ဆိုင်းထားသင့်ပါသေးတယ်..။

"ဟမ့် .ခွေးသားတွေ..။ငါ့ ခန္တာကိုယ် ကောင်းနေတုန်းကတော့ သူတို့ ဒီအခြေအနေ ရောက်ဖို့ ငါ့ကိုပဲ မှီခိုလာကြရတာ..။အခု ငါနေမကောင်းတော့ ခွဲထွက်ချင်နေကြပြီပေါ့..။ဒါက ဒီလောက်အထိ ရိုးရှင်းမယ်လို့ ထင်နေတာလား..။ရှန်ဟိုင်းကကောင်တွေ အတွက်ကတော့ သူတို့ ငါ့ရဲ့ ဖိတ်ခေါ်မူကို ဒီတိုင်းထွက်သွားသင့်တာပေါ့..။သူတို့ ငါ့ကို မကူညီချင်ရင် သူတို့ကို ပြန်ပေးဆွဲပြီး ခေါ်လာလို့ရတယ်..။ဒီကောင်တွေက ငါ့ရဲ့ ဖိတ်ခေါ်မူကို ငြင်းဆန်ရအောင် ဘာအရည်အချင်းတွေ ရှိနေလို့လဲ..။အခု ဖုန်းခေါ်လိုက်..ငါ သူတိူ့ကို နောက်ဆုံး အခွင့်အရေး ပေးလိုက်မယ်.."

ချင်ကျိူးမှာ သူ့ကို ဘယ်သူမှ လွယ်လွယ် လာရှုပ်လို့မရပါဘူး..။ဒီမှာ ဆက်နွယ်နေတဲ့ နက်ဝါ့က အတော်ကို ရှုပ်ထွေးပါတယ်..။သိူ့ပေမယ် မြေအောင်စျေးကွက်မှာတော့ မိသားစုကြီးတွေက မျိုးဆက် ၂ ခု ၃ ခု လောက် လက်ဆင့်ကမ်းလာကြတာဆိုတော့ လွှမ်းမိုးနိုင်စွမ်း ရှ်ိနေတာ မထူးဆန်းပါဘူး..။သို့ပေမ

်ယ့် သူတို့တောင် မြေအောက်စျေးကွက်မှာ မာချင်ကျိူးနဲ့ ယှဥ္မယ် ဆိုရင် မမှီနိုင်သေးပါဘူး..။

အခု ချိန်မှာ သူ့ခန္တာကိုယ်က သိပ်မကောင်းသေးဘူးဆိုတာကို မာချင်ကျိုးသိထားပါတယ်..။ဒါကြောင့် သူ ဒီအခြေအနေကို သူ ရှောင်လွှဲချင်တယ် ဆိုရင်တောင် လွယ်ကူမှာ မဟုတ်ပါဘူး..။

တိမ်ဖြူလမ်း..။

လင်းဖန် ဝိုက်ဘိုကို ကြည့်လိုက်တယ်..။သူတင်လိုက်တဲ့ ပိုစ့်က ဒီလောက်အထိ ပေါက်ရောက်သွားမယ်လို့ မထင်ထားခဲ့ပါဘူး..။ထပ်ပြောရရင် လူတွေ အများကြီးကတည်း ဒီကိစ္စကို ဆွေးနွေးနေခဲ့ကြပါသေးတယ်..။

အဲ့အချိန်မှာပဲ..မာချင်ကျိုး ဆီကနေ ဖုန်းဝင်လာခဲ့တယ်..။

လင်းဖန် အစကတော့ ဖုန်းမကိုင်ဖို့ လုပ်နေခဲ့တာပါ..။သိူ့ပေမယ့် ကြည့်ရတာတော့ ဒီလူလည်း အခြေအနေကို သိပြီးလောက်ပြီ ဖြစ်တာကြောင့် ဘာပြောမလဲ သိချင်ပါသေးတယ်..။

"ခင်ဗျား ဘာလို့ ဖုန်းထပ်ခေါ်ပြန်တာလဲ.."

လင်းဖန် ပြုံး​ပြီးပြောလိုက်တယ်..။

တစ်ခြားတစ်ဖက်မှာတော့ မာချင်ကျိူးရဲ့ အသံက လေးနက်နေခဲ့ပါတယ်..။

"နတ်ဆေးဆရာလင်း..ဘာတွေ လုပ်နေတာလဲ..။ကျုပ်ကို မျက်လုံးထဲတောင် မထည့်တော့ဘူးလား.."

လင်းဖန် ပြန်ပြောလိုက်တယ်..။

"အမှန်ပဲ ကျုပ်ခင်ဗျားကို မျက်လုံးထဲ မထည့်ဘူး..။ခင်ဗျားက အဖြေရှ်ိနေတာတောင် ပြန်မေးနေတာပဲ.."

"မင်း.."

မာချင်ကျိူး ဒေါသထွက်သွားခဲ့တယ်..။ဒီနေ့အချိန်အထိ သူ့ကို ဘယ်သူမှ ဒီလိုစကားမျိုး မပြောရဲခဲ့ပါဘူး..။မာချင်ကျိူး ကြောက်မက်ဖွယ်ကောင်းအောင် ရယ်မောပြီး မေးလိုက်တယ်..။

"နတ်ဆေးဆရာလင်း..မင်းကြည့်ရတာ နောက်ခံ ကောင်းကောင်းရှိထားတာပဲ..။ဘယ်သူ ဖြစ်မလဲ.."

လင်းဖန် သဘောကျစွာ ရယ်မောလိုက်တယ်..။

"ဟားဟား ကျုပ်ပြောလိုက်ရင် ခင်ဗျား ကြောက်သွားလိမ့်မယ်..။နားထောင် ကျုပ်က..ဒီအဖြစ်အပျက်မှာ အောင်နိုင်သူ တစ်ယောက်ပဲ..။ခင်ဗျားလို မကောင်းတာလုပ်တဲ့လူတစ်ယောက်က မြန်မြန်လက်လျော့ပြီး အမှားတွေကို ဝန်ခံသင့်နေပြီ..။မဟုတ်ရင်တော့ အဆုံးသတ် ကောင်းမှာ မဟုတ်ဘူးနော်.."

"မင်း ငါ့ကို လာနောက်နေတာလား.."

သူ့မျက်နှာက ဒေါသကြောင့် နီရဲနေခဲ့ပါပြီ..။အသက်ရူသံတွေကလည်း ပိုပိုမြန်လာခဲ့တယ်..။

"ဟုတ်တယ် ကျုပ်ခင်ဗျားနဲ့ ကစားနေတာ..။အစကတော့ ကျုပ်ခင်ဗျားကို ဖြည်းဖြည်းချင်း ကစားမလို့ပဲ..။ဒါပေမဲ့ ခင်ဗျားက ကျုပ် ညီအစ်ကိုကို အနိုင်ကျင့်ခဲ့မယ်လို့ မထင်ထားခဲ့ဘူး..။ကျုပ် ချင်ကျိုးကို လာဖို့ ပြင်ဆင်နေတာ..။ခင်ဗျား ကျုပ်ကို ကြိုဆိုဖို့ အဆင်သင့်ဖြစ်ပြီလား.."

လင်းဖန် ရယ်မောပြီး ပြောလိုက်တာပါ..။

မာချင်ကျိုး ပြန်ပြောလိုက်တယ်..။

"ကောင်းပြီ ကောင်းပြီ..။ငါ မာချင်ကျိုးက ကြိုဆိုပေးမယ်..။မင်း ချင်ကျိုး နဲ့ မာချင်ကျိုးကို ဘယ်တော့မှ မမေ့တဲ့ အထိ ကြိုဆိုပေးမယ်..."

"ကောင်းပြီလေ*

* တီ တီ *

ဖုန်းကျ သွားခဲ့ပါတယ်..။

မာချင်ကျိုး ဖုန်းကို မြေကြီးပေါ် ပစ်ပေါက်လိုက်တယ်..။သူ့မျက်လုံးမှာတော့ ဒေါသတွေ ပြည့်နေခဲ့ပြီး အော်​ဟစ်လိုက်ပါတယ်..။

"ဒီကောင် ငါ့ရှေ့မှာ ဒူးထောက်တာကို ငါလိုချင်တယ်.."

ဘေးနားမှာ ရပ်နေတဲ့ လီရန် ကြောင်အသွားခဲ့တယ်..။ဂေါ့ဖားသား မာရဲ့ သည်းခံနိုင်တဲ့ အကန့်အသတ်က ကျော်လွန်သွားပြီ ဆိုတာကို သူသိလိုက်ပါတယ်..။

ချင်ကျိုးက နောက်တစ်ကြိမ် ထပ်ပြီး ပေါက်ကွဲ ထွက်တော့မှာပါ..။

All Chapters