← Chapters

ငါမင်းကို ပြမယ်..

Vol. 42 Ch. 622

ငါမင်းကို ပြမယ်..

Vol. 42 Ch. 622

#ဘာသာပြန် = စနိုးဝှိုက်

ဆိုင်ထဲတွင်..။

လူတိုင်းဟာ လင်းဖန်ကို ကြောင်အပြီး စိုက်ကြည့်နေခဲ့ကြတယ်..။

ဝူတန်ဟီ လည်း အံ့ဩသင့်နေခဲ့ပါတယ်..။သူ့ရဲ့ အမူအရာဟာ စိုးရိမ်သွားခဲ့ပြီး..

"မင်းတကယ် ချင်ကျိုးကို သွားမလို့လား..."

"ဟုတ်တယ်.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

"အစကတော့ ဒီလို မျိုးမတွေး မိပါဘူး..။ဒါပေမဲ့ သေချာ စဥ္းစားကြည့်တော့ ချင်ကျိုးကို သွားမှ ဖြစ်မယ် ထင်တယ်..."

"ဘာလို့လဲ.."

ဝူတန်ဟီ ဘာလိူ့လဲ ဆိုတာ နားမလည်ခဲ့ပါဘူး..။အရာရာ အကုန်လုံးအဆင်ပြေတာကို ဘာလို့ ချင်ကျိူးကို သွားပြီး ဒုက္ခရှာချင်ရတာလဲ..။

လင်းဖန် ရယ်မောလိုက်တယ်..။

"ဘာ အကြောင်းပြချက်မှ မရှိဘူး..။ကျွန်တော် ဝမ်မင်ယန် အတွက် ဖြေရှင်းချက်တောင်းပေး ချင်လို့ပဲ..။တစ်ချိန်တည်းမှာပဲ..ဒီလူတွေနဲ့ ပြသနာကိုလည်း ဖြေရှင်းနိုင်တယ်လေ.."

"ဒါက ဝမ်မင်ယန် နဲ့ ဘာဆိုင်လို့လဲ.."

ဝူတန်ဟီ ဒီအခြေအနေကို နားမလည်နိုင်တော့ပေ..။လူလိမ် ထျန်တောင်မှ နားမလည်ခဲ့ပါဘူး..။အရာရာကို ဒီမှာ ဖြေရှင်းလို့ ရနေတာကို ဘာလို့ ချင်ကျိုးကို သွားချင်ရတာလဲ..။ထပ်ပြောရရင် ဒီအချိန် ချင်ကျိုးကို သွားတာက ကိုယ့်သေတွင်းကို တူးသလိုပါပဲ..။

သူ့ အသက်အန္တရာယ် မရှိဘူးဆိုရင်တောင်..သူ့ဘဝ ခက်ခဲကြမ်းတမ်း မှာကတော့ အသေအချာပါပဲ..။

ဒါက ကျားရှေ့ကို မှောက်လျက် လဲသလိုတောင် ဖြစ်နိုင်ပါတယ်..။သူ ထွက်ပြေးချင်တယ် ဆိုရင်တောင်..ထွက်ပြေးလို့ရမှာ မဟုတမပါဘူး..။

လင်းဖန် ကတော့ တစ်ချိန်လုံး ပြုံးနေခဲ့တယ်..။သူ့မှာ ကိုယ့်ကိုကို ယုံကြည်မူ ရှိပါတယ်..။သူ့ရဲ့ လက်ရှိစွမ်းရည် တွေ မရသေးတဲ့ အချိန်က ဆိုရင်တောင်..ချင်ကျိုးကို သွားဦးမှာပါပဲ..။အခုကတော့ ဘာများ ထပ်ပြောစရာ လိုသေးလို့လဲ..။သူ ချင်ကျိုးကို သွားလို့လည်း..ဘာများ ဖြစ်နိူင်မှာ မို့လို့လဲ..။

ငါက ဘယ်သူ့ကို ကြောက်နေရမှာလဲ...

ဝူယူလန် လည်း ချင်ကျိုးက မလုံခြုံနိုင်ဘူးဆိုတာ သိထားပါတယ်..။

"အစ်ကိုလင်း..မသွားလို့ မရဘူးလား..။ညီမ တို့ကို စိတ်ပူရအောင် မလုပ်ပါနဲ့..."

"စိတ်အေးအေးထားပါ..ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး..။ဘယ်သူမှ..ငါ့ကို နာကျင်အောင် လုပ်လို့ ရမှာ မဟုတ်ဘူး.."

လင်းဖန် သူ့ကိုသူ ယုံကြည်မူ ရှိစွာ ပြောလိုက်တာပါ..။

လူလိမ် ထျန် ပြောလိုက်တယ်..။

"ကိုယ့်ကိုကို အရမ်းယုံကြည်မူ မလွန်ကဲနဲ့..။မင်းရဲ့ ကိုယ်ခံပညာက ကောင်းမွန်တယ် ဆိုပေမယ့်လည်း..စူပါမန်း မဟုတ်ဘူးလေ..။မင်းရဲ့ လုံခြုံမူကို ဘယ်သူမှ အာမ မခံနိုင်ဘူး..။ဘာလို့ ငါ့ကို မခေါ်တာလဲ..။အနည်းဆုံးတော့ တစ်ခုခူ ဆို မင်းကို ကူညီပေးမယ့်လူ ရှိသေးတယ်လေ.."

လင်းဖန် ခေါင်းခါယမ်းလိုက်တယ်..။

"မလိုတော့ပါဘူး..ခင်ဗျားရဲ့ လက်ရှိစွမ်းဆောင်ရည်နဲ့ ဆိုရင် လိုက်လာလည်း အပိုလူ ဖြစ်နေမှာ​ကို ကြောက်ရွံ့မိတယ်..။ပြီးတော့ တစ်ခုခု ဖြစ်လာရင်လည်း ခင်ဗျားကို ဂရုစိုက်နေရဦးမှာ..။ဘယ်လောက် ဒုက္ခရောက်လိုက်မလဲ.."

"ဟမျ့.."

လူလိမ် ထျန် မပျော်မရွှင် ဖြစ်သွားခဲ့တယ်..။

"မင်းဘာလိူ့ အဆိုးဘက်တွေ ကို ချည်းပြောနေရတာလဲ..။ဘာ အပိုလူလဲ..။ငါ မင်းအတွက် ဘက် မဟုတ်ဘူးဆိုတာ လက်ခံပါတယ်..ဒါပေမဲ့ ငါက တစ်ချိန်တုန်းက ပြိုက်ဘက် တွေ အကုန်လံူးကို အနိုင်ယူလာခဲ့တဲ့ လူတစ်ယောက်ပဲ.."

"တော်လောက်ပြီး..ခင်ဗျားတို့ကို ကြည့်ရတာ..ကျုပ်သာ မပြဘူးဆိုရင် ကျုပ်ဘယ်လောက် စွမ်းဆောင် နိုင်လဲ သိမယ့်ပုံမပေါ်ဘူး..။ဒါက ဘာလဲ ဆိုတာ သိကြလား.."

လင်းဖန် တစ်ခုခုကို ယူပြီး စားပွဲပေါ် တင်လိုက်တယ်..။ဒါက အလှဆင်တဲ့ နေရာမှာ အသုံးပြူတဲ့ သတ္တုလုံးတစ်လုံးပါ..။ဒါက ပန်းသီး တစ်လုံးစာလောက် ရှိပါတယ်..။

"သတ္ထုလုံးတစ်လုံးလေ.."

လူလိမ် ထျန် ပြန်ဖြေလိုက်တာပါ..။

"အနီးကပ် ကြည့်ထား.."

လင်းဖန် လက်ကို မြောက်လိုက်ပြီး ခွန်အား

အသင့်အတင့်နဲ့ ရိုက်ချလိုက်တဲ့ အချိန်မှာ..အံ့ဩသင့်စရာ ဖြစ်သွားခဲ့ပါတယ်..။လက်ငါး​ချောင်း ရာကြီး သတ္ထုလံူးပေါ်မှာ ပေါ်လာခဲ့တယ်..။

"စောက်ကျိူးနဲ.."

လူလိမ် ထျတ် ကြောက်လန့် သွားခဲ့တယ်..။သူ့ရဲ့ အကြည့်တွေက အံ့ဩသင့်ပြီး ထိပ်လန့်နေခဲ့ပါတယ်..။သူ လင်းဖန်ကို သရဲ တစ်ကောင်လို ကြည့်နေခဲ့တယ်..။သူ မြင်နေရတာကိုတောင် မယုံကြည်နိုင်တော့ပါဘူး..။

ခနအကြာမှာ သူ အမြန်သွားလိုက်ပြီး သတ္ထုလုံးကို ကောက်ယူလိုက်တယ်..။သူ အားအပြည့်နဲ့ ဖိကြည့်လိုက်ပြီး..

"ချီးပဲ..မင်းဘယ်လို လုပ်လိုက်တာလဲ..။လူတစ်ယောက်က ဒါမျိုး ဘယ်လို လုပ်နိုင်မှာလဲ..."

လင်းဖန် အတော်ကို ဂုဏ်ယူနေခဲ့တယ်..။

"ဘယ်လိုလဲ..။ခင်ဗျား လုပ်နိုင်ရဲ့လား.."

လူလိမ် ထျန် လင်းဖန်ကို ကြည့်လိုက်တယ်..။

"မင်းက..လူရော ဟုတ်ရဲ့လား.."

လင်းဖန် ရယ်မောလိုက်တယ်..။

"ခင်ဗျား ဘာတွေ ပြောနေတာလဲ..။ဒါပေါ့..ကျုပ်က လူသား တစ်ယောက်ပေါ့..။ကျုပ်ပြောပြမယ်..ကျုပ်က လူသားတော့ လူသားပဲ ဒါပေမဲ့ စူပါမန်း..။ဒါကို မသိကြဘူးလား..။ဒါကြောင့် အကုန် စိတ်အေးအေးထား..။ဒီလို ကျွမ်းကျင်မူနဲ့ ဆိုရင် ဘယ်သူမှ ကျုပ်ကို ..နာကျင်အောင် လုပ်နိုင်မှာ မဟုတ်ဘူး..။ဒါကြောင့် စိတ်ကို အေးဆေးထားကြ.."

အဲ့အချိန်မှာတော့ လူလိမ် ထျန် တင်မက ..ဝူယူလန် နဲ့ ကျန်တဲ့လူတွေပါ ဘာ​ပြောရမလဲ မသိကြတော့ပါဘူး..။

သူတို့ ဒီလို အရာမျိုးကို အရင်က မမြင်ဖူးကြပေ..။သူက လက်ချောင်းလေးနဲ့တင် သတ္ထုလုံးကို အရာထင်အောင် လုပ်ပြသွားခဲ့တာပါ..။သူတို့ မျက်လုံးနဲ့ မြင်ရတာသာ မဟုတ်ရင် ယုံကြည်နိုင်မှာ တောင် မဟုတ်ပေ..။

"ဒါက အဓိပ္ပါယ် မရှိတာ..."

လူလိမ် ထျန် သတ္ထုပြားကို ကိုင်ထားခဲ့တယ်..။သူ သေချာကြည့်နေပေမယ့် ဘာလှည့်စားမူကိုမှ မတွေ့ရပါဘူး..။လူတစ်ယောက်ရဲ့ လက်က ဘယ်လိုဖြစ်ပြီး.. ဒီလိုအရာကို လုပ်နိုင်မှာလဲ..။ဒါက မှော်ပညာ မဟုတ်ဘူးလား..။

သူကိုယ်တိုင်က ကိုယ်ခံပညာကို လေ့ကျင့်လာတာ ကြာပြီ ဖြစ်တာကြောင့်..သစ်သားတွေ အနည်းငယ်ကို ရိုက်ချိုးပြဖို့ ဆိုတာက ပြသနာ မဟုတ်ပါဘူး..။သိူ့ပေမယ့်..သတ္ထုလုံးကို အခုလိုလုပ်ပြဖို့ ဆိုတာကတော့ မဖြစ်နိုင်ပေ..။

လင်းဖန် လက်ခုပ်တီးလိုက်တယ်..။သူ ချင်ကျိုးကို သွားဖို့ လုံးဝ ဆုံးဖြတ်ပြီးသွားပါပြီ..။သူ မာချင်ကျိုးဆီကို သွားပြီး..ဝမ်မင်ယန် အတွက် အကြွေးပြန်တောင်းပေးရမှာပါ..။

"အိုကေ..ဆက်လုပ်လိုက်ရအောင်..။ကျုပ် ဝိုက်ဘိုအကောင့်ကို ကြည့်ရဦးမယ်..။ဒီ မာချင်ကျိုးက တကယ် ဆိုးရွားတဲ့လူတစ်ယောက်ပဲ..။ကျုပ် သူ့အကြောင်းကို အရင်ဆုံး သိထားဖို့ လိူတယ်.."

လူတိုင်း ခေါင်းခါယမ်းလိုက်ကြတယ်..။လင်းဖန် ဘာလို့ ဒီလောက် အားကျိုးမာန်တက် လုပ်နေတာလဲ..သူတို့ နားမသိတော့ပါဘူး..။သူတို့ တကယ် နားမလည်နိုင်တော့ပေ..။

နန်ရှမ်း ဂေဟာတွင်..။

သူ ချင်ကျိူးကို သွားမှာ ဆိုပေမယ့်လည်း သူ့ရဲ့ နေ့စဥ္ လုပ်ဆောင် ရမယ့် အရာတွေကတော့ ပြောင်းလဲမှာ မဟုတ်ပါဘူး..။နန်းရှမ်း ဂေဟာက အမြဲတမ်း သူ့ရဲ့ စိတ်ထဲမှာ ရှိပါတယ်..။

သူ နန်ရှမ်း ဂေဟာကို ရောက်တဲ့ အချိန်မှာ ကျိုးမင်ချင်းက ရောက်နှင့်နေခဲ့ပါပြီ..။သူ စာအုပ်တွေ အများကြီး ဝယ်လာခဲ့တယ်..။ဒါက ကလေးတွေ ဖတ်ဖို့ ကာတွန်းရုပ်ပြတွေနဲ့ ဆေးပညာ အူကါတွေပါ..။

တကယ်လို့ သူတို့ကိုသာ လူကြီးတွေ ဖတ်တဲ့ ဆေးပညာ စာအုပ်တွေ ဖတ်ခိုင်းရင် ပျင်းရိသွားကြပါလိမ့်မယ်..။

"ဆရာ..ကလေးတွေက စာအုပ်ဖတ်ရတာကို တကယ် ကြိုက်ကြတယ်.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

"ကောင်းတယိ..မဆိုးဘူး.။ဒီလို စိတ်ဝင်စားမူ တွေက ငယ်ရွယ်တဲ့ အချိန်ကတည်းက..ပျိူးထောင်ပေးထားသင့်တာ..။သူတို့ ဒီီလို စာအုပ်တွေ များများ ဖတ်ကြပါ​ေစ.."

"ဆရာ..ကျွန်တော် ဝိုက်ဘိုက ပိုစ်တွေကို တွေ့သေးတယ်..။အဆင်ပြေရဲ့လား.."

ကျိုးမင်ချင်း စိုးရိမ်စွာ မေးလိုက်တာပါ..။

"ဘာများ ဖြစ်နိင်မှာ မို့လို့လဲ..။ဒီအကြောင်းကို မပြောပဲနေကြရအောင်..။ကလေးတွေ ပုံဆွဲတာ ဘယ်လို ရှိလဲ သွားကြည့်ကြမယ်..။ဒီကလေးတွေ ဘယ်လောကိတောင် တိုးတက်နေပြီ လဲ မသိဘူး.."

သိပ်မကြာခင်မှာပဲ..တရုတ်အနုပညာ သင်တန်းကို စတင်လိုက်ကြတယ်..။

ဒီသင်းတန်ကိုပဲ လတ်တလော ကလေးတွေက စိတ်ဝင်စားနေကြတာပါ..။

လီဖက်တီးက တစ်ခြားကလေးတွေထက် ဥာဏ်ကောင်းစေသော ဆေးလုံးကို ပိုသောက်ထားတာကြောင့် သူက ဥာဏ်ပိုကောင်းပါတယ်..။

တရုတ် အနုပညာက ကြိုးစားမူက အဓိက ဆိုပေမယ့် ကျွမ်းကျင်မူ အချို့လည်း လိုအပ်ပါသေးတယ်..။

အခုနောက်ပိုင်း ကလေတွေက ဥာဏ်ပိုကောင်းလာတော့ လိုအပ်တဲ့ ကျွမ်းကျင်မူတွေကို ပိုမို ဖန်တီး နိုင်လာခဲ့ကြပါတယ်..။တကယ်လို့ သူတို့ရဲ့ လက်ကလေးတွေသာ သေးမနေပဲ..စုတ်တံကို ပိုပြီး ထိန်းချုပ်နိုင်ရင်..အံ့ဩစရာ ပန်ချီကားချပ်တွေ ထွက်လာမှာပါ..။

လင်းဖန် အခန်းထဲမှာ လမ်းလျောက်နေခဲ့တယ်..။သူ ဆက်တိုက် ခေါင်းညိမ့်နေရာကနေ မရပ်တော့ပါဘူး..။

"မဆိုးဘူး မဆိုးဘူး..။မင်းဆွဲထားတဲ့ ပုံက တကယ်ကောင်းမွန်တယ်..."

"ကျေးဇူးပါ အန်ကယ်လင်း.."

ကလေးတွေရဲ့ လက်ရာက ပိုပိုပြီး ကောင်းမွန်လာခဲ့တာပါ..။အရင်ကနဲ့စာရင် အတော်ကို ပြောင်းလဲလာခဲ့ကြပါ့ပြီ..။

သို့ပေမယ့် လင်းဖန် အတွက် တစ်ခုတည်းသော ခေါင်းကိုက်စေတဲ့ အရာက..လက်ပြတ် ခြေပြတ်နေတဲ့ ကလေးတွေ ပြန်ပြီး ကောင်းမွန်လာကြဖို့ပါ..။

သို့ပေမယ့် လက်ရှိသူ့ရဲ့ အခြေအနေ နဲ့ ဆိုရင် ဒါက တော်တော်လေး ကို ခက်ခဲမှာပါ..။

ခြေတု လက်တု တွေလား..။ဒါကို သုံးဖို့ဆိုတာက ကောင်းမွန်တဲ့ အကြံတော့ မဟုတ်ပါဘူး..။

စတ်ကိရိယာ နဲ့ ပြုလုပ်ထားတဲ့ လက်တွေ ခြေထောက်တွေလား..။လက်ရှိနည်းပညာ နဲ့ ဆိုရင် ဒါက လည်း မဖြစ်နိုင်ပါဘူး..။

မေ့လိုက်တော့..။ဒီအကြောင်းကို အခု မတွေးသေးတာ မကောင်းဆုံးပဲ..။

လီဖက်တီး သူ့ပန်ချီးကားကို ယူပြီးလျောက်လာခဲ့တယ်..။

"အန်ကယ်လင်း..သားဆွဲထားတာကို ကြည့်ပါဦး..။မိုက်တယ် မလား..."

လင်းဖန် အချိန်အတော်ကြာအောင် ကြည့်ရူပြီး အံ့ဩနေခဲ့တယ်..။

"ဝိုး..လီဖက်တီး..ဒါက အံ့ဩစရာပဲ..။မင်းတောင် တောင်တန်းတွေ..ရေ တွေ ရဲ့ ပုံတွေကိုဆွဲတတ်လာပြီပဲ.."

လီဖက်တီး သူ့ကိုသူ ဂုဏ်ယူနေခဲ့တယ်..။

"သား ဒါကို စာအုပ်ထဲမှာ မြင်ဖူးတော့ မှတ်ထားတာလေ..။အဲဒါကို ပြန်ဆွဲထားတာ..."

တကယ်လို့ တစ်ခြား တစ်ယောက်ယောက်သာ ဒါကို သိရင် သူတို့လည်း အံ့ဩသွားကြမှာပါပဲ..။ဒါက မယုံနိုင်စရာပါပဲ...။ဘယ်လိုဖြစ်ပြီး ကလေးတစ်ယောက်က..ဒီလောက်အထိ ဥာဏ်ကောင်းနိုင်ရတာလဲ..။

သို့ပေမယ့် လင်းဖန်ကတော့ သိထားပါတယ်..။ဒါက ဥာဏ်ကောင်းစေသော ဆေးလုံးရဲ့ အကျိုးသက်ရောက်မူတွေ ပါပဲ..။ဒါက တစ်စုံတစ်ယောက် ရဲ့ မှတ်ဥာဏ်ကို တိုးတက်စေနိုင်ပြီး..လီဖက်တီးကို ဓာတ်ပုံရိုက်ထားသလို ဥာဏ်ရည် ထက်မြက်လာစေခဲ့တာပါ..။

တစ်ခါတစ်လေ မှာ လင်းဖန် သူ ဂျီးနီးယပ် တွေ အများကြီးကို ပျိုးထောင်ပေးနေပါလားလို့ တွေ့မိပါတယ်..။

ဒါကို တွေ့ယုံနဲ့တင် သူ စိတ်လှုပ်ရှားလာခဲ့တာပါ..။

သူ ကလေးတွေ ဆီကနေ လည်း စွယ်စုံအမှတ်တွေ ရပြီးသွားပါပြီ..။တရုတ် အနုပညာက သူ့ကို စွယ်စုံအမှတ်တွေ အများကြီး ထပ်မပေးနိုင်တော့ပါဘူး..။သိုပေမယ့် သူ့ရဲ့ အဓိက ရည်မှန်းချက်က ကလေးတွေ ပိုပြီး ထူးချွန်လာကြဖို့ပါ..။

All Chapters