ကျားပါးစပ်ထဲကို ဝင်သွားတဲ့ဆိတ်ကလေး...
Vol. 42 Ch. 623
#ဘာသာပြန် = စနိုးဝှိုက်
နောက်တစ်ရက်..။
လင်းဖန် တိမ်ဖြူလမ်းရဲ့ ဆိုင်ပေါက်ဝကို ရောက်တဲ့ အချိန်မှာပဲ..မထင်မှတ်ထားပဲ သတင်းထောက်တွေရဲ့ဝန်းရံမူကို ခွလိုက်ရပါတယ်..။
"ဟင်..ဒါက ထူးဆန်းတယ်..။သတင်းထောက်တွေက ဘာလာလုပ်ကြတာလဲ.."
လင်းဖန် သံသယဖြစ်သွားခဲ့ကြပါတယ်..။ဒီ သတင်းထောက်တွေ ဘာလို့ လာကြတာလဲ သူ မသိပါဘူး..။ဒါက မာချင်ကျိုးနဲ့ ကိစ္စကြောင့်များ ဖြစ်နိုင်မလား..။ဒီလိုလည်း မဖြစ်သင့်ပါဘူး..။မာချင်ကျိုးဆိုတဲ့လူက ချင်ကျိူးမှာပဲ ကျော်ကြားတာပါ..။သတင်းထောက်တွေ ဒီကို ရောက်လာတာက သူနဲ့ မဆိုင်လောက်ပေ..။
သို့ပေမယ့် သူ သိပ်ပြီး ဂရုမစိုက်ပါဘူး..။ဒီလူတွေ အနားရောက်လာရင် ဘာကိစ္စလဲ ဆိုတာကို သိရမှာပါ..။
မြို့သားတွေကတော့ သူ့ရဲ့ ဆိုင်ရှေ့မှာ တန်းစီ နေခဲ့ကြတယ်..။
"ကြည့်..သတင်းထောက်တွေ ရောက်လာကြပြန်ပြီ..။ငါတို့ရဲ့ သူဌေးလေးတော့ နောက်တစ်ကြိမ် နာမည်ကြီး ပြန်တော့မယ်.."
"သူက တကယ် အံ့ဩဖို့ ကောင်းတာပဲ..
"ဒါပေါ့..ငါတို့ ဘယ်သူ့အကြောင်းပြောနေတာ မို့လို့လဲ..။ဒါက တိမ်ဖြူလမ်းရဲ့ သူဌေးလေး ပဲလေ.."
"ဒါပေမဲ့ သူဌေးလေးက လတ်တလော ဘာမှ လုပ်ထားတာ မဟုတ်ဘူးလေ..။သတင်းထောက်တွေက ဘာလို့ လာကြတာလဲ.."
"သူဌေးလေးက ဒီမှာပဲ.."
သတင်းထောက်တွေဟာ လင်းဖန်ကို မြင်တဲ့ အချိန်မှာ မျက်လုံး အရောင်လက်သွားခဲ့ကြပါတယ်..။သူတို့ အလျင်အမြန်ပဲ လင်းဖန်ကို ဝန်းရံလိုက်ကြတယ်..။
"ချစ်လှစွာသော သတင်းထောက် တို့..ဘာအတွက် ရောက်လာကြတာလဲ.."
"မာစတာလင်း..မနေ့က ရေးတင်ထားတဲ့ ဝိုက်ဘို ပို့စ်က အမှန်ပဲလား..။ဒီ မာချင်ကျိုးက တကယ်ပဲ ဆိုးရွားတဲ့ အရာတွေကို လုပ်ခဲ့တာလား.."
သတင်းထောက်တွေက မေးလိုက်တာပါ..။
"ကျွန်တော် တို့ သိတာအရ ဆိုရင်..မာချင်ကျိုးက ချင်ကျိုးရဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်လေ..။ပြီးတော့ သူ့နာမည်က မာမူဖန်း တဲ့..။ဒါကို ဘာလို့ မာချင်ကျိုး လိူ့ခေါ်တာလဲ.."
သေချာပြီ..။
သတင်းထောက် တွေက ဒီကိစ္စကြောင့် ရောက်လာကြတာပါ..။
ကျော်ကြားရတယ် ဆိုတာကလည်း တကယ်ကို ဒုက္ခတစ်ခုပါပဲ..။သူကဝိုက်ဘိုမှာ အနည်းငယ်ကျော်ကြားတာကြောင့် သူ့ရဲ့ အပြုအမူ တွေ..စကားလံူးတွေက လူတိုင်းရဲ့ အာရုံစိူက်စရာ ဖြစ်နေခဲ့ပါတယ်..။
ဒါက ကျော်ကြားနေတဲ့ ဆယ်လီတွေလိုပါပဲ..။သူတို့ စကားနည်းနညး်ပြောလိုက်တာနဲ့တင် ရှာဖွေခံရဆုံး စာရင်းထဲ ဝင်သွားနိင်ပါတယ်..။ဒါက ကြောက်ဖို့ကောင်းတဲ့ အရာမဟုတ်ဘူးလား..။
လင်းဖန် အခုလို မာချင်ကျိူးကို ဖော်ထုတ်လိုက်တာက နည်းနည်းတော့ ကြီးမားတယ်လို့ ပြောလိူ့ရပါတယ်..။ချင်ကျိုး မှာ ရှိတဲ့ ဒီလူရဲ့ အဆင့်အတန်းကမြင့်မားတာကြောင့် သတင်းထောက်တွေလည်း ဒီလူကို ကြားဖူးကြမှာပါ..။ဒါကြောင့် သူတို့ ဒီလိုအခြေအနေကို ရှင်းရှင်းလင်းလင်း သိရအောင် သူတို့ လာမေးကြတာပါ..။ဒါက သတင်းကြီး ဖြစ်လာမလား ဆိုတာကတော့ သူတို့လည်း မသိထားသေးပါဘူး..။
လင်းဖန် ပြောလိုက်တယ်..။
"အားလံူးပဲ..မေးခွန်းရှိတယ် ဆိုရင် တစ်ယောက် ချင်းစီပဲမေးကြပါ..။ဟိုဘက်က မိန်းမလှလေး..အရင်ဆုံး စမေးလိုက်ပါလား..."
သတင်းထောက် တွေမှာက မေးခွန်းတွေ အများကြီး ရှိနေခဲ့တာပါ..။
သတင်းထောက် မိန်းမလှ လေးဟာ မေးလိုက်တယ်..။
"မာစတာလင်း ရဲ့ ဝိုက်ဘိုက ပိုစ့်အရဆိုရင် မာချင်ကျိုးက မာစတာလင်းကို ကုသပေးဖို့ လာတောင်းဆိုတယ်လို့ ပြောတယ်နော်..။သူက လူဆိုးတစ်ယောက် ဆိုတာ မာစတာလင်း ဘယ်လို သေချာသိတာလဲ.."
လင်းဖန် ပြုံးပြီး ခေါင်းညိမ့်လိုက်တယ်..။
"ဒါက မေးခွန်းကောင်းတစ်ခုပဲ..။ဒါပေမဲ့ ကျွန်တော် ဒီအဖြေကို မဖြေပေးနိုင်ဘူး ..အားလံူးပဲ ဝိုက်ဘိူက ဆွေးနွေးမူတွေကိုသာ ကြည့်ပေးကြပါ..။ခံစားကြရတဲ့ လူတွေက အမှန်တရားတွေကို အားလုံးသိအောင် ပြောထားကြပါလိမ့်မယ်.."
နောက်ထပ်သတင်းထောက်ဟာ မေးလိုက်တယ်..။
"သူ့ကို မာချင်ကျိုးလို့ ဘာလို့ခေါ်တာလဲ သိလို့ရမလား..."
လင်းဖန် ပြန်ပြောလိုက်တယ်..။
"ဒီမေးခွန်းက နည်းနည်းတော့ ရှုပ်ထွေးတယ်..။ဒါပေမဲ့ မာချင်ကျိုး ဆိုတဲ့ နာမည်ကို ရဖို့ဆိုတာက လွယ်ကူတဲ့ အလုပ်တော့မဟုတ်ဘူး..။တစ်စုံတစ်ယောက်က ချင်ကျိူးမှာ အတော်လွှမ်းမိုးနိုင်စွမ်း ရှိတဲ့ အချိန်ကြမှ သူ့ရဲ့ နာမည်မှာ ချင်ကျိုး လို့ တပ်ပြီး ခေါ်ကြတာ..."
သတင်းထောက် တစ်ယောက်ဟာ မေးလိုက်တယ်..။
"မာစတာလင်း..ဘာလို့ အင်တာနက်က စကားတွေကို ယုံကြည်ဖို့ ရွေးချယ်ခဲ့တာလဲ..။ကျွန်တော်တို့ သိတာအရဆိုရင် မာမူဖန်းက ချင်ကျိုးက စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဖြစ်ပြီး အလှူအတန်းတွေ လည်း လုပ်ကိုင်တယ်လေ..။သူက အင်တာနက် မှာ ပြောနေကြတဲ့ မကောင်းတဲ့ လူတစ်ယောက် ဖြစ်နိုင်ပါ့မလား..."
လင်းဖန် ရယ်မောပြီး လက်ဝေ့ယမ်းလိုက်တယ်..။
"ဒီကိစ္စက ဖြစ်နိုင်ပါ့မလားတို့..ဟုတ်ပါ့မလားတို့ ယုံတာ မယုံတာ တို့နဲ့ မဆိုင်ဘူး..။မကောင်းတဲ့ လူတစ်ယောက်က မင်းရဲ့ ရှေ့ကိုလာပြီးတော့ ကျွန်တော် လူကောင်းတစ်ယောက်ပါလို့လည်း ပြောနေနိုင်တာပဲလေ..။အနာဂတ်မှာတော့ ခင်ဗျားတို့ အကုန်လုံး သူလူကောင်းလာ လူဆိုလား ဆိုတာ သိကြရမှာပါ.."
သတင်းထောက် တွေဟာ မေးခွန်းတွေ ဆက်တိုက် မေးနေခဲ့ကြတယ်..။သူတို့ နောက်ဆုံး ကျေနပ်သွားတဲ့ အချိန်ကြမှ..ထွက်ခွာသွားခဲ့ကြပါတယ်..။
…
နောက်တစ်ရက် ကျော်လွန်သွားခဲ့တယ်..။
ဒီသတင်းတွေက အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်..။လူတွေ အများကြီးက ဒီသတင်းတွေကို မြင်ပြီး ရှုပ်ထွေးကြရပါတယ်..။တစ်ချို့လူ တော်တော်များများက မာချင်ကျိုး ဘယ်သူလဲ ဆိုတာတောင် မသိကြပါဘူး..။
ချင်ကျိုးတွင်..။
"သူ ဘာလုပ်ချင်နေတာလဲ.."
မာချင်ကျိုး ဒေါသတွေ လောင်မြိုက်နေခဲ့တယ်..။သူ တကယ်ကို မယုံကြည်နိုင်တော့ပါဘူး..။ဒီကောင်က သတင်းထောက်တွေနဲ့တောင် သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာပါ..။
"ချင်ကျိုးက အနိုင်ကျင့်တဲ့ မာချင်ကျိုး.."
မာချင်ကျိူး ဒီလို သတင်းခေါင်းစဥ္ တွေကို မြင်ရင် သွေးတက်ရပါတယ်..။ဘယ် သတင်းစာ ကုမ္ပဏီက ဒိီသတင်းကို ရေးထားတာလဲ..။သူတို့ သေချင်နေတာလား..။
ချင်ကျိုးမှာ ဆိုရင် မာချင်ကျိူးကို ဘယ်သူမှ ဒါမျိုး မလုပ်ရဲပါဘူး..။သို့ပေမယ့် သတင်းတွေ တက်လာတဲ့ အချိန်မှာ အကုန်လုံးကို အံ့ဩသင့်စေခဲ့တယ်..။
သာမန်လူတွေက မာချင်ကျိူးကို ဒါမျိုး လာရှုပ်လို့မရပေ..။ချင်ကျိုးမှာ မာချင်ကျိုး ဘယ်လောက် သန်မာလဲ ဆိုတာကို လူတိုင်းသိထားကြပါတယ်..။
အရင်က မာချင်ကျိုး ရဲ့ အနိုင်ကျင့်မူကို ခံစားရတဲ့ မြို့သားတွေဟာ ပျော်ရွှင်နေခဲ့ကြတယ်..။နောက်ဆုံးတော့ .အတုန့်အလှည့်ပြန်ရောက်လာပြီ လို့ သူတို့ခံစားနေကြရပါတယ်..။
သို့ပေမယ့် သိပ်မကြာခင်မှာပဲ..အင်တာနက်ပေါ်က သတင်းတွေ အကုန်လုံး ရုတ်တရက် ပျောက်သွားခဲ့ကြတယ်..။ဒီသတင်းတွေက နဂိုကတည်းက မရှိခဲ့ကြတဲ့ အတိုင်းပါပဲ..။
ချင်ကျိုးရှိ တွေ့ဆုံသည့်နေရာတစ်ခုတွင်..။
ချမ်းသာတဲ့ သူဌေးသား တစ်စုဟာ အတူတကွဟထိုင်နေခဲ့ကြတယ်..။
"ကောင်လေးတို့..ကြည့်လိုက်ဦး..။ဂေါ့ဖားသား မာ ကို တစ်ယောက်ယောက်က တိုက်ခိုက်ထားတယ်.."
"ဘာလို့ အဲလိုပြောတာလဲ.."
"အင်တာနက်ကို ကြည့်လိုက်..လူတစ်ယောက်က
ဂေါ့ဖားသား မာ နဲ့ လာရှုပ်ထားတာ..။သူက ရှန်ဟိုင်းက မာစတာလင်း ဆိုလားပဲ..။သူက တကယ် သတ္တိကောင်းတာပဲ.."
"အိုး သတင်းတွေ မရှိတော့ဘူး..။ကြည့်ရတာ ဂေါ့ဖားသား မာ အကွက်ရွေ့လိုက်တယ် ထင်တယ်..။ဂေါ့ဖားသား မာ ..ကို လာရှုပ်ရဲတဲ့ ကောင် ရှိမယ်လို့ မထင်ထားဘူး..။ဒါကို ငါတို့ မလောင်းသင့်ဘူးလား.."
"မင်းက ဘယ်လို လုပ်ချင်လို့လဲ.."
"ဒီငနဲ ..ဂေါ့ဖားသား မာ ရှေ့မှာ ဒူးထောက်ဖို့ ဘယ်လောက်ကြာမလဲ ဆိုတာကို လောင်းကြရအောင်..။ငါ ..တစ်ရက် လောင်းမယ်.."
"ငါကတော့ နှစ်ရက်လောက် ကြာမယ်လို့ ထင်တယ်.."
…
သူတို့ အကုန်လုံး လောင်းလိုက်ကြတယ်..။ချင်ကျိုးမှာတော့ ဂေါ့ဖားသား မာ ဘယ်သူလဲဆိုတာ မသိတဲ့လူ မရှိပါဘူး..။သူတို့တောင်မှ..ဂေါ့ဖားသား မာ ရဲ့ ရှေ့မှာ..ဘဝင်သွားမြင့်လို့ မရကြပေ..။
တစ်ချို့ မိသားစုတွေ ဆိုရင် ဒေါ်လာကို မီလီယံ နဲ့ချီပြီး ချမ်းသာကြပါတယ်..။တစ်ချို့ဆိုရင် ဒေါ်လာ ၁၀၀ မီလီယံ လောက်အထိကို ချမ်းသာ ကြတာပါ..။သို့ပေမယ့်လည်း သူတို့ ဂေါ့ဖားသား မာ ရှေ့မှာ စကားပြောဖို့ အဆင့်မမှီကြသေးပါဘူး.။
အဲ့အချိန်မှာပဲ..စျေးကြီးတဲ့ ထိုင်ခုံတစ်ခုမှာ ထိုင်နေတဲ့ လူငယ်လေး တစ်ယောက်ဟာ အထင်သေးစွာ ပြောလိုက်တယ်..။
"မာမူ ဖန်းကို ကိစ္စတိုင်းကို ဖိနိုပ်ညှင်းဆဲပြီး ကိုင်တွယ်တတ်တယ်..။ငါတို့ အခုက ဘယ်ခေတ်ကြီးမှာ နေနေတာလဲ..။ငါတို့အပေါ်ကို သူ့ စိတ်တိုင်းကျ ဖိနိပ်လို့ ရလိမ့်မယ်လို့ သူတကယ် ထင်နေတာလား..။ဒီလို ကိစ္စဆိုတာက ကျိန်းသေ ဖြစ်လာမှာပဲ..။လူတစ်ချို့က သူ့နေရာကို အစားထိုးဖို့ ကြိုးစားချင်နေကြပြီး..အခွင့်အရေးကို စောင့်နေကြတယ်လို့ ငါသတင်းရထားတယ်.."
"အခု..တစ်ခုခု ဖြစ်လာပြီး အင်တာနက် ပေါ်အထိ ရောက်သွားပြီ ဆိုတော့ ဘာတွေ ဆက်ဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့.."
ကျန်တဲ့ လူတွေဟာ ခေါင်းခါယမ်းလိုက်ကြတယ်..။
"သူ ဒီလောက်နဲ့ ပြိုလဲ သွားနိုင်မလား ဆိုတာ တွေးနေစရာတောင် မလိုဘူး..။ဂေါ့ဖားသား မာ ရဲ့ နောက်ခံကို လူတိုင်းလဲ သိထားကြတာပဲ..။ပိုဆိုးတာက သူ့ကို ထောက်ပံ့ပေးနေတဲ့ လူတွေ အများကြီး ရှိနေတာပဲ..။ဒါက ထင်သလောက် လွယ်ကူမှာ မဟုတ်ဘူး.."
"ငါလည်း အဲလို တွေးမိတယ်..။ဒါပေမဲ့ မာချင်ကျိူးရဲ့ လက်ရှိအခြေအနေက သိပ်ပြီး ကောင်းတာ မဟုတ်ဘူးနော်..။သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်းတွေက စပြီး အားနည်းလာပြီ..။ချန်းရှီ က ဟောင် မိသားစု နဲ့.ချင်းယန် စီရင်စုက ရီ မိသားစု တို့ကလည်း ခွဲထွက်ဖို့ ကြိုးစားနေကြတယ်..။ဂေါ့ဖားသား မာ က သူတို့ကို ရပ်တန့်ဖို့ အခုထိ ဘာမှ မလုပ်နိုင်သေးဘူး.."
"တော်လောက်ပြီ ဒီအကြောင်းကို ဆက်မပြောကြရအောင်..။ဒါက ငါတို့နဲ့ ဘာမှ ဆိုင်တာမှ မဟုတ်တာ.."
"ဟုတ်တယ် ဟုတ်တယ်..ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် ဘယ်အချိန်ဖြစ်ဖြစ် ဘယ်သူကမှ ဂေါ့ဖားသား မာ နဲ့ ထိပ်တိုက် မတွေ့ချင်ကြဘူး..။ဒီ ရှန်ဟိုင်းက လူက အတော်လူက အတော် အံ့ဩဖို့ ကောင်းတာပဲ..။လတ်တလော အင်တာနက်ပေါ်မှာက ဒီလို ကစားပွဲတွေ များလာပြီ..။လူထုရဲ့ အာရုံစိုက်မူကို ခံနေရရင် သိပ်မလွယ်ကူဘူး..။ဥပမာ လိန် မိသားစုက လိန်ဟောင် ကိုပဲကြည့်..။ဒါက မိ်န်းကလေး ကြောင့်ဖြစ်လာတာပဲ..။သူ ကြိုက်နေတဲ့ ကောင်မလေး ရဲ့ ရည်းစားကို နေ့ဘက်ကြီးမှာ သွားသတ်လိုက်တာလေ..။ဒါကို ဖြတ်သွားဖြတ်လာ လူတစ်ယောက်က တွေ့ပြီး အင်တာနက်ပေါ်တက်လိုက်တာ လူတွေ အများကြီးရဲ့ အာရုံစိုက်တာ ခံရတော့ နောက်ဆုံးဘာဖြစ်သွားလဲ..။အင်အာကြီးတဲ့ မိသားစုက ဖြစ်နေတာတောငိ..အရင်မျိုးဆက်လူကြီးတွေက ကာကွယ် မပေးချင်ကြဘူး..။သူ ရွေးချယ်စရာ မရှိပဲ ထောင်ကျသွားရတာပဲ..."
"ဟားဟား. မင်းမသိတဲ့ အရာလည်း ရှိနေတဲ့ပုံပဲ..။သူက ထောင် ၁၀ နှစ်ကျခံခဲ့ရတယ်..။ဒါပေမဲ့ သူက ထောင်ထဲမှာ အေးဆေးပဲ သက်သောင့်သက်သာ နေနေရတယ်လေ..သူ့ကို မကြာခင်လွှတ်ပေးပြီး နိုင်ငံခြားမှာ နေခိုင်းတော့မှာ..."
"ဒါက မဖြစ်နိုင်တာ..."
"မဖြစ်နိုင်ဘူးဆိုတာ ဘာပြောတာလဲ..။ဒါက ချင်ကျိူးမှာ ဖြစ်နေကြ ကိစ္စတွေပဲလေ.."
"#$%&.."
တစ်ယောက်ဟာ ရုတ်တရက် အော်ဟစ်လိုကိတာကြောက်ဘ ဘေးနားက လူတွေဟာ လန့်ဖြန့်သွားခဲ့တယ်..။
"မင်း ဘာထဖြစ်တာလဲ.."
"ဝိုက်ဘိုကို တစ်ချက်ကြည့်လိုက်..။အဲဒီ မာစတာ လင်းက ချင်ကျိူးကို လာမယ်လို့ ပြောနေတယ်..။ဒါက သူ သေချင်နေပါတယ်လို့ ပြောနေတာ မဟုတ်ဘူးလား.."
အကုန်လုံး အံ့ဩသင့်သွားခဲ့တယ်..။သူတို့ အကုန်လံူး ဝိုက်ဘိုကို ဖွင့်ကြည့်လိုက်ကြပါတယ်..။
လင်းဖန် : ချင်ကျိူးရေ..စောင့်နေတော့..ငါလာပြီ..။
အကုန်လံူး ဆွံ့အသွားခဲ့ကြတယ်.။
"သူက ကျား ပါးစပ်ထဲကို ပျော်ပျော်ကြီး ဝင်သွားတဲ့ ဆိတ်လို ဖြစ်မနေဘူးလား.."