ပွင့်ထွက်လာတဲ့ ဆိုးယုတ်တဲ့အကြံအစည်များ..
Vol. 42 Ch. 624
#ဘာသာပြန် = စနိုးဝှိုက်
လင်းဖန် ချင်ကျိုးကို လာနေပြီ ဆိုတဲ့ သတင်းဟာ ချင်ကျိုးတစ်ခုလုံးကို ချက်ချင်းပျံ့နှံ့သွားခဲ့တယ်..။ဒီကိစ္စကို သေချာစောင့်ကြည့်နေကြတဲ့ လူတွေ အကုန်လုံး..စိုးရိမ်ထိပ်လန့်သွားခဲ့ကြပါတယ်..။ဒီငနဲက စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမူ ရှိနေလား သူတို့ မပြောတတ်တော့ပါဘူး..။ပထမ သူ ဝိုက်ဘိုပေါ်မှာ မာချင်ကျိုးကို ကျိန်ဆဲပြီး..အခုတော့..သူ ချင်ကျိုးကို လာနေပြီ ဆိုတာ အကုန်သိအောင် ကြေညာနေခဲ့ပါတယ်..။
ကိုယ့်ကိုကို သတ်သေချင်တဲ့ သဘောလား...
ချင်ကျိုး..။
လီရန် အခန်းထဲကို လျင်မြန်စွာ ဝင်သွားခဲ့တယ်..။
"ဂေါ့ဖားသား မာ..ဒီခွေးသားက သူ ချင်ကျိုးကို လာနေပြီ ဆိုပြီး ဝိုက်ဘိုမှာ ကြေညာထားတယ်.."
မာချင်ကျိုးက အစောကြီးကတည်းက လင်းဖန်ကို တစ်စစီ ဆွဲဆုတ် ချင်နေခဲ့တာပါ..။အခု ဒီကောင်က ကိုယ်ခြေထောက်နဲ့ကို ချင်ကျိုးကို လာတယ်လို့ ကြားလိုက်တဲ့ အချိန်မှာ..သဘောကျစွာ ရယ်မောလိုက်တယ်..။
"သူ ချင်ကျိူးကနေ ေအးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ထွက်သွားနိုင်မလား ဆိုတာ ငါကြည့်ချင်သေးတယ်..။လေဆိပ်ကို အခု အကြောင်းကြားပြီး သေချာ အာရုံစိုက်ခိုင်းထားလိုက်..။အဲ့ခွေးသား ပေါ်လာတာနဲ့ ငါ့ကို ချက်ချင်း အကြောင်းကြား ခိုင်း.."
"သိပါပြီ."
လီရန် ခေါင်းညိမ့်လိုက်ပါတယ်..။
ဂေါ့ဖားသား မာက ချင်ကျိုးမှာ လွှမ်းမိုးနိုင်စွမ်း ရှိတဲ့ လူတစ်ယောက်ပါ..။သူ လေဆိပ်ကနေ အချက်အလက် သိချင်တာလောက်ကတော့ ဘာပြသနာမှ မရှိပါဘူး..။
ရှန်ဟိုင်း.။
လေဆိပ်တွင်..။
ချင်ကျိုးက ရှန်ဟိုင်း နဲ့ အနည်းငယ်တော့ ဝေးပါတယ်..။သူ လေယာဥ္နဲ့ သွားတယ် ဆိုရင်တောင် အနည်းဆုံး ၃ နာရီလောက် စီးရမှာပါ..။
*ကလင် ကလင်*
ဖုန်းကော တစ်ခု ဝင်လာခဲ့တယ်..။
အကြီးအကဲ ချင် ဆီက ဖုန်းကောပါ..။ဒီလူ ဘာလိုချင်တာလဲ ဆိုတာ လင်းဖန် မသိပါဘူး..။သူတို့နှစ်ယောက်ကြားမှာ ဒီလောက်ရင်းနှီးတဲ့ ဆက်ဆံရေး မရှိပေ..။
လင်းဖန် ဖုန်းကိုကိုင်လိုက်တယ်..။
"အကြီးအကဲ ချင်..ကိစ္စတစ်ခုခု ရှိလို့လား..။တစ်ခုခု ဖြစ်သွားလို့လား..."
အကြီးအကဲ ချင် ပြန်ပြောလိုက်တယ်..။
"မာစတာလင်း.ချင်ကျိုးကို သွားတယ်လို့ ကြားလို့ပါ..။ဝိုက်ဘိုမှာ ပိုစ့်တင်ထားတုန်းက မာချင်ကျိုးနဲ့ ပြသနာ ဖြစ်နေတယ်ဆို..။အဲကို သွားတာက မလုံခြုံမှာကို စိုးရိမ်မိတယ်.."
"စိုးရိမ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ် အကြီးအကဲ ချင်..။ဒါပေမဲ့ ဘာအမှားအယွင်းမှတော့ မရှိလောက်ပါဘူး..။သူ ကျွန်တော်ကို ဘာမှ လုပ်နိုင်မယ်လို့တော့ မထင်ဘူး.."
အကြီးအကဲ ချင် သူ့ကို စိတ်ပူပေးလိမ့်မယ်လို့ လင်းဖန် တကယ် မထင်ထားခဲ့ပေ..။ဒါက တကယ် မယုံနိုင်စရာပါပဲ..။
သူက ငါ ...ဂျီးနီးယပ် တစ်ယောက် မှန်းသိလို့..ငါနဲ့ ဆက်ဆံရေး ကောင်းတွေ တည်ဆောက်ချင်နေတာလား...
"မာစတာလင်း..ကျွန်တော် တို့ ရဲဌာနအနေနဲ့လည်း ဒီမာမူဖန်းကို တော်တော်များများ နားလည်ထားပါတယ်..။သူက ချင်ကျိုးမှာဆိုရင် တကယ် လွှမ်းမိုးနိုင်စွမ်း ရှိတယ်..။တကယ်လို့ မာစတာလင်း..အဲ့ကို သွားမယ် ဆိုရင် အတော် အန္တရာယ် များမှာ ကြောက်ရွံ့မိတယ်..။ကျွန်တော် ချင်ကျိုး ရဲဌာနက ခေါင်းဆောင် တစ်ယောက်ရဲ့ ဖုန်းနံပါတ်ကို ပေးဘိုက်မယ်..။ကျုပ်တို့က တစ်ချိန်တုန်းက ကွန်မန်ဒါ အတူတူ ဖြစ်ခဲ့တာ..။မာစတာလင်း..အန္တရာယ် တစ်ခုခု နဲ့တွေ့ပြီ ဆိုရင် သူ့ကို ဖုန်းဆက်လိုက်ပေါ့.."
လင်းဖန် ရယ်မောလိုက်ပြီး..
"ကောင်းပြီလေ..စိတ်ပူပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ ချင်..။အေးဆေးပါ..ကျွန်တော် လုပ်နေတာကို ကျွန်တော် သိပါတယ်.."
သူတို့ နှစ်ယောက် ဖုန်းမချခင်အထိ စကားတွေ ပြောနေခဲ့ကြပါတယ်..။အကြီးအကဲ ချင် သူ့အပေါ် စိတ်ပူတာကို လင်းဖန် အခုထိ မယုံကြည်နိုင်သေးပါဘူး..။သိပ်မကြာခင်မှာပဲ..သူ မက်ဆေ့တစ်စောင် ရလိုက်တယ်..။
ဒါက ချန်းချန်ပင်း ရဲ့ ဖုန်းနံပါတ်ပါ..။
သူ ချင်ကျိူး ကိုသွားတဲ့ ခရီးမှာ လိုအပ်နိုင်တာကြောင့် လင်းဖန် မှတ်ထားလိုက်ပါတယ်..။ဒီလို ဆိုးရွားတဲ့ လူနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ ကိုယ်ခံပညာနဲ့တင် လုံလောက်တယ် ဆိုပေမယ့်လည်း ရဲအင်အားရဲ့ အကူအညီတစ်ချို့ကို လိုအပ်ပါသေးတယ်..။
အကြီးအကဲ ချင် နဲ့ စကားပြောပြီးလို့ မကြာခင်မှာပဲ ဝမ်မင်ယန် ဆီက ဖုန်းဝင်လာခဲ့တယ်..။
သူ ဖုန်းကိုင်လိုက်ပြီးပြီး ချင်းမှာပဲ..ဝမ်မင်ယန်ရဲ့ ကြောက်လန့်တကြား အော်သံကြီးကို ကြားလိုက်ရပါတယ်..။
"ချီးပဲ..မင်း ဘာလုပ်ဖို့ ကြိုးစားနေလဲ..။မင်း ဘယ်လိုလုပ်ပြီး ချင်ကျိုးကို သွားရဲသေးတာလဲ..။မင်း သေချင်နေတာလား..။မင်းအခု ဘယ်မှာလဲ အခု ချက်ချင်း ပြန်လာခဲ့.."
ဝမ်မင်ယန် ပျာယာခတ်နေခဲ့ပါပြီ..။သူ့ ညီအစ်ကိုက တကယ် သေချင်နေတာလား..။မာချင်ကျိုးကို သွားပြီး နောက်ပြောင်တာက ပျော်စရာ ကောင်းနေလို့လား..။
"ဘာတွေ အဲလောက်တောင် စိတ်ပူနေတာလဲ..။ခင်ဗျား ကျုပ်ကို မယုံဘူးလား..။ဒါက မာချင်ကျိုးလေးပဲလေ..ကျုပ်ကို ဘာလုပ်နိုင်မှာ မို့လို့လဲ.."
လင်းဖန် ဝမ်မင်ယန် ဆီက ဒီလိုမျိုး တုန့်ပြန်မူကြီး ရလိမ့်မယ်လို့ မထင်ထားမိခဲ့ပါဘူး..။
"စိတ်အေးအေးထား..ကျုပ်ဘာမှ ဖြစ်မှာ မဟုတ်ဘူး..။အခု ဖုန်းချလိုက်တော့မယ်..လေဆိပ်ရောက်ခါနီးနေပြီ.."
"ဟဲလို..ဟဲလို.."
ဝမ်မင်ယန် တစ်ခုခု ပြောဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ..ဖုန်းက ကျသွားခဲ့ပါတယ်..။
"ချီးပဲ..သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ..။ဒါက အန္တရာယ် များတယ် ဆိုတာ သူမသိဘူးလား.."
ဝမ်မင်ယန် စိတ်ပူနေခဲ့ပါပြီ..။သို့ပေမယ့် သူ့ညီအစ်ကိုက ပြောထားပြီးရင် ဖြစ်အောင် လုပ်တတ်တဲ့ လူတစ်ယောက် ဆိုတာကို သူသိထားပါတယ်..။သူက အမှန်တကယ် ဖြစ်အောင် လုပ်တတ်တဲ့ လူတစ်ယောက်ပါ..။
သို့ပေမယ့် မာချင်ကျိုးက ဘယ်လောက်အထိ ကြောက်ဖို့ ကောင်းတဲ့ လူလည်းဆိုတာ တွေးမိလိုက်တဲ့ အချိန်မှာ သူ့ ညီအစ်ကို အန္တရာယ် ဖြစ်တော့မယ်လို့ ခံစားလိုက်ရပါတယ်..။
သူ အသက်အဆုံးရှုံးဘူး ဆိုရင်တောင် ဆိုးရွားတဲ့ သင်ခန်းစာတော့ ကျိန်းသေ ပေးခံရမှာပါ..။
သို့ပေမယ့် သူ အခု ဘာလုပ်နိုင်တော့မှာလဲ..။သူက အခု ထွက်သွားပြီ ဆိုတော့..ပြောနေလို့လည်း နောက်ကျသွားခဲ့ပါပြီ..။
လေဆိပ်တွင်..။
လင်းဖန် ရယ်မောလိုက်တယ်..။ဒီလူတွေက တကယ်ကို သွေးကြောင်တဲ့ လူတွေပါ..။သူ တို့က ဒီလောက်အထိ တောင် ကြောက်ရွံ့နေကြပါတယ်..။ဒါက သူ ချင်ကျိုးကို သွားပြီး မာချင်ကျိုးနဲ့ သွားတွေ့ယုံလေးပါပဲ..။
မာချင်ကျိုးက ..ဘယ်လို မွန်းစတား တစ်ကောင်လဲ ဆိုတာ သူ တကယ် ကြည့်ချင်မိပါသေးတယ်..။
သိပ်မကြာခင်မှာပဲ အချိန်ကျလာခဲ့တယ်..။
သူ လေယာဥ္ပေါ်တက်ဖို့ ပြင်ဆင်လိုက်ပါတယ်..။
လေဆိပ်လုံခြုံရေးဟာ လင်းဖန်ကို အချိန်ခနလောက် စိုက်ကြည့်နေခဲ့တယ်..။သူ ဒီလူကို မှတ်မိဖို့ ကြိုးစားနေခဲ့တာပါ..။ရုတ်တရက် သူ့ရဲ့ အမူအရာဟာ ပျော်ရွှင်မူ အဖြစ်ကို ပြောင်းလဲသွားခဲ့ပါတယ်..။သူ့ဆီကနေ မယုံကြည်နိုင်တဲ့ အသံတစ်ချို့တောင် ထွက်လာခဲ့ပါတယိ..။
"!မာစတာလငိး.."
လင်းဖန် ပြုံးပြီး ခေါင်းညိမ့်လိုက်တယ်..။သူ တစ်ခြား လူတွေ ဆီက အချစ်ကို ရရှိပြီး..စတားတစ်ယောက်လို ဆက်ဆံ ခံရလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။
လုံခြုံးရေး ဝန်ထမ်းဟာ တီးတိုး ပြောလိုက်တယ်..။
"မာစတာလင်း..တကယ်ပဲ ချင်ကျိုးကို သွားမလို့လား.."
သူတို့ အကုန်လုံး သူ့ရဲ့ ဝိုက်ဘိုကို ဖော်လိုလုပ်ထားကြတာပါ..။မာစတာလင်းရဲ့ ဝိုက်ဘိုကို ဖော်လိုလုပ်ထားတဲ့ ဘယ်သူမဆို..ဘာတွေ ဖြစ်နေလဲ ဆိုတာကို သိထားကြပါတယ်..။
ထပ်ပြောရရင် အစမှာတော့..သူတို့ မာချင်ကျိုးက ဘယ်သူလဲ ဆိုတာ မသိထားပါဘူး..။သို့ပေမယ့် သူ တို့ အင်တာနက်မှာ ရှာကြည့်တဲ့ အချိန်မှာ ဒီမာချင်ကျိူး က အတော် ဆိုးရွားတဲ့ လူတစ်ယောက်မှန်း သိလိုက်ကြပါတယ်..။
လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..
"ဟုတ်တယ် ကျွန်တော် ချင်ကျိုးကို သွားမလို့..."
လုံခြုံရေး ဟာ သူ မာစတာလင်းနဲ့ စကားကြာကြာပြောရဖို့ အချိန်ဆွဲပြီး စစ်ဆေးနေခဲ့ပါတယ်..။သိူ့ပေမယ့် သူဘယ်လောက်ပဲ အချိန်ဆွဲဆွဲ နောက်ဆုံးတော့ ပြီးသွားတာပါပဲ..။
"ကံကောင်းပါစေ.."
လုံခြုံရေးဟာ တီးတိုးပြောလိုက်တာပါ..။
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။အဲ့အချိန်မှာ သူ့ ပုခုံးပေါ်မှာ ဝန်ထုတ်ကြီး တစ်ခု တင်ထားသလို ခံစားလိုက်ရပါတယ်..။မြို့သားတွေ ဘယ်လောက် များများ သူ ပြန်လာတာကို မျှော်နေကြမလဲ ဆိုတာ မသိပါဘူး..။
လေယာဥ္ပေါ်တွင်..။
လင်းဖန်က ဆယ်လီ တစ်ယောက် မဟုတ်ပါဘူး..။သူက ရှန်ဟိုင်းမှာ တော်တော် လူသိများတယ် ဆိုပေမယ့်..အပြင်မှာတော့ ဘယ်သူမှ သိပ်မမှတ်မိကြပေ..။တစ်ခြားလူတွေ သူ့အကြောင်းကြားဖူး ကြရင်တောင် သူ ဘယ်လို ပုံစံ ရှိလဲ ဆိုတာ သိကြမှာဘမဟုတ်ပါဘူး..။
ချင်ကျိုးတွင်..။
မာချင်ကျိုးကတော့ လင်းဖန် လေယာဥ္ပေါ်တက်လာပြီ ဆိုတဲ့ သတင်းကို ရထားပြီးပါပြီ..။
ဇိမ်ခံ လဖက်ရည်ခန်း တစ်ခုတွင်..။
မာချင်ကျိူးဟာ ထိုင်နေခဲ့ပြီး သူ့ရဲ့ ဆန့်ကျင်ဘက်မှာတော့ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက် ရှိနေခဲ့တယ်..။
"ဂေါ့ဖားသား မာ.ရှန်ဟိုင်းက နတ်ဆေးဆရာလေးက ဒီကို လာနေပြီ ဆိုတော့ ခင်ဗျားမှာ ဘာအစီစဥ္ တွေ ရှိလဲ.."
လူကြီးဟာ လဖက်ရည် တစ်ငုံသောက်ပြီး ခွက်ကို အောက်ပြန်မချခင်မှာ မေးလိုက်တာပါ..။
ဒေါသ အရိပ်အယောင် တစ်ချို့ မာချင်ကျိူးရဲ့ မျက်လုံးထဲမှာ ပေါ်လာပေမယ့် အလျင်အမြန်ပဲ ပျောက်ကွယ် သွားခဲ့တယ်..။အဲ့အစား သူ ကြောက်ဖို့ကောင်းအောင် ရယ်မောလိုက်ပြီး..
"ဒါပေါ့..သူ့ကို နွေးနွေးထွေးထွေး ကြိုဆိုရမှာပေါ့..။သူက ကျုပ်တို့ ဂုဏ်ယူရတဲ့ ဧည့်သည်တော်ပဲကို.."
"ကျုပ်လည်း သူ့ကို တွေ့ချင်မိတယ်..။ဒီလောက်အထိ ရူးသွပ်တဲ့ လူမျိုးကို တစ်ခါမှ မတွေ့ဖူးဘူး..။သူသာ ရှန်ဟိုင်းမှာ နေရင် ဘာမှ လုပ်လိူ့ရမှာ မဟုတ်ဘူး..ဒါပေမဲ့ သူကိုယ်တိုင် ရှန်ဟိုင်းကို လာခဲ့တယ်လေ..။အခုမှ မွေးလာတဲ့ နွားပေါက်လေးက ကျားကို မကြောက်သလို ဖြစ်မနေဘူးလား..။ချင်ကျိူးရဲ့ ရေအနိမ့်အမြင့်က သူ့ကို ဆွဲချသွားမလား ဆိုတာ ကျုပ်တော့ မသေချာဘူး.."
လူကြီးဟာ ပြောပြီး ရယ်ေမာလိုက်တယ်..။သို့ပေမယ့် သူ့ရဲ့ ရယ်မောနေတဲ့ အမူအရာကနေ အေးစက်တဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေခဲ့ပါတယ်..။
မာချင်ကျိုးလည်း ကြောက်ဖို့ ကောင်းအောင် လိုက်ရယ်မောလိုက်တယ်..။
"ချင်ကျိုးရဲ့ ရေက ဘယ်လောက်နက်လဲ သူမသိမှာ ကြောက်ရွံ့မိတယ်..။ဒါပေမဲ့ သူက အသုံးဝင်သေးတယ်နော်..။ကျုပ်ရောဂါ ကုသဖို့က သူ့ကို လိုအပ်သေးတယ်..။ကျုပ် ထပ်မစောင့်နိုင်တော့ဘူး.."
လူကြီးဟာ ရယ်မောလိုက်ပြီး..
"ဂေါ့ဖားသား မာ..ခင်ဗျားမှာ ဘာအစီစဥ္ ရှိလို့လဲ..။အခု သူ ချင်ကျိုးကို ရောက်လာရင် ကျုပ်တို့ အရင်ဆုံး ကောင်းကောင်းမွန်မွန် ဆကိဆံကြမယ်..။သူ့ကိုယ်သူ ဘဝင်မြင့်သွားအောင် ဖန်တီးပြီး ရောဂါကို ကုသခိုင်းကြမယ်ေလ..။ရောဂါကို ကုသလို့ ပြီးသွားရင်တော့...."
မာချင်ကျိူး ဟာ ပုံမှန်အမူအရာကနေ လူသတ်ချင်တဲ့ အရိပ်အယောင်တွေ ပေါ်လာခဲ့ပါတယ်..။
"ကျုပ်တို့ သူ့ကို ဒူးထောက်ဖို့ တွန်းအားပေးရမယ်.."
သက်လတ်ပိုင်း အရွယ် လူကြီး အံ့ဩသင့်သွားခဲ့ပါတယ်..။ဂေါ့ဖားသား မာ ရဲ့ လူသတ်ချင်စိတ် တွေက ဒီလောက်အထိ သန်မာနေလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။တစ်ချိန်တည်းမှာပဲ သူတောင် ကျောချမ်းသွားခဲ့တယ်..။သူက အမှန်တကယ်တော့ ဂေါ့ဖားသား မာ နဲ့ စနောက်နေခဲ့တာပါ..။တကယ်လို့ သူသာ ဂေါ့ဖားသား မာ ကို အပြစ်ပြုမိရင် သူ့ရဲ့ ကံတရားကလည်း ဒီငနဲ နဲ့ အတူတူပဲ ဖြစ်သွားပါလိမ့်မယ်..။
သေဆုံးရတဲ့ အကြောင်းပြချက် မရှိရင် ဘယ်သူမှ သူ့ကို မေးခွန်းထုတ်ရဲမှာ မဟုတ်ပါဘူး..။