ငါက တကယ်ကို မောက်မာတယ်
Vol. 42 Ch. 625
#ဘာသာပြန် = စနိုးဝှိုက်ယူ
ချင်ကျိုး..။
လေဆိပ်တွငိ..။
လေယာဥ္က ဆင်းသက်နေတဲ့ အချိန်မှာ လင်းဖန် ပြတင်းပေါက်ကနေ တဆင့် ပြုံးပြီး ကြည့်လိုက်ပါတယ်..။
သူ နောက်ဆုံးတော့ ချင်ကျိုးကို ရောက်လာခဲ့ပါပြီ..။
သိူ့ပေမယ့် ကောင်းကင်က အနည်းငယ် အနက်ရောင် သန်းနေတာကြောင့် ဒီမှာ..နေကြတဲ့ လူတွေဟာ ဒုက္ခတွေ ခံစားကြရမှာ အသေအချာပါပဲ..။
အမှန်တရား ကို ချစ်တဲ့ လူအနေနဲ့..လင်းဖန် သူတို့ ခံစားနေရတာကို လက်ပိုက်ကြည့်မနေနိုင်ပေ..။သူတို့ဘက်ကနေ မတ်တတ်ရပ်ပြီး..သာယာတဲ့ ပတ်ဝန်းကျင် အဖြစ်ဖန်တီးပေးရမှာပါ..။
လေယာဥ္ပေါ်ကနေ ကြေညာတဲ့ အသံထွက်ပေါ်လာခဲ့တယ်..။
"ကျွန်တော်တို့ ချင်ကျိုးကို ရောက်ရှိပါပြီ..။လှပတဲ့ ချင်ကျိုးကနေ ကြိုဆိုလိုက်ပါတယ်..။ကျွန်တော်တို့ လေကြောင်းလိူင်းကို အသုံးပြုရမှာ..ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်.."
လေဆိပ်အပြင်ဘက်တွင်..။
ဇိမ်ခံကားတစ်ချို့ဟာ ပါကင်ထိုးထားတာကြောင့် လူတွေ ရဲ့ အာရုံစိုက်မူကို ခံနေကြရပါတယ်..။ဘာပဲဖြစ်ဖြစ် ဇိမ်ခံကားတွေ အများကြီး ဖြစ်နေတာကြောင့်..အရေးကြီးတဲ့ ဧည့်သည်ကို..ကြိုဆိုဖို့ လာကြတာ ဖြစ်နိုင်ပါတယ်..။
သို့ပေနယ့် သူတို့ ကားနံပါတ်ကို မြင်တဲ့ အချိန်မှာ ကြောက်လန့်သွားခဲ့ကြတယ်..။
Qing Q00000.
ဒီကား နံပါတ်က မာချင်ကျိူးရဲ့ ကားနံပါတ်ပါ..။တစ်စုံတစ်ယောက်က ချင်ကျိုးကလူ ဖြစ်နေသ၍ ဒီကားက ဘယ်သူ့ကားလဲဆိုတာ ချက်ချင်း သိနိုင်ကြမှာပါ..။
"မာချင်ကျိုးက ဘာလို့ လေဆိပ်ကို လာတာလဲ.."
"မသိဘူးလေ..သွားမယ်.."
"သူက ဘာလို့ အဖမ်းမခံရသေးတာလဲ..။သူ့ဘဝက အခုထိ သက်သောင့်သက်သာ ဖြစ်နေတုန်းပဲ.."
"တော်လိုက်တော့..မင်းပြောနေတာကိုသာ ကြားသွားရင် မင်းတော့ အဆုံးသတ်ပြီ.."
"ဘာလဲ..။သူ ငါ့ကို သတ်နိုင်မှာကြောင့်လား..။ငါတို့ အခု ဘယ်ခေတ်မှာ နေနေတာလဲ.."
"တော်လောက်ပြီ.."
…
အနက်ရောင် ဝတ်ဆင်ထားတဲ့ လူအုပ်စုဟာ နှစ်တန်း ရပ်နေခဲ့ကြပါတယ်..။သူတို့က ဗလတောင့်ပြီး အကြောက်အလန့်ကင်းတဲ့ လူတွေချည်းပါပဲ..။
လီရန် ကားရှေ့မှာ ရပ်လိုက်ပြီး..ဂါရဝ ပြုလိုက်တယ်..။
"ဂေါ့ဖားသား မာ..သူ လေယာဥ္ပေါ်ကနေ ဆင်းလာနေပါပြီ..."
မာချင်ကျိုး ပြန်ပြောလိုက်တယ်..။
"ကောင်းပြီ.."
အဲ့အချိန်မှာပဲ အရိပ်တစ်ခုဟာ လေဆိပ်ဝင်ပေါက်ကနေ ထွက်လာခဲ့ပါတယ်..။
"ချင်ကျိုးက လေထုက ဆား အနံ့တောင် ပါဝင်နေတာပဲ.."
လင်းဖန် အသက်ကို ပြင်းပြင်းရူပြီး မှတ်ချက်ချလိုက်တာပါ..။
သူ ဒီလိုမရောက်ဖူးတဲ့ မြို့တစ်မြို့ကို ရောက်လာတာကြောင့် အနည်းငယ်တော့ ကြောက်ရွံ့မိပါတယ်..။
ရုတ်တရက် တစ်စုံတစ်ယောက်ဟာ လင်းဖန် ရဲ့ ရှေ့မှာ ပေါ်လာခဲ့တယ်..။
လင်းဖန် ကြည့်လိုက်တဲ့ အချိန်မှာတော့ ဒါက သက်လတ်ပိုင်း အရွယ်လူကြီး တစ်ယောက်ပါ..။သူက အနည်းငယ်..အရှိန်အဝါကြီးတဲ့ ပုံစံရှိပြီး ဒီလူ သူ့အပေါ်ကြည့်နေတဲ့ အကြည့်က ပုံမှန်မဟုတ်ပါဘူး..။
"ကြိုဆို ပါတယ်..ကြိုဆိုပါတယ်.."
မာချင်ကျိုး လင်းဖန်ကို ကြည့်ပြီး ပြုံးလိုက်တယ်..။
"ဘယ်လိုလဲ..နတ်ဆေးဆရာလေး..။ကျွန်တော်တို့ နွေးနွေးထွေးထွေး ကြိုဆိုတာကို ကျေနပ်ရဲ့လား.."
မာချင်ကျိုး လင်းဖန်ကို မြင်တဲ့ အချိန်မှာ နတ်ဆေးဆရာလေးက ဒီလောက်အထိ ငယ်နေလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။သို့ပေမယ့် ဒီငနဲ သူ့ကို ဝိုက်ဘိုပေါ်မှာ ကျိန်ဆဲခဲ့တာကို တွေးမိပြီး ဒေါသထွက်သွားခဲ့တယ်..။သူ ဒီငနဲရဲ့ ဘဝကို ခက်ခဲအောင် လုပ်ဖို့ တောင် တွေးနေခဲ့တာပါ..။
ဘာပဲဖြစ်ဖြစ် ချင်ကျိုးက ..သူ့ရဲ့ နယ်မြေဖြစ်တာကြောင့်..ဒီငနဲ သူ့ကို ဆန့်ကျင်ရဲလိမ့်မယ်လို့ တော့ မထင်မိပါဘူး..။
"အိုး..ခင်ဗျားက မာချင်ကျိုး..ဟုတ်တယ်မလား.."
လင်းဖန် ပြောလိုက်တယ်.။ယင်းနောက် သူ အနီးကပ် သေချာကြည့်လိုက်ပြီး..
"ခင်ဗျားကြည့်ရတာ သိပ်မဆင်မပြေပါလား..။ခင်ဗျား မကြာခင်သေရတော့မယ်လို့ ကျုပ်ထင်တယ်.."
"အိူး ဆောရီး..ကျွန်တော်ကို တည့်တည့်ပဲ ပြောတတ်လို့..။ခင်ဗျား မကြိုက်ဘူးဆိုရင်လည်း ကျုပ်ပြောတာကို နားမထောင်လို့ရပါတယ်.."
အမှန်တကယ်ပဲ လင်းဖန် ဒါကို ပြောပြီး တဲ့ နောက်မှာ မာချင်ကျိုးရဲ့ အမူအရာက ပြောင်းလဲ သွားခဲ့ပါတယ်..။သို့ပေမယ့် သူ တည်ငြိမ်စွာ ပြုံးလိုက်ပြီး..
"နတ်ဆေးဆရာလေးကတော့ တကယ်ကို ထူးခြားတာပဲ..။အကြည့်တစ်ချက်ထဲနဲ့ ကျွန်တော်ရဲ့ အခြေအနေကို ပြောနိုင်တယ်..။ကျွန်တော် မာမူဖန်းက နတ်ဆေးဆရာလေး ဘယ်တော့မှ မမေ့နိုင်အောင် ကြိုဆိုပေးမယ်လို့ ပြောထားတယ်မလား.."
လီရန် ထက်ပြောလိုက်တယ်..။
"နတ်ဆေးဆရာ လင်း..ကျွန်တော်တို့..ဂေါ့ဖားသား မာက..သဘောကောင်းတဲ့ လူတစ်ယောက်ပါ..။သူက ဘယ်ရန်ငြိုးကိုမှ လက်ကိုင် မထားတတ်ပါဘးး.။သူက နတ်ဆေးဆရာလေး လာမယ်ဆိုလို့ အကုန်လုံးကို ထူးထူးခြားခြား ဖြစ်အောင် ပြင်ဆင်ထားပေးပါတယ်..။ဒါကြောင့် နတ်ဆေးဆရာလေး ကျွန်တော်တို့ကို မျက်နှာသာ ပေးဖို့ မျှော်လင့်ပါတယ်.."
ဂေါ့ဖားသား မာ ရဲ့ ညာလက်ရုံးတစ်ယောက် အနေနဲ့ အခြေအနေတွေကို ကိုင်တွယ်တတ်ဖို့ လိုအပ်ပါတယ်..။အထူးသဖြင့် နတ်ဆေးဆရာလေးက စည်းကျော်နေတယ် ဆိုရင်တောင် မာချင်ကျိူးက အခု ချိန်မှာ အကူအညီလိုအပ်နေတဲ့ လူဖြစ်တာကြောင့် ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့ လိုအပ်ပါတယ်..။အရင်ဆုံး နတ်ဆေးဆရာလေး..မာမူဖန်း ရောဂါကို ကုသပေးဖို့က ပထမဦးစားပေးပါပဲ..။
လင်းဖန် ရယ်မောလိုက်ပြီး..
"ကျုပ် မျက်နှာသာ မပေးနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး.."
*ဟင်*
ဘေးနားက ခံစားချက်မဲ့စွာ ရပ်နေတဲ့ ဘော္ဒီဂတ်တွေဟာ ဒီစကားကိုကြားပြီး ကြောင်အသွားခဲ့ကြတယ်..။
သူတို့က ဂေါ့ဖားသား မာရဲ့ နောက်ကို လိုက်နေတာကြာပြီ ဖြစ်ပြီး မတူညီတဲ့ အခြေအနေတွေ အများကြီးကို မြင်ဖူးပါတယ်..။သိူ့ပေမယ့် ဂေါ့ဖားသား မာကို ချင်ကျိုးမှာ ဒီလိုမျိုး လေးစားမူ မရှိပဲ ပြောဆိုနေတာကို မမြင်ဖူးပါဘူး..။
သူ့ကို ရိုင်းစိုင်းတဲ့လူတွေ သွားရာလမ်းကတော့ အကုန်လုံး အတူတူတွေ ချည်းပါပဲ..။
မာချင်ကျိုး ရဲ့ မျက်နှာဟာ ပြောင်းလဲသွားပြီး လင်းဖန်ကို ကြည့်တဲ့ အကြည့်တွေပါ ပြောင်းလဲသွားခဲ့တယ်..။သူ့ အကြည့်တွေက..စူးရှပြီး အကြောက်အလန့် ကင်းနေခဲ့ပါတယ်..။
"ဟားဟား..နတ်ဆေးဆရာလေး..မင်းက နည်းနည်း မောက်မာ နေတယ်လို့ မထင်ဘူးလား.."
မာချင်ကျိူး လင်းဖန်ကို စိုက်ကြည့်လိုက်တယ်..။သူက အကူအညီလိုတဲ့ လူဆိုပေမယ့် ဂုဏ်သိက္ခာနဲ့ လွှမ်းမိုးနိုင်စွမ်း ရှိတဲ့ လူတစ်ယောက်ပါ..။မဟုတ်ရင် သူ့နာမည်က ဘာလို့ မာချင်ကျိူး ဖြစ်နေတော့မှာလဲ..။
ချင်ကျိူးမှာ ဘယ်သူမှ သူ့ကို အခက်တွေ့အောင် မလုပ်ရဲပါဘူး..။
လင်းဖန် ရဲ့ ချင်ကျိုးက လာရတဲ့ အဓိက ရည်ရွယ်ချက်က မာချင်ကျိုးကို ပြသနာ ရှာဖို့ပါ..။ဒါကို ငါက ဘာလို့ သူ့ကို စကားကောင်း ကောင်း ပြောရမှာလဲ..။
"မောက်မာတယ်လား.."
လင်းဖန် ရယ်မောလိုက်တယ်..။
"ဟုတ်တယ် ကျုပ်က မောက်မာတယ်..။ဒါပေမဲ့ ခင်ဗျား ကျုပ်ကို ဘာလုပ်နိုင်မှာ မို့လို့လဲ.."
နတ်ဆေးဆရာလေးက ဒီလောက်အထိ မောက်မာနေလိမ့်မယ်လို့ လီရန်မထင်ထားခဲ့ပေ..။ဒီငနဲက ဂေါ့ဖားသား မာ ကို ပြသနာ လာရှာတယ်လို့တောင် သူ ခံစားမိပါတယ်..။
ဒါပေါ့ ဒါကသူ့ရဲ့ ခံစားချက်ပါ..။ဘာပဲဖြစ်ဖြစ် ချင်ကျိူးမှာ ဘယ်သူမှ ပြသနာ ရှာလို့ မရနိုင်တာ သေချာပါတယ်..။အထူးသဖြင့် ဂေါ့ဖားသား မာ သေချာ စောင့်ကြည့်နေတဲ့အချိန်မှာပါ..။
ဖြစ်နိုင်တာက ဒီငနဲမှာ နောက်ခံကောင်းကောင်း ရှိတာကြောင့် ဂေါ့ဖားသား မာကို မလေးမစား လုပ်နေတာ ဖြစ်နိုင်ပါတယ်..။
ဒါပေမဲ့ သူတို့ ဘာလုပ်နိုင်မှာလဲ..
မာချင်ကျိူး အသက်ကို ပြင်းပြင်းရူလိုက်တယ်..။သူ တကယ်ကို ဒေါသထွက်နေခဲ့ပါပြီ..။သူ အသံကို လျော့ဖို့ ကြိုးစားလိုက်ပြီ..
"မင်းက သေချင်နေတာထင်တယ်..ဟုတ်လား.."
လင်းဖန် ပြန်ပြောလိုက်တယ်..။
"ဟုတ်တယ် ကျုပ်ကသေချင်နေတာ..ဒါပေမဲ့ ခင်ဗျား ကျုပ်ကို သတ်နိုင်ပါ့မလား.."
"မင်း..."
လူတစ်ချို့ ဖြတ်သွား ဖြတ်လာ လူတွေဟာ လှမ်းကြည့်လာခဲ့ကြပါတယ်..။
"ချီးပဲ..ဘာတွေဖြစ်နေတာလဲ..။ဟိုလူက မာချင်ကျိူး နဲ့ တူနေပါလား...။လူငယ်လေးကရော ဘယ်သူလဲ..။သူတို့ကြည့်ရတာ ငြင်းခုန်နေတာ ထင်တယ်.."
"တကယ်ကြီးလား ဘယ်လိုဖြစ်နိုင်မှာလဲ..။ဒါကဟမာချင်ကျိုးလေ..။ဘယ်သူက မာချင်ကျိုးနဲ့ ငြင်းခုန်ရဲမှာလဲ.."
"မာချင်ကျိုးက ဘယ်သူလဲ.."
"ညီအစ်ကို ခင်ဗျားက အခုမှ ချင်ကျိူးကို ရောက်ဖူးတာလား.."
"အင်း ကျုပ်က ခရီးသွားတစ်ယောက်ပဲ..။မာချင်ကျိူးက အင်အားကြီးလို့လား.."
ချင်ကျိုမှာ နေတဲ့လူဟာ ခေါင်းခါယမ်းလိုက်တယ်..။ဒီငနဲက ခရီးသွားတစ်ယောက် ဖြစ်တာကြောင့် သူ့ကို ပြောပြနေလို့လည်း ဘာမှ မထူးပါဘူး..။ချင်ကျိူးမှာနေတဲ့လူတွေ အတွက်ကတော့..မာချင်ကျိုးက အင်အားကြီးတဲ့လူတင်မဟုတ်ပါဘူး..သူက ဒီနယ်မြေက နတ်ဘုရား တစ်ပါးလိုပါပဲ..။
လင်းဖန် ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်..။
"ချင်ကျိုးက အေးဆေးပြီး ရူခင်းလှတဲ့ မြို့တစ်မြို့ပဲ..။ကျုပ် ဒီနေ့မှ ရောက်တာ ဆိုတော့ ခင်ဗျားနဲ့ စကားတွေ အများကြီး မပြောချင်ဘူး..။ကျုပ် ခင်ဗျားကို လာရှုပ်တာလို့ ပြောဖို့ ကြောက်နေမယ် ထင်လို့လား..။ကျုပ်ကို ခင်ဗျားရောဂါ ကုသပေးစေချင်တယ်ပေါ့..။ခင်ဗျား အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်.."
မာချင်ကျိုး အသက်ပြင်းပြင်း ရူလိုက်တယ်..။တကယ်လို့ ဒါသာ လူတွေ အများကြီးရှိတဲ့ နေရာမဟုတ်ရင် သူ ဒီငနဲကို တစ်စစီ ဆွဲဖြဲပြီးနေပါပြီ..။
"ကောင်းတယ် သိပ်ကောင်းတယ်..ငါ မာမူဖန်းက မင်းနဲ့ ကစားပေးမယ်..။မင်းဘယ်လောက်အထိ တောင့်ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့.."
"သွားမယ်.."
…
မာချင်ကျိုး အရေးမပါတဲ့ စကားတွေ ထပ်မပြောတော့ပေ..။သူတို့ ဘယ်လိုပဲ ညှိနှိုင်း ညှိနှိုင်း သဘောတူညီချက် ရမှာ မဟုတ်ဘူးဆိုတာကို သိလိုက်ပါပြီ..။
သို့ပေမယ့် ဒီငနဲ ချင်ကျိုးမှာ ရှိနေသ၍ သူ အေးဆေး ကစားပေးလို့ရပါတယ်..။