← Chapters

ချမ်းသာမူကို အသုံးပြုပြီး

Vol. 42 Ch. 626

ချမ်းသာမူကို အသုံးပြုပြီး

Vol. 42 Ch. 626

#ဘာသာပြန် = စနိုးဝှိုက်

လီရန် ပြောလိုက်တယ်..။

"ဂေါ့ဖားသားမာ..သူ့ကို ဒီလိုပဲ လွှတ်ပေးလိုက်တော့ မလို့လား..."

ဒီလောက်အထိ မောက်မာတဲ့ လူတစ်ယောက် ကမ္ဘာပေါ်မှာ တည်ရှိနေလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး..။တစ်စုံတစ်ယောက်က ဂေါ့ဖားသား မာကို..ဒီလို ဆက်ဆံလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။

"ဟားဟား..လွှတ်ပေးလိုက်တယ်တဲ့လား..။ဒါက ဖြစ်နိုင်မယ်လို့ မင်းက ထင်နေတာလား..။ငါတို့ အလျင်လိုဖို့ မလိုဘူး..။ဒီကောင့်နောက်ကို စောင့်ကြည့်ဖို့ လူလွှတ်ထားလိုက်..။သူ ချင်ကျိုးက မထွက်သွားစေနဲ့.."

မာချင်ကျိုး လင်းဖန်ကို တစ်ခုခု အဖြစ်မခံနိုင်ပါဘူး..။အနည်းဆုံး သူ့ရဲ့ ရောဂါ မကုသရသေးခင်မှာ..လင်းဖန်ကို ဘာမှ မဖြစ်စေချင်ပေ..။

ဒါပေါ့..ဘယ်လို ကိစ္စပဲ ရှိရှိ သူ့ရောဂါ ပျောက်ကင်းဖို့က ပထမ ဦးစားပေးပါ..။

လီရန် ခေါင်းညိမ့်လိုက်တယ်..။

"ကောင်းပြီ စိတ်မပူပါနဲ့..ဂေါ့ဖားသား မာ..။ကျွန်တော်သူ့နောက်ကို လူတွေ လွှတ်ထားပြီး ချင်ကျိုးက ထွက်မသွားနိုင်အောင် လုပ်ထားလိုက်ပါ့မယ်.."

"ကောင်းပြီ.."

မာချင်ကျိုး ခေါင်းညိမ့်လိုက်တယ်..။ယင်းနောက် သူ ကားထဲကို ဝင်ပြီး ထွက်ခွာဖို့ ပြင်ဆင်လိုက်ပါတယ်..။

…

တက္ကစီ ငှားသည့်နေရာတွင်..။

လင်းဖန် မတ်တတ်ရပ်ပြီး တက္ကစီကို စောင့်နေခဲ့တယ်..။သူ မာချင်ကျိုးကို စတွေ့ကတည်းက ဒီလူရဲ့ ကံကြမ္မာကို ဖတ်ကြည့်ပြီးသွားပါပြီ..။ဒီလူမှာက သန်မာတဲ့ ကျောရိုးတစ်ခု ရှိပြီး..ဒီလိုဘဝမျိုးမှာ နေရဖို့ ကံပါလာခဲ့တာပါ..။

သို့ပေမယ့် မာချင်ကျိုးက ..အကုသိုလ် အလုပ်တွေကို အများကြီ ကျူးလွန်ခဲ့ပါတယ်..။

ရှေးတုန်းကဆိုရင် ဒီလို လူမျိုးကို ဝေးဝေးကနေ ရှောင်သင့်တဲ့ လူအဖြစ်သတ်မှတ်ထားကြတာပါ..။သရဲတွေတောင်မှ သူနဲ့ တွေ့ရင် ဝေးဝေးက ရှောင်ကြပါတယ်..။

"ကောင်လေး..တက္ကစီ ငှားမလို့လား..."

တက္ကစီ တစ်စီးဟာ လင်းဖန် ရှေ့မှာ ရပ်ပြီး ဒါရိုက်ဘာက လှမ်းမေးလိုက်တာပါ..။

လင်းဖန် ကားထဲကို အလျငိအမြန် ဝင်လိုက်ပေမယ့် သူဘယ်ကို သွားမလဲ ဆိုတာကိုတော့ မပြောပါဘူး..။

ဒါရိုက်ဘာဟာ မေးလိုက်တယ်..။

"ကောင်လေး..ဘယ်ကို သွားမှာလဲ.."

လင်းဖန် ဘာပြန်ပြောရမှန်း မသိပေ..။

"ကျွန်တော်ကို ဒီနားကို မောင်းပေးပါ..။အိုး..ကျွန်တော် ဟော်တယ်တစ်ခုကို ရှာနေတာ.."

ဒါရိုက်ဘာ ပြုံးပြီး အလျင်အမြန် မောင်းထွက်သွားခဲ့တယ်..။သူတို့ ထွက်သွားတဲ့ အချိန်မှာပဲ..ဇိမ်ခံကားလေးတစ်စီးဟာ နောက်က လိုက်လာခဲ့ပါတယ်..။

ဒါရိုက်ဘာ က မေးလိုက်တယ်..။

"မင်း ချင်ကျိူးကို လာလည်တာလား.."

လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..။

"ဟုတ်တယ် ကျွန်တော် ရှန်ဟိုင်းက လာခဲ့တာလေ..။ဆာ..ချင်ကျိုး အခြေအနေဘယ်လိုရှိလဲ..."

တက္ကစီ ဒါရိုက်ဘာတွေ ဆိုတာ သူတို့ရဲ့ အချိန်အများစုကို ကားထဲမှာပဲ ကုန်ဆုံးကြတဲ့ အတွက် ၁၀ ယောက်မှာ ၈ ယောက်လောက်က စကားပြောကောင်းကြပါတယ်..။

ဒါရိုက်ဘာတွေ ကောင်းကောင်း လုပ်နိုင်တဲ့ အရာထဲမှာ စကားပြောတာလည်း ပါဝင်ပါတယ်..။

"ချင်ကျိုးက နေရာကောင်းတစ်ခုပဲ..။ဒီနေရာက တကယ်လှပပြီး ဒီကလူတွေကလည်း ရိုးသား ကြတယ်..။ဒီမှာ ရူခင်းလှတဲ့ နေရာတွေ များတာကြောင့်..လည်ပတ်ချင်တဲ့ လူတွေ အတွက်တော့ နေရာကောင်းပဲ.."

လင်းဖန် ရယ်မောလိုက်ပြီး..

"ဟုတ်တယ် ကျွန်တော်လည်း မလာခင်စဥ္းစားခဲ့သေးတယ်..။ကျွန်တော် လေဆိပ်က ထွက်လာတုန်းက လေဆိပ်အပြင်ဘက်မှာ နံပါတ် 0 တွေပဲ ပါတဲ့ ဇိမ်ခံကားတစ်စီးကို တွေ့ခဲ့သေးတယ်..။ဒါက ရှန်ဟိုင်းမှာလိုမျိုးဆိုရင် ဒီလူက အတော်ကို အင်အားကြီးတဲ့ လူပဲ ဖြစ်ရမယ်.."

"အကုန် သုညလား.."

ဒါရိုက်ဘာ အံ့ဩသွားခဲ့တယ်..။ယင်းနောက် သူ မေးလိုက်ပါတယ်..။

"ကောင်လေး..မင်းပြောတာ Qing Q 00000 လား.."

"ဟုတ်တယ် အဲတာပဲ..။ဆရာက..ဒီနယ်က ဆိုတော့ အဲ့ကားက ဘယ်သူ့ကားဆိုတာ သိလား.."

လင်းဖန် ဘာတစ်ခုမှ မသိချင်ယောင် ဟန်ဆောင်နေခဲ့ပါတယ်..။သူ အနည်းငယ် အံဩသင့်တဲ့ ပုံတောု်လုပ်လိုက်ပါသေးတယ်..။

ဒါရိုက်ဘာ သက်ပြင်းချလိုက်တယ်..။

"ငါ သိပါတယ်..။မင်းက ချင်ကျိုးက မဟုတ်လို့သာ..အဲတာ ဘယ်သူ့ကားလဲ ဆိုတာ မသိတာ..။ဒီမှာနေတာ နည်းနည်း ကြာသွားလို့ရှိရင် အဲတာ ဘယ်သူ့ကားလဲ ဆိုတာ သိသွားလိမ့်မယ်..။မာမူဖန်း ဆိုတာကို မင်းကြားဖူးလား.။လူတွေက သူ့ကို မာချင်ကျိုးလို့ခေါ်ကြတယ်.."

"မာမူဖန်..သူဘယ်သူလဲ ကျွန်တော်သိတယ်..။သူ့ကို သတင်းတွေထဲမှာ တစ်ခါမြင်ဖူးတယ်..။သူက ချင်ကျိုးက စီပွားရေး လုပ်ငန်းရှင်း နဲ့ ပရဟိတ သမားတစ်ယောက်ပဲ.."

လင်းဖန် အံ့ဩချင်ယောင် ဆောင်ပြီး ပြောလိူက်တာပါ..။

ဒါရိုက်ဘာ နှာခေါင်းရှုတ်လိုက်တယ်..။

"မင်းက ဒီက မဟုတ်တော့ သိမှာမဟုတ်ဘူး..။မာမူဖန်းက ကြောက်စရာကောင်းတဲ့ လူတစ်ယောက်ပဲ..။သူက ကိစ္စတွေ အများကြီးကို ကြမ်းကြမ်းတမ်းတမ်း ဖြေရှင်းခဲ့တယ်..။မင်း သူ့အကြောင်းသိချင်ရင် အစွန်အဖျား ဖက်တွေမှာ မေးကြညါ့လိုက်..။အနည်းဆုံး ၁၀ အိမ်မှာ ၆အိမ်လောက်က မာမူဖန်းရဲ့ အနိုင့်ကျင့်တာကို ခံခဲ့ကြရတာ.."

"ဘယ်လို ဖြစ်နိုင်မှာလဲ.."

လင်းဖန် ​အံ့ဩချင်ယောင် ဆောင်လိုက်တယ်..။

"ဒီလို လူမျိုးလည်း ရှိသေးတာပဲလား..။ဘာလို့ အစိုးရပ သူ့ကို့ အရေးမယူတာလဲ.."

"ဟားဟား..."

ဒါရိုက်ဘာ အထင်သေးစွာ ပြောလိုက်တယ်..။

"သူ့ကို ဖမ်းဖို့လား..။ရဲတပ်ဖွဲ့နဲ့ သူနဲ့က တစ်ဖွဲ့တည်း မဟုတ်ရင်တောင် ကျေးဇူးတင်ရဦးမယ်..။ကောင်းပြီ..ထားလိုက်တော့..။ငါ အများကြီး ပြောရင် ပြသနာ တက်သွားလိမ့်မယ်.."

ဒါရိုက်ဘာ ရဲ့ အမူအရာကို ကြည့်ပြီး သူ မာချင်ကျိုးကို အတော် ကြောက်ရွံ့တယ် ဆိုတာ ပြောနိုင်ပါတယ်..။သူက ဒီအကြောင်းကိုတောင် အများကြီး မပြောရဲပါဘူး..။

"ကောင်လေး..မင်း ဒီနေရာကို ဘယ်လိုထင်လဲ..။ဒါက 'ဆဲဗင်းဒေး တည်းခိုခန်း' ပဲ..မကြာခင်ကမှ ပြန်ပြင်ထားတာ..။အတွင်းပိုင်းပြင်ဆင်မူ နဲ့ တည်နေရာကလည်း ကောင်းတယ်.."

ဒါရိုက်ဘာက အတော်ကြာကြာမောင်းပြီးလို့ ဟော်တယ် တစ်ခုကို ရောက်တဲ့ အချိန်မှာ မေးလိုက်တာပါ..။

လင်းဖန် အဆောက်အဦးကို ကြည့်လိုက်တဲ့ အချိန်မှာ အမှန်တကယ် အသစ်ပြင်ထားခဲ့တာပါ..။

"ကျေးဇူးပါ..ဆရာ.."

သူ ကျသင့်ငွေ ပေးချေပြီး ကားထဲကနေ ထွက်လာခဲ့လိုကိတယိ..။

လင်းဖန် ဟော်တယ် ထဲဝင်သွားတာနဲ့ သူနောက်ကနေလိုက်လာတဲ့ လူတွေဟာ ကားမှန်ချလိုက်ပြီး တစ်စုံတစ်ယောက် က ဖုန်းဆက်လို်က်တယ်..။

"အစ်ကို လီ..သူ ဆဲဗင်းဒေး..တည်းခိုခန်းထဲကို ဝင်သွားတယ်.."

"ကောင်းပြီ..သူ့ကို စောင့်ကြည့်ထား..။သူဘာပဲ လုပ်လုပ် ငါ့ကို သတင်းပို့.."

"သိပါပြီ.."

…

နေရာတစ်ခုတွင်..။

လီရန် မာချင်ကျိုးကို ကြည့်လိုက်ပြီး လေးလေးစားစား ပြောလိုက်တယ်..။

"ဂေါ့ဖားသား မာ..သားကောင်က..ဆဲဗင်းဒေး တည်းခိုခန်းကို ဝင်သွားပါတယ်.."

မာချင်ကျိုး နှာခေါင်းရှုတ်လိုက်တယ်..။

"ဒီငနဲက ငါ့ကို လုံးဝ မျက်နှာသာ ပေးဖို့ စိတ်ကူးမရှိဘူးပဲ..။ငါတို့ ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ.."

လီရန် ခနလောက်တွေးလိုက်ပြီး..

"ဂေါ့ဖားသား မာ ရဲ့ ကျန်းမာရေးက အခုချိန်မှာ အရေးကြီးဆုံးပဲလေ..။သူက ဒီလို ဖြစ်နေရင်တောင် ကျွန်တော်တို့ ဘာမှ သွားလုပ်လို့ ရမှာ မဟုတ်ဘူး..။အရေးကြီးဆုံးက သူ့ကို ဆေးကုသခိုင်း ဖို့ပဲ.."

"ဒါအမှန်ပဲ.."

မာချင်ကျိူး ခေါင်းညိမ့်လိုက်တယ်..။

"ချီးပဲ အဲတာကြောင့်သာ မဟုတ်ရင် ..ဒီကောင့်ကို အခုချက်ချင်း ဖမ်းခေါ်လာခိုင်းလိုက်ပြီ.."

"ငါ့ကို တစ်ခုလုပ်ပေး..။လူတစ်ချို့ကို ဒေါ်လာ ၁၀ သန်း ယူသွားခိုင်းပြီး..သူ ဘာလုပ်ချင်လဲ ဆိုတာ မေးခိုင်းလိုက်..။သူ ပိုက်ဆံလိုချင်တယ် ဆိုရင်လည်း ပေးလိုက်..။သူ အဲဲဒီပိုက်ဆံတွေနဲ့ အိမ်ကို ရောက်အောင် ပြန်နိုင်မလား ငါ ကြည့်ချင်သေးတယ်.."

လီရန် ခေါင်းညိမ့်လိုက်တယ်..။

"သိပါပြီ ကျွန်တော် အခု လုပ်လိုက်ပါ့မယ်.."

…

ဟော်တယ်တွင်..။

လင်းဖန် အိပ်ယာပေါ်မှာ လှဲပြီး အကြံထုတ်နေခဲ့တယ်..။မာချင်ကျိုး ကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာ သူမသိသေးပါဘူး..။

သူ့မှာ ဒီလို လူကို ဖြေရှင်းဖို့ နည်းလမ်းပေါင်း တစ်ရာလောက် ရှိပေမယ့်..ဘယ်တစ်ခုက အကောင်းဆုံးလဲ ဆိုတာကို မသိသေးပေ..။

သူ အများကြီး မတွေးတော့ပဲ ..ဝိုက်ဘိုကို ဖွင့်လိုက်တယ်..။

"ကျွန်တော် ချင်ကျိုးမှာ ရောက်နေပါပြီ..။ကျွန်တော် ဆဲဗင်းဒေး တည်းခိုခန်းမှာ နေနေပါတယ်..။ဒါက နေရာကောင်းတစ်ခု ဖြစ်ပေမယ့် စျေးလည်း မြင့်တယ်လေ..။ထပ်ပြောရရင်..ကျွန်တော် မာချင်ကျိူး နဲ့ တွေ့ပြီးပြီ..။သူက လူကောင်းတစ်ယောက် မဟုတ်ဘူး.."

ဝိုက်ဘိုသုံးနေတဲ့ လူတွေ ဒီပိုစ့်ကို ချက်ချင်း သတိထားမိသွားကြတယ်..။

"ဝိုး..မာစတာလင်းရေ ချင်ကျိူးကို ရောက်လာတဲ့ အတွက် ဂုဏ်ယူပါတယ်.."

"ဒါက အံဩစရာပဲ.."

"ဘာလို့ မာချင်ကျိုးက ငတုံးတစ်ယောက်လား..။မာစတာလင်းက ဆန့်ကျင့်ဖို့ ဆုံးဖြတ်လိုက်ရင် သူ ရှင်သန်နိုင်မယ်ထင်နေလို့လား.."

"မာစတာလင်း ..အတွက်တော့ နည်းနည်း စိုးရိမ်မိတယ်..။မာချင်ကျိုး ဘယ်လောက် ဆိုးရွားတယ် ဆိုတာ မင်းတို့ သိမှာ မဟုတ်ဘူး..."

"ဟမ့်..မင်းပြောပုံဆိုရင် မာစတာလင်းက..အလကားလူဖြစ်နေပြီ..။သူကသာ..မာစတာလင်းကို ကြောက်ရွံ့နေသင့်တာ..."

…

နောက်တစ်ရက်..။

ဒါက သူ့အတွက် ချင်ကျိုးမှာ ပထမနေ့ဖြစ်တာကြောင့် လင်းဖန် ဘာလုပ်ရမလဲ မသိသေးပါဘူး..။သို့ပေမယ့် သူ ကောင်းကောင်း အနားယူချင်ပါသေးတယ်..။

သူ အောက်ထပ်ကို ဆင်းသွားပြီး..မနက်စာစားလိုက်တယ်..။

လင်းဖန် စားသောက်နေတုန်းမှာပဲ..လူတစ်ယောက်က သူ့ရှေ့မှာ ပေါ်လာခဲ့ပါတယ်..။

လီရန် ယဥ္ကျေးစွာ ပြောလိုက်တယ်..။

"ဟိုင်း နတ်ဆေးဆရာလင်း.."

အရပ်ရှည်ပြီး ကြွက်သားတောင့်တဲ့ လူအနည်းငယ်ဟာ လီရန် နောက်မှာ ပါလာခဲ့တယ်..။သူတို့ တစ်ယောက်ချင်းစီက အနက်ရောင် အိတ်တွေကို သယ်လာခဲ့ကြပါတယ်..။

လင်းဖန် လှမ်းကြည့်လိုက်ကာ ပြုံးလိုက်ပြီး..

"မင်းတို့ကို မာချင်ကျိုး လွှတ်လိုက်တာလား.."

လီရန် ပြုံးလိုက်ပြီး..။

"နတ်ဆေးဆရာလင်း..ကျွန်တော်က ဂေါ့ဖားသား မာ ရဲ့ အတွင်းရေးမှူးပါ..။ဂေါ့ဖားသား မာ ညွှန်ကြားချက်ကြောင့် လက်ဆောင် တစ်ခု ယူလာပါတယ်..။မာစတာလင်း..သဘောကျမယ်လို့ မျှော်လင့်ပါတယ်.."

ယင်းနောက် သူ အချက်ပြလိုက်တဲ့ အချိန်မှာ နောက်က လူတွေက အိတ်တွေကို ချက်ချင်းဖွင့်ပြလိုက်ကြပါတယ်..။

ဘဏ်က ထုတ်လာတဲ့ အနီရောင် ပိုက်ဆံ တွေကို အကုန်မြင်လိုက်ကြရတယ်..။

တစ်ခြား စားသောက် နေကြတဲ့ လူတွေလည်း မြင်ကွင်းကို မြင်ပြီး ကြောင်အသွားခဲ့ကြပါတယ်..။

"ချီးပဲ..ပိုက်ဆံတွေ အများကြီးပဲ.."

"ဒီလူတွေ ဘာလိုချင်နေတာလဲ.."

…

လင်းဖန် ရယ်မောလိုက်တယ်..။မာချင်ကျိူးက ဒီလောက်အထိ ဇွဲရှိလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး..။သူက ဒီီကို ပြသနာ လာရှာမှန်း သိထားတာတောငိ မာချင်ကျိုးက ညှိနှိုင်းချင်နေပါသေးတယ်..။

ထပ်ပြောရရင် ..ဒီ ကြိုဆိုလက်ဆောင်က..တကယ်ကို ကောင်းမွန်လှတာပါ..။

သူ့ကြည့်ရတာ ဒီလက်ဆောင် ပေးဖို့ကို အတော်ရက်ရော နေတဲ့ ပုံပါပဲ..။

All Chapters