← Chapters

အခန်း (၆၂၇)

Vol. 42 Ch. 627

အခန်း (၆၂၇)

Vol. 42 Ch. 627

#ဘာသာပြန် = စနိုးဝှိုက်

လီရန် ပြုံးပြီး လင်းဖန်ကို ကြည့်လိုက်တယ်..။ငွေကြေးနဲ့ သွေးဆောင်ဖျားယောင်း မူကို..လက်တစ်ဆုပ်စာ လူလောက်ပဲ..ငြင်းပယ်နိုင်မယ်လို့ သူ ယုံကြည်ပါတယ်..။

သူ့ရှေ့မှာ ရှိနေတဲ့လူက နတ်ဆေးဆရာလေး ဆိုပေမယ့် သူလည်း လူသား တစ်ယောက်ပါပဲ..။တကယ်လို့ ဒေါ်လာ ဆယ်သန်းကသာ မလုံလောက်ဘူးဆိုရင် သူ့ကို ဒေါ်လာ တစ် ဘီလီယံ နဲ့ ကမ်းလှမ်းလိုက်လို့ရပါတယ်..။

ဂေါ့ဖားသား မာရဲ့ ကျန်းမာရေး နဲ့ယှဥ္ရင်..ပိုက်ဆံ ဆိုတာက ဘာမှ မဟုတ်တော့ပါဘူး..။

ထပ်ပြောရရင် ဂေါ့ဖားသား မာ ဒါကို လုပ်တဲ့ ရည်ရွယ်ချက်ကို..သူ သိထားပါတယ်..။တကယ်လို့ နတ်ဆေးဆရာလေး ပိုက်ဆံ လိုချင်တယ် ဆိုရင် ဘယ်လောက်ပဲ ဖြစ်ဖြစ် ပေးလိုက်မှာပါ..။သို့ပေမယ့်..သူ ပြီးပြည့်စုံအောင် ပြန်ကောင်းသွားတဲ့ အချိန်ရောက်ရင်တော့.. ဒီ နတ်ဆေးဆရာလေးက ပိုက်ဆံကို..ထိန်းထားဖို့ မပြောနဲ့ သူ့အသက်သူတောင် ထိန်းထားဖို့ မလွယ်ကူပါဘူး..။

လင်းဖန် ပြုံးပြီး အိတ်ထဲက ငွေတွေကို ထိကြည့်လိုက်တယ်..။

"ပိုက်ဆံ ဆိုတာက ..ကောင်းတဲ့ အရာပ​ဲ..."

ဒါကို ကြားတဲ့ အချိန်မှာ လီရန် ပြုံးလိုက်ပြီး..

"နတ်ဆေးဆရာလင်း..ဒါက ကြိုဆိုခြင်း လက်ဆောင်ပါ..။တကယ်လို့ နတ်ဆေးဆရာလေးသာ ဂေါ့ဖားသား မာ ကို ကုသပေးနိုင်ရင် နောက်ထပ်..လက်ဆောင် အကြီးကြီးတွေ ပေးဦးမှာပါ..။တစ်ချိန်တည်းမှာပဲ..သူ့ရဲ့ လေးစားမူကိုလည်း ရဦးမှာလေ.."

လူတွေ အများကြီးအတွက်တော့ ဂေါ့ဖားသား မာ ရဲ့ လေးစားမူကို ရတာက..ဂုဏ်ယူစရာ ကိစ္စတစ်ခုပါပဲ..။

ဒီလို ကိစ္စမျိုးက တစ်စုံတစ်ယောက်ကို ချင်ကျိုးမှာ အင်အားကြီးတဲ့ လူတစ်ယောက်တောင် ဖြစ်လာစေနိုင်ပါတယ်..။ဘယ်လိုလူပဲဖြစ်ဖြစ် ဂေါ့ဖားသား မာ ဆိုတဲ့ စကားကို ကြားလိုက်တဲ့ အချိန်မှာ မျက်နှာသာ ပေးကြရမှာပါ..။

"နည်းလွန်းတယ်.."

လင်းဖန် ပိုက်ဆံတွေကို အချိန်အတော်ကြာအောင် ထိကြည့်နေပြီး ပြောလိုက်တာပါ..။ယင်းနောက် သူ စိတ်မဝင်စားတဲ့ ပုံစံ ပြပြီး လီရန်ကို ပြောလိုက်တယ်..။

"ဒါက နည်းလွန်းတယ်.."

လီရန် အံဩသွားခဲ့ပေမယ့်လည်း ဆက်လက် ပြုံးနေခဲ့တယ်..။အနည်းဆံူးတော့..နတ်ဆေးဆရာလေးက..ပိုက်ဆံကို သဘောကျတယ် ဆိုတာ သူသိလိုက်ပါပြီ..။

ယင်းနောက် လီရန် ရယ်မောလိုက်တယ်..။

"နတ်ဆေးဆရာလေး..စိတ်မပူပါနဲ့..။ဒီ ဒေါ်လာ ဆယ်သန်း ဆိုတာက ကြိုဆိုခြင်း လက်ဆောင်ပဲ ရှိသေးတာလေ..။ဒါက နည်းတယ် ဆိုတာ ပုံမှန်ပါပဲ..။ဂေါ့ဖားသား မာ ရဲ့ ကျန်းမာရေး နဲ့ ယှဥ္လိုက်ရင် ပိုက်ဆံတွေက ဘာမှ မဟုတ်ဘူးလေ..။သူ့ရဲ့ ကျန်းမာရေး သာ ပြန်ကောင်းလာရင် နတ်ဆေးဆရာလေး ကျေနပ်လောက်တဲ့ အထိကို ပေးသွားမှာပါ.."

"အိူး..ဟုတ်သားပဲ..ဂေါ့ဖားသား မာက နတ်ဆေးဆရာလေး အတွက် ကြိုဆိုခြင်း အခမ်းအနား ကျင်းပပေးမယ်လို့ ပြောသေးတယ်..။ဒါကြောင့် ကျွန်တော် ကိုယ်တိုင် လာဖိတ်တာလေ.."

လီရန် ပြောလိုက်တယ်..။

လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..

"ကောင်းပြီလေ..။ဘယ်မှာလဲ ဆိုတာ ပြောပါဦး.."

လီဖန် ဘာမှ ထပ်မပြောခဲ့ပေ..။ဒါကြောင့် လင်းဖန် ဘယ်လိုပဲ..တောင်းဆို တောင်းဆို သူတို့က လောလောဆယ် အောက်ဘက် ရောက်နေတာကြောင့် ဖြည့်ဆည်းပေးရမှာပါ..။

"နတ်ဆေးဆရာလေး..အဲတာက ယွန်ဗီလာမှာလေ..။ကျွန်တော်တို့ စောင့်နေပါ့မယ်.."

လီဖန် ပြောလိုက်တယ်..။

"ကျွန်တော် ထပ်ပြီး မနှောက်ယှက်တော့ပါဘူး..။အခု သွားပါတော့မယ်.."

လင်းဖန် ပြန်ပြောလိုက်တယ်..။

"အိုကေ..ပိုက်ဆံတွေကို ပြန်ယူသွားလိုက်ဦး.."

လီရန် အံ့ဩသွားခဲ့တယ်..။

"နတ်ဆေးဆရာလေး..ဒါက ဘာကိုဆိုလိုချင်တာလဲ.."

"ဒါက နည်းလွန်းတယ်..။ဒီတိုင်း ပြန်ယူသွားလိုက်..။မနက်ဖြန်ကျမှ ဘယ်လောက် ပေးသင့်လဲဆိုတာ မာချင်ကျိုးကို ငါကိုယ်တိုင် ပြောမယ်.."

လင်းဖန် ပြန်ဖြေလိုက်တာပါ..။

"ဒါက.."

နတ်ဆေးဆရာ လေးက..ဒေါ်လာဆယ်သန်းကို နည်းတယ်လို့ တွေးရလောက်အောင်..လောဘကြီးလိမ့်မ

ယ်လို့ လီရန် မထင်ထားခဲ့ပါဘူး..။သို့ပေမယ့် သူ ပြုံးနေခဲ့့ပြီး..

"ကောငိးပါပြီ. ကျွန်တော် ဂေါ့ဖားသား မာကို ပြောလိုက်ပါ့မယ်.."

လီရန် ထွက်သွားတဲ့ အချိန်မှာ လင်းဖန် ရယ်မောလိုက်တယ်..။သူက ဘာလို့ ဒေါ်လာ ဆယ်သန်းလောက်ကို လက်ခံ ရမှာလဲ..။

သို့ပေမယ့် ဒါက အဆင်ပြေပါတယ်..။မနက်ဖြန်ကျရင် သူ ဘာလိုချင်တာလဲ ဆိုတာကို မာချင်ကျိုးကို ပြောမှာပါ..။

ယင်းနောက် လင်းဖန် သူ့ရဲ့ အစားအသောက်ကို ဆက်စား နေခဲ့တယ်..။သို့ပေမယ့် ဘေးနားက လူတွေကတော့ သူ့ကို အံ့ဩသင့်စွာ ကြည့်နေခဲ့ကြပါတယ်..။သူတို့ လင်းဖန်ကို အနည်းငယ်တောင် ကြောက်ရွံ့နေကြပါပြီ..။

တစ်ချို့လူတွေဟာ မယုံကြည်နိုင်ခဲ့ကြပေ..။

အစောက ပိုက်ဆံတွေကို မြင်တဲ့ အချိန်မှာ ဘေးနားက သူတို့တောင် မထိန်းချုပ်နိုင်ပဲ စိတ်တွေ လှုပ်ရှားလာခဲ့ကြတာပါ..။

အပြင်ဘက်..။

လီရန် ဒီအကြောင်းကို ဂေါ့ဖားသား မာကို အလျင်အမြန် ပြောပြချင်နေခဲ့တယ်..။နတ်ဆေးဆရာလေးက..အမှန်တကယ် ပိုက်ဆံကို ချစ်တာပါ..။ပြီးတော့ သူက လောဘကြီးတဲ့ လူတစ်ယောက်ပါပဲ..။

သူ ဂေါ့ဖားသား မာကို ခေါ်လိုက်တယ်..။

"ဂေါ့ဖားသား မာ.ကျွန်တော် ဒီငနဲ နဲ့ တွေ့ပြီးသွားပြီ.။ဂေါ့ဖားသား မာ ပြောတာ မှန်တယ်.။ပိုက်ဆံကိုတော့ ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ဘူး.."

မာချင်ကျိုး ရယ်မောလိုက်ပြီး.

"သူ လက်ခံခဲ့လား..။သူ ဘာပြောသေးလဲ.."

လီရန် ပြောလိုက်တယ်..။

"ဂေါ့ဖားသား မာ သူ လက်မခံခဲ့ဘူး..။သူက ဒါကို နည်းတယ်လို့ ခံစားနေရတာ..။ဒါပေမဲ့ မနက်ဖြန်ညမှာ ကျင်းပမယ့် ကြိုဆိုခြင်းပွဲကိုတော့ တက်ရောက်ဖို့ သဘောတူခဲ့တယ်..။သူက မနက်ဖြန်ကျရင်..စျေးနှုန်းကို ညှိနှိုင်းမယ်တဲ့.."

"ဟားဟား.."

မာချင်ကျိုး ရယ်မောလိုက်တယ်..။

"ဒါကောင်းတယ်..။သူက တကယ်တွက်ချက်တတ်တဲ့ ကောင်လေးပဲ..။အဆုံးသတ်မှာ သူ အသက်ရှင်ကျန်ရစ် နိုင်တဲ့အထိ တွက်ချက်နိုင်ပါ့မလား စောင့်ကြည့်ကြသေးတာပေါ့.."

မာချင်ကျိုး မျှော်လင့်ရဆုံးအရာက သူ့ရောဂါ အရှင်း​ပျောက်သွားဖို့ပါ..။ပိုက်ဆံ အတွက်ကတော့..လင်းဖန် ဒါကို အသက်ရှင်လျက် ထိန်းသိမ်းနိုင်မလား ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်..။

တကယ်လို့ ဒီကောင်လေးသား သူ့အပေါ် အစကတည်းက ယဥ္ကျေးမယ် ဆိုရင် သူ့ကို ကုသပြီးတဲ့ အချိန်မှာ ပိုက်ဆံ အနည်းငယ် ပေးဖို့ ဝန်လေး နေမှာ မဟုတ်ပါဘူး..။ထပ်ပြောရရင် သူ ဒီအကြွေးကိုတောင် မှတ်ထားပေးဦးမှာပါ..။သို့ပေမယ့် အခုတော့ သူက မထိုက်တန်ဘူးလို့ ခံစားနေရပါတယ်..။

ဒီမတော်တဆ မူ အပြီးမှာ ဘယ်သူက အမှန်တကယ် ပျောက်ကွယ်သွားမှာလဲ..။

…

ဟော်တယ်က ထွက်လာပြီးတဲ့နောက်မှာ လင်းဖန် နေရာတွေကို လျောက်ကြည့်ဖို့ ပြင်ဆင်လိုက်ပါတယ်..။

ကလင် ကလင်

ယင်းနောက် ဖုန်းမြည်လာခဲ့တယ်..။

"ချီးပဲ မင်ယန် ခင်ဗျား ဘာဖြစ်နေတာလဲ..။ကျုပ်ဆီခေါ်နေတာ ဘယ်နှစ်ခေါက် ရှိနေ​ြ့ပီလဲ.."

လင်းဖန် အကူညီမဲ့သွားခဲ့တယ်..။သူ ချင်ကျိူးကို ရောက်ပြီး ကတည်းက..ဝမ်မင်ယန် သူ့ကို ဖုန်းခေါ်နေတာ ဆယ်ကြိမ်လောက် ရှိနေပါပြီ..။

ဝမ်မင်ယန် ပြောလိုက်တယ်..။

"မင်း ပြသနာ ဖြစ်မှာကို ငါ စိုးရိမ်လို့ မရတော့ဘူးလား..။မင်း ဘာတွေ များ တွေးနေတာလဲ..။မင်း ဒီလို အန္တရာယ် ရှိတဲ့နေရာကို တကယ် သွားရဲတာပဲ..။မာချင်ကျိုး က လူသတ်ဖို့ကို ဝန်လေးနေမဲ့ သူ မဟုတ်ဘူးနော်.."

"သိတယ် သိတယ်.။စိတ်မပူနဲ့ ကျုပ်မကြာခင် ပြန်လာခဲ့မယ်..။ရှန်ဟိုင်းကို သဘက်ခါလောက် ဆိုရင် ပြန်လာခဲ့မယ်.."

ဝမ်မင်ယန် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့တယ်..။

"ကောငိးပြီ မကြာခင်ပြန်လာခဲ့..။မာချင်ကျိူးကို တိုက်ရိုက်ကြီး မဆန့်ကျင်ဖို့ကိုလည်း မှတ်ထားဦး..။ချင်ကျိုးမှာ မင်းကို ဂရုစိုက်ပေးမယ့်သူ ဘယ်သူမှ ရှိတာ မဟုတ်ဘူး..။ဒါက အတော်ကို အန္တရာယ်များတယ်."

လင်းဖန် ပြန်ပြောလိုက်တယ်..။

"ကောင်းပြီ စိတ်မပူနဲ့..။ကျုပ်က ဘာများဖြစ်နိုင်မှာ မို့လို့လဲ..။ကျုပ် ပြန်လာတဲ့ အချိန်ကိုသာ စောင့်နေ.."

ဖုန်းချပြီး နောက်မှာ လင်းဖန် အကူညီမဲ့သွားခဲ့တယ်..။

ဝမ်မင်ယန်က သူငယ်ချင်းကောင်း တစ်ယောက် ဆိုပေမယ့် စကား အရမ်းများတဲ့ လူပါ..။

နောက်တစ်ရက်..။

ညဘက်တွင်..။

လင်းဖန် ဟော်တယ်ကနေ ထွက်လာပြီး တက္ကစီ တစ်စီးကို ငှားလိုက်တယ်..။

"ဒါရိုက်ဘာ..ကျေးဇူးပြုပြီး ကျွန်တော်ကို ယွန်ဗီလာကို ပို့ပေးပါ.."

လင်းဖန် ပြောလိုက်တာပါ..။

ဒါရိုက်ဘာဟာ ကြောင်အသွားပြီး လင်းဖန်ကို ကြည့်ကာ မေးလိုက်တယ်..။

"မင်းက ယွန်ဗီလာကို သွားမလို့လား.."

သူ့ကြည့်ရတာ မယုံကြည်နိုင်ဖြစ်နေတဲ့ပုံပါပဲ.။သူက လင်းဖန် အဲ့ကို သွားမယ် ဆိုတာ မယုံကြည်နိုင်ဖြစ်နေခဲ့တာပါ..။

"ဟုတ်တယ်လေ..ယွန်ဗီလာကို သွားမလို့..။ဘာဖြစ်လို့လဲ.."

လင်းဖန် မေးလိုက်တာပါ..။

ဒါရိုက်ဘာ ပြန်ပြောလိုက်တယ်..။

"ဘာ..ဘာမှမဟုတ်ပါဘူး..။ဒီတိုင်း သေချာအောင်လို့ပါ "

လင်းဖန် သူဟာသူ တွေးနေခဲ့တယ်..။ဒါရိုက်ဘာက ဘာကို ဆိုလိုတာလဲ သူနားမလည်တော့ပါဘူး..။သိူ့ပေမယ့် သူ ယွန်ဗီလာကို ရောက်တဲ့ အချိန်မှာတော့ ဘာလို့လဲ ဆိုတာ နားလည်သွားခဲ့ပါတယ်..။

ဒါက သူ့မှာ ပြသနာ ရှိနေလို့ မဟုတ်ပါဘူး..။ဒီယွန်ဗီလာက ရင်သပ်ရူမောဖွယ် ကောင်းလောက်တဲ့ နေရာတစ်ခု ဖြစ်နေလို့ပါ..။

တစ်ချက်ကြည့်လိုက်တာနဲ့..အပြင်မှာ ပါကင်ထိုးထားတဲ့ ကားတိုင်းက ဇိမ်ခံကားတွေချည်းပါပဲ..။သူ့ရဲ့ အငှားကားလေးက အတော်ကို ကြည့်ရဆိုးနေခဲ့ပါတယ်..။

"ဒါရိုက်ဘာ..ယွန်ဗီလာရဲ့ သမိုင်းက ဘယ်လိုရှိတာလဲ.."

ဒါရိုက်ဘာ သက်ပြင်းချလိုက်ပြီး..

"ယွန် ဗီလာက ချင်ကျိုးမှာ အခမ်းနားဆုံးပဲ..။ဒီမှာ အကုန်လုံး ရှိတယ်..။ဒီကိုလာတဲ့ လူတွေကလည်း အတော် ချမ်းသာတဲ့ လူတွေချည်းပဲ..။ကျုပ်တို့လို့ ဒါရိုက်ဘာတွေရဲ့ တစ်လစာက..ဒီမှာ တစ်ညသုံးဖို့ တောင် တတ်နိုင်မှာမဟုတ်ဘူး.."

"ဝိုး.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။ကြည့်ရတာ ဒီနေရာမှာ အဆင့်အတန်း မြင့်တဲ့ လူတွေနဲ့ ပြည့်နေတာဖြစ့်ပီး.မာချင်ကျိုးက သူ့ကို အမြင်ကျယ်သွားအောင် ပြချင်နေတဲ့ ပုံပါပဲ..။

ဝင်ပေါက်တွင်..။

လင်းဖန် ငွေပေးချေပြီးနောက်မှာ ကားက ပြန်ထွက်သွားခဲ့တယ်..။

ဒါရိုက်ဘာကတော့ လင်းဖန်ကို ကြည့်ပြီး သူ ဘာလို့ ဒီကို လာခဲ့တာလဲ ဆိုတာကို တွေးနေခဲ့ပါတယ်..။ဒီနေရာက သာမန်လူတွေ လာသင့်တဲ့ နေရာမဟုတ်ပါဘူး..။

လင်းဖန် ဝင်ပေါက်မှာ ရပ်ပြီး ဟိုကြည့် ဒီကြည့် လုပ်နေခဲ့တယ်..။သူဘယ်သွား ရမလဲ ဆိုတာ မသိပါဘူး..။

"နတ်ဆေးဆရာလေး.."

လီရန် သိပ်မဝေးတဲ့ နေရာကနေ လမ်းလျောက်လာခဲ့ပါတယ်..။သူ စောင့်နေတာ အချိန်တစ်ချို့ ရှိပါပြီ..။သူ နတ်ဆေးဆရာလေးကို မြင်တာနဲ့ ချက်ချင်း လျောက်လာခဲ့တာပါ..။

လင်းဖန်ကတော့ တည်ငြိမ်နေခဲ့တယ်..။

"မာချင်ကျိုးက အထဲမှာ ရှိလား.."

လီရန် ရယ်မောလိုက်ပြီး..

"ဟုတ်တယ် ဂေါ့ဖားသား မာ အထဲမှာ ရောက်နေတာ နည်းနည်း ကြာနေပြီ.။ချင်ကျိုးက အရေးကြီး ပုဂ္ဂိုလ် တစ်ချို့လည်း အထဲမှာ ရှိကြတယ်..။သူတို့က နတ်ဆေးဆရာလေးကို တွေ့ချင်နေကြတာလေ.."

လင်းဖန် သူ့ကို လူတွေ တွေ့ချင်တယ် ဆိုတာကို ကြားပြီး ရယ်ချင်သွားခဲ့တယ်..။

မာချင်ကျိုးမှာ ဘယ်လို ကျောထောက်နောက်ခံပဲ ရှိရှိ သူ ရအောင်ဖမ်းဆီးဖို့ ကြိုးစားမှာပါ..။သူ ဝမ်မင်ယန် အတွက် လုပ်စရာရှိတာကိုတော့ လုပ်ရမှာပါပဲ..။

All Chapters