အမှန်တရား ဖန် တို့ ဆိုးယုတ်တဲ့နေရာကို ဝင်သွားပြီ..
Vol. 42 Ch. 628
#ဘာသာပြန် = စနိုးဝှိုက်
ယွန် ဗီလာကို ၂၀၀၅ ခုနှစ်လောက်က ဆောက်လုပ်ထားတာပါ..။ဒီ ဗီလာက ရှည်လျားတဲ့ သမိုင်းကြောင်း မရှိပေမယ့် ချင်ကျိုးမှာတော့ အခမ်းနားဆုံးနဲ့ ဇိမ်ခံဖို့ အကောင်းဆုံးနေရာတစ်ခုပါပဲ..။
ဂေါ့ဖားသား မာက ယွန် ဗီလာ ရဲ့ လှေကားထစ်လိုဖြစ်နေပြီ..သူကပဲ..ဒီကို ဧည့်သည်တွေ အမြောက်အမြား ခေါ်လာခဲ့တာပါ..။ဧည့်သည်တွေက..ကောင်းမွန်တဲ့ အချိန်တွေ ကုန်ဆုံးချင်တာပဲဖြစ်ဖြစ်..ဂေါ့ဖားသား မာ နဲ့ ဆက်ဆံရေး တိုးတက်ချင်တာပဲဖြစ်ဖြစ် ဆိုရင် ဒီကို လာကြပါတယ်..။
ဒီမှာက ဝန်ဆောင််မူ ပေးတဲ့ ဝန်ထမ်းတွေ အရမ်းများတာကြောင့် သူတို့တွေက ဘုရင်တစ်ပါလိုပဲ ဇိမ်ခံနိုင်ကြပါတယ်..။
လင်းဖန် လီရန် ရဲ့နောက်ကို လိုက်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်တယ်..။ဒီမှာ အလုပ်လုပ် နေတဲ့ ဝန်ထမ်းတွေကတောင် သာမန် မဟုတ်ဘူးဆိုတာ သူသတိထားမိလိုက်ပါတယ်..။
မိန်းကလေးတွေဆိုရင် လူသား နတ်သမီးတွေလို့တောင် ပြောလို့ရပါတယ်..။ယောက်ျားလေးတွေ ဆိုရင်လည်း အရပ်ရှည်ပြီး ကြွက်သားတွေ နဲ့ ခန်ညားကြပါတယ်..။သူတို့အတော်ကို ကြည့်ကောင်းကြတာပါ..။
"ချီးပဲ...သူတို့က ဘယ်လို ပျော်ရွှင်ရမလဲ ဆိုတာ တကယ် သိကြတာပဲ.."
လင်းဖန် သူ့ကိုသူ တွေးလိုက်တယ်..။ဒီကို လာတဲ့ ဘယ်သူမဆို ထွက်သွားချင်ကြမှာ မဟုတ်ပါဘူး..။မာချင်ကျိုးက အရမ်းကို အင်အားကြီးပြီး သူ့ပိုက်ဆံတွေ ဆိုတာက တရားမဝင်ရထားတာပါ..။သူသာ ပို်က်ဆံတွေကို ဒီီလိုနည်းလမ်းတွေ နဲ့ မရှာရင် ဒီလိုနေရာမှာ လာပြီး ဇိမ်ကျနိုင်မှာ မဟုတ်ပါဘူး..။
"မရောက်သေးဘူးလား.."
လင်းဖန် ရှုပ်ထွေးတဲ့ အမူအရာနဲ့ မေးလိုက်တာပါ..။သူတို့ လျောက်လာတာ အတော်ကြာနေပြီ ဖြစ်ပြီး နေရာ အများကြီးကို ဖြတ်လာပေမယ့် အခုထိ ရောက်တဲ့ပုံ မရှိသေးပါဘူး..။
လီရန် ပြုံးလိုက်ပြီး..
"ကျွန်တော်တို့ ခနနေရောက်တော့မှာပါ..။နတ်ဆေးဆရာလေး စိတ်မပူပါနဲ့..။ကျွန်တော်တို့က နတ်ဆေးဆရာလေးကို စောင့်နေကြတာလေ..။ဂေါ့ဖားသား မာက အကြီးဆုံးနဲ့ အခမ်းနားဆံူး အခန်းမှာ ကြိုဆိုဖို့ စောင့်နေပါတယ်.."
"ဟားဟား.."
…
ယွန်ဗီလာ ၏ ရွှန်းရှီ ခန်းမတွင်..။
ဒါက ယွန်ဗီလာမှာ ရှိနေတဲ့ အကောင်းဆုံး ခန်းမ တစ်ခုပါ..။
မရေမတွက်နိုင်တဲ့ ဧည့်သည်တွေဟာ .အချင်းချင်း စကားပြောနေခဲ့ကြတယ်..။တကယ်လို့ သာမန်လူတစ်ယောက်သာ ဒီမြင်ကွင်းကို မြင်ရင် လုံးဝကို အံ့ဩသွားမှာပါ..။
သူတို့ အကုန်လုံးက ချင်ကျိုးကဖြစ်ပြီး ..သာမန် မဟုတ်ကြပါဘူး..။သူတို့က..ချင်းကျိုးက ချမ်းသာ တဲ့ လူတွေချည်းပါပဲ..။
ဒီမှာ ချမ်းသာတဲ့ ..အမျိုးအမီးတွေရဲ့ အကြည့်တွေကို ဖမ်းစားထားပြီး ရုပ်ရည်ကြည့်ကောင်းတဲ့ လူတစ်ယောက် ရှိနေခဲ့တယ်..။
သူက ..ဒီနိုင်ငံမှာ ကျော်ကြားတဲ့..သရုပ်ဆောင်တွေ ထဲက တစ်ယောက်ပါ..။သူက သရုပ်ဆောင်ကောင်း တစ်ယောက် တော့ မဟုတ်ပေမယ့်လည်း ရုပ်ရည် ချောမောပါတယ်..။မရေမတွက် နိုင်တဲ့ ချမ်းသားတဲ့ မိန်းမလှ လေးတွေက သူ့ကို ဆွဲဆောင်နေကြတာပါ..။
ဒါက လူတိုင်း တက်ရောက်နိုင်တဲ့ အခမ်းအနား တစ်ခု မဟုတ်ပါဘူး..။သူတို့ ဒီအခမ်းအနားကို မတက်ရောက်ခင်မှာ ဂေါ့ဖားသား မာ ရဲ့ ခွင့်ပြုချက်ကို ရဖို့ လိုအပ်ပါတယ်..။
သူက ဂေါ့ဖားသားမာ ပိုက်ဆံတွေ နဲ့..မင်းသားတစ်လက် ဖြစ်လာခဲ့တာဖြစ်ပြီး..အခုတော့ ဂေါ့ဖားသား မာ အတွက် ပိုက်ဆံ ထုတ်တဲ့ စက်တစ်ခုလို ဖြစ်နေခဲ့ပါပြီ..။
သူက ကိုယ်ပိုင် စီးပွားရေး လုပ်ကိုင်နိုင်လောက်အောင် ကျော်ကြားပေမယ့်လည်း ဂေါ့ဖားသား မာ ရဲ့ ဒေါသကို ကြောက်ရွ့ံရပါတယ်..။ဒါကြောင့် သူ သစ္စာ ရှိရှိနဲ့..အမူထမ်းနေခဲ့တာပါ..။
"ဒီနေ့ အခမ်းအနားကို နတ်ဆေးဆရာလေးကို ပါ ဖိတ်ထားတာလား.."
"ဟုတ်တယ် ..။အားလုံးလဲ ဂေါ့ဖားသား မာ ရဲ့ အခြေအနေကို သိထားကြတာပဲ..။နတ်ဆေးဆရာလေး တစ်ယောက်တည်းသူ့ကို ကုသပေးနိုင်လိမ့်မယ်.."
"ဒါပေမဲ့ နတ်ဆေးဆရာလေးက ဝိုက်ဘိုပေါ်မှာ ဂေါ့ဖားသား မာကို ပြသနာ ရှာထားတာ မဟုတ်ဘူးလာား..။ဘယ်လိုလုပ်ပြီး သူ ချင်ကျိုးကို လာရဲသေးတာလဲ..။သူ ဂေါ့ဖားသား မာ နဲ့ ညှိနှိုင်းပြီးသွားတာလား.."
"မသိဘူးလေ..ဒါပေမဲ့ အဲလိုတော့မထင်ဘူး..။ဒါပေမဲ့ သူ ဂေါ့ဖားသား မာကို ဘယ်လိုဆန့်ကျင်နိုင်မှာလဲ..။နတ်ဆေးဆရာ ဆိုတော့ ရော ဘာလုပ်နိုင်မှာလဲ..။သူ့ရဲ့ ကျွမ်းကျင်မူတွေကို သုံးပြီး ပိုက်ဆံ ရှာလို့ပဲ ရမှာလေ..."
"ဒါအမှန်ပဲ.."
အခန်းထဲတွင်..။
လူတစ်စု ဟာ ထိုင်နေခဲ့ကြတယ်..။
ဒီမှာ ရှိတဲ့ လူတွေက ချင်ကျိုးရဲ့ စီးပွားရေး လုပ်ငန်းအများစုကို ထိန်းချုပ်ထားတဲ့ ပုဂ္ဂိုလ်ကြီးတွေပါ..။
"ဂေါ့ဖားသား မာ နတ်ဆေးဆရာလေးကို ဖိတ်နိုင်ခဲ့လို့ ဂုဏ်ယူပါတယ်..။ကြည့်ရတာ ခင်ဗျားရဲ့ ရောဂါက မကြာခင်ပျောက်တော့မယ့် ပုံပဲ.."
ချင်ကျိုးရဲ့ အစိမ်းရောင် စက်မူဇုံ ပန်းခြံ ရဲ့ ခေါင်းဆောင်က ပြောလိုက်တာပါ..။
သူက ဂေါ့ဖားသား မာနဲ့ အဆင့်အတန်း အတူတူပါပဲ..။သို့ပေမယ့် သူက ဂေါ့ဖားသား မာလောက် မရိုင်းစိုင်းပေ..။သို့ပေမယ့် ဂေါ့ဖားသား မာရဲ့ သန်မာတဲ့ နောက်ခံကြောင့်သာမဟုတ်ရင် သူတို့ မိသားစုက ဂေါ့ဖားသား မာကို ချင်ကျိုးကနေ ကန်ထုတ်နိုင်ပါတယ်..။
ဂေါ့ဖားသား မာ နေမကောင်းဖြစ်နေတုန်းမှာတောင် သူတို့ မိသားစုက..ဂေါ့ဖားသား မာ ရဲ့ နယ်မြေကို လုယူဖို့ အစီစဥ္ချထားပြီးပါပြီ..။တကယ်လို့ ဂေါ့ဖားသား မာ သာ သေသွားရင်..သူ့ရဲ့ ပိုင်ဆိုင်မူ တွေကို ဘယ်သူတွေက ထိန်းချုပ်နိုင်သွားမလဲ ဆိုတာ မိသားစုကြီးတွေ ရဲ့ စွမ်းဆောင်ရည် အပေါ်မှာ မူတည်ပါတယ်..။
သို့ပေမယ့် ဂေါ့ဖားသား မာ..နတ်ဆေးဆရာလေးကို ခေါ်နိုင်ခဲ့တဲ့ အချိိန်မှာ အခြေအနေက ပြောင်းလဲသွားခဲ့ပါတယ်..။အခု လို အခမ်းအနားလုပ်တာကလည်း ..မာချင်ကျိုးက သူတို့ကို သွယ်ဝိုက်ပြီး သတိပေးလိုက်တာပါပဲ..။
မာချင်ကျိူး အကုန်လုံးကို ကြည့်ပြီး ပြုံးလိုက်တယ်..။
"ကျုပ်နေမကောင်း ဖြစ်နေတာကို သိတော့ ခင်ဗျားတို့က ကျုပ်နဲ့ ချည်နှောင်မူတွေကို ရပ်တန့်ပစ်ချင်နေကြတယ် ဆို..။ဒါ အမှန်ပဲ လား..."
ဝမ်ရှန်းဟီ ပြန်ဖြေလိုက်တယ်..။
"ဒါက ဘယ်လိုဖြစ်နိုင်မလဲ..။ကျုပ်တို့က ဂေါ့ဖားသား မာ နဲ့ အတူတူ အလုပ်လုပ်လာတာ နှစ်တွေ ဒီလောက်တောင် ကြာလာခဲ့ပြီလေ..။ကျုပ်တို့က ဘာလို့ ခွဲထွကိဖို့ ကြိုးစားရမှာလဲ..။ဘယ်မိသားစုက ဒီလို ကောလဟာလ မျိုး ဖန်တီးလိုက်တာလဲ ကျုပ်တကယ် သိချင်မိတယ်..။ကျုပ်သာ သိရရင် ဒီအတွက် တန်ရာတန်ကြေးကို ကျိန်းသေ ပြန်ပေးခိုင်းမှာပဲ.."
"ဒါအမှန်ပဲ..။ဒါက အဖြစ်နိုင်တာ.."
"ဂေါ့ဖားသား မာ..စိတ်မပူပါနဲ့..။ကျုပ်တို့ ဆက်ဆံရေးက ဒီလောက်လွယ်လွယ်နဲ့ ကျိုးပျက်မှာ မဟုတ်ဘူးလေ..။နတ်ဆေးဆရာလေးက ဘယ်ချိန်ရောက်မှာလဲ..။ကျုပ်တို့တောင် ဒီလိုစောင့်နေရတယ် ဆိုမှတော့ သူက တကယ် ကျွမ်းကျင်အဆင့် ဖြစ်လောက်တယ်.."
မာချင်ကျိုး ပြုံးလိုက်ပြီး..
"ဒါကောင်းတယ်..။နတ်ဆေးဆရာလေးက ယွန်ဗီလာကို ရောက်နေပြီ..။သူက အခုလမ်းမှာ လာနေတယ်.."
"ဟားဟား..နတ်ဆေးဆရာလေး ရဲ့ ဆေးပညာက မယုံနိုင်စရာပဲလို့ ကျုပ်ကြားဖူးတယ်..။သူဘယ်လောက်အထိ ကျွမ်းကျင်လဲ ကျုပ်တကယ် ကြည့်ချင်မိသေးတယ်.."
မာချင်ကျိုး ပြောလိုက်တယ်..။
"ဒါက သူ ရိုးသားတဲ့ လူတစ်ယောက်လား ဆိုတဲ့ အပေါ်မှာ မူတည်တယ်..။ကျုပ် မာချင်ကျိုးက သဘောထားကြီးတဲ့ လူတစ်ယောက်ပဲ..။ဝိုက်ဘိုမှာကျုပ်ကို တိုက်ခိုက်ယုံနဲ့ သူ့ကို ဘာမှ လုပ်မှာ မဟုတ်ဘူး..။ဒီနေ့ သူ့အဆင့်သူ သိမလား ဆိုတာ သိချင်သေးတယ်.."
ကျန်တဲ့ လူတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြတယ်..။
ဂေါ့ဖားသား မာ ရဲ့ စကားအရ သူနဲ့ နတ်ဆေးဆရာလေးရဲ့ ကြားထဲမှာ နည်းနည်း အရှုပ်အထွေး ရှိနေတယ် ဆိုတာ ရှင်းလင်းပါတယ်..။သို့ပေမယ့်..နတ်ဆေးဆရာလေးက ယွန်ဗီလာကို ရောက်နေပြီ ဆိုမှတော့ သူ့အသက်က မာချင်ကျိုးရဲ့ လက်ထဲကို ရောက်နေခဲ့ပါပြီ..။
သူ့ရှုံ အသက်က ..သူဘယ်လောက် ယဥ္ကျေး သိမ်မွေ့လည်း ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတော့တယ်..။
သူတို့က ဂေါ့ဖားသား မာ နဲ့ အလုပ်တွဲလုပ်နေတာကြာပြီ ဆိုတော့ မာချင်ကျိုး ဘယ်လိုလူမျိုး လဲဆိုတာကို သိထားပါတယ်..။
သူက မင်းအပေါ်မှာ ဘယ်လောက်ပဲ အကြွေးတင်နေပါစေ..တကယ်လို့ မင်းသာ သူ့ရှေ့မှာ ဘယ်လောက် နိမ့်ချရမလဲ ဆိုတာ မသိရင်..မင်းကဆိုးရွားတဲ့..ကံကြမ္မာကို ရင်ဆိုင်သွားရမှာပါ..။
အနည်းဆုံးဆိုရင် သူက သေလောက်အောင်ရိုက်နှက်ပြီး ချင်ကျိုးရဲ့ အပြင်ဘက်ကို ကန်ထုတ်လိုက်မှာပါ..။အဆိုးဆုံးကတော့ ချင်ကျိုးမှာပဲ ရှိနေပြီး အသက်ရှင်လျက် ငရဲကျနေရတာပါပဲ..။
ယင်းနောက် လေထုဟာ သိပ်သည်းလာခဲ့တယ်..။လူတိုင်းဟာ တစ်ယောက်ကို တစ်ယောက် ရှုပ်ထွေးစွာ ကြည့်လိုက်ကြပါတယ်..။ဒီအခမ်းအနားက ရောက်လာတဲ့ ဧည့်သည်ကို သတ်ပစ်ဖို့ အထိတောင် ကြံစည်းထားတဲ့ ပုံပါပဲ..။
"သူ ရောက်လာပြီ.။နတ်ဆေးဆရာလေး ရောက်လာပြီ..။သူ့ကို ကြိုဆိုကြရအောင်..။ဘာပဲဖြစ်ဖြစ် သူက နတ်ဆေးဆရာလေးပဲလေ.."
မာချင်ကျိုးဟာ နတ်ဆေးဆရာလေးက သာမန်ထက် ထူးခြားတဲ့ လူအဖြစ် ချဲ့ကားပြီး ပြောလိုက်တာပါ..။
သို့ပေမယ့် မာချင်ကျိုး ခနဲ့ ပြီး ပြောနေတယ် ဆိုတာကို လူတိုင်း သိထားကြပါတယ်..။
…
အပြင်ဘက်..။
လီရန် လင်းဖန်နဲ့အတူ ခန်းမ ထဲကို ဝင်လာတဲ့ အချိန်မှာ လူတိုင်း လမ်းဖယ်ပေးလိုက်ကြတယ်..။
လူအုပ်ကြီးဟာ လျောက်လာတဲ့ လူကို ကြည့်လိုက်ကြပါတယ်..။
"ဟေး..အစ်ကို လီ ဘေးက ကောင်လေးက ဘယ်သူလဲ.."
"မသိဘူးလေ..အစ်ကိုလီတောင် ကိုယ်တိုင်သွားခေါ် တယ် ဆိုတော့ ထူးခြားတဲ့လူပဲဖြစ်မယ်.."
သူတို့က လီရန် နဲ့ ရင်းနှီးကြပါတယ်..။သူက ဂေါ့ဖားသား မာရဲ့ ညာလက်ရုံးတစ်ယောက် ဆိုရင်လည်း မမှား ပါဘူး..။
ဂေါ့ဖားသား မာပြီးရင် လီရန်က ဒုတိယ အသန်မာဆုံး လူပါ..။တစ်ခါတစ်လေဆို ဂေါ့ဖားသား မာက လီရန် ရဲ့ စကားတွေကို နားထောင်ပြီး ဆုံးဖြတ်ချက်ချတတ်ပါတယ်..။
လီရန် ရပ်လိုက်ပြီး ခန္တာကိုယ်ကို လှည့်လိုက်တယ်..။
"နတ်ဆေးဆရာလေး..ကျေးဇူးပြုပြီး.."
ယင်းနောက် သူ တံခါးကို တွန်းဖွင့်လိုက်ပါတယ်..။
လျှပ်စစ်အလင်းရောင်ဟာ တံခါးကြားကနေ ထွက်လာပြီး ပိုမို တောက်ပလာခဲ့တယ်..။
တစ်ခြား လူတွေ အတွက်ကတော့ မျက်စိကျိန်းစရာ အလင်းရောင်ပါပဲ..။
သို့ပေမယ့် လင်းဖန် အတွက်တော့..အလင်းနဲ့အတူ ဆိုးယုတ်ခြင်း တွေကို ပါ ခံစားလိုက်ရပါတယ်..။
ဒါက သူ ဆိုးယုတ်တဲ့ ကမ္ဘာတစ်ခုကို ဝင်သွားတဲ့ အတိုင်းပါတယ်..။
သူ အခန်းထဲကို ဝင်လိုက်တဲ့ အချိန်မှာ အခန်းထဲက လူတိုင်းဟာ သူ့ကို ကြည့်နေခဲ့ကြတယ်..။
အကုန်လုံး မတ်တတ်ရပ်ပြီး တံခါးမှာ ဝင်လာတဲ့ လူကို ကြည့်နေကြတာပါ..။
ငါလာပြီ ဆိုးယူတ်တဲ့လူတွေ..။
ငါ..အမှန်တရား ဖန်က မင်းတို့ကို တွေ့ဖို့ လာနေပြီ..။