သူတောင်းစား တစ်ယောက်လိုပြုမူချင်နေတာပဲ ဖြစ်ရမယ်
Vol. 42 Ch. 629
#ဘာသာပြန် = စနိုးဝှိုက်
အပြင်အဆင်ကတော့ အတော်ကို ခမ်းနားလှပါတယ်..။ဒီမှာ ဂုဏ်သရေရှိတဲ့ လူတွေ ရှိပြီး သူတို့က ချင်ကျိုးမှာ အင်အားကြီးတဲ့ လူတွေချည်းပါပဲ..။
လင်းဖန် ဝင်လာတဲ့ အချိန်မှာ အကုန်လုံး သူ့ကို ကြည့်လိုက်ကြတယ်..။
"သူက နတ်ဆေးဆရာလေး လား.."
"သူက ဝိုက်ဘိုက ရုပ်နဲ့ တစ်ပုံစံတည်းပဲနော်..။အတော် ငယ်ရွယ်တာပဲ.."
"ဂေါ့ဖားသား မာ ရဲ့ အသက်က သူ့အပေါ်မူတည်နေတယ်.."
"မဟုတ်ဘူး..အဲလိုမဟုတ်ဘူး..။သူ့အသက်ကသာ..ဂေါ့ဖားသား မာ ရဲ့ လက်ထဲမှာ မူတည်နေတာ.."
"ဟားဟား..ဒါက ချင်ကျိုးပဲလေ..။သူ သာ ဒီကို မလာရင် အဆင်ပြေသေးတယ်..။အခု ဒီကို ရောက်နေပြီ ဆိုမှတော့..ဘာတတ်နိုင်ဦးမှာလဲ.."
"ရူး..တိတ်တိတ်နေကြ..။တကယ်လို့ နတ်ဆေးဆရာလေးသာ ဂေါ့ဖားသား မာနဲ့ သူငယ်ချင်းကောင်း တွေ ဖြစ်လာရင်..ငါတို့လည်း နတ်ဆေးဆရာလေးနဲ့အဆက်အသွယ်ရအောင် လုပ်ထားမှ ဖြစ်မယ်..။အနာဂတ်မှာ လူတိုင်း နေမကောင်းဖြစ်မှာ အသေအချာပဲလေ..။နတ်ဆေးဆရာ လေးနဲ့ မိတ်ဆွေဖြစ်ရတာက ကံကောင်းမူကြီး တစ်ခုပဲ.."
"ဟုတ်တယ် ..ဒါအမှန်ပဲ.."
…
လီရန် ပြောလိုက်တယ်..။
"နတ်ဆေးဆရာလေး..ကျေးဇူးပြုပြီး..။ဂေါ့ဖားသား မာ အထဲမှာ စောင့်နေပါတယ်.."
"ဟားဟား.."
လင်းဖန် အထဲကို ရောက်လာတာနဲ့.မာချင်ကျိုး ဂုဏ်ယူစွာ လျောက်လာခဲ့ပါတယ်..။သူက တကယ်ကို ဂုဏ်သရေရှိတဲ့ လူတစ်ယောက်နဲ့ တူနေခဲ့တာပါ..။
"ကျုပ်က ကြယ်တွေ လတွေကိုတောင် ကြည့်နေတာ..။နတ်ဆေးဆရာလေးက နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ.."
မာချင်ကျိုးဟာ လူတိုင်းရှေ့မှာ..အရာရာအဆင်ပြေတဲ့ ပုံစံ ဟန်ဆောင်နေခဲ့တယ်။သူ ပြုံးလိုက်ပြီး နှုတ်ဆက်ဖို့ လက်ကို ဆန့်တန်းလိုက်ပါတယ်..။သူတို့ ပထမ တွေ့ဆုံတုန်းက အစမကောင်းခဲ့ပါဘူး..။ဒါကြောင့် ဒုတိယ တွေ့ဆုံတဲ့ အချိန်မှာ အသစ်တဖန် ပြန်ပြီး စတင်ချင်ခဲ့တာပါ..။
ဘာပဲဖြစ်ဖြစ် နတ်ဆေးဆရာ.လေးက ပိုက်ဆံကို သဘောကျတာကို သိလိုက်ရတာက သူ့ရဲ့ အားနည်းချက်ကို ရှာတွေ့လိုက်သလိုပါပဲ..။
ပိုက်ဆံကို ချစ်တာကလည်း အားနည်းချက် တစ်ခုပါပဲ..။
သူ ချင်ကျိုးမှာ ဘာမှ မချမ်းသာပေမယ့် ပိုက်ဆံကတော့ အချမ်းသာဆုံးပါပဲ..။လင်းဖန် လိုချင်သလောက်ကို သူ ပေးလိုရပါတယ်..။ချင်ကျိုး တစ်ခုလုံးက သူ့အတွက်တော့ ရွှေတွင်းကြီးလိုပါပဲ..။
လင်းဖန်ကတော့ ကျိုးမင်ချင်း နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ စိတ်တောင် မကူးခဲ့ပေ..။
ယင်းနောက် လေထုက အနည်းငယ် သိပ်သည်းလာခဲ့ပါတယ်..။
ကျန်တဲ့လူတွေကလည်း ဖြစ်ပျက်နေတာကို ကြည့်ပြီး အံ့ဩနေခဲ့ကြတယ်..။
ဂေါ့ဖားသား မာက ..လက်ဆွဲနှုတ်ဆက်ဖို့ လက်ပေးတာကို..သူက ငြင်းပယ်လိုက်တာလား..။ဒါက အနည်းငယမ ရှက်ရွံ့စရာ ကောင်းပါတယ်..။ဒီလို အခြေအနေတစ်ခု ဖြစ်လာလိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ကြပေ..။
"ဒါအဆင်ပြေတယ်..။ကျုပ် ခင်ဗျားနဲ့ လက်ဆွဲနှုတ်ဆက်မှာ မဟုတ်ဘူး..။ ကျုပ်က မိတ်ဆွေတွေ နဲ့ပဲ လက်ဆွဲနှုတ်ဆက်တာ..။ခင်ဗျား အတွက်ကတော့ ..ခင်ဗျားက ကျုပ်မိတ်ဆွေ ဖြစ်ဖို့ အဆင့်မမှီဘူး.."
လင်းဖန် တည်ငြိမ်စွာ ပြောလိုက်တာပါ..။မာချင်ကျိုး ရဲ့ မျက်နှာ အမူအရာ ဘယ်လိုရှ်ိသလဲ..ဆိုတာတောင်..သူ ဂရုမစိုက်ပါဘူး..။
"မင်း..."
မာချင်ကျိုး ..ဒီလိုအရှက်ရမူမျိုး ဘယ်တုန်းကမှ မကြုံခဲ့ဖူးပေ..။သူ ..ဒေါသတွေ ထွက်လာခဲ့ပေမယ့် ကိုယ့်ကိုကို အလျင်အမြန်ပဲ ထိန်းချုပ်လိုက်ပါတယ်..။
ဧည့်သည်တွေဟာ ကြောင်အသွားခဲ့ကြတယ်..။
"ချီးပဲ..ဒီငနဲက သေချင်နေတာလား.."
"ငါ မျက်လုံးနဲ့ မြင်ရတာ မဟုတ်ရင် ယုံနိုင်မှာတောင် မဟုတ်ဘူး.."
"သွားပြီ..ဒီကောင်တော့ သေပြီ..။လူတိုင်းက ဂေါ့ဖားသား မာ ဘယ်လို လူမျိုးလဲ ဆိုတာ သိထားကြပါတယ်.."
"ဒီငနဲ ..ဂေါ့ဖားသား မာ ရဲ့ ရောဂါကို ကုပေးရင်တောင် ဒီအပြစ်ကနေ လွှတ်နိုင်မှာ မဟုတ်တော့ပါဘူး.."
ဝမ်ရှန်းဟီ နဲ့ ကျန်တဲ့ လူတွေဟာလည်း ဘေးနားမှာရပ်နေရင်းကနေ လင်းဖန် ပြောလိုက်တဲ့ စကားတွေကြောင့် ဆွံ့အသွားခဲ့တယ်..။ယင်းနောက် သူတို့ လင်းဖန်ကို ထပ်ကြည့်လိုက်ကြပါတယ်..။
သူက အတော်ကို တည်ငြိမ်နေခဲ့တာပါ..။
သူတို့ လင်းဖန်ကို ကြည်ယုံနဲ့တင် တည်ငြိမ်မူတွေကို ခံစားမိကြပါတယ်..။ဘာလို့ ဒီကောင်လေးက ဒီလောက်အထိ တည်ငြိမ်နေတာလဲ ဆိုတာတော့ သူတို့ မသိပါဘူး..။
ဒါက မာချင်ကျိူးကို ကုပေးနိုင်တဲ့လူက သူပဲ ရှိလို့လား..။
ဒီလို ဆိုရင်တောင် သူ့ရဲ့ တည်ငြိမ်မူတွေ ဖြစ်တည်လာဖို့ ဆိုတာ မလုံလောက်ပါဘူး..။ဂေါ့ဖားသား မာ သာ ပြန်သက်သာ လာခဲ့ရင် သူ့ရဲ့ တန်ဖိုးက ရှိတော့မှာ မဟုတ်ပေ..။
သူတို့ ဒီ နတ်ဆေးဆရာ နဲ့ မိတ်ဆွေ မဖြစ်ချင်တော့ပေ..။
အရူးတစ်ယောက်ပဲ..အခုချိန်မှာ သူနဲ့ သွားပြီး မိတ်ဆွေ ဖွဲ့မှာပါ..။ဒီငနဲက ဒုက္ခရောက်ဖို့ကို သေချာ သလောက် ရှိနေပါပြီ..။ဒါဆိုရင် သူတို့ပါ ဒုက္ခရောက်သွား နိုင်တာပါ..။
ယင်းနောက် ဂေါ့ဖားသား မာာ ပြုံးလိုက်ပြီး ဂရုမစိုက်သလို ပြုမူလိုက်ပါတယ်..။
"မင်း က တကယ်ကို နတ်ဆေးဆရာ တစ်ယောက်ပဲ..။တကယ်ကို သတ္တိကောင်းတယ်..။ငါ လေးစားမိပါတယ်..။လာ ထိုင်လိုက်ကြရအောင်.."
သူ ဒီငနဲ နဲ့ စကားထပ်မပြောချင်တော့ပါဘူး..။သူကို အမြန်ဆုံး ကုသပေးတာပဲ လိုချင်နေခဲ့ပါတယ်..။သူပြန်ကောင်းသွားရင် ပထမဆုံး လုပ်မယ့်အရာက ဒီငနဲကို ဒူးထောက်ခိုင်းပြီး..သူ့ကို ပြောခဲ့တဲ့ စကားတွေ ရဲ့ တန်ဖိုးကို ပေးဆပ်ခိုင်းတာပါပဲ..။
အကုန်လုံး ထိုင်ခုံမှာ ထိုင်လိူက်ကြတယ်..။
ဧည့်သည်တွေကတော့..ဂေါ့ဖားသား မာ ရဲ့ မျက်နှာကိုပဲ..အရိပ်အခြေ ကြည့်နေခဲ့ကြပါတယ်..။
ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ သူတို့လည်း မသိပါဘူး..။
မာချင်ကျိုး ပြောလိုက်တယ်..။
"နတ်ဆေးဆရာလေး..အပြင်အဆင် ဘယ်လိုနေလဲ.."
လင်းဖန် နှာခေါင်းရှုတ်လိုက်ပြီး..
"ဒါက လူတွေကို ဖျက်ဆီးနေတဲ့ နေရာပဲ.."
ဝမ်ရှန်းဟီ နဲ့ ကျန်တဲ့ လူတွေဟာ ဒါကို ကြားတဲ့ အချိန်မှာ..ဒေါသထွက်သွားခဲ့ကြတယ်..။ဒီငနဲက ပြသနာ ရှာချင်နေတာလား..။ဒီကောင် ရူးနေတာလား..။ဘယ်လိုလုပ်ပြီး ဒီလို စကားတွေကို အခမ်းအနားထဲမှာ ပြောနိုင်ရတာလဲ..။
ဦးနှောက်ပါတဲ့ လူတိုင်း..ဒီအခမ်းအနားရဲ့ ရည်ရွယ်ချက်က ဘာလဲ ဆိုတာကို သိနိုင်ကြပါတယ်..။
မာချင်ကျိုး ရဲ့ လက်ချောင်းတွေဟာ..လှုပ်နေခဲ့တယ်..။သူ လင်းဖန်ကို အတော် ဒေါသထွက်နေခဲ့ပါပြီ..။သို့ပေမယ့် လက်ရှိအချိန်က..ဒေါသထွက်ဖို့ သင့်တော် တဲ့အချိန်မဟုတ်ပါဘူး..။သူ အားတင်း ပြုံးလိုက်ပြီး..
"စာရိတ္တဖျက်ဆီးတဲ့နေရာ ဆိုရင်လည်း ပြသနာ မရှိပါဘူး..။အဖွဲလအစည်းက လူတွေက ထက်မြက်ပြီး အရည်အချင်း ရှိတဲ့ လူတွေ ချည်းပဲလေ.."
"ကျုပ်ထင်တာတော့ သူတို့က ကပ်ပါးကောင် တွေပဲဖြစ်မယ်.."
လင်းဖန် ဖြတ်ပြောလိုက်တာပါ..။
ဝုန်း..
မာချင်ကျိုး..ချက်ချင်း မတ်တတ်ထရပ်လိုက်ပြီး..လင်းဖန်ကို စိုက်ကြည့်လိုက်တယ်..။ယင်းနောက် သူ ပြောလိုက်ပါတယ်..။
"နတိဆေးဆရာလေး..ကျေးဇူးပြုပြီး စကားလုံးတွေကို ဂရုစိုက်ပါ.."
"ဟားဟား.."
လင်းဖန် နှာခေါင်း ရှုတ်လိုက်တယ်..။သူ့ပုံစံက မာချင်ကျိုးကို တော်စမ်းပါ..လို့ ပြောနေတဲ့ ပုံပါပဲ..။
ဝမ်ရှန်းဟီဟာ အရင်တုန်းက ဒီလောက် မောက်မာတဲ့ လူငယ်မျိုး တစ်ခါမှ ..မမြင်ဖူးခဲ့ပေ..။သူ မေးလိုက်တယ်..။
"နတ်ဆေးဆရာလေးက ဘယ်ဇာတိကလဲ..။တကယ် စိတ်ဝင်စားစရာပဲ.."
"ကျုပ်က ကျန်းကျို့ က..။ကျုပ်က စိတ်ဝင်စားစရာ ကောင်းတဲ့လူ ဟုတ်လား မဟုတ်လားတော့ မသိဘူး..။ကျုပ် ဘယ်သူလဲ ဆိုတာ ခင်ဗျား သိလား..။ကျုပ်က ခင်ဗျားတို့ လာရှုပ်လို့ မရလောက်တဲ့ နောက်ခံ ရှိတဲ့ လူတစ်ယောက်ပဲ.."
လင်းဖန် ယုံကြည်မူ ရှိစွာ ပြောလိုက်တာပါ..။
ဒါက ကြောက်စရာပဲ..
ဒါက တကယ်ကြောက်စရာပဲ..
ဝမ်ရှန်းဟီ လင်းဖန် ရဲ့ စကားကြောင့် အံဩသင့်သွားခဲ့တယ်..။
ဒီကောင်လေးမှာက တကယ် နောက်ခံ ရှိနေခဲ့တာပါ..။ပြီးတော့ သူတို့ တောင် သွားရှုပ်လို့ မရတဲ့ နောက်ခံ တစ်ခုလို့ ပြောနေခဲ့ပါသေးတယ်..။
ဒါပေမဲ့ ဘယ်လိုဖြစ်နိုင်မှာလဲ...
ဒါက ဗိုလ်ချုပ် တစ်ယောက် ..ဒါမှမဟုတ် တစ်ခြား တစ်ခုခု များ ဖြစ်နေမလား..
ဒီလို ဆိုရင် သူတို့ အမှန်တကယ် သွားရှုပ်လို့ မရပါဘူး..။
ဂေါ့ဖားသား မာ ရဲ့ နောက်ခံ တောင် သွားပြီး အပြစ်ပြုလို့ မရလောက်ပေ..။
"အဲတာ ဘယ်သူလဲ ဆိုတာ သိလို့ရမလား.."
ဝမ်ရှန်းဟီ အနည်းငယ် ကြောက်ရွံ့သွားခဲ့ပါတယ်..။ယင်းနောက် ခွက်ထဲက လဖက်ရည်ကို အနည်းငယ် သောက်ဖို့ လုပ်လိုက်တယ်..။
လင်းဖန် ပြောလိုက်တယ်..။
"ကျုပ်အတွက် ဒီပါတီ ကျင်းပ ပေးတာဆိုတော့ ဒီမှာရှိ နေတဲ့ လူအုပ်ကြီးက ကျုပ်ရဲ့ အထောက်အပံ့တွေပဲပေါ့..။ခင်ဗျား ကျုပ်ကို ဒေါသထွက်အောင် လုပ် နိုင်ပါဦးမလား.."
* ဖူးးး *
ဝမ်ရှနး်ဟီ ပါးစပ်ထဲက လဖက်ရည်တွေ အကုန် အပြင်ပြန်ထွက်သွားခဲ့တယ်..။သူတကယ် ကြောင်အနေခဲ့ပါပြီ..။ဒီကောင် ရူးများနေတာလား..။
အစကတော့..သူက အင်အားကြ္ီးတဲ့ နောက်ခံ တစ်ယောက်ယောက်လို့ ထင်ထားပေမယ့် အခုလို လှည့်စားခံလိုက်ရမယ်လို့ မထင်ထားခဲ့ပါဘူး..။
တစ်ခြားလူတွေ လည်း လင်းဖန်ကို စောက်ရူးတစ်ယောက်လို ကြည့်နေခဲ့ကြတယ်..။ဒီကောင် ဘယ်လို ဦးနှောက် နဲ့ ဒီလို စကားကို ပြောထွက်ရတာလဲ..။
"နတ်ဆေးဆရာလေးက ဟာသပြောရတာ တကယ် ကြိုက်တာပဲ.."
ဝမ်ရှန်းဟီ ရယ်မောလိုက်ပါတယ်..။ဒီ နတ်ဆေးဆရာလေးက တကယ်တော့ စောက်ရူး ဆိုတာ သူသိလိုက်ပါပြီ..။
လင်းဖန် ခပ်တည်တည်နဲ့ ခေါင်းခါယမ်းလိုက်တယ်..။
"ကျုပ်က ဒီလို ကိစ္စမျ်ိုးတွေကို မနောက်ပြောင်တတ်ဘူး.."
"တော်လောက်ပြီ.."
မာချင်ကျိုး ထပ်ပြီး သည်းမခံနိုင်တော့ပေ..။
"နတ်ဆေးဆရာလေး..ကျုပ်ရောဂါကို ကုဖို့ ပိုက်ဆံဘယ်လောက် လိုချင်သလဲ ဆိုတာသာ ပြောပါ.."
ဝမ်ရှန်းဟီ ဘာမှ ထပ်မပြောတော့ပါဘူး..။သူတို့ ဂေါ့ဖားသား မာရဲ့ ဆွေးနွေးမူ ဘယ်လိုဖြစ်လာမလဲ ဆိုတာကိုပဲ စောင့်ကြည့်သွားရမှာပါ..။
လင်းဖန် လက်ချောင်းတွေကို ထောင်ပြလိုက်တယ်..။
မာချင်ကျိုး သူ့ကို ကြည့်လိုက်တယ်..။
"နတ်ဆေးဆရာလေးက..တကယ်ကို မရှက်တတ်တာပဲ..။ဒေါ်လာ သန်း ၆၀ လား..။ကောင်းပြီ .ငါ မင်းကို ပေးမယ်..."
လင်းဖန် ပြုံးပြီး သူ့ကို ကြည့်လိုက်တယ်..။
"ခင်ဗျား ဘယ်လောက်လို့ ပြောလိုက်တာလဲ..။ခင်ဗျားက ဆင်းရဲတဲ့..သူတောင်းစား တစ်ယောက်လို ပြုမူနေတာပဲ.."