တစ် ဘီလီယံ ဒေါ်လာ
Vol. 42 Ch. 630
#ဘာသာပြန် = စနိုးဝှိုက်
မာချင်ကျိုး ဒီစကားကို ကြားတဲ့ အချိန်မှာ သူ့ရဲ့ မျက်နှာ အမူအရာ ပြောင်းလဲ သွားခဲ့တယ်..။ဒေါ်လာ သန်း ၆၀ က မလောက်တဲ့ အပြင်..သူက..ဆင်းရဲတဲ့ သူတောင်းစားလို ပြုမူ နေတယ်လို့တောင် ပြောနေခဲ့တာပါ..။
ယင်းနောက် မာချင်ကျိုးရဲ့..အသံက ပြောင်းလဲစွားခဲ့တယ်..။
"နတိဆေးဆရာလေး..မင်းက ဒေါ်လာ သန်း ၆၀၀ လို့ ပြောချင်တာလား.."
လင်းဖန် ပြုံးလိုက်ပြီး..
"ဒါအမှန်ပဲ..။ခင်ဗျားက ဥာဏ်ကောင်းသားပဲ..ကျုပ်က ဒေါ်လာ သန်း ၆၀၀ လို့ ပြောချင်တာ.."
ဘာ...
အခန်းထဲက လူတိုင်း ကြောင်အသွားခဲ့ကြပါတယ်..။
ဒီမှာ ရှိတဲ့ လူတွေ အကုန်လုံးရဲ့ ပိုင်ဆိုင်မူကို ပေါင်းလိုက်ရင်တောင်မှ ဒေါ်လာ သန်း ၆၀၀ ရှိမှာ မဟုတ်ပါဘူး..။
ဝမ်ရှန်းဟီ နဲ့ ကျန်တဲ့ လူတွေဟာ ဒီလိုတောင်းဆိုမူမျိုးလုပ်တဲ့ လင်းဖန်ကို ..စိတ်မမှန်တဲ့ လူတစ်ယောက်လို ကြည့်လိုက်ကြတယ်..။
သူက တကယ် အသတ်ခံချင်နေတာလား..
လင်းဖန် မာချင်ကျိုးရဲ့ ဒေါသထွက်နေတဲ့ အမူအရာကို ကြည့်ပြီး ပြုံးလိုက်တယ်..။
"ဘာဖြစ်လို့လဲ..မစ္စတာ မာ..ခင်ဗျား ရဲ့ အသက်က ဒေါ်လာ သန်း ၆၀၀ မတန်ဘူးလို့ ထင်နေလို့လား..."
"ကျုပ်ခင်ဗျားကို ပြောလိုက်မယ်..။ခင်ဗျား သိပ်ပြီး ကြာကြာနေရတော့မှာ မဟုတ်ဘူး..။တကယ်လို့ ကျုပ်သာ ခင်ဗျားကို မကုသပေးရင် ခင်ဗျား နောက်သုံးလလောက်ပဲ နေရတော့မှာ..။ထပ်ပြောရရင် သမားတော် နောက်တစ်ယောက် ထပ်ရှာဖို့ကို စိတ်တောင် မကူးနဲ့..။ကျုပ်အပြင် ခင်ဗျားကို ဘယ်သူမှ ကုသပေးနိုင်မှာ မဟုတ်ဘူး.."
သုံးလလား...
ဝမ်ရှန်းဟီ နဲ့ ကျန်တဲ့ လူတွေဟာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်..။သူတို့နောက်ဆုံးတော့ အသုံးဝင်တဲ့ အချက်အလက် တစ်ခုခု ရခဲ့ပါပြီ..။
တကယ်လို့ မာချင်ကျိုးသာ မကုသနိုင်ခဲ့ရင် သူ နောက်သုံးလလောက်ပဲ အသက်ရှင်ရတော့မှာပါ..။ထပ်ပြောရရင် သုံးလ ဆိုတာက တကယ်ကို မြန်ပါတယ်..။
မာချင်ကျိုး စိုးရိမ်သွားခဲ့တယ်..။သူ သုံးလ အတွင်းမှာ တကယ်မသေချင်ပါဘူး..။သူ့မှာ လုပ်စရာတွေ အများကြီး ရှိပါသေးတယ်..။
ယင်းနောက်..သူတစ်ခြားလူတွေကို ကြည့်လိုက်ပြီး ဒီလူတွေ သူ့ကို သေစေချင်နေလား ဆိုတာကို အကဲခတ်လိုက်တယ်..။
သို့ပေမယ့် ဒေါ်လာ သန်း ၆၀၀ ဆိုတာက အတော်ကို များတာပါ..။
"နတ်ဆေးဆရာလေး..ဒေါ်လာ သန်း ၆၀၀ က မများဘူးလို့ ပြောရင်တောင် နည်းတဲ့ အထဲမှာတော့ မပါဘူးနော်..။ငါ မင်းကို တကယ်လေးစား တာပါ.."
မာချင်ကျိုး အားတင်းပြီး ပြောလိုက်တယ်..။သူ ဒေါ်လာ သန်း ၆၀၀ ပေးလိုက်ရင်တောင် ဒါကို အသုံးပြုဖို့ ဒီငနဲ အသက်ရှင်ဖို့ လိုအပ်ပါသေးတယ်..။
လင်းဖန် ပြန်ပြောလိုက်တယ်..။
"မစ္စတာ မာ.ခင်ဗျား ကျုပ်ကို လေးစားဖို့ မလိုပါဘူး..။ကျုပ်က ကျုပ်သူငယ်ချင်းကို ကူညီနေတာ..။ထပ်ပြောရရင် ပိုက်ဆံတွေက ခင်ဗျား ပိုင်တဲ့ အရာတွေမှ မဟုတ်တာ..ခင်ဗျား ဆီမှာ ရှိနေတာ မလုံမခြုံ မခံစားရဘူးလား.."
"မင်း ဘာပြောချင်တာလဲ.."
မာချင်ကျိုး လင်းဖန်ကို ဘာတွေပြောနေတာလဲ ဆိုတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်..။
လင်းဖန် ပြောလိုက်တယ်..။
"ခင်ဗျား ဝမ်မင်ယန် ကို မှတ်မိလား..."
ယင်းနောက် မာချင်ကျိုး တွေဝေသွားခဲ့ပါတယ်..။ဝမ်မင်ယန်က အရင်တုန်းက ချင်ကျိုးမှာ ရင်းနှီးမြုပ်နှံခဲ့ပေမယ့် ..မာချင်ကျိုးကို ဒေါသထွက်စေခဲ့လို့..သူ့ရဲ့ မြေကြီးကို လုယူပြီး ကန်ထုတ်ခံလိုက်ရပါတယ်..။
ဒီကိစ္စက အတော်ကြီးမား ပါတယ်..။ဝမ်မင်ယန်က အပြင်လူတစ်ယောက် ဖြစ်တာကြောင့်..သူက နဂါးတစ်ကောင်း ဖြစ်နေတယ်ဆိုရင်တောင် ချင်ကျိုးမှာတော့ လေးဖက်ထောက်သွား ရဦးမှာပါပဲ..။
ဝမ်မက်ယန် က ..နတ်ဆေးဆရာလေးရဲ့ မိတ်ဆွေ ဖြစ်နေမယ်လို့ သူ မထင်ထားခဲ့ပေ..။အခုသူက ..ပိုက်ဆံ ပြန်လာယူတဲ့ ပုံပါပဲ..။
ယင်းနောက် နတ်ဆေးဆရာလေး ဘာလို့ ချင်ကျိုးကို လာဖို့ ဆုံးဖြတ်တာလဲ ဆိုတာကို သူနားလည်သွားခဲ့ပါတယ်..။
ခနလောက် စဥ္းစားပြီးနောက်..။
သူ နောက်ဆုံးတော့ အကြံဥာဏ်တစ်ခု ရသွားခဲ့တယ်..။သူ ဒေါ်လာ သန်း ၆၀၀ ကို ခနတာ သဘောတူညီမူ အဖြစ်ပေးလိုက်ဖို့ပါ..။
သူ အပြည့်အဝ ပြန်ကောင်းလာတဲ့ အချိန်ကျရင် လင်းဖန်ကို ဖမ်းဆီးပြီး..ဝမ်မင်ယန်ကို ပိုက်ဆံတွေ ပြန်ပေးဖိုလ အကြပ်ကိုင်ရမှာပါ..။
ဒါကို တွေးပြီးနောက်မှာ မာချင်ကျိုး သဘောကျစွာ ပြုံးလိုက်တယ်..။
"ကောင်းပြီ..ငါ မင်းကို ဒေါ်လာ သန်း ၆၀၀ ပေးမယ်.."
မာချင်ကျိုး ပြောလိုက်တာပါ..။
မာချင်ကျိုးက..ဒေါ်လာ သန်း ၆၀၀ ပေးမယ်လို့..ပြောလိုက်တဲ့ အချိန်မှာ ဝမ်ရှန်းဟီ နဲ့ ကျန်တဲ့ လူတွေဟာ အံ့ဩသွားခဲ့တယ်..။မာချင်ကျိုး ဒီလိူ ရူးသွပ်တဲ့ တောင်းဆိုမူကို လက်ခံလိုက်တာက တကယ်အံ့ဩစရာပါပဲ..။သိူ့ပေမယ့် မာချင်ကျိူးက သုံးလပဲ ခံတော့မှာကို ပြန်တွေးမိလိုက်တဲ့ အချိန်မှာ သန်း ၆၀၀ ပေးတာက ရူးသွပ်မူတစ်ခု လို့ မထင်တော့ပါဘူး..။
"အိူး ကောင်းပြီလေ..ဒေါ်လာ သန်း ၆၀၀ ဆိုတာက အရင်တုန်း အကြွေးအတွက်ပဲ..။အခု ခင်ဗျား အဲ့မြေကို သုံးပြီး ပိုက်ဆံ တော်တော် ဝင်နေလောက်ပြီ..။ကျုပ် မိတ်ဆွေ ဆုံးရှုံးတာမျိုးတော့ ကျုပ်မလိုချင်ဘူး..။ဒီလိုလုပ် အကုန်စုစုပေါင်း ဒေါ်လာ ၁ ဘီလီယံ ထားလိုက်..။ကျုပ် သူငယ်ချင်းဆီ ကို ပိုက်ဆံ လွှဲပေးလိုက်..။ဒါက အကောင့် နံပါတ်..ကျုပ် စောင့်နေမယ်.."
မာချင်ကျိူး ဒီလောက်အထိ တိုက်ရိုက်ဆန်လိမ့်မယ်လို့ လင်းဖန် မထင်ထားခဲ့ပါဘူး..။သူ ဒီထက်ပိုပြီး ထပ်တောင်း သင့်တယ်လို့တောင် ခံစားလိုက်ရပါတယ်..။
"မင်း.."
မာချင်ကျိုုး ကြောင်အသွားခဲ့တယ်..။သူ့ရင်ထဲမှာတော့ ဒေါသမီးတွေ တောက်လောင်နေခဲ့ပါပြီ..။
ဒီငနဲက သူနဲ့ စျေးနှုန်း လာညှိနှိုင်းမယ်လို့ မထင်ထားခဲ့ပါဘူး..။ဒီလိုဖြစ်တာဆိုလို့ သူ့အတွက် ဒါက ပထမဆုံး အကြိမ်ပါပဲ..။
"ကောင်းပြီ ၁ ဘီလီယံ ပဲ ထားကြတာပေါ့..။လီရန် အခုချက်ချင်း ပိုက်ဆံကို လွှဲပေးလိုက်.."
မာချင်ကျိုး မေးလိုက်တာပါ..။
"သိပါပြီ.."
လီရန် ခေါင်းညိမ့်လိုက်တယ်..။ယင်းနောက် သူ လင်းဖန်ကို ကြည့်ပြီး ခေါငိးခါယမ်းလိုက်ပါတယ်..။လင်းဖန်က အရူးတစ်ယောက်လို့ တောင် သူခံစားနေခဲ့ရပါတယ်..။
…
အပြင်ဘက်မှာ ရှိနေတဲ့ ဧည့်သည်တွေကတော့..ဘာတွေဖြစ်နေမှန်း မသိကြပါဘူး..။သို့ပေမယ့် မာချင်ကျိုး အကြိမ်အနည်းငယ် ဒေါသထွက်ပြီး ထိုင်လိုက် ထလိုက် လုပ်နေတာကိုတော့..သူတို့ မြင်နေကြရပါတယ်..။
သို့ပေမယ့် သူ မတ်တတ်ရပ်ပြီးတာနဲ့ အမြဲတမ်း ပြန်ထိုင်သွားခဲ့တယ်..။
အခြေအနေ ဘယ်လိုရှိလဲ သူတိုလ တကယ်သိချင်နေခဲ့ပါတယ်..။
"ငါအစောက အနားကို သွားတုန်းကြားလိုက်တာ နတ်ဆေးဆရာလေး က ဒေါ်လည ၁ ဘီလီယံ တောင်းနေတယ်..."
"ဘာ..တကယ်ကြီးလား..။၁ ဘီလီယံ.တောင်လား..။သူ လာလို့ ဒီလောက် အများကြီး တောင်းရဲတာလဲ.."
"မသိဘူး..ဒါပေမဲ့ မစ္စတာ က ၁ ဘီလီယံ ပေးဖို့ သဘောတူလိုက်တယ်.."
"သွားပြီ ဒီ နတ်ဆေးဆရာက တကယ်သေပြီ..။တကယ်လို့ သူ ချင်ကျိုးကနေ ခန္တာကိုယ် အပြည့်အစုံနဲ့ ပြန်ထွက်နိုင်ရင် သူ့နာမည်ကို နောက်ကျောမှာ တက်တူးထိုးထားမယ်.."
"ဒေါ်လာ ၁ ဘီလီယံ ပေးထားပြီးရင်တော့ မစ္စတာ မာက လွှတ်ပေးမှာ မဟုတ်တော့ဘူး..။ဒီငနဲက တကယ် ဦးနှောက် မရှိတာပဲ..။သူ့ရဲ့ ဆေးပညာ ကောင်းနေလို့ပဲ ဘာအရေးလဲ.."
"ဟင်း..သနားစရာပဲ..။ငါက နတ်ဆေးဆရာလေးနဲ့ တွေ့ပြီး ငါ့ခန္တာကိုယ်ကို ကြည့်ခိုင်းမလို့ကို..။ဒီလို ဖြစ်လာမယ်လို့ တကယ် မထင်ထားခဲ့ဘူး.."
ဒီဧည့်သည်တွေဟာ ဒီီကိစ္စမှာ ဝင်မပါချင်ကြပါဘူး..။လူတိုင်းက ချင်ကျိူးမှာ တရားမဝင် လုပ်ဖူးကြတဲ့ လူတွေချည်းပါပဲ..။
သူတို့ လူတစ်ယောက်ယောက်ကို မသတ်ဘူးရင်တောင်..တစ်ယောက်ယောက်ကို သတ်ဖို့ အမိန့်ပေးခဲ့ဖူးကြပါတယ်..။
မာချင်ကျိုးလို လူမျိုးအတွက်ကတော့ လုပ်ငန်းခွင်မှာ ထောက်ပံ့ကြေးငွေ ရဖို့က ပြသနာ မဟုတ်ပါဘူး..။တစ်ချိန်တည်းမှာပဲ မာချင်ကျိုးက..ငွေတွေ အမျာကြီးရှိပြီး တစ်ခြားလူတွေက..အဆောက်အဦးတွေ အများကြီး ရှိကြပါတယ်..။
သူ့ရဲ့ တစ်နေ့တစ်နေ့ ဝင်ငွေက တကယ်ရူးသွပ်ဖို့ ကောင်းပါတယ်..။
မာချင်ကျိုး လင်းဖန်ကို ကြည့်လိုက်တယ်..။
"နတ်ဆေးဆရာလေး..အခု ငါ့ရဲ့ ရောဂါကို ကြည့်ပေးလို့ရပြီလား.."
လင်းဖန် ပြုံးလိုက်တယ်..။သူ အခု တစ်ခုခုကို စောင့်နေခဲ့တာပါ..။
ဝမ်ရှန်းဟီ နဲ့ တစ်ခြားလူတွေဟာ ဒီနေ့မှာ ဒေါ်လာ ၁ ဘီလီယံ အပေးအယူကို မြင်ကြရလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။သူတို့ ကိုယ်တိုင်မြင်ရတာ မဟုတ်ရင် ယုံကြည်နိုင်မှာတောင် မဟုတ်ပေ..။
မာချင်ကျိုးမှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ ဆိုတာကျန်တဲ့လူတွေလည်း နားလည်သွားခဲ့ပါတယ်..။
သူက တကယ်ကို ကြောက်စရာကောင်းတဲ့ လူတစ်ယောက်ပါပဲ..။
ရှန်ဟိုင်းတွင်.။
ဝမ်မင်ယန် ရုံးခန်းက ထွက်ဖို့ ပြင်ဆင်နေတဲ့ အချိန်မှာပဲ ဖုန်းဝင်လာခဲ့ပါတယ်..။
"ဘာဖြစ်တာလဲ.."
သူ ဖုန်းကို မြင်လိုက်တဲ့ အချိန်မှာ ကြောင်အသွားခဲ့ပါတယ်..။
"ချီးပဲ ဒီပိုက်ဆံတွေ ဘယ်ကရောက်လာတာလဲ.."
ဝမ်မင်ယန် အံ့ဩသင့်နေခဲ့တယ်..။ဘီလီယံနာ တစ်ယောက်အနေနဲ့ သူ ပိုက်ဆံတွေ အများကြီး မြင်ဖူးတဲ့ လူတစ်ယောက်ပါ..။သို့ပေမယ့် သူ့ဘဏ်အကောင့်ထဲမှာ ရုတ်တရက်ကြီး ၁ ဘီလီယံလောက် တက်လာတာကတော့ ရူးသွပ်စရာပါပဲ..။
ယငိးနောက် ဖုန်းဝင်လာထဲ့တယ်..။
"မင်ယန် ပိုက်ဆံ ရောက်ပြီလား.."
လင်းဖန် မေးလိုက်တာပါ..။
"ချီးပဲ..မင်းဘာလုပ်နေတာလဲ..။မင်း ငါ့ဆီကို ပိုက်ဆံ လွှဲလိုက်တာလား.."
"မဟုတ်ဘူး..မာချင်ကျိုး ဆီက ယူထားတာ..။သူက ခင်ဗျားတို့ကို ဖျက်ဆီးခဲ့တာမလား..။သန်း ၆၀၀ ကနေ ၁ ဘီလီယံ ဖြစ်လာတာပဲ..။ဒါက နည်းတယ် ဆိုပေမယ့်လည်း ကျုပ်တို့ ဒီလောက်နဲ့ကျေနပ်သင့်တယ်လေ.."
လင်းဖန် ပြောလိုက်တာပါ..။
ဝမ်မင်ယန် ဒါကိုကြားတဲ့အချိန်မှာ ဒေါသထွက်သွားခဲ့တယ်..။
"ဘာ..မင်း မာချင်ကျိုးဆီကို တောင်းထားတာလား..။ညီအစ်ကို မင်းဘာတွေ လုပ်နေတာလဲ..။မဟုတ်ဘူး ငါ ပိုက်ဆံ ပြန်လွှဲလိုက်မယ်..။မင်း ပြသနာ တက်လို့ မဖြစ်ဘူး.."
ဒီကိစ္စက အရမ်းများတယ်လို့ ဝမ်မင်ယန် ခံစားနေရပါတယ်..။မာချင်ကျိူးက ဘယ်လိုလူမျိုးလဲ ဆိုတာ သူအသိဆုံးပါပဲ..။
သူ့ညီအစ်ကိုက ဒီီလို ၁ ဘီလီယံ ယူထားတာဆိုတော့ ချင်ကျိုးကနေ ကောင်းကောင်းမွန်မွန် ပြန်လာခွင့်ရမှာ မဟုတ်ပေ..။
"မဟုတ်ဘူး..ကျေးဇူးပြုပြီး မလုပ်ပါနဲ့..။ကျုပ် မနက်ဖြန်ပြန်လာခဲ့မယ်..။ပိုက်ဆံကိုသာ ဂရုစိုက်..။ကျုပ်လုပ်စရာ ရှိသေးလို့ အခု ဖုန်းချလိုက်တော့မယ်.."
*တီ တီ*
ဖုန်းကျသွားခဲ့တယ်..။
အခုချိန်မှာ ဝမ်မက်ယန် လုံးဝ စိတ်မလှုပ်ရှားပါဘူး..။သူ့ဆီမှာ ကြောက်ရွံမူနဲ့ စိုးရိမ်မူတွေပဲ ရှိနေခဲ့ပါတယ်..။
မာချင်ကျိုး ဆီက ပိုက်ဆံကို ယူတာက..ကျားမြီးကို
သွားဆွဲမိသလိုပါပဲ..။ဒါက အရမ်းကို အန္တရာယ်များလွန်းတာပါ...။