← Chapters

အခန်း (၅၂၈)

Vol. 36 Ch. 528

အခန်း (၅၂၈)

Vol. 36 Ch. 528

ကျူးရင်ဟောခန်းထဲမှ ကျောင်းသားလေးဆယ်ရှိသည့်အထဲမှ သုံးဆယ့်ကိုးယောက်သည် ‌ကျွင်းချောင်ရှောင်းနှင့်အတူ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

တစ်ဦးတည်းသော ကျန်ရှိသူမှာ မင်းသမီးလေး ကြာပန်းနီသာ ဖြစ်‌တော့၏။

သူမသည် ကျောင်း၏ အဆောက်အဦးအပေါ်ထပ်တွင် မတ်မတ်ရပ်လျက် ထွက်ခွာသွားသော ကျောင်းသားများအား ကြည့်ရှုလျက်ရှိနေသည်။ သူမ၏ အကြည့်များသည် ရှုပ်ထွေးလျက်ရှိနေတော့သည်။

"ကြာပန်းနီ"

စစ်တုဟောင်ရန်က ပြောလိုက်သည်။ "မင်း သေချာမတွေးခဲ့ဘူးလား"

"တွေးခဲ့ပါတယ်" မင်းသမီးလေး ကြာပန်းနီက ထပ်ပြောလိုက်သည်။

စစ်တုဟောင်ရန်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "ငါ့အထင်အရဆိုလျှင် မင်းက ဒီမှာနေပြီးတော့ မင်းအဖေရဲ့ မြို့ကို ဂရုစိုက်ချင်နေတာပဲ"

ကြာပန်းနီသည် ငြိမ်သက်သွားသည်။

မြို့တော်ဝန်မူသည် ကလေးမရှိချေ။ သူမသည်သာလျှင် တစ်ဦးတည်းသော သမီးလည်း ဖြစ်သည်။ ထို့အပြင် လက်ရှိအခြေအနေ၌ မြို့တော်ဝန်မူသည် အိုမင်းလာပြီဖြစ်ပြီး သူ၏ ရည်မှန်းချက်များသည်လည်း ယုတ်လျော့သွားခဲ့၏။

သိုင်းပညာနောက်သို့သာ တစ်စိုက်မက်မက် လိုက်ခဲ့သူဖြစ်သောကြောင့် မူဟောင်ရင်သည် မြို့၏ ကိစ္စဝိစ္စများအားလုံးကို တစ်ခြားသူဆီသို့ လွှဲအပ်ထားသည်။

"ကောင်းကင်ဘုံမြို့တစ်ခုလုံးကို စီမံခန့်ခွဲရတယ်ဆိုတာ လွယ်တဲ့ကိစ္စတစ်ခုမဟုတ်ဘူး"

စစ်တုဟောင်ရန်က ပြောလိုက်၏။ "မြို့တော်ဝန်‌မူက ဒီလောက်ကြီးရဲရဲရင့်ရင့်နဲ့ မင်းအပေါ် အလုံးစုံ ပုံအပ်မိလိမ့်မယ်လို့ မထင်ဘူး"

မင်းသမီးလေးကြာပန်းနီက ပြုံးကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းက ငယ်ရွယ်တယ်လေ။ဒါပေမဲ့ သူက ဂိုဏ်းတစ်ခုကို အောင်အောင်မြင်မြင်နဲ့ စီမံခန့်ခွဲနိုင်တယ်လေ။သူတောင် လုပ်နိုင်သေးတာပဲ။ကျွန်မက ဘာလို မြို့တစ်ခုကို မစီမံခန့်ခွဲနိုင်ရမှာလဲ"

ဂိုဏ်းတစ်ခုနှင့်မြို့တစ်ခုက မည်ကဲ့သို့ နှိုင်းယှဉ်၍ ရမည်နည်း။

စစ်တုဟောင်ရန်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "တကယ်တော့ မင်း သံမဏိအရိုးဂိုဏ်းထဲကို သွားပြီးတော့ ကျင့်ကြံသင့်တယ်။မင်း လေ့လာသင်ယူပြီးတာတွေကို လေ့လာပြီးပြီဆိုမှ ကောင်းကင်ဘုံမြို့ဆီကို ပြန်လာတာက အကောင်းဆုံး ဖြစ်လိမ့်မယ်"

မင်းသမီးလေး ကြာပန်းနီက ပြောလိုက်သည်။ "အဖေ့ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဖို့ လိုသေးတယ်"

သူမသည်လည်း သံမဏိအရိုးဂိုဏ်းထဲသို့ ဝင်ပြီး အဆင့်မြင့်သော သိုင်းနည်းစနစ်များအားလုံးကို လိုချင်မိ၏။ သို့ပေမဲ့ သူမအဖေ၏ ခွင့်ပြုချက်မရှိဘဲ သူမအနေနှင့် ကောင်းကင်ဘုံမြို့ဆီမှ ထွက်ခွာသွား၍ မဖြစ်ချေ။

စစ်တုဟောင်ရန်သည် စိတ်ထဲမှာ ကြိတ်ကာ တွေးလိုက်၏။ ဂိုဏ်းချုပ်ကျွင်းအကြောင်းသာ မင်းအဖေသိမယ်ဆိုရင် ကျိန်းသေပေါက်လက်ဆွဲပြီး သူ့ဆီကိုလိုက်ပို့မှာပဲလေ။

သူ ဘာကိုဆိုလိုသနည်း။

ဂိုဏ်းချုပ်ကျွင်းသည် ဓားနှင့် သိုင်းဘုရင်တစ်ယောက်ဖြစ်သည်။ ထို့အပြင် ကျင့်ကြံခြင်းနည်းစနစ်များတွင်လည်း အလွန်တရာ နက်နဲသည့်တာအိုကို ပိုင်ဆိုင်သူ တစ်ယောက်လည်း ဖြစ်နေသည်။

ထို့ကြောင့် ဤကဲ့သို့သော သမက်မျိုးကို မည်သည့်နေရာမှာမှ ထပ်၍ ရှာဖွေမတွေ့ရှိနိုင်ပေ။ ကျိန်းသေပေါက် သူမူး၍ ပြောခဲ့သော စကားများ အတည်ဖြစ်တည်လာရန် အစွမ်းကုန် ထုတ်၍ ကြိုးစားပေလိမ့်မည်။

ထိုအရာကို ကျောင်းအုပ်ကြီးဖြစ်သော စစ်တုဟောင်ယွင် သည် ကောင်းကောင်းသိရှိနေ၏။

ကျူးရင်ဟောခန်းမှာရှိသော ကျောင်းသားများအားလုံးသည် ကျွင်းချောင်ရှောင်း၏ ခေါ်ဆောင်သွားခြင်းကို ခံရ၏။ ကောင်းကင်ဘုံကျောင်းထဲမှာရှိသော ကျောင်းသားများ၏ နှလုံးသားထဲမှာတော့ ၎င်းတို့နှင့်အတူ လိုက်ပါသွားကြသည်။

"နည်းပြ"

ကျောင်းသားတစ်ယောက်သည် အရဲစွန့်ကာ ပြောလိုက်သည်။ "အရင်ကြိုပြီးတော့ ကျောင်းဆင်းခွင့်တောင်းလို့ ရမလား"

"ဘာလို့လဲ"

"ကျွန်တော် သံမဏိအရိုးဂိုဏ်းထဲကို ဝင်ချင်လို့ပါ..."

"ကျောင်းအုပ်ကြီး"

အစည်းအဝေးအခန်းထဲမှာတော့ ဒုကျောင်းအုပ်ကြီးက ပြောလိုက်၏။ "ကျောင်းသားတွေ တော်တော်များများက အရင်ကြိုပြီးတော့ ‌ကျောင်းဆင်းခွင့်တောင်းနေကြတယ်။သူတို့က သံမဏိအရိုးဂိုဏ်းကို ဝင်ချင်လို့တဲ့"

"ဒါဆိုလည်း လွှတ်ပေးလိုက်လေ"

စုတုဟောင်ယွင် ပြောလိုက်သည်။

ဒုကျောင်းအုပ်သည် စိတ်‌ဓာတ်တကျဖြင့် ပြောလိုက်သည်။ "ဒီလိုမျိုး စောပြီးကျောင်းဆင်းခွင့်ကို ခွင့်တောင်းထားတဲ့ ကျောင်းသားက သုံးထောင်ကျော်လောက်ရှိတယ်"

စုတုဟောင်ယွင် သည် လေးလေးနက်နက် ပြောလိုက်၏။ "ကျောင်းသားတွေဆိုတာက သူတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့် ရှိတယ်။ဆရာတစ်ယောက်အနေနဲ့ ငါတို့က သူတို့ကို ထောက်ပံ့ပေးရမှာပေါ့..."

ဒုကျောင်းအုပ်က ပြောလိုက်သည်။ "ကောင်းပါပြီ"

နောက်ဆုံးမှာတော့ စောစီးစွာဖြင့်‌ ကျောင်းဆင်းခွင့်ရရန် ခွင့်တောင်းထားသော ကျောင်းသားများအားလုံးသည် အတည်ပြုချက်ကို လက်ခံရရှိနေကြ၏။

ရုတ်တရက်ဆိုသလိုပဲ များပြားလှသော လက်ရွေးစင်တပည့်များသည် ၎င်းတို့၏ အထုပ်အပိုးများကို သယ်ဆောင်၍ ချင်းယန်နိုင်ငံဆီသို့ ဦးတည်ကာ သွားကြတော့သည်။

ကျောင်း၏ အပြင်ဘက်တွင် ကျောင်းသားများအား ဂိုဏ်းသားအဖြစ် ခေါ်ဆောင်ခွင့်ရရန် အစဉ်အမြဲ ချောင်းမြောင်းနေကြသော ဂိုဏ်းများမှာတော့ ထိုအချင်းအရာကို မြင်ပြီးချိန်တွင် သွေးအန်လုမတတ်ဖြစ်နေကြ၏။

သူတို့ ရွေးချယ်ထားကြသော ကျောင်းသားတော်တော်များများသည် သံမဏိအရိုးဂိုဏ်းဆီသို့ ထွက်ခွာသွားခဲ့ကြပြီး ဖြစ်သည်။ သူတို့ အနေနှင့် ထိုကျောင်းသားများကို သွေးဆောင်ခွင့်ရရှိရန် မရေမတွက်နိုင်သော နည်းလမ်းများကို အသုံးပြု၍ သိမ်းသွင်းထားခဲ့ရသည်ဖြစ်သည်။

ဂိုဏ်းတစ်ခု၏ အကြီးအကဲတစ်ယောက်က သက်ပြင်းချကာ ပြောလိုက်သည်။ "ဒီလောက် ထူးချွန်လှတဲ့ ပါရမီရှင်တွေ သံမဏိအရိုးဂိုဏ်းထဲကို ဝင်သွားပြီဆိုတော့ သူတို့တွေရဲ့ တိုးတက်မှုက မရပ်မနား ဖြစ်ကုန်မှာပဲ။"

သူ အဘယ့်ကြောင့် ဤသို့ ပြောရသနည်း။

ကောင်းကင်ဘုံ‌ကျောင်းမှ ကျောင်းသားများ၏ ပါရမီသည် အလွန်အားကောင်းလှကြောင်း အရှေ့တောင်ရန်ကျူးတစ်‌ခုလုံး သိရှိကြပြီးသားဖြစ်၏။

ထိုသို့သော သူများ ဂိုဏ်းထဲသို့ ရောက်ရှိသွားပြီဆိုပါက သံမဏိအရိုးဂိုဏ်းသည် အနာဂတ်တွင် ပိုမိုအားကောင်းလာမည်ဆိုသည်မှာ ပုံသေနည်းတစ်ခုပင် ဖြစ်တော့သည်။

"ဘာလို့ ဒီလောက်များတဲ့ ကျောင်းသားတွေ အထုပ်အပိုးတွေ ပြင်ပြီး မြို့ထဲက ထွက်ခွာသွားရတာလဲ။”

“ငါရထားတဲ့ သတင်းအရဆိုရင် သူတို့က စောစောစီးစီး ကျောင်းဆင်းခွင့်တောင်းပြီး သံမဏိအရိုးဂိုဏ်းဆီကို သွားကြတာပဲ"

"စောစောစီးစီး ကျောင်းဆင်းခွင့်တောင် တင်တယ် ဟုတ်လား"

မြို့ထဲတွင် ရှိသော ကျောင်းသားများအားလုံးသည် ဆွံ့အသွားကြ၏။

ကောင်းကင်ဘုံကျောင်းဆိုသည်မှာ အရှေ့တောင်ရန်ကျုးမှ ကျင့်ကြံသူများ၏ နတ်ဘုံနတ်နန်းတစ်ခုလိုပင် ဖြစ်သည်။ ရေတွက်လို့ မရသော ကျင့်ကြံသူများသည် ထိုကျောင်းတွင် ကျင့်ကြံခွင့် ရရန် မျှော်လင့်တကြီးဖြင့် ကြိုးစားခဲ့ကြရသည်။

ထိုသို့သော လူများအားလုံးသည် ကျောင်းထဲသို့ ရောက်ရှိပြီးချိန်တွင် စောစီးစွာဖြင့် ကျောင်းဆင်းခွင့်ရရန် ခွင့်တောင်းပြီး သံမဏိအရိုးဂိုဏ်းဆီသို့ သွားခဲ့ကြ၏။ သောက်ကျိုးနည်းလှချေသည်တကား။

၎င်းတို့အား ပို၍ အံ့အားသင့်စရာ ကောင်းသည်မှာ ကျူးရင်ဟောခန်းရှိ ကျောင်းသားများအားလုံးသည် ဂိုဏ်းထဲသို့ ဝင်ရောက်သွားခဲ့ခြင်းပင် ဖြစ်သည်။

၎င်းတို့အားလုံးသည် မိသားစုကြီးများဆီမှ ဆင်းသက်လာကြသော တိုက်ရိုက်မျိုးဆက်များဖြစ်ပြီး ၎င်းမိသားစုများ၏အားအင်အဆင့်များသည်လည်း အဆင့်လေး သို့မဟုတ် အဆင့်ငါးဂိုဏ်းများနှင့် တူညီကြသူများ ဖြစ်ကြသည်။

သို့ပေမဲ့ ထိုမိသားစုများမှ အကြီးအကဲများအားလုံးသည် သူတို့၏ မျိုးဆက်များအား အဆင့်နိမ့်ဂိုဏ်းတစ်ခုဆီသို့ ဝင်ရောက်ခြင်းအား အဘယ့်ကြောင့် မတားမြစ်ကြသနည်း။

အဘယ့်ကြောင့် မတားမြစ်ရသနည်းဆိုသော် ဂိုဏ်းချုပ်ကျွင်းသည် အလွန်တရာအားကောင်းသောကြောင့်ပင် ဖြစ်သည်။

ထို့အပြင် ယခုမှ ဂိုဏ်းသည် စတင်ဖွံ့ဖြိုးတိုးတက်စ ရှိနေသေး၏။

ယခုထက်ပို၍ တိုးတက်လာမည်လား ၊ ယုတ်ရော့သွားမလားဆိုသည်ကိုတော့ ကျင့်ကြံသူများက စောင့်ကြည့်ရန် လိုအပ်နေသေးကြသည်။

….....

မြို့ထဲရှိ ကျင့်ကြံသူများအားလုံးသည် စကားအချေအတင် ဖြစ်နေရင်းမှာပဲ တစ်ခြားအရေးကြီးသည့် သတင်းတစ်ခု ထွက်ပေါ်လာတော့သည်။

အရှေ့တောင်ရန်ကျူး၏ ဂိုဏ်းအသိအမှတ်ပြုဗဟို ဆီမှ ထုတ်ဖော်လိုက်သော သတင်းတစ်ခုဖြစ်ပြီး ထိုအရာသည်သံမဏိအရိုးဂိုဏ်းမှာ အလားအလာနှင့် ပတ်သက်၍ ထိပ်ဆုံးသုံးခု စာရင်းထဲတွင် ဝင်သော ဂိုဏ်းတစ်ခု ဖြစ်ကြောင်းပင်။

အားလုံးသော လူများသည် မျက်လုံးအပြူးသား ဖြစ်သွားကြသည်။ "ထိပ်ဆုံး သုံးခု ဟုတ်လား"

"တကယ့်ကို သံမဏိအရိုးဂိုဏ်းက ထိပ်ဆုံးသုံးခုမှာ ဝင်တဲ့ အလားအလာကို ပိုင်ဆိုင်တာလား"

ကောင်းကင်ဘုံမြို့တစ်ခုလုံးသည် အုတ်အော်သောင်းနင်း ဖြစ်သွားကြတော့သည်။

ဂိုဏ်းအသိအမှတ်ပြုဗဟို စတင်တည်ထောင်ပြီးကတည်းက ၎င်းတို့၏ အဆင့်သတ်မှတ်မှု အမြင့်ဆုံး ပေးထားခြင်းသည် သိပ်ရှိလှသည် မဟုတ်ပေ။

ယခု သံမဏိအရိုးဂိုဏ်း၏ အဆင့်သတ်မှတ်ချက်အား ဂိုဏ်းအသိအမှတ်ပြုဗဟိုမှ တရားဝင် ထုတ်လွှတ်လိုက်၏။

ကောင်းကင်ဘုံမြို့တစ်ခုတည်းမှာ မဟုတ်ဘဲ အရှေ့တောင်ရန်ကျူးမှာ ရှိသော မြို့တိုင်းမြို့တိုင်းသို့ အမြန်ဆုံးနှုန်းဖြင့် သတင်းပျံ့နှံ့သွားတော့သည်။

"သံမဏိအရိုးဂိုဏ်းက ထိပ်ဆုံးသုံးခု စာရင်းထဲကို ဝင်တာလေ။”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။တစ်လောက်လုံးကို ကျော်ကြားနေတဲ့ ရွှမ်နတ်ဂိုဏ်းတောင်မှ ထိပ်ဆုံးသုံးခု စာရင်းမှာ ပါမယ်ဆိုပြီး သတင်းထွက်ရုံပဲ ရှိသေးတယ်"

မြို့ထဲတွင် ရှိနေကြသော ကျင့်ကြံသူများအားလုံးသည် ထိုစာရင်းကို တွေ့ရှိပြီးသည့်နောက်မှာတော့ စိတ်မလှုပ်ရှားသူ ဟူ၍ မရှိကြချေ။

ဟား ဟား ဟား ဟား

ချူမိသားစု၏ ဟောခန်းထဲမှာတာ့ ချူမိသားစုခေါင်းဆောင်သည် အားရပါးရ ရယ်မောလျက်ရှိသည်။

သူသည် သူ့သားအား သံမဏိအရိုးဂိုဏ်းထဲသို့ ဝင်ရန် ကြာပွတ်ကို ကိုင်၍ ဆွေးနွေးခဲ့ရသေးသည်။ ထို့အပြင် များပြားလှသော အကြီးအကဲများနှင့် အတိုက်အခံလုပ်၍ စေလွှတ်ရသည်ဖြစ်သောကြောင့် ဖိအားကို သူ ခံစားခဲ့ရသည်။ လက်ရှိအချိန်မှာတော့ သံမဏိအရိုးဂိုဏ်း၏ အလားအလာသည် ထိပ်ဆုံးသုံးခုထဲသို့ ဝင်နေသည်။ ဤအရာသည် သူ၏ ဆုံးဖြတ်ချက် မှန်ကန်သည်ဖြစ်ကြောင်း ဆိုလိုခြင်းပင် ဖြစ်ပေလိမ့်မည်။

သူနှင့် ဖက်ပြိုင်ငြင်းခုန်ခဲ့ကြသော မိသားစုမှ အကြီးအကဲများသည်လည်း လက်ရှိအ‌ခြေအနေ၌ တိတ်ဆိတ်ငြိမ်သက်သွားကြပြီဖြစ်သည်။

ဟုန့်မိသားစုခေါင်းဆောင်နှင့် တစ်ခြားသော မိသားစုခေါင်း‌ဆောင်များသည်လည်း အလွန်တရာ ပျော်ရွင်မိနေကြ၏။

သူတို့၏ တိုက်ရိုက်သွေးမျိုးဆက်များအားလုံးသည် အလားအလာနှင့် ပတ်သက်လျှင် ထိပ်ဆုံးသုံးခု အတွင်းဝင်သော ဂိုဏ်းတစ်ခု၏ တပည့်များ ဖြစ်နေကြသည် မဟုတ်လား။

သံမဏိအရိုးဂိုဏ်းသည် ပိုမိုတိုးတက် အားကောင်းလာခဲ့သော ဂိုဏ်းတစ်ခု ဖြစ်လာပေလိမ်မည်။

ကျွင်းချောင်ရှောင်းအနေနှင့် အစစ်အမှန်ပါရမီသာ မရှိပါက ထိုကဲ့သို့ ပြုလုပ်နိုင်ရန် မဖြစ်နိုင်ချေ။

ကောင်းကင်ဘုံမြို့ရှိ မိသားစု ခေါင်းဆောင်များ အနေဖြင့် ၎င်းတို့၏ တိုက်ရိုက်သွေးမျိုးဆက်များကို သံမဏိအရိုးဂိုဏ်းဆီသို့ ဝင်ရောက်ခွင့်ရရန် စေလွှတ်လိုက်ခြင်းဆိုသည်မှာ အလောင်းအစားပြုလုပ်လိုက်ခြင်းနှင့်ပင် ဆင်တူသည်။ လက်ရှိအခြေအနေကို ကြည့်ရမည်ဆိုလျှင် အလောင်းအစားပြုလုပ်ခဲ့သည်မှာ မှန်ကန်သည်ဟု ဆိုရမည်။

သံမဏိအရိုးဂိုဏ်း၏ အနာဂတ်မှာ အကန့်အသတ် မဲ့လှချေသည်။

.....

"ဂိုဏ်းခွဲမှူး"

နတ်ဆိုးမိစ္ဆာဂိုဏ်း၏ ဂိုဏ်းခွဲတစ်ခုမှ ဌာနမှူးတစ်ယောက်သည် အလျင်အမြန်နှင့် သတင်းပို့လိုက်သည်။ "နောက်ဆုံး ရခဲ့တဲ့ သတင်းက ဂိုဏ်းတွေရဲ့ အလားအလာနဲ့ ပတ်သက်တဲ့ သတင်းပါ။"

ဂိုဏ်းခွဲမှူးက စိတ်မရှည်သလို ပြောလိုက်သည်။ "ဒီလောက်ကိစ္စအသေးလေးကို လာပြီး သတင်းပို့နေတာလား။"

နောက်လိုက်က ပြောလိုက်သည်။

"ဌာနမှူကို သတင်းပို့ပါတယ်။ ‌‌ဒီတစ်ခေါက် ဂိုဏ်းရဲ့ အလားအလာနဲ့ ပတ်သက်ပြီး ထိပ်ဆုံးသုံးခု စာရင်းထဲကို ဝင်တဲ့ဂိုဏ်းက သံမဏိအရိုးဂိုဏ်းပါ။"

ဟမ်။

ဂိုဏ်းခွဲမှူးသည် အံ့အားသင့်မိသွားခဲ့သည်။ "မင်းပြောတာ ထိပ်ဆုံးသုံးခု စာရင်းဟုတ်လား"

သူ၏ အထင်အရဆိုလျှင် ဂိုဏ်း၏ အလားအလာနှင့် ပတ်သက်လျှင် ထိပ်ဆုံးသုံးခု စာရင်းဝင်မည့် သူများအားလုံးသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ အရှေ့တောင်ရန်ကျူးတစ်ခုလုံး၏ ကူညီဆောင်မမှုကို ရရှိ၏။ အထူးသဖြင့် ဂိုဏ်အသိအမှတ်ပြုဗဟိုမှ အကြီးအကဲများ၏ ထောက်ပံ့မှုပင် ဖြစ်တော့သည်။

နောက်လိုက်တစ်ယောက်သည် အလောတကြီးဖြင့် ပြောလိုက်သည်။

"ဂိုဏ်းခွဲမှူးကို သတင်းပို့ပါတယ်။ ဒါက အစစ်အမှန်ပါပဲ"

ဂိုဏ်းခွဲမှူးက မယုံနိုင်ဟန်ဖြင့် မတ်တပ်ထရပ်ကာ ပြောလိုက်သည်။ "ဒါ … ‌ဒါ တကယ်ကြီးလား"

"အမှန်ပါပဲ"

ချီးတဲ့မှ…..

ဂိုဏ်းခွဲမှူးက ပြောလိုက်သည်။ "ဘယ်လိုလုပ်ပြီးတော့ ဒီကောင်တွေက အရှေ့တောင်ရန်ကျူး ထိပ်ဆုံးသုံးခုရဲ့ အလားအလာ အကောင်းဆုံး ဂို‌ဏ်းသုံးခုစာရင်းထဲကို ဝင်ရတာလဲ"

‌နောက်လိုက်၏ နှုတ်ခမ်းများသည် တုန်ရင်လျက်ရှိသည်။ "ကျွန်တော်လည်း ဘယ်လိုလုပ် သိမှာလဲ"

All Chapters