← Chapters

အခန်း (၅၃၂)

Vol. 36 Ch. 532

အခန်း (၅၃၂)

Vol. 36 Ch. 532

“သူကသံမဏိအရိုးဂိုဏ်းချုပ် ဟုတ်လား”

ဟွာမန်ဟောခန်းထဲတွင် ရှိနေကြသော မိသားစုခေါင်းဆောင်အားလုံးသည် မျက်ရည်ထွက်လုမတတ် ထရယ်လိုက် ကြ၏။ “ဒီကောင်လေး ဘာလို့ ဂိုဏ်းချုပ်ကျွင်းနဲ့တူညီတဲ့ဝတ်စုံကို ဝတ်ထားသလဲဆိုတာကို ငါစဉ်းစားနေတာ၊ အခုတော့ သူက ဟန်ဆောင်ချင်နေတာကိုး”

“ဒီကောင်အရူးလား၊ ဂိုဏ်းချုပ်ကျွင်းရဲ့အရှေ့မှာ ဂိုဏ်းချုပ်ကျွင်းအဖြစ် ဟန်ဆောင်နေတယ်”

မိသားစုခေါင်းဆောင်ရမ်၏ နှုတ်ခမ်းများသည် တွန့်ကွေးသွား၏။ သူက ပြောလိုက်၏။ “အားလုံးပဲ ကျုပ်အထင်အရဆိုရင် ဒီကောင်လေးက ဦးနှောက်ပျက်နေတာ ဖြစ်မယ်”

“ကျုပ်လည်း ဒီလိုထင်တယ်”

“ဂိုဏ်းချုပ်ကျွင်း... ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ၊ ဒီလိုမျိုး အရူးနဲ့ပတ်သက်ပြီး ကိုယ့်ကိုကိုယ် မနှိမ့်ချလိုက် ပါနဲ့”

“...”

ကျွင်းချောင်ရှောင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။ “ချီးတဲ့မှပဲ၊ ဘယ်လိုအရူးတွေပါလိမ့်”

“ဟမ့်”

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်သည် သူ၏အော်ရာများကို ပြန်လည်ရုတ်သိမ်းပြီးသည့်နောက် လက်ကို ယမ်းခါလိုက်သည်။ “ဒီလူ့ကို ဆွဲထုတ်သွားလိုက်ကြ၊ ကျုပ် သူ့ကို တစ်စက္ကန့်တောင် မမြင်ချင်တော့ဘူး”

ဟူး ဟူး

သူပြောပြောပြီးခြင်းမှာပဲ အလွန်တရာ ဆန်းကြယ်ပြီး လေးလံလှသော အော်ရာများသည် စားသောက်ခန်းတစ်ခု လုံးကို ပြည့်နှက်သွားတော့သည်။

ဘန်း ဘန်း ဘန်း

ချက်ချင်းဆိုသလိုပဲ ထိုများပြားလှသောအော်ရာများကြောင့် တည်နေရာထဲတွင်ရှိသော မြေအိုးများအားလုံးသည် ကွဲကြေသွားတော့သည်။ ဖြစ်ပေါ်လာသောလေလှိုင်းများသည် အားလုံး၏ဆံပင်များကို ရှုပ်ပွသွားစေ၏။ မျက်လုံး များပင် သေချာမဖွင့်နိုင်တော့ချေ။ အော်ရာများကို ထုတ်လွှတ်လိုက်ပြီဖြစ်သော ကျွင်းချောင်ရှောင်းသည် အားလုံးကို အေးစက်စက်ကြည့်ကာ ပြောလိုက်၏။ “ဘယ်သူက ကျုပ်ကိုဆွဲထုတ်ဖို့ သတ္တိရှိလဲ ဆိုတာကို ကြည့်မယ်”

စနစ်က ပြောလိုက်သည်။ “ဘာလို့ သူ့ကို တိုက်ရိုက်တစ်ခါတည်း မဖမ်းတာလဲ၊ ဘာတွေ ဟန်ထုတ်ဖို့ ကြိုးစားနေတာလဲ”

လက်ခံသူအနေနှင့် ဟန်ထုတ်လွန်းသောကြောင့် ငွေတစ်သန်းနှင့် တစ်သောင်းတောင် အသုံးပြုခဲ့ရပြီးပြီ မဟုတ်လား။

“...”

ကျွင်းချောင်ရှောင်းသည် ဤလူလိမ်အား ထုတ်ဖော်ချင်မိ၏။ သို့ပေမဲ့ ဒီသနားစနာကောင်းသော မိသားစု ခေါင်းဆောင်များအား သံမဏိအရိုးဂိုဏ်းချုပ်သည် မည်သည်အစစ် ဖြစ်သည်ဆိုသည်ကိုလည်း သိစေချင်မိ၏။ ထို့ကြောင့် တိုက်ရိုက်ဆိုသလိုပဲ ၎င်း၏ ဓားနှင့်သိုင်းဘုရင်အော်ရာများကို ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။

ဤကဲ့သို့သော အော်ရာများကိုထုတ်ဖော်လိုက်ခြင်းသည် အလကားဖြစ်သည်။ မည်သည့်ပိုက်ဆံမှ ပေးစရာမလိုချေ။

အပြင်ဘက်မှာတော့ အလွန်တရာခမ်းနားပြီး အေးစက်လှသော အော်ရာများ စိမ့်ထွက်သွားချိန်မှာတော့ အားလုံး သောသူများသည် အထိတ်တလန့် ဖြစ်သွားကြသည်။

“ဂိုဏ်းချုပ်ကျွင်းက သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်လိုက်တာပဲ”

သူတို့ဆိုလိုနေသော ဂိုဏ်းချုပ်ကျွင်းဆိုသူသည် လူလိမ်ကိုသာ ဆိုလိုခြင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အဖြူရောင်ဝတ်စုံနှင့်လူငယ်သည် လူလိမ်တစ်ယောက်ဖြစ်သည်ဆိုသည်ကို သူတို့ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး ချေ။ ဓားနှင့်သိုင်းဘုရင်အော်ရာများကို ခံစားမိလိုက်သော အပြင်ဘက်ရှိ တချို့သော ကျင့်ကြံသူများသည် အံ့ဩသွားကြ၏။ “ဒီကိုရောက်နေတာ တကယ့်ကို သံမဏိအရိုးဂိုဏ်းချုပ်ပဲ”

ကြည့်ရသည်မှာ ကောင်းကင်ဘုံမြို့မှပြန်လာရင်း ဤနေရာဆီသို့ လမ်းကြုံကာဝင်ခဲ့ခြင်းဖြစ်ပုံရသည်။ သို့ပေမဲ့ ဤမြို့ဆီသို့ ရောက်ချိန်မှာ နှစ်သက်သဘောကျသောကြောင့် တပည့်များကို ခေါ်ယူရန် ဆုံးဖြတ်ခဲ့ပုံပေါ်သည်။ သို့ပေမဲ့ ကောင်းကင်ဘုံမြို့ဆီမှ များပြားလှသော ကျောင်းသားများကို လက်ခံခေါ်ယူခဲ့ပြီးပြီဖြစ်သည်။ အဘယ်ကြောင့် ဤကဲ့သို့ သေးငယ်လှသောမြို့လေးဆီမှ လူငယ်များအား လာ၍ ခေါ်ယူနေရသနည်း။

ထို့ပြင် သူနှင့်တွေ့ခွင့်ရရှိရန် ငွေတစ်သောင်းပင် ပေးအပ်နေရသေးသည်။

ဤကဲ့သို့သော ထင်မြင်ယူဆချက်များ ဖြစ်ပေါ်လာသည့် အကြောင်းကြောင့်ပင် ကျွင်းချောင်ရှောင်းသည့် သူ့အစား အယောင်ဆောင်သည့်လူအား အလွန်တရာ မုန်းတီးနေခြင်းပင်ဖြစ်သည်။ ဤကဲ့သို့ ပိုက်ဆံများအား အလွယ်တကူ လိမ်လည်နေခြင်းသည် အနာဂတ်တွင် သူ၏ ဂုဏ်သိက္ခာ ကျဆင်းသွားပေလိမ့်မည်။

ဤကဲ့သို့သော ဂုဏ်သိက္ခာကျဆင်းရမည့် ကိစ္စရပ်များကို ပြုလုပ်နေသည့်သူသည် ဤလူလိမ်ပင်ဖြစ်တော့၏။ အကယ်၍ ဤလူလိမ်သည်သာ မိန်းကလေးတစ်ယောက်ယောက်ကို ဗိုက်ကြီးအောင် ပြုလုပ်ခဲ့မည်ဆိုလျှင် နေရင်း ထိုင်ရင်း သူက ကလေးအဖေဖြစ်ရပေဦးမည်။

ချီးတဲ့မှ … သောက်တလွဲတွေပါပဲ။

ဤကဲ့သို့ ပြဿနာကြီးကြီးမားမား ဖန်တီးခဲ့သော လူလိမ်အား သူ့အနေနှင့် မည်သို့ဆိုစေကာမူ ပြင်းထန်သော အပြစ်ကို ပေးအပ်မှ ဖြစ်ပေလိမ့်မည်။

........

မြောင်ဟွာဟောခန်းထဲမှာတော့ များပြားလှသော မိသားစုခေါင်းဆောင်များသည် အလွန်တရာ အားကောင်း လှသော ချီလှိုင်းများနှင့် အသားကျသွားကြသည်။ တစ်ယောက်သည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းရဲ့ရှေ့မှာ မင်းရဲ့ကျင့်ကြံခြင်းအဆင့်ကိုတောင် ထုတ်ဖော်ပြရဲတယ် ဟုတ်လား၊ ဒီကောင်လေးက အသက်ရှင်ရတာ ပျင်းနေပြီထင်တယ်”

“...”

ကျွင်းချောင်ရှောင်းသည် သွေးအန်လုမတတ်ဖြစ်သွား၏။ “ငါက ဓားနဲ့သိုင်းဘုရင်အော်ရာတွေ ထုတ်ဖော်ပြလိုက်တာလေ၊ ဒါပေမဲ့ ဒါကို လှည့်စားနေတယ်လို့ ထင်နေတာလား”

ဤလူများသည် အစစ်အမှန် မျှော်လင့်ချက် ကင်းမဲ့နေတော့သည်။

ကျွင်းချောင်ရှောင်း၏ အကြည့်များသည် အေးစက်သွား၏။ သူပြောလိုက်သည်။ “ကျုပ်ရဲ့နာမည်ကို အသုံးပြုပြီး အပြင်ဘက်မှာရှိတဲ့လူတွေကို လိုက်လံ လှည့်လည် လိမ်စားနေတယ်ဆိုတော့ မင်းက တကယ်သတ္တိရှိလို့ပဲ”

အဖြူရောင်ဝတ်စုံနှင့်လူငယ်သည် ဒူးခေါင်းတွေ ခွေလုမတတ် ကြောက်ရွံ့သွား၏။ ထို့ပြင် သူသည် တကယ့်ကို လူလိမ်တစ်ယောက်သာဖြစ်သည်။ သို့ပေမဲ့ တည်ငြိမ်သည့်အမူအရာကိုတော့ ချက်ချင်းပဲ ပြန်လည်ပြုပြင်ပြောင်းလဲ နိုင်၏။ “ရောင်းရင်းလေး... မင်းရဲ့အော်ရာတွေက မဆိုးဘူးဆိုပေမဲ့ ငါ့ရှေ့မှာတော့ ဘာမှ မဟုတ်ဘူး”

ဆက်လက်၍ ဟန်ဆောင်နေသေးသည်လား။ ကျွင်းချောင်ရှောင်းသည် နှာခေါင်းရှုံ့လိုက်၏။ “ယုံချင်ယုံ၊ မယုံချင်နေ၊ ငါမင်းကို လက်ညှိုးတစ်ချောင်းတည်းနဲ့ သတ်ပစ်လိုက်လို့ရတယ်”

ရွှီး

ထိုအချိန်မှာတော့ ခေါင်းဆောင်ရမ်သည် မည်သို့မျှ သည်းမခံနိုင်တော့ချေ။ ရှေ့သို့လှမ်းတတ်ပြီး ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့၏။

“အရှက်မရှိတဲ့ကောင်၊ ဒီမိသားစုခေါင်းဆောင်က မင်းနဲ့တွေ့မယ်၊ လူလိမ်”

ကျွင်းချောင်ရှောင်းသည် လက်သီးတစ်ချက် ပစ်ထိုးလိုက်၏။

ဘန်း

ရှေ့သို့တိုးလာသော ခေါင်းဆောင်ရမ်သည် ချက်ချင်းဆိုသလိုပဲ နောက်သို့လွှင့်စင်ပြီး နံရံနှင့်တိုက်ကာ လဲကျသွား တော့၏။

“ဒါက”

အားလုံးမျက်လုံးပြူးသွားသည်။ ခေါင်းဆောင်ရမ်သည် သိုင်းဆရာထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ လက်သီးတစ်ချက်တည်းနှင့် အဝေးဆီသို့ လွှင့်စင်သွားပေ၏။

ကျွင်းချောင်ရှောင်းသည် သူ၏ အော်ရာ များကို ထုတ်ဖော်ပြီးသည့်နောက် ရှေ့သို့ တစ်လှမ်းချင်းလျှောက်လာ၏။ “အမှိုက်တွေ၊ ကျုပ်အထင်မမှားဘူးဆိုရင် ဒီခေါင်းဆောင်ရမ်ဆိုတဲ့လူကလည်း လူလိမ်နဲ့ တစ်ဖွဲ့တည်းပဲ”

အဖြူရောင်ဝတ်စုံနှင့်လူငယ်၏ မျက်လုံးထဲမှာတော့ ထူးဆန်းသည့် အရိပ်အယောင်များ ဖြစ်တည်သွားသည်။

ကျွင်းချောင်ရှောင်းသည် ထိုမျက်လုံးများဆီမှာ သူလိုချင်သည့်အဖြေကို ရရှိသွားပြီဖြစ်သည်။ ထို့ကြောင့် ပြောလိုက်၏။ “ကျုပ်အခုလေးတင် သိချင်နေတာ၊ တိုက်ရိုက်သွေးမျိုးဆက်တွေရဲ့ မွေးစာရင်းတွေကိုယူပြီး လျှောက်သွားတဲ့လူ ဘယ်သူရှိလို့တုန်း”

ရွှီး

သူသည်လက်ကို အသာမြှောက်၍ သူ၏ဘေးနားတွင်ရှိသော တခြားသောမိသားစုခေါင်းဆောင်၏ လည်ကုပ်ကို ဆွဲဖမ်းကာ ပြောလိုက်၏။ “ခင်ဗျားကလည်း အပေါင်းအဖော်ထဲက တစ်ယောက်ပဲ”

ထိုလူမှာ မွေးစာရင်းစာရွက်ကို ဒုတိယအကြိမ်မြောက် ထုတ်ပေးသောသူပင် ဖြစ်သည်။ ထိုကဲ့သို့သောလူများကို အသုံးပြု၍ တစ်ဖက်လူများ ငွေကြေးပေးလာအောင် စဦးမြူစွယ်ခြင်းပင်ဖြစ်သည်။ ဖမ်းဆီးခံထားရသော မိသားစု ခေါင်းဆောင်သည် ကြောက်ရွံ့နေသည်ဆိုသော်လည်း ပြောလိုက်၏။ “ခွေးကောင်လေး၊ ငါက ကွေ့လင်မြို့ရဲ့ စွန်းမိသားစု …”

ဇွိ ….။

ကျွင်းချောင်ရှောင်းသည် ရုတ်တရက်ဆိုသလိုပဲ ထိုသူ၏ မျက်နှာဖုံးကို ဆွဲချွတ်လိုက်၏။ မူလအားဖြင့် သတ်လတ် ပိုင်းအရွယ် လူတစ်ယောက်သည် ရုတ်တရုတ်ဆိုသလိုပဲ လူငယ်တစ်ယောက်၏ ရုပ်သွင်မျိုးဖြစ်တည်လာသည်။

လူသားအရေပြားမျက်နှာဖုံး။

ဤလူသည် မိသားစုခေါင်းဆောင်စွန်း မဟုတ်ပေ။

ရွှီး

ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါ၍ ထိုလူငယ်အား လွှင့်ပစ်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “အရူးတွေကိုပဲ မင်းတို့ လိမ်လို့ရမယ်”

များပြားလှသော မိသားစုခေါင်းဆောင်များ၏ မျက်နှာသည် ပျက်ယွင်းသွားကြသည်။ ထိုသို့ဆိုလျှင် ၎င်းတို့သည် အရူးများ ဖြစ်နေပြီ မဟုတ်လား။

“ကောင်းကင်ဘုံမြို့က မီးတောက်နီတပ်သားတွေ ရောက်လာကြပြီ”

ထိုအချိန်မှာတော့ အပြင်ဘက်ဆီမှ အော်သံတစ်ခု ထွက်ပေါ်လာတော့သည်။ ဤအသံ ပေါ်လာပြီးသည့်နောက်မှာ တော့ ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ဝိညာဉ်အာရုံနှင့် စွမ်းအင်များကို အာရုံဖြန့်ကျက်ကြည့်လိုက်သည်။

လမ်းပေါ်တွင်ရှိနေသောလူများကို မြင်လိုက်ရသည်။ အနီရောင်ဝတ်စုံချပ်ဝတ်ကို ဝတ်ဆင်ထားသည့် များပြား လှသော စစ်သည်များသည် ဟွာမန်ခန်းဆောင်အား မြန်မြန်ဆန်ဆန်ပဲ ဝိုင်းပတ်ကာ တားဆီးထားပြီးဖြစ်သည်။

“ဘာကြောင့် သူမ ရောက်လာတာလဲ”

ဘယ်သူဖြစ်သနည်း။

မင်းသမီလေး ကြာပန်းနီပင် ဖြစ်တော့သည်။ အနီရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော အမျိုးသမီးသည် အလွန်တရာ ရဲရင့်လှပုံပေါ်ပြီး သူမသည် စစ်သားတစ်ဒါဇင်ကျော်ခန့်ကို ဦးဆောင်၍ ဟွာမန်ခန်းမထဲဆီသို့ လှမ်းဝင်လာခဲ့၏။

“ချီးတဲ့မှ…. ဒါက မင်းသမီးလေး ကြာပန်းနီဆိုတာဖြစ်မယ်”

“ဘာလို့ ဒီလိုသေးငယ်တဲ့နေရာလေးကို ရောက်လာတာလဲ”

အပြင်မှာရှိသော ကျင့်ကြံသူများအားလုံးသည် စတင်၍ ပြောဆိုလိုက်ကြသည်။ အဆုံးသတ်မှာတော့ သူမသည် ကျွင်းချောင်ရှောင်းနှင့် လာရောက်တွေ့ဆုံခြင်း ဖြစ်မည်ဖြစ်ကြောင်းကို သူတို့နားလည်လိုက်မိ၏။ သံမဏိအရိုး ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည်မို့ ကောင်းကင်ဘုံမြို့၏ မင်းသမီးလေးကပင် လာရောက်၍ တွေ့ဆုံနေရသည်။ အံ့ဩစရာတော့ မရှိချေ။

……...

“ကောင်လေး”

ဟွာမန်ခန်းမထဲမှာတော့ မိသားစုခေါင်းဆောင်တစ်ယောက် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “မင်းကမြို့ထဲက လူတစ်ယောက်ကို ရိုက်နှက်ခဲ့တယ်၊ အခု မင်းသမီးလေး ကြာပန်းနီရောက်လာပြီ၊ ဆက်ပြီးတော့ အပြစ်ပေးခံရဖို့ စောင့်နေတော့”

ကွေ့လင်မြို့အား ကောင်းကင်ဘုံမြို့မှ စီမံအုပ်ချုပ်သည်။ ထို့ကြောင့် ကောင်းကင်ဘုံမြို့တွင်ရှိသော စည်းမျဉ်း ဥပဒေများသည် ဤနေရာတွင် သက်ရောက်၏။

“အရူးတွေကြီးပဲ”

ကျွင်းချောင်ရှောင်းသည် ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်သည်။ သူသည် တမင်တကာ ပြောဆိုခြင်းမဟုတ်ပေ။ အစစ် အမှန်ပင် စိတ်လိုလက်ရ ပြောဆိုခဲ့ခြင်းပင်ဖြစ်သည်။

လူလိမ်မှာ ပေါ်သွားခဲ့ပြီဖြစ်သည်။ သို့ပေမဲ့ ၎င်းတို့မှာ အရူး လုပ်ခံရ၊ အလိမ်ခံရမှန်း မသိရှိကြသေးပေ။ ဤလူများသည် တကယ့်ကို တုံးအသူများဖြစ်ကြ၏။

ထိုအချိန်မှာတော့ အဖြူရောင်ဝတ်စုံနှင့် လူငယ်သည် ကြောက်လန့်သွား၏။ သူသည် လူလိမ်တစ်ယောက်ဖြစ်သည်။ ကောင်းကင်ဘုံ မြို့မှ အလိုရှိနေသော လူတစ်ယောက်ဖြစ်သည်ကို သူ့ကိုယ်သူသာ သိရှိ၏။

မင်းသမီးလေး ကြာပန်းနီသည် သူ့အား တွေ့ရှိသည်ဆိုသည်နှင့် အရာအားလုံး ပြီးဆုံးသွားပြီဖြစ်သည်။

“အိုး မဟုတ်တော့ဘူး”

သူသည် ဝမ်းဗိုက်ကိုပိုက်၍ ပြောလိုက်သည်။ “ဗိုက်နာလာပြီ၊ အိမ်သာသွားလိုက်ဦးမယ်”

ဟူး ဟူး

သူထွက်ပြေးရန် ပြင်လိုက်ချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် သူ၏ လက်ကို မြှောက်၍ များပြားလှသော စိတ်ဝိညာဉ် စွမ်းအင်များကို အသုံးပြုကာ အဖြူရောင်ဝတ်စုံနှင့်လူငယ်အား ချုပ်နှောင်ထားတော့သည်။

“ကောင်လေး”

သူသည် အေးစက်စက် ပြောလိုက်၏။ “မင်းဗိုက်နာနေလို့ရှိရင် ဘောင်းဘီထဲကို ပါချလိုက်တော့”

ဒုန်း ဒုန်း ဒုန်း

မင်းသမီးလေး ကြာပန်းနီသည် စစ်သားများကို ဦးဆောင်၍ လှေကားအတိုင်း တက်လာတော့သည်။ သူမသည် အပေါ်မှာဖြစ်ပျက်နေသည်များကို မြင်ရချိန်မှာတော့ အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း... ဘာလို့ ဒီကို ရောက်နေတာလဲ”

သူမသည် ကျွင်းချောင်ရှောင်းနှင့် အဖြူရောင်ဝတ်စုံဝတ် လူငယ်တို့ ရပ်တန့်နေရာဆီသို့ ကြည့်လိုက်၏။

မိသားစု ခေါင်းဆောင် တစ်ယောက်သည် အဖြူရောင်ဝတ်စုံနှင့်လူငယ်အား သူမ စကားပြောနေသည်ဟု ထင်မှတ်မှားလိုက်ကြ၏။

“မင်းသမီးလေး”

မိသားစုခေါင်းဆောင်တစ်ယောက်သည် ကျွင်းချောင်ရှောင်းကို လက်ညှိုးထိုးကာ ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ဒီလူက ဂိုဏ်းချုပ်ကျွင်းအယောင်ဆောင်နေတာ၊ ပြီးတော့ မြို့ထဲမှာရှိတဲ့လူကို တိုက်ခိုက်ပြီး ဒဏ်ရာရအောင် လုပ်ခဲ့သေးတယ်၊ ကျေးဇူးပြုပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးပေးပါ”

All Chapters