အခန်း (၅၃၄)
Vol. 36 Ch. 534
ကွေ့လွင်မြို့တစ်ခုလုံးသည် အုတ်အော်သောင်းနင်းဖြစ်လျက်ရှိ၏။
မြို့ထဲတွင် ရှိသော ကျင့်ကြံသူများအားလုံးသည် ထိုအချင်းအရာနှင့် ပတ်သက်၍ စကားပြောဆိုလျက်ရှိနေကြသည်။
ဟွာမန်ခန်းမဆီသို့ လာရောက်ပြီး တပည့်ခေါ်ယူသည့် ဂိုဏ်းချုပ်ကျွင်းသည် အတုဖြစ်လို့ နေ၏။ ထိုဂိုဏ်းချုပ်ကျွင်းအတုအား ငွေတစ်သောင်းပေး၍ လာရောက်ကြည့်ရှုကြသော ဂိုဏ်းချုပ်ကျွင်းမှာတော့ အစစ်ဖြစ်လို့နေ၏။
ဤအရာသည် ရှင်းမလိုလိုနှင့် ရှုပ်ထွေးသောကိစ္စပင် ဖြစ်တော့သည်။
များပြားလှသော ကျင့်ကြံသူများသည် ထိုအခြေအနေကို သုံးသပ်ပြီးသည့်နောက် အချိန်အတော်ကြာပင် မရှင်းမလင်းဖြစ်လို့နေ၏။
"ငါသိသားပဲ။ဂိုဏ်းချုပ်ကျွင်းက ကောင်းကင်ဘုံကျောင်းက ကျောင်းသားတွေကို ဝယ်ယူခဲ့တာနဲ့တင် လုံလောက်နေပြီ။ဘာလို့ ကွေ့လင်မြို့ထဲကိုဝင်ပြီးတပည့် ခေါ်ယူရမှာလဲ။"
"အဲလို သိတယ်ဆို စောစောစီးစီး ဘာလို့ မပြောတာလဲ။"
"ဟ … ငါ ပြောတော့ရော မင်းတို့ ယုံမှာမိုလို့လား"
"ဒီအချိန်မှာ မိသားစုခေါင်းဆောင်တွေ အကုန်လုံးက မျက်နှာ ပျက်ခဲ့ရပြီပဲ။"
ကွေ့လင်မြို့တွင်ရှိသော မိသားစုခေါင်းဆောင် တော်တော်များများသည် ဆိုးရွားသည့် အခြေအနေကို ရင်ဆိုင်လိုက်ရပြီဖြစ်ကြောင်း အားလုံးက ခံစားလိုက်မိကြသည်။ ၎င်းတို့အားလုံးသည် အတုကို အစစ်မှတ်၍ ဘုရားလို ကိုးကွယ်ခဲ့ကြသည် မဟုတ်လား။
ဂိုဏ်းချုပ်ကျွင်းသည် အလွန်တရာ ကြမ်းတမ်းလှသော လူတစ်ယောက်ဖြစ်သည်။
သူအဖြစ် အယောင်ဆောင်သည့် လူကို ဖမ်းဆီးသွားခဲ့ပြီးသည့်နောက် ထိုလူသည် အလွန်တရာ ဆိုးရွားလှသော အဆုံးသတ်ကို ခံစားရမှာ သေချာ၏။
……....
"ဂိုဏ်းချုပ်ကျွင်း"
တောရိုင်းထဲမှာတော့ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်သည် တစ်ကိုယ်လုံးကို ကြိုးနဲ့ ချည်ခံထားခံရပြီး ဇောက်ထိုးဆွဲထားခြင်း ခံရ၏။ သူ၏ မျက်နှာတစ်ခုလုံးသည် နီရဲဖောင်းကား၍နေသည်။
"ကျုပ် … ကျုပ် မှားပါပြီ။ထပ်ပြီးတော့ မလုပ်ရဲတော့ပါဘူး။ကျေးဇူးပြုပြီး အသက်ကို ချမ်းသာပေးပါ။"
ကျွင်းချောင်ရှောင်းသည် ထိုသူ ပြောဆိုနေသည့် အရာများကို ဂရုမစိုက်ပေ။ သူ၏ သိုလှောင်လက်စွပ်ကို ဆက်လက်၍ စစ်ဆေးလျက်ရှိနေသည်။ အထဲတွင်တော့ ပိုက်ဆံတော်တော်များများ ရှိနေသည်။ ခြောက်သန်းကျော်ပင် ရှိ၏။
ထို့အပြင် အလွန်တရာ အားကောင်းလှသည့် အော်ရာများကို ထုတ်ဖော်နိုင်သည့် အဝါရောင် အမှုန့်များလည်း ရှိသည်။ ထိုအရာသည် ဓားနှင့် သိုင်းဘုရင် တစ်ယောက် အော်ရာများကို ထုတ်လွှတ်ရန် အသုံးပြုသည့် ဖြည့်စွက်ပစ္စည်း ဖြစ်ပေလိမ့်မည်။
"ဟမ်"
ကျွင်းချောင်ရှောင်းသည် လိမ်ညာခြင်းမှတ်တမ်းဆိုသော စာအုပ်တစ်အုပ်ကို တွေ့လိုက်ရသည်။။ သူသည် ကြုံရာစာရွက်တစ်ခုကို လှန်ကြည့်လိုက်သည့် အချိန်မှာတော့ အဖြူရောင် ဝတ်စုံနှင့် လူငယ်သည် အကြိမ်ပေါင်းများစွာ လိမ်လည်ခဲ့သည်ဖြစ်ကြောင်း ရေးသားထားသည်ကို မြင်ရ၏။
နှစ်အလိုက် မှတ်တမ်းများကို ပြန်လည်ကြည့်ရှုလိုက်မည်ဆိုပါက လိမ်ညာလာခဲ့သည်မှာ ဆယ်နှစ်ပင် ကြာလာခဲ့ပြီဖြစ်သည်။
သူပထမဦးဆုံး လိမ်လည်လှည့်ဖျားသည့် အလုပ်ကို လုပ်သည့် အရွယ်သည် ရှစ်နှစ်သားအရွယ်ပင် ဖြစ်သည်။
ထိုသူသည် သကြားလုံးကို ဗန်းပြ၍ မိန်းကလေးငယ်လေး၏ အနမ်းအား ရရှိရန် လိမ်လည်ခဲ့၏။ နောက်ဆုံးအဆုံးသတ်မှာတော့ ထိုကောင်မလေး၏ မိဘများသည် ဆယ်မိုင်အကာအဝေးအထိ ရောက်အောင် တုတ်ဖြင့်နောက်မှ လိုက်ရိုက်ခဲ့၏။
ဒုတိယအကြိမ် လိမ်လည်ခဲ့သည်။
တတိယအကြိမ်လိမ်လည်ခဲ့သည်။
နောက်ဆုံးရေးသားထားသည့် စာမျက်နှာတွေကို လှန်ကြည့်ပြီးသည့်နောက် လိမ်လည်မှုပေါင်းသည် ၂၀၂၉ အထိ ရှိခဲ့သည်။
လိမ်လည်လှည့်ဖျားခြင်း စာအုပ်များကို ဖတ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ်တုန်ရင်နေ၏။
"ခွေးကောင် .. မင်း လူတွေကို လိုက်ပြီး လိမ်ညာယုံတင်မကဘူး မှတ်တမ်းပါ ရေးထားသေးတယ်။လိမ်ညာ လှည့်ဖျားခြင်း အတ္ထုပ္ပတ္တိ စာအုပ် ထုတ်မလို့လား"
ထိုသူသည် ဆယ်နှစ်အတွင် အကြိမ်ပေါင်း ၂၀၀၀ ကျော်ကို လိမ်လည်ခဲ့သည်။ ကျိန်းသေပေါက် ကျွမ်းကျင်လှသော လူလိမ်အကြီးစားပင် ဖြစ်ရမည်။
"ဂိုဏ်း … ဂိုဏ်းချုပ်ကျွင်း"
အဖြူရောင် ဝတ်စုံနှင့် လူငယ်သည် ရှိုက်ငို၍ ပြောလိုက်သည်။ "ကျုပ်မှာ အသက်တစ်ရာ့ရှစ်ဆယ်ရှိတဲ့ အမေရှိပါတယ်။ပြီးတော့ ကျွန်တော် ရှာဖွေကျွေးမွေးတာကို စောင့်နေတဲ့ ညီငယ်၊ ညီမငယ်တွေ အများကြီး ရှိတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ အသက်ကို ချမ်းသာပေးပါ"
"ဂိုဏ်းချုပ်"
လျိုဝမ်ရှစ်က မေးလိုက်သည်။ "သူပြောတာတွေက မှန်တယ်ထင်လား"
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "ဒီကောင် က တောက်လျှောက်လိမ်နေတာလေ။သူလိမ်တာကို ခံလို့ မဖြစ်ဘူး"
အဖြူရောင် ဝတ်စုံနှင့် လူငယ်က ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း … ကျုပ် ကျင့်ကြံခြင်းလောကမှာ အကြိမ်ပေါင်းများစွာ လိမ်လည်ခဲ့ပါတယ်။ဒီအချိန်မှာတော့ အမှန်အတိုင်း ပြောတာပါ မလိမ်ပါဘူး"
"တကယ်လား"
ကျွင်းချောင်ရှောင်းသည် အသာလျှောက်လှမ်းလာပြီးသည့်နောက် မည်သည့်စကားမှ မဆိုဘဲ လက်သီးတစ်လုံး ပစ်လွှတ်လိုက်တော့သည်။
ဘန်း
အဖြူရောင် ဝတ်စုံနှင့်လူငယ်သည် သွေးတစ်လုတ် အန်ထုတ်လိုက်သည်။
ကျွင်းချောင်ရှောင်းသည် သူ၏ ခန္ဓာကိုယ်ကို အသာပြန်ဖမ်းပြီးနောက်မှာတော့ အားအင်ကို အသာ ထိန်းချုပ်ကာ ထိုးလိုက်ခြင်းဖြစ်သည်။ သူသည် နာကျင်ရုံသာ ပြုလုပ်ခဲ့ပြီး မသတ်ဖြတ်ခဲ့ပေ။
"ဂိုဏ်ချုပ်ကျွင်း … ကျုပ် … ကျုပ်မှားပါပြီ"
ဘန်း ဘန်း ဘန်း။
ကျွင်းချောင်ရှောင်းသည် ဆက်လက်ထိုးနှက်လျက်ရှိနေသည်။
အချိန်တိုအတွင်းမှာပဲ အဖြူရောင် ဝတ်စုံနှင့် လူငယ်သည် တစ်ကိုယ်လုံး ပြာနှမ်းနေအောင် ရိုက်နှက်ခံခဲ့ရသည်။ နောက်ဆုံးမှာတော့ နာကျင်မှုကို မခံစားနိုင်တော့ဟန်ဖြင့် မေ့မျောသွားခဲ့တော့သည်။
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာဖြင့် ထိုသူအား ဟာရီကိန်း ဝံပုလွေ၏ ကျောပေါ်သို့ ပစ်တင်လိုက်သည်။ "တုတု … သွားကြရအောင်"
နာရီအနည်းငယ်ကြာမြင့်ပြီးသည့်နောက်မှာတော့ အဖြူရောင်ဝတ်စုံနှင့် လူငယ်သည် နိုးထလာသည်။ သူ၏ ခန္ဓာကိုယ်ရှိ အရိုးများအားလုံးသည် အပိုင်းပိုင်း ချိုးဖြတ်ခံရတော့သလို နာကျင်လျက်ရှိနေ၏။
"မင်းနိုးလာပြီလား"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒါဆိုလည်း ဆက်ပြီး နှိပ်စက်ရတာပေါ့"
ဘန်း ဘန်း ဘန်း
အဖြူရောင်ဝတ်စုံနှင့် လူငယ်သည် ထပ်မံအရိုက်ခံရပြီး မေ့မျောသွားခဲ့တော့၏။
နှစ်ရက်တိတိ ထိုကဲ့သို့ပင် နိုးလာလိုက်၊ အရိုက်ခံရလိုက်၊ ပြန်မေ့သွားလိုက်နှင့် သံသရာ လည်နေလျက်ရှိနေတော့သည်။ ထိုသူသည် သေခြင်းတရားထက်ဆိုးသော ခံစားချက်တို့ကို ခံစားနေရသည်။
ကျွင်းချောင်ရှောင်းသည် သူ၏ အသက်ကို မယူခဲ့ပေ။
သူသည် သံမဏိအရိုးဂိုဏ်းသို့ ရောက်သည်အထိ ဆက်လက်ကာ နှိပ်စက်လျက်ရှိနေတော့၏။
သူ၏နာမည်ကို အသုံးပြု၍ အပြင်ဘက်ဆီသို့ ထွက်၍ တစ်ခြားသူများကို လိမ်လည်သည့်လူအား သူ ဖြည်းဖြည်းချင်း နှိပ်စက် ရပေလိမ့်မည်။
ဂိုဏ်းချုပ်ကျွင်းသည် သံမဏိအရိုးဂိုဏ်းသို့ ရောက်ရှိချိန်မှာတော့ သံမဏိအရိုးဂိုဏ်းသည် ဂိုဏ်းချုပ်ကျွင်း အယောင်ဆောင်သူအား ပြင်းပြင်းထန်ထန် အပြစ်ပေးမည်ဟူသော အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့သည်ကို ကြားရှိလိုက်ရတော့သည်။
သူသည် အယောင်ဆောင်သူအား ဂိုဏ်း၏ အကျဉ်းဆောင်ထဲတွင် ထည့်၍ ဖမ်းဆီးထားရန် ပြင်ဆင်ထားလိုက်၏။
……..
"ဂိုဏ်းချုပ်နဲ့ တုတုတို့ပြန်လာပြီပဲ"
စုရှောင်မို၏အသံသည် အပြင်ဘက်ခြံဝန်းဆီသို့ ပျံ့လွင့်သွားတော့သည်။
ကျင့်ကြံလျက်ရှိနေသော တပည့်များအားလုံးသည် ပျော်ရွင်သွားတော့သည်။ သူတို့သည် ဂိုဏ်းချုပ် ပြန်လာခြင်းအတွက် ဝမ်းသာခြင်း မဟုတ်ပေ။ လျိုဝမ်ရှစ်ပြန်လာသောကြောင့် ဝမ်းသာခြင်းသာ ဖြစ်ကြ၏။
ဤရက်ပိုင်းအတွင်းတွင် သူမ မရှိသောကြောင့် ဒုတိယစီနီယာအစ်ကို၏ ချက်ပြုတ်ပေးသမျှကို စားနေရသည်။စက္ကူများကို ဝါးစားသည်ကပင် အရသာရှိသည်ဟု သူတို့ ထင်မှတ်မိနေကြသည်။
လီချင်းယန်သည်မှာလည်း အလွန်တရာ စိတ်လှုပ်ရှားသွားနေသည်။ လျိုညီမလေး ပြန်လာပြီဆိုတော့ သူသည် ထပ်မံ ချက်ပြုတ်စရာမလိုပေ။
"စီနီယာအစ်ကိုတို့ ဝိတ်တော်တော်ကျသွားတာပဲ"
လျိုဝမ်ရှစ်သည် အားလုံးကို ရင်နာနာနှင့် ပြောလိုက်မိ၏။ သူမသည် မျက်ရည်ပင် ဝဲသွားမိ၏။
စုရှောင်မို ၊ လီဖေးနှင့် တစ်ခြားသူများအားလုံး၏ မျက်လုံးများထဲတွင်လည်း မျက်ရည်များဝဲလာကြသည်။ ၎င်းတို့သည် တစ်ယောက်ကိုတစ်ယောက် ဖတ်၍ အကြီးအကျယ် အော်ငိုလျက်ရှိနေကြသည်။
"ဘာလို့ ငိုနေတာလဲ"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "တုတုက စားဖိုမှူးပြိုင်ပွဲမှာ ဗိုလ်ဆွဲခဲ့တယ်လေ။သူ့အတွက် မင်းတို့ ပျော်ပျော်ရွင်ရွင်နဲ့ ပြုံးနေရမှာပေါ့"
"ဂျူနီယာ ညီမလေးက တော်တယ်"
"ဂျူနီယာညီမလေးက အရမ်းတော်တယ်"
စုရှောင်မိုနှင့် တစ်ခြားသူများအားလုံးသည် အော်ဟစ်လိုက်ကြ၏။
မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဆောင်းဘောက်ဆီမှ အသံထွက်ပေါ်လာတော့သည်။
သူတို့သည် အကြီးအကျယ် အောင်ပွဲခံလျက်ရှိသည်။ ဂိုဏ်းသားတစ်ထောင်ကျော်တို့သည် ပျော်ရွင်စွာဖြင့် ကခုန်လျက်ရှိသည်။ အဘယ့်ကြောင့်ဆိုသော် လျိုဝမ်ရှစ် ပြန်လာသောကြောင့်ပင်။
ဂိုဏ်းချုပ် ပြန်လာ၊ မလာကို သူတို့ စိတ်မဝင်စားကြချေ၊ ဂိုဏ်းချုပ်သည် စား၍မရသလို၊ ထမင်းလည်း ချက်တတ်သူ မဟုတ်ပေ။
“……..” ဂိုဏ်းချုပ်ကျွင်း။
ဝူး …. ဝူး
အစားအသောက်ခန်းထဲမှာတော့ စုရှောင်မိုသည် လျိုဝမ်ရှစ်ချုပ်ပြုတ်ပေးသော အစားအစားများကို စားလိုက် ၊ ငိုလိုက်နှင့် ရှိသည်။ လီဖေးနှင့် တစ်ခြားသူများမှာလည်း တူတူပင် ဖြစ်သည်။
"စီနီယာအစ်ကို"
စုရှောင်မို သည် လီချင်းယန် ၏ ပုခုံးကို အသာဖက်ကာ ပြောလိုက်သည်။ "နောက်တစ်ခါ ဘယ်တော့မှ အစားအစာတွေ မချက်ပါနဲ့တော့"
လျိုဝမ်ရှစ်ချက်ပြုတ်ပေးသော အစားအစာများကို စားပြီးသည့်နောက်မှာတော့ သံမဏိအရိုးဂိုဏ်းတပည့်များ အားလုံးသည် လန်းလန်းဆန်းဆန်းနှင့် စိတ်အားပြည့်ဝစွာ လမ်းလျှောက်လျက်ရှိနေကြတော့သည်။
ပြီးနောက် သူတို့သည် အဖြူရောင် ဝတ်စုံနှင့် လူငယ်ဆီသို့ သွားလိုက်ကြသည်။
"ကောင်လေး"
စုရှောင်မိုသည် သွားဖြီးကာ ပြောလိုက်သည်။ "မင်းက ငါတို့ဂိုဏ်းချုပ် အယောင်ကို ဆောင်တယ်ပေါ့။သတ္တိတော်တော်ကောင်းတာပဲ"
"လီဖေး"
သူသည် အဆုပ်ကွဲမတတ်အော်လိုက်၏။ "ဘောလုံး"
"ကောင်းပြီ"
ဝှစ်။
မီတာတစ်ရာအဝေးဆီမှ ဘောလုံးအား လှန်း၍ ကန်လိုက်တော့သည်။
အဖြူရောင် ဝတ်စုံနှင့် လူငယ်သည် ဘာကြောင့်မှန်းတော့ မသိပေ။ သူ၏ ခံစားချက်ထဲတွင် မကောင်းသော ခံစားချက်များကို ရရှိလိုက်သည်။ ပြီးနောက် ကြောက်လန့်တကြားဖြင့် ပြောလိုက်တော့သည်။ "ခင်ဗျား … ခင်ဗျားတို့ ဘာလုပ်တာလဲ"
ဘန်း။
လီဖေး၏ ဘောလုံးသည် ထိုသူ၏ မျက်နှာဆီသို့ တည့်တည့်မတ်မတ်ပင်ထိမှန်တော့သည်။
ဘောလုံးသည် လီဖေးဆီသို့ ပြန်ကန်ထွက်သွားသည်။
လီဖေးသည် နောက်တစ်ကြိမ် ထပ်ကန်လိုက်သည်။ ဘောလုံးသည် ထိုသူ၏ မျက်နှာကို ထိ၍ တစ်ခါပြန်ကန်လာပြန်၏။
မကြာခင်မှာပဲ အဖြူရောင်ဝတ်စုံနှင့် လူငယ်သည် ထိုင်ခုံတစ်လုံးကို ယူဆောင်၍ ဂိုးရှေ့သို့ ချခြင်းကို ခံထားရ၏။
ဘောလုံးသည် သူ့ဆီသို့ အကြိမ်ပေါင်းများစွာ လာရောက်မှန်နေတော့သည်။
……..
"ဂိုဏ်းချုပ်"
အဓိက ဟောခန်းအတွင်းမှာ ထိုင်ထိုင်ခြင်းမှာပဲ လီချင်းယန်သည် သတင်းပို့လိုက်သည်။ "အတွင်းခြံဝန်းကို ပြန်လည်ပြင်ဆင်တာ ပြီးဆုံးသွားပါပြီ။"
"လူဘယ်လောက်လောက် ဆန့်လဲ"
လီချင်းယန်ကပြောလိုက်သည်။ "ပြန်လည်ပြင်ဆင်တဲ့အတွက် လူနှစ်သောင်းလောက်တော့ ဆန့်သွားပြီ။"
"လူနှစ်သောင်းဟုတ်လား"
ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်သည်။ "ဒီလောက်ဆိုရင် လုံလောက်ပါပြီ"
"နေအုံး"
သူပြောလိုက်၏။ "မကြာခင်မှာ ဂိုဏ်းကို လာမယ့် ကျောင်းသားတွေ ရှိတယ်။မင်းသူ့တို့အတွက် တာဝန်ယူစရာ ရှိတာတွေကို ကူညီပေးလိုက်"
"ကျောင်းသားတွေ ဟုတ်လား"
လီချင်းယန်သည် အနည်းငယ် ဇဝေဇဝါဖြစ်သွား၏။ သို့ပေမဲ့ သူပြောလိုက်၏။ "ကောင်းပါပြီ"