အခန်း (၅၃၆)
Vol. 36 Ch. 536
"ဂိုဏ်းချုပ်"
ဟယ်ဝူတီသည် အဓိက ဟောခန်းရှိရာဆီသို့ လျှောက်လာကာ ပြောလိုက်၏။ "ကျွန်တော် လုပ်ပေးနိုင်တဲ့ အရာတစ်ခုခုများ ရှိလို့လား"
သူသည် သံမဏိအရိုးဂိုဏ်းမှာ သက်တန့်ရောင်စဉ်ဖန်တီးခဲ့သော ဂိုဏ်းတစ်ခု ဖြစ်သည်ဟု အမြဲတမ်း သံသယဝင်နေ၏။ ထို့ကြောင့်ပင် သူသည် ဤဂိုဏ်းချုပ်အား အလွန်လေးစားမိသည်။
"ဝူတီ"
ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်သည်။ "မင်း ဒီဂိုဏ်းထဲမှာ ကျင့်ကြံရတာ ပျော်ရဲ့လား။"
ဤကဲ့သို့သော အပြုံးကို မြင်လေ ဟယ်ဝူတီသည် ပို၍ စိုးရွံ့လာလေဖြစ်သည်။ "ဂိုဏ်းချုပ် မေးတာကို ဖြေပါမယ်။ဒီတပည့်က အရမ်းကို ပျော်ရွင်ပြီး စိတ်ကျေနပ်မိပါတယ်"
"အင်း … မင်း ပျော်ရွင်ပြီး စိတ်ကျေနပ်တယ်ဆိုရင် ….."
ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်မှ အပြုံးသည် ပိုမို၍ တောက်ပလာသည်။
ဟယ်ဝူတီသည် ပြိုလဲတော့မလိုပင် ခံစားမိနေ၏။ "ဂိုဏ်းချုပ် ပြောစရာ ရှိတာကို ပြောလိုက်ပါ။ဒီအပြုံးကို ကြည့်ရတာ ကြောက်ဖို့ကောင်းတယ်"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဝူတီ… ငါမင်းကို စပြီး တွေ့ခဲ့တုန်းက မင်းက ခန့်မှန်းလို့ မရတဲ့ ပါရမီကို ပိုင်ဆိုင်တယ်ဆိုတာသိတယ်။ ဒါကြောင့် မင်းကို နောက်ဆုံးတပည့်အနေနဲ့ လက်ခံလိုက်တာ။"
ဟယ်ဝူတီသည် သွေးအန်လုမတတ် ဖြစ်သွားသည်။ ဂိုဏ်းချုပ်ပြောသော နောက်ဆုံးတပည့်ဆိုသည်မှာ အစစ်အမှန် နောက်ဆုံးတပည့် မဟုတ်သည်ကို သူကောင်းကောင်းသိ၏။
အဘယ်ကြောင့်ဆိုသော် သူ၏နောက်တွင် နောက်ဆုံးတပည့်ဟူပြီး တစ်စုံတစ်ယောက်သည် တံခါး လာပိတ်ပြီးပြီ မဟုတ်လား။
"ဂိုဏ်းချုပ်"
ဟယ်ဝူတီသည် နာနာကျင်ကျင်မျက်နှာဖြင့် ပြုံးကာ ပြောလိုက်သည်။ "တစ်ခုခုပြောစရာရှိရင် ပြောသာ ပြောလိုက်ပါ။ဒီလို ဆက်လုပ်နေရင် တပည့်က ဘယ်လိုမှ မခံစားနိုင်တော့ဘူး။"
"တည့်တည့်ပြောရတော့မယ်"
ကျွင်းချောင်ရှောင်းသည် မတ်မတ်ရပ်၍ လှေကားထစ်အတိုင်း အောက်သို့ ဆင်းချလာ၏။ ပြီးနောက် ပြောလိုက်သည်။ "ဝူတီ … သံမဏိအရိုးဂိုဏ်းက သေမျိုးလောကထဲမှာ ရှိသင့်တဲ့ ဂိုဏ်းတစ်ခုလို့ မင်းထင်လား"
"မရှိသင့်ပါဘူး"
ဟယ်ဝူတီက ပြောလိုက်၏။
များပြားလှသော သိုင်းကျင့်ကြံခြင်း အရင်းအမြစ်များနှင့် ကျင့်ကြံခြင်း ပစ္စည်းများအားလုံးသည် အထက်နယ်မြေရှိ ကျင့်ကြံခြင်း ဂိုဏ်းတစ်ခုတွင်ပင် ရှိနေသော အရာတစ်ခု မဟုတ်ချေ။
"ဒါပေမဲ့"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ရှိနေတယ်။ ဘာလို့လဲ"
ကျုပ်ဘယ်လိုလုပ်သိမှာလဲ။
ဟယ်ဝူတီက ပြောလိုက်သည် "တပည့်က ဉာဏ်နည်းပါးလွန်းပါတယ်။ကျေးဇူးပြုပြီး အလင်းပြပေးပါ ဂိုဏ်းချုပ်"
ကျွင်းချောင်ရှောင်းသည် ဟယ်ဝူတီ၏ ပခုံးအား အသာပုတ်ကာ လေးလေးနက်နက် ပြောလိုက်သည်။ "မင်းက ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပဲ။ခန့်မှန်းမိပြီးသား ဖြစ်မှာပါ"
ဟယ်ဝူတီ ကြောင်သွားသည်။
ဂိုဏ်းချုပ်သည် ဤဂိုဏ်းမှာ သက်တန့်ရောင်စဉ် ဖန်တီးခဲ့သော ဂိုဏ်တစ်ခု ဖြစ်ကြောင်း သဲလွန်စ ပေးနေသည်လား။ ထို့ကြောင့် သံမဏိအရိုးဂိုဏ်းသည် သေမျိုးလောကထဲတွင် မရှိသည့်ဂိုဏ်းတစ်ခု အဖြစ် ပြောဆိုနေသည်လား။ ဤအတိုင်းပင် ဖြစ်ပေလိမ့်မည်။
ဟယ်ဝူတီသည် သူ၏ စိတ်ကို ပြင်ဆင်ကာ ပြောလိုက်သည်။ "တပည့် နားလည်ပါပြီ"
"တကယ်ကို နားလည်တာလား"
"တကယ့်ကိုနားလည်ပါပြီ"
"ကောင်းပြီ"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "သေမျိုးလောကထဲမရှိသင့်တဲ့ဂိုဏ်းတစ်ခုက သေမျိုးလောကထဲမှာ ရှိနေတယ်ဆိုရင် လောကကြီးရဲ့ ဟန်ချက်ကို ဖျက်ဆီးတယ်လို့ ထည့်တွက်လို့ ရလား။"
"ဒါက"
ဟယ်ဝူတီသည် ခဏလောက် စဉ်းစားကာ ပြောလိုက်သည်။ "ရပါတယ်"
သူ့အနေနှင့် ဤကမ္ဘာကြီးဆီသို့ ရောက်ရှိချိန်တွင် ကျင့်ကြံခြင်းအဆင့်သည် သုံးညအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ မဟုတ်ပါက သူ၏ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းသည် ဤလောကကြီးကို ပျက်စီးသွားစေနိုင်၏။
ထို့ကြောင့် လောကကြီး၏ ဟန်ချက်ကို ပျောက်ပျက်မသွားစေရန် သူ့အား ကျင့်ကြံခြင်း အဆင့် သုံညဆီသို့ ပြန်လည်ပို့ဆောင်လိုက်ခြင်းပင် ဖြစ်ပေလိမ့်မည်။
သက်တန့်ရောင် သူတော်စင် ဖန်တီးခဲ့သော သံမဏိအရိုးဂိုဏ်းသည် ကျိန်းသေပေါက် အထက်နယ်မြေရှိ အင်အားကြီးလှသော ဂိုဏ်းကြီးတစ်ခု ဖြစ်ပေလိမ့်မည်။ လက်ရှိအခြေအနေမှာတော့ သေမျိုးလောကထဲမှာ ရှိနေသည်ဆိုသည်မှာ သဘာဝကြီး၏ လောကတရားကို ပုန်ကန်သည်နှင့်ပင် ဆင်တူနေသည်။
နေအုံး … ဂိုဏ်းချုပ်က ငါ့ကို ဒီလောက် အများကြီး ပြောပြနေတာ သူ အထက်နယ်မြေဆီကို ပြောင်းသွားဖို့ စဉ်းစားနေတာလား။ ဒါဆိုလည်း ကောင်းတာပဲ။ ငါ့အနေနဲ့ အရင်ကမ္ဘာကို ရောက်ပြီဆိုရင် လောကရဲ့ ထိပ်ဆုံးအဆင့်ကို ရောက်အောင်ကြိုးစားပြီး ရန်သူတွေကို လက်စားချေရမယ်။ပြီးရင် ငါ့ရဲ့ လျိုဝှက်နည်းစနစ်ကို ခိုးသွားတဲ့ကောင်ကို မဖြစ်မနေရှာရမယ်။
“ကောင်းကင်နှင့် မြေကြီးမှာရှိတဲ့ နည်းစနစ်တွေကို မဖျက်စီးစေဖို့ သိုသိုသိပ်သိပ် နေသင့်တယ်လို့ ငါထင်တယ်။ ဟုတ်တယ်မလား" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"ဂိုဏ်းချုပ် ပြောတာ အမှန်ပါပဲ"
ဟယ်ဝူတီသည် လက်ရှိအချိန်တွင် သိုသိုသိပ်သိပ် နေချင်သည်။ မဟုတ်ပါက သူ့အနေနှင့် ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ထားလိမ့်မည် မဟုတ်ပေ။
ကျွင်းချောင်ရှောင်းသည် သက်ပြင်းချကာ ပြောလိုက်သည်။ “မင်းတို့တွေ အားလုံးက ညအမှောင်ထဲမှာ ရှိနေတဲ့ ပိုးစုန်းကြူးလေးတွေလိုပဲ။ဘယ်လိုပဲ သိုသိုသိပ်သိပ် နေနေ မင်းတို့ရဲ့ ထူးချွန်လှတဲ့ ကျင့်ကြံခြင်း အဆင့်တွေကို ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ဘူး"
ဟယ်ဝူတီက ပြောလိုက်သည်။ "ဂိုဏ်းချုပ်ရဲ့ စကားတွေက တကယ့်ကို မှန်တယ်။"
"ဟယ်ဝူတီ"
ကျွင်းချောင်ရှောင်းသည် သူ၏ ပုခုံးကို ထပ်မံ၍ ပုတ်ကာ ပြောလိုက်သည်။ "မင်းအနေနဲ့ ကျင့်ကြံခြင်းအဆင့်ကိုဖုံးကွယ်ဖို့ အတွက် အသုံးပြုထားတဲ့ သိုင်းကျင့်ကြံခြင်း နည်းစနစ်ကို ထုတ်ပေးလိုက်။ ပြီးရင် ငါတို့ကို မျှဝေ။ ဒါမှ ဂိုဏ်းထဲမှာ ရှိတဲ့တပည့်တွေအားလုံးက အစစ်အမှန် သိုသိုသိပ်သိပ် နေနိုင်တော့မှာပေါ့။ ဟုတ်ပြီလား။
"ကောင်းပါပြီ"
ဟမ် နေပါအုံး ….။
ဟယ်ဝူတီသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားမိ၏။ သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ် …. ဂိုဏ်းချုပ်ဆိုလိုတာကို ကျွန်တော် နားမလည်ဘူး"
"မင်း မသိချင်ယောင် ဆောင်မနေပါနဲ့။"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "မင်းရဲ့ ကျင့်ကြံခြင်း အဆင့်ကို ဖုံးကွယ်ထားရုံနဲ့ ငါက မမြင်နိုင်ဘူးလို့ ထင်နေတာလား..."
ဟယ်ဝူတီ၏ နှုတ်ခမ်းများသည် တုန်ရင်သွားသည်။
ဤမျှ စကား အရှည်ကြီးပြော၍ မေးမြန်းနေသည်မှာ သူ၏ ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ခြင်းနည်းစနစ်ကြောင့်လား။
ထိုအရာမှာ အမှန်ပင် ဖြစ်တော့သည်။
ဂိုဏ်းချုပ်ကျွင်းသည် ဟယ်ဝူတီ၏ သိုင်းကျင့်ကြံခြင်း နည်းစနစ်ကို လိုချင်သောကြောင့် ဟိုဘက်မှ လှည့်ပြောလိုက်၊ ဒီဘက်မှ လှည့်ပြောလိုက်နှင့် ကြိုးစားနေခြင်းပင် ဖြစ်တော့သည်။
ဟယ်ဝူတီသည် လောကကြီးတစ်ခုလုံးတွင် ကြီးမားလှသော အတွေ့အကြုံကို ပိုင်ဆိုင်ပြီးငော သက်တမ်းရင့် လူတစ်ယောက်လည်း ဖြစ်သည်။ လက်ရှိအချိန်တွင် ကျင့်ကြံခြင်းအဆင့် ဆုံးရှုံးသွားသည်ဆိုသော်လည်း သူ၏ အသိဉာဏ်များ ဆုံးရှုံးသွားခြင်း မဟုတ်ပေ။
သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်း၏ စကားလုံး အနည်းငယ်နှင့် လှည့်စားခြင်းကို ခံခဲ့ရသည်။
မည်သို့ ပြုမူနေရမည်နည်း။ သူ့အနေနှင့် ကျင့်ကြံခြင်းနည်းစနစ်ကို နှုတ်ဖြင့် ရွတ်ပြခြင်းသာ ရှိတော့၏။
ထို့အပြင် ကျင့်ကြံခြင်း အဆင့်ကို တိုးတက်စေနိုင်သည့် အရည်အချင်းရှိသော သိုင်းနည်းစနစ်မျိုး မဟုတ်ပေ။
သို့ပေမဲ့ အလွန်အရေးကြီးသော သိုင်းကျင့်ကြံခြင်း နည်းစနစ်ဆိုလျှင်တောင်မှ သူ့အနေနှင့် လက်လွှဲပေးလျှင် လည်း ကိစ္စရှိမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤအဆင့်နိမ့်ဂြိုဟ်တွင် ထိုကျင့်ကြံခြင်း နည်းစနစ်များအား လေ့ကျင့်၍ မရနိုင်ပေ။
ကျွင်းချောင်ရှောင်းသည် ကျင့်ကြံခြင်း နည်းစနစ်များကို မှတ်သားပြီးနောက်မှာတော့ တီးတိုးရေရွတ်လိုက်သည်။
ကျင့်ကြံခြင်း နည်းစနစ်က ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ နည်းစနစ်တွေနဲ့ ဆန့်ကျင်နေတယ်။အဓိကအားဖြင့် မရီဒန်တွေကို လှည့်ပတ်ဖို့ပေါ့။
နာရီဝက်လောက်ကြာမြင့်ပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် ထိုနည်းစနစ် ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သည်။
ပထမဦးဆုံး ကျင့်ကြံခြင်းအဆင့်တွင် သူသည် သိုင်းဘုရင်အဆင့် မဟုတ်ဘဲ သိုင်းစစ်သူကြီး အဆင့်သို့ ကျဆင်းသွားရတော့သည်။
ဤကျင့်ကြံခြင်းနည်းစနစ်သည် တစ်စုံတစ်ယောက်၏ အဆင့်ကို ဖုံးကွယ်ထားရန်သာ အသုံးပြုနိုင်သည်။ ဖြည့်စွက်သိုင်းနည်းစနစ်ဟု သတ်မှတ်နိုင်သည်။ လေ့ကျင့်ရာတွင် မခက်ခဲလှပေ။
"ဒါကို စာအုပ်ထဲမှ ချရေးပြီးတော့ မိတ္ထူဆွဲရမယ်"
ကျွင်းချောင်ရှောင်းသည် ပြောလည်း ပြော လုပ်လည်း လုပ်ပင် ဖြစ်တော့သည်။ သူသည် များပြားလှသော တပည့်များကို ခေါ်ယူ၍ ကျင့်ကြံခြင်းအား ပြန်လည် ကူးရေးခိုင်းတော့၏။
နောက်တစ်ရက်မှာတော့ တစ်ယောက်ပြီးတစ်ယောက်သည် ဤကျင့်ကြံခြင်းအား လေ့ကျင့်ဖို့ အတွက် တစ်ယောက်ပြီးတစ်ယောက် ခန်းမဆောင်သို့ လာ၍ ရယူနိုင်ခဲ့ကြပြီဖြစ်သည်။
အကုန်လေ့ကျင့်ပြီးသည့်နောက်မှာတော့ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များကို ဖိနှိပ်နိုင်ခဲ့ကြ၏။
သိုင်းဘုရင်အဆင့် ကျင့်ကြံသူများဆိုလျှင်တောင် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို အစစ်အမှန် သိနိုင်ရန် ခက်ခဲလှသည်။
ဤသို့နှင့် အထက်နယ်မြေမှ ကျင့်ကြံခြင်းနည်းစနစ်သည် သေမျိုးကမ္ဘာကြီးမှ လူများ ကျင့်ကြံနိုင်သည့် အရာဖြစ်သွားတော့၏။
ဟယ်ဝူတီအနေမှာ ဂိုဏ်းချုပ်ကျွင်း အဓိက ဟောခန်းထဲတွင် ပြောခဲ့သော စကားများကို ပြန်လည်စဉ်းစားနေသည်။ "သူက ငါ့ရဲ့ အစစ်အမှန်ကျင့်ကြံခြင်းအဆင့်ကို မြင်နိုင်တယ်။တကယ့်ကို မရိုးရှင်းဘူးပဲ"
"သက်တန့်ရောင် သူတော်စင်။ သူက သက်တန့်ရောင် သူတော်စင်ကိုယ်တိုင် ဖြစ်နေမလား မသိဘူး"
ဟယ်ဝူတီသည် ပိုမို၍ စိတ်ကူးယဉ်လေ ကျွင်းချောင်ရှောင်းအပေါ် ပို၍ လေးစားလာလေဖြစ်သည်။
………
ကောင်းကောင်းပညာပေးခံလိုက်ရသော ချူရှိုးနန်မှာတော့ အလုံးစုံလိမ္မာလျက်ရှိသည်။ သူ့အနေနှင့် နောက်ဆုံးမှ တံခါးပိတ်ရသော လူအား အနိုင်မယူနိုင်ခဲ့ချေ။ ထို့ကြောင့် မောက်မာဖို့အတွက် မည်သည့် အခွင့်အရေးရှိမည်နည်း။
သို့ပေမဲ့ အခြေခံမှာ ပို၍ ကောင်းမွန်လာသည်။
အစမှာတော့ သံမဏိအရိုးဂိုဏ်း၏ နှိပ်စက်ခြင်းနှင့် ရက်စက်ခြင်းကို ခံခဲ့ရသည်။ အထူးသဖြင့် ဘောလုံးနှင့် ကန်ခံရခြင်းပင် ဖြစ်၏။
သို့ပေမဲ့ သူတို့အား ပိုမို၍ တုန်လှုပ်စေသည်မှာ ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးများကို သောက်သုံးပြီးသည့်နောက် ၎င်းတို့၏ ခန္ဓာကိုယ်အားအင်အဆင့်သည် ပိုမိုတိုးတက်လာတော့သည်။
"ဂျူနီယာညီလေး"
တစ်နေ့မှာတော့ မနက်ခင်း လေ့ကျင့်ခန်းများကို ပြုလုပ်ပြီးသည့်နောက် စုရှောင်မိုသည် ချူရှိုးနန်နှင့် တစ်ခြားသော သူများသည် ကြွက်သားတည်ဆောက်ခြင်း အခန်းထဲသို့ ပို့ဆောင်လိုက်၏။ သူသည် အသာရယ်ကာ ပြောလိုက်သည်။ "ဒီနေ့မှာ မင်းတို့တွေ အစစ်အမှန်ပျော်ရွင်မှုဆိုတဲ့ အတွေ့အကြုံကို ခံယူခိုင်းမယ်။"
ဘန်း …. ဘန်း။
အား … အား။
ကြွက်သားတည်ဆောက်ခြင်း အခန်းထဲမှာတော့ အလွန်တရာ နာကျင်၍ အော်ဟစ်နေသော အသံများထွက်ပေါ်လာသည်။
နှစ်ရာရီလောက်ကြာပြီးသည့်နောက်မှာတော့ ချူရှိုးနန် ၊ ဟုန့်လင်နှင့် တစ်ခြားသော သူများသည် လှေကားရင်းတွင် အသာလှဲနေကြရသည်။ သူတို့၏ မျက်နှာ အမူအရာများမှာ ခံစားချက် ကင်းမဲ့နေပြီး အသက်ရှင်ချင်စိတ် မရှိတော့သည့် ပုံပင်။
"အဖေ …. အမေ ….. ကျုပ်အိမ်ကို ပြန်ချင်တယ်...."
သံမဏိအရိုးဂိုဏ်းကို ဝင်ရောက်ပြီးသည့်နောက်မှာတော့ သူတို့သည် တစ်ချို့သော နှိပ်စက်ခံရခြင်းများနှင့် အသားကျနေပြီဖြစ်သည်။ သူတို့သည် ကျူးရင်ဟောခန်းမှ ကျောင်းသားများ ဖြစ်သည် ဆိုလျှင်တောင်မှ ဤနေရာမှာတော့ ချွင်းချက်မရှိပေ။
ဒုတိယရက်ရောက်သည့် အခါမှာတော့ သူတို့သည် စွမ်းအင်များနှင့် ပြည့်ဝလျက်ရှိနေသည်။
ပြီးနောက် သူတို့အားလုံးသည် လျိုဝမ်ရှစ် ကျွေးမွေးသော အရသာရှိသော အစားအစာများကို စားသုံးပြီးသည့်နောက်မှာတော့ ပထမနေ့က ခံစားခဲ့ရသော ဒုက္ခများအား မေ့လျှော့သွားခဲ့၏။
ကျိန်းသေပေါက် အသားနာရခြင်းကိုပင် ပျော်မွေ့သည့် လူများ ဖြစ်လာကြသည်။
"ဂိုဏ်းချုပ်"
လီလိုရှုသည် အဓိက ဟောခန်း၏ အပြင်ဘက်တွင် မတ်တပ်ရပ်၍ အသစ်ရောက်ရှိလာကြသော တပည့်များကို မတ်တပ်ရပ်ကြည့်လိုက်သည်။ သူမသည် ပြုံးကာ ပြောလိုက်၏။ "သူတို့ တော်တော်ပျော်နေပုံပဲ"
"ဟုတ်တယ်"
ကျွင်းချောင်ရှောင်းသည် တံခါးဘောင်အား အသာမှီ၍ လက်ပိုက်ပြီး ပြုံးကာ ပြောနေသည်။ "ပျော်စရာ ကောင်းတဲ့ ဂိုဏ်းတစ်ခုကို ဖန်တီးတယ်ဆိုတာ ကျုပ်ရဲ့ ရည်မှန်းချက်ပဲလေ"
လီလိုရှုသည် အသာခေါင်းလှည့်၍ ပြုံးကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်က ဒီလိုပုံစံမျိုးနဲ့ နေနေတော့ အကြီးဆုံးတပည့်ကြီးလည်း သတိရနေတယ်ထင်တယ်။သူမကလည်း ဒီလိုမျိုး နေတတ်တယ်လေ"
ကျွင်းချောင်ရှောင်း ကြောင်သွားသည်။
ပြီးနောက် သူသည် အမှတ်မထင် ကောင်းကင်ပေါ်သို့ မော့ကြည့်ကာ တီးတိုး ရေရွတ်လိုက်သည်။ "သူ ထွက်သွားတာ တော်တော်ကြာနေပြီ။ဒီအချိန်ဆိုရင်ရောက်နေပြီလားတောင် မသိဘူး"
"ဒါက ရန်ကျူးကနေသွားမယ်ဆိုရင် အရမ်းကို ဝေးတဲ့ ခရီးလေ" လီလျိုရှုက ပြောလိုက်သည်။
"ဂိုဏ်းချုပ်"
ထိုအချိန်မှာပဲ လီချင်းယန်သည် အလောတကြီးဖြင့် ရောက်ရှိလာသည်။ "အပြင်ဘက်မှာ ကောင်းကင်ဘုံကျောင်းက ကျောင်းသားတွေဆိုပြီး အများကြီးရောက်နေကြတယ်။ သူတို့တွေက ဂိုဏ်းချုပ်ကို တွေ့ချင်လို့တဲ့။ဂိုဏ်းထဲကို ဝင်မယ်ပြောတယ်"
"ဒီလိုလား"
ကျွင်းချောင်ရှောင်းသည် သူ၏ အင်္ကျီလက်ကို ယမ်းခါပြီး ပြုံးကာ ပြောလိုက်သည်။ "ဒါဆိုလည်း သွားကြည့်ကြတာပေါ့"