← Chapters

အခန်း (၅၃၇)

Vol. 36 Ch. 537

အခန်း (၅၃၇)

Vol. 36 Ch. 537

တောင်၏ဂိတ်တံခါးရှေ့မှာတော့ တပည့်ရာချီတို့သည် မတ်တပ်ရပ်လျက်ရှိနေကြသည်။ ၎င်းတို့အားလုံးသည် အစောကတည်းက ကျောင်းဆင်းခွင့်ကို တောင်းဆိုကာ ထွက်ခွာလာခဲ့ကြသော ကောင်းကင်ဘုံကျောင်းမှ ကျောင်းသားများပင်ဖြစ်တော့သည်။

ထိုသူတို့အားလုံးသည် ချင်းယန်နိုင်ငံသို့ အလျင်အမြန် ရောက်ရှိလာခဲ့ခြင်းပင် ဖြစ်သည်။ သူတို့သည် သံမဏိအရိုးဂိုဏ်းကို ဝင်ရောက်ချင်သည်သာမက ဂိုဏ်းချုပ်ကျွင်းဆီမှ သိုင်းပညာများကို လေ့လာသင်ယူချင်နေမိ၏။

“ကျောင်းသားတို့”

ဂိုဏ်းချုပ်ကျွင်းသည် ဂိတ်တံခါးရှေ့တွင် မတ်တပ်ရပ်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။ “သံမဏိအရိုးဂိုဏ်းကို တစ်ခါဝင်ရင် မင်းတို့ရဲ့လက်ကျန်ဘဝတစ်ခုလုံးက သံမဏိအရိုးဂိုဏ်းသား ဖြစ်သွားလိမ့်မယ်၊ ဒီတော့ သေသေချာချာ စဉ်းစားဖို့လိုမယ်”

စနစ် “…”

တစ်ဖက်လူများသည် ဂိုဏ်းထဲသို့ဝင်ချင်၍ တောင်တံခါးထိပ်သို့ပင် ရောက်ရှိနေပြီ။ ထိုသို့သော အရာကို ရေးကြီး ခွင်ကျယ်လုပ်၍ ပြောဆိုနေလျက်ပင်ရှိသေး၏။ လက်ခံသူသည် ကြာလေ ဆိုးရွားလေ ဖြစ်နေတော့သည်။

“ဆရာကျွင်း”

ကျောင်းသားတစ်ယောက် ပြောလိုက်သည်။ “ကျွန်တော်တို့အားလုံး စဉ်းစားခဲ့ပြီးပါပြီ၊ လက်ကျန်ဘဝတစ်ခုလုံးကို သံမဏိအရိုးဂိုဏ်းသားအဖြစ် ဖြတ်သန်းဖို့ စိတ်ဆန္ဒရှိပါတယ်”

“ဒီလိုဆိုမှတော့ မင်းတို့တွေအားလုံး ဂိုဏ်းထဲကို ဝင်ကြပေါ့” ကျွင်းချောင်ရှောင်းပြောလိုက်သည်။

ပြီးနောက် သူသည် ဂိုဏ်းဝင်ခွင့်ကိစ္စအားလုံးကို လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများဆီသို့ လွှဲအပ်ပြီး စာကြည့်ခန်းဆီသို့ ပြန်လာလိုက်တော့သည်။ တပည့်များလက်ခံသည့် ကိစ္စလောက်ကို သူ့အနေနှင့် ပြုလုပ်ရန် မလိုအပ်တော့ချေ။

နာမည် - ဟောင်ရှန်းကွမ်

နာမည် - လီဟိုင်ရီ

.........

ဒင် ဒင်

စာကြည့်ခန်းထဲတွင် ထိုင်လျက်ရှိသော ဂိုဏ်းချုပ်ကျွင်းသည် ဂိုဏ်းထဲသို့ တပည့်များ ရောက်ရှိလာသည်နှင့်အမျှ ဂိုဏ်းစုဆောင်းမှတ်မှာလည်း ပိုမို၍ တိုးလာတော့သည်။ သတိပေးသံများသည် သူ၏နားထဲတွင် တဒင်ဒင်နှင့် မြည်လျက် ရှိနေတော့သည်။ ဤအရာမှာ ဝမ်းမြောက်ဖွယ်ရာ ကောင်းလွန်သော ၊ ပျော်ရွှင်ဖို့ကောင်းသော ခံစားချက်ပင်ဖြစ်တော့သည်။

“နဂါးလေး”

အသိုက်ထဲတွင် အိပ်ပျော်လျက်ရှိသော မီးနဂါးလေးကို ကြည့်ပြီးနောက် ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ် လိုက်မိ၏။ “ဘယ်အချိန်မှ နိုးလာမှာလဲ”

ကျင်းယန်နိုင်ငံမှ စစ်သည်သုံးသိန်းကျော် လာရောက်မတိုက်ခိုက်ခင်ကတည်းက ဤနဂါးလေးသည် ဆောင်းခိုနေ ခြင်းပင်ဖြစ်တော့သည်။ သို့ပေမဲ့ ယခုအချိန်အထိ မနိုးလာသေးချေ။

“နောက်ဆုံးအကြိမ် နိုးလာတုန်းက သိုင်းဘုရင်အဆင့်နှစ်တစ်ယောက်ကို နလံမထူနိုင်အောင် ရိုက်နှက်နိုင်ခဲ့တယ်၊ ဒီတစ်ကြိမ်မှာဆိုရင် သိုင်းအုပ်စိုးသူကိုတောင် အနိုင်ယူနိုင်မလား မသိဘူး”

ကျွင်းချောင်ရှောင်းသည် ထိုသို့ဖြစ်လာရန် မျှော်လင့်နေမိ၏။

ဒင်

“ဂိုဏ်းစုဆောင်းမှတ် - ၁၀၀၀၁/၁၀၀၀၀”

“ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသောကြောင့်...”

“အာ... ပြည့်တောင်သွားပြီလား”

ကျွင်းချောင်ရှောင်းသည် စိတ်လှုပ်ရှားနေတော့၏။ သူသည် စနစ်ဆီမှ စတိုးအား ဖွင့်လိုက်သည်။

သို့ပေမဲ့ အခြားသော ပစ္စည်းများကို လိုက်လံမကြည့်ရှုပဲ ကြွက်သားတည်ဆောက်ခြင်းအခန်းများကို ရွေးချယ်၍ အခုတစ်ရာ ဝယ်ယူလိုက်တော့သည်။ တပည့်များ ပိုမိုများပြားလာပြီ ဖြစ်သောကြောင့် သူ့အနေနှင့် အခြေခံပစ္စည်း ပစ္စယများ လိုအပ်လာပြီဖြစ်သည်။

“လေ့ကျင့်ရေးခန်းမကို ပိုပြီးချဲ့ထွင်ဖို့ လိုအပ်လာပြီ”

ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်သည်။ “မဟုတ်ရင် ကြွက်သားတည်ဆောက်ခြင်းအခန်းတွေ ထားဖို့အတွက် နေရာမလုံလောက်တော့ဘူး”

ညသို့ရောက်ရှိလာခဲ့သည်။

ကောင်းကင်ဘုံကျောင်းမှ လာရောက်၍ ဂိုဏ်းထဲသို့ ဝင်ကြသော ကျောင်းသား များမှာ ခြောက်ရာကျော်ခန့် ရှိသည်။ ထိုသူတို့အားလုံးကို လက်ခံပြီးသည့်နောက် သံမဏိအရိုးဂိုဏ်းသား၏ အရေအတွက်သည် ၅၀၄၂ ဆီမှသည် ၅၆၆၂ ဆီသို့ တိုးတက်ရောက်ရှိ သွားသည်။

ဤအရာမှာ အစပင်ဖြစ်သေး၏။ ရက်အနည်းအတွင်းမှာ နောက်ထပ်ကျောင်းသားများ တစ်လှိုင်းပြီး တစ်လှိုင်း ရောက်ရှိလာခဲ့၏။ ကောင်းကင်ဘုံ ကျောင်းသို့ပင် ဝင်ရောက်ခွင့်ရသော ကျောင်းသားများ ဖြစ်သည်မို့ ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ်အမြစ်များသည် ကျိန်းသေပေါက်အားကောင်းကြသည်။ ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်းသည် တစ်ယောက်ကိုမှ မငြင်းပယ်ဘဲ အားလုံးကို လက်ခံလျက်ရှိနေ၏။

တစ်စုံတစ်ယောက်သည် ဂိုဏ်းထဲသို့ ဝင်၍ သူလျှိုလုပ်ရန် လာမည်လား။ ထိုသို့သောသူများကို နွေးနွေးထွေးထွေးနှင့်ပင် ကြိုဆိုမှာ ဖြစ်သည်။ လိုအပ်သော အသုံးဝင်သည့်သတင်းအချက်အလက်များကို ရရှိပြီး အပြင်ဘက်သို့ ထွက်သွားသည်နှင့် ရှိရှိသမျှသော မှတ်ဉာဏ်အားလုံး မေ့ပျောက်သွားမှာဖြစ်သည်။ ထို့ကြောင့် မည်သည့်အရာကိုမှ စိုးရိမ်စရာ မလိုပေ။

ငါးရက်ကြာပြီးသည့်နောက်မှာတော့ စောစီးစွာပင် ကျောင်းဆင်းခွင့်တောင်းခဲ့သော ကျောင်းသားများ အားလုံးသည် ရောက်ရှိလာခဲ့ကြပြီးဖြစ်သည်။ သံမဏိအရိုးဂိုဏ်းသားများသည်လည်း ၉၀၀၂ ယောက် ဆီသို့ တိုးတက်ရောက်ရှိခဲ့၏။

“ဂိုဏ်းချုပ်”

ကျန့်ရာ၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ရင်နေသည်။ “ကောင်းကင်ဘုံမြို့ကို ခရီးထွက်သွားတာ ကောင်းကင်ဘုံကျောင်းတစ်ခုလုံး ဟောင်းလောင်းဖြစ်အောင် လုပ်ခဲ့တာ လား”

ပြောရမည်ဆိုလျှင် တကယ်ပဲ ဟောင်းလောင်းဖြစ်လျက် ရှိနေတော့သည်။ ကျောင်းသို့ ယခုမှ ဝင်လာကြသော ကျောင်းသားတချို့နှင့် ကျောင်းဆင်းခွင့်တောင်းဆိုရန် အရည်အချင်း မပြည့်မီသေးသော ကျောင်းသားတချို့သာလျှင် ကောင်းကင်ဘုံကျောင်းတွင် ကျန်ရစ်ခဲ့သည်။ ထိုသူတို့အားလုံးသည်လည်း တစ်နှစ်၊ နှစ်နှစ်လောက် လေ့ကျင့်ပြီးသည်နှင့် သံမဏိအရိုးဂိုဏ်းသို့ လာရောက်ကြမှာ သေချာသည်။

နတ်စမ်းချောင်းဂိုဏ်းနှင့် တိုက်ပွဲပြီးသည့်နောက် သံမဏိအရိုးဂိုဏ်းသည် ချင်းယန်နိုင်ငံအတွင်းရှိ ပါရမီရှင်လူငယ် များအားလုံးကို ဂိုဏ်းသားသစ်အဖြစ် စုစည်းခေါ်ဆောင်ခဲ့ပြီးဖြစ်သည်။ လက်ရှိအခြေအနေမှာတော့ အရှေ့တောင် ရန်ကျူးတစ်ခုလုံး ပါရမီရှင်များအားလုံးကို ဂိုဏ်းသားအဖြစ် ခေါ်ဆောင်နိုင်ခဲ့သည်ဟု ဆိုရမည်။

အခြားများပြားလှသော ဂိုဏ်းများမှ လူများအားလုံးသည် ထိုကိစ္စကိုသိရှိပြီးနောက်မှာတော့ ဘာမှမတတ်နိုင်ဘဲ သက်ပြင်းသာ ချနေကြ၏။ သံမဏိအရိုးဂိုဏ်း၏ တိုးတက်မှုသည် ရပ်တန့်၍ မရနိုင်ချေ။ တလောကလုံးရှိ ပါရမီရှင်များ စုဝေး ရောက်ရှိနေသည့် နေရာဖြစ်သောကြောင့် ဤနေရာ၏ အနာဂတ်သည် အလွန်တရာ ကြီးမား လာပေလိမ့်မည်။

“မဟုတ်သေးဘူး၊ မဟုတ်သေးဘူး”

ကျွင်းချောင်ရှောင်းသည် သူ့အနေနှင့် ဒီထက်ပို၍ ချဲ့ထွင်ချင်နေမိသည်။ သူ၏ ရည်ရွယ်ချက်သည် အရှေ့တောင် ရန်ကျူး တစ်ခုထဲတွင် ပြိုင်စံရှားဂိုဏ်းတစ်ခု ဖြစ်စေချင်သည် မဟုတ်ဘဲ တလောကလုံးတွင် ပြိုင်စံရှားဂိုဏ်းတစ်ခု ဖြစ်လာစေရန်ဖြစ်သည်။

ကျောင်းမှ ကျောင်းသားလေးထောင်လုံး ဝင်ရောက်ပြီးသည့်နောက်မှာတော့ သူသည် ဂိုဏ်းစုဆောင်းမှတ် ၄၀၀၀ အား ရရှိခဲ့ပြီးဖြစ်၏။

ဂိုဏ်းချုပ်ကျွင်းသည် တခြားပစ္စည်းများကို ဝယ်ယူရန် (သို့မဟုတ်) Refresh ပြုလုပ်ရန်အတွက် စနစ်၏ စတိုးဆီသို့မသွားခဲ့ပေ။ ထို့အစား သူသည် အားအင်စိုက်ထုတ်လျက် တပည့်များအတွက် လိုအပ်သည့် အခြေခံ အဆောက်အဦတို့ကို ဝယ်ယူလျက်ရှိနေတော့သည်။ ရက်အနည်းငယ်အတွင်း သူသည် ကြွက်သား တည်ဆောက်ခြင်း အခန်းနှစ်ရာကို ဝယ်ယူခဲ့၏။ ပထမရှိခဲ့သော အရာများနှင့်စုပေါင်း၍ သူသည် အလွန်တရာ ကြီးမားလှသော အဆောက်အဦကြီးတစ်ခုကို တည်ဆောက်၍ ထိုအထဲတွင် ထည့်ထားလိုက်တော့သည်။

တပည့်သစ်များသည် မည်သည့်သိုင်းကျင့်ကြံခြင်းအဆင့် ရှိသည်မဆို ခန္ဓာကိုယ်တည်ဆောက်ခြင်းအခန်းထဲသို့ ဝင်ရောက်ကြရ၏။ ရလဒ်အနေနှင့်တော့ ရက်အနည်းငယ်အတွင်း ထိုလူများအားလုံးသည် အသက်ရှင်ချင်စိတ် ကင်းမဲ့စွာဖြင့် မြေပြင်ပေါ်တွင် လဲလျက်ရှိနေတော့သည်။ တပည့်များ များပြားလှသည်မို့ သုံးစွဲရသည့် အရင်းအမြစ် များမှာလည်း အလွန်တရာ များပြားလှ၏။

ကျွင်းချောင်ရှောင်းသည် ဆေးခန်းမဆီသို့သွား၍ အဖွဲ့ဝင်များနှင့် စကားပြောခဲ့သည်။ ပြီးနောက် ဆေးပင် စိုက်ပျိုး မည့်ကိစ္စရပ်များအားလုံးကို အာရုံစိုက်၍ ပြုလုပ်ရန် အမိန့်ပေးခဲ့တော့သည်။

တစ်ချိန်တည်းမှာပင် သူသည် ဝယ်ယူရေးဟောခန်းတစ်ခုကို တည်ဆောက်လိုက်ပြီး လီလိုရှုအား ခဏတာ တာဝန်ယူခိုင်းစေ၏။ အဓိကအားဖြင့် ဆေးပင်များ၊ ဆေးမျိုးစေ့များနှင့် တခြားလိုအပ်လျက်ရှိသော ပစ္စည်းများအားလုံးကို ဝယ်ယူရန် တာဝန်ယူရသည့် ဟောခန်းပဲဖြစ်၏။

“ဂိုဏ်းချုပ်”

အကြီးအကဲဝေက ပြောလိုက်သည်။ “ဆေးခန်းမဆောင်မှာ လူအင်အား လိုအပ်နေပြီ”

“မနက်ဖြန်မနက် ကိုယ်တိုင်လာပြီးရွေးလေ အကြီးအကဲဝေ”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

“ကောင်းပါပြီ” နောက်တစ်ရက်မှာတော့ အကြီးအကဲဝေသည် သူ၏ဆေးခန်းမဆောင် ချဲ့ထွင်ရန်အတွက် လိုအပ်သည့် တပည့်သစ်တစ်ရာခန့်ကို ရွေးချယ်၍ ခေါ်ဆောင်သွားတော့သည်။

ရွှဲရမ်ကွေ့ကလည်း ပြောလိုက်သည်။ “ဂိုဏ်းချုပ်... သံချပ်ကာဝံပုလွေတပ်သားတွေက လူအင်အားတိုးဖို့ လိုအပ်နေပြီ”

ဝံပုလွေပေါက်လေးများသည် မကြီးထွားကြသေးဟု ဆိုသော်လည်း တပည့်များအား ကြိုတင်၍ လေ့ကျင့်ပေးထား နိုင်သည်။ ထိုသို့ပြီးမှ ဝံပုလွေများကို ပေးအပ်လိုက်မည်ဆိုလျှင် တိုက်ခိုက်ရေးတည်နေရာ ထဲသို့ တိုက်ရိုက် ပို့ဆောင်နိုင်ပြီဖြစ်သည်။

“ကြိုက်တဲ့လူကို ရွေးလိုက်”

ပြီးနောက် ရွှဲရမ်ကွေ့သည် တပည့်တစ်ထောင်ကျော်ကို ရွေးလိုက်သည်။ ထို့ကြောင့် သံချပ်ကာဝံပုလွေတပ်သားများ သည် လူတစ်ထောင်ဆီမှ နှစ်ထောင်ဆီသို့ ရောက်ရှိသွားတော့သည်။

လီလိုရှုသည်လည်း ထိုအခွင့်အရေးကို လက်လွှတ်မခံခဲ့ချေ။ အလွန်တရာ ဉာဏ်ကောင်းလှသောတပည့်များကို ရွေးချယ်၍ ခေါ်ယူခဲ့လိုက်သည်။

“ငါဂိုဏ်းအဆင့်မြင့်ဖို့အတွက် တပည့်တစ်ထောင်လောက် လိုအပ်နေသေးတယ်”

တပည့်များသည် ငါးထောင်နားနီးကပ်နေချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် စိတ်အလောမကြီးပေ။ သို့ပေမဲ့ လက်ရှိအချိန်တွင် တစ်သောင်းနားနီးကပ်နေပြီဆိုသောကြောင့် အနည်းငယ် စိတ်ပူလာမိ၏။

“ဂိုဏ်းချုပ်”

လီချင်းယန်သည် သူနှင့်လာတွေ့ကာပြောလိုက်၏။ “အပြင်ဘက်မှာ ကျင်းဝူကူးလို့ခေါ်တဲ့ လူငယ်တစ်ယောက် ရောက်နေတယ်၊ သူက သံမဏိအရိုးဂိုဏ်းတပည့်တွေနဲ့ စိန်ခေါ်တိုက်ခိုက်ချင်တယ်လို့ ပြောတယ်”

ကျွင်းချောင်ရှောင်း ကြောင်သွား၏။ ပြီးနောက် သူ၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွား၏။ “ဒီကောင်လေးက တကယ်လာတာလား”

............

သံမဏိအရိုးဂိုဏ်း၏ သိုင်းလေ့ကျင့်ရေးကွင်းဒေသမှာတော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျင်းဝူကူး သည် အလွန်တရာ ဂုဏ်ယူသည့်ဟန်ပန်ဖြင့် ခပ်မတ်မတ် ရပ်လျက်ရှိသည်။ သူသည် ကျွင်းချောင်ရှောင်း၏ သံလက်သီးနှင့်မိတ်ဆက်ကာ လွှင့်စင်သွားခဲ့သည်ဆိုသော်လည်း သံမဏိအရိုးဂိုဏ်းကို စိန်ခေါ်ချင်သည့် စိတ်မှာတော့ မပြောင်းလဲခဲ့ချေ။

ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းသည် သူ့အနေနှင့် ကြွားဝါဟန်ထုတ်ချင်၍ မဟုတ်ပေ။ ကလေးမလေး တစ်ယောက်ပင်လျှင် အလွန်တရာအားကောင်းလှသောဂိုဏ်းတွင် တခြားသောတပည့်များသည် မည်မျှ အားကောင်းသနည်းကို သူသိချင်နေသောကြောင့်ပင်ဖြစ်၏။

တပည့်သစ်များသည် စုဝေးလာကြပြီး တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုနေကြသည်။ ကျောင်း၏သူရဲကောင်းစာရင်းတွင် နံပါတ်တစ်ဆယ် ချိတ်သော သူတို့၏ စီနီယာသည် ဂိုဏ်းဆီသို့ ရောက်ရှိလာခဲ့ပြီး တကယ်တမ်း စိန်ခေါ်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ချေ။ အံ့အားသင့်စရာ ကောင်းလှချေသည်။

ကျင်းဝူကူးသည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “ဆရာကျွင်း... ခင်ဗျားရဲ့ဂိုဏ်းက အလားအလာနဲ့ပတ်သက်ရင် ထိပ်ဆုံးသုံးခုထဲက တစ်ခုဝင်တယ်လို့ပြောတယ်၊ ဒီတော့ ခင်ဗျားရဲ့ တပည့်တွေကလည်း သာမန်ထက်ပိုမှာပေါ့၊ ဒီနေ့ကို လာရတာက သူတို့ဆီက လေ့လာသင်ယူ ချင်လို့ပါ”

ဤအကောင်သည် တကယ်တမ်း စိန်ခေါ် တိုက်ခိုက်ချင်နေသည်လား။

စုရှောင်မိုနှင့် လီဖေးတို့သည် ချက်ချင်းဆိုသလို စပ်ဖြီးဖြီး ဖြစ်သွားကြသည်။ ဤလူ၏ သိုင်းကျင့်ကြံခြင်းအော်ရာ သည် အနည်းဆုံးသိုင်းစစ်သူကြီးအဆင့်တစ် သို့မဟုတ် အဆင့်နှစ်လောက်သာရှိပေမည်။ သို့ပေမဲ့ ဤနေရာသို့ လာ၍ စိန်ခေါ်ရဲသည်ဆိုသောသတ္တိမှာ ခေလှသူတော့ မဟုတ်ချေ။

“ပြဿနာမရှိဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒီအောက်မှာ ရပ်နေကြတဲ့လူတွေ အကုန်လုံးက သံမဏိအရိုးဂိုဏ်းက အတွင်းစည်းတပည့်တွေပဲ၊ မင်း ကြိုက်တဲ့ လူကိုရွေးပြီး တိုက်ခိုက်လို့ရတယ်”

တပည့်နှစ်ဆယ်ကို ကြည့်ပြီးသည့်နောက်မှာ ကျင်းဝူကူးက ပြောလိုက်သည်။

“သူနဲ့ တိုက်ခိုက်မယ်”

“...”

စုရှောင်မိုနှင့် လီဖေးတို့၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။ အဘယ်ကြောင့်ဆိုသော် ကျင်းဝူကူး တိုက်ခိုက်ရန်အတွက် ရွေးချယ်လိုက်သူမှာ ရီချင်းရှန်ပင်။

“ညီငယ်လေး... မင်း သံမဏိအရိုးဂိုဏ်းထဲကနေ ဂုဏ်သိက္ခာရှိရှိ ပြန်ထွက်သွားပါစေလို့ ငါမျှော်လင့်မိတယ်”

All Chapters