← Chapters

အခန်း (၅၄၁)

Vol. 37 Ch. 541

အခန်း (၅၄၁)

Vol. 37 Ch. 541

လူတစ်ချို့သည် ဂိုဏ်းချုပ်ကျွင်းတစ်ယောက် မိမိစိတ်ထင်ရာကို ပြုလုပ်ပြီး အားလုံးကို အံ့အားသင့်အောင် အမြဲတမ်းပြုလုပ်တတ်သည်ဟု ထင်မှတ်လျက်ရှိကြသည်။

သို့ပေမဲ့ ယနေ့မှာတော့ သူ့ပဋိဉာဏ်သားရဲ၏ မထင်မှတ်စရာ ပြုမူဆောင်ရွက်ခြင်းကို ဂိုဏ်းချုပ်ကျွင်းတစ်ယောက် အံ့အားတသင့်ဖြင့် ခံလိုက်ရ၏။

သူ့အနေနှင့် ဝိညာဉ်ချောင်းဂိုဏ်းသို့ သွားရန် ဟာရီကိန်းဝံပေုလွဘုရင်ကို စီးနင်းသွားပြီဆိုလျှင်တောင်မှ ခြောက်နာရီမှ ဆယ်နာရီသို့ ကြာမြင့်သည်ဟု ပြောဆိုပြီးပြီးချင်းမှာပဲ နဂါးလေးသည် သူ့အား ပွေ့ပိုက်၍ ပျံသန်းသွားခဲ့သည်။

ဝှစ် …… ဝှစ်။

ကောင်းကင်ပေါ်မှာတော့ မီးအလင်းတန်းတစ်ခုသည် ဖြတ်သန်းပြေးသွားပြီး သူ သွားလေရာ နောက်ကွယ်မှာတော့ မီးခိုး ငွေ့တန်းများ ကျန်ရှိခဲ့တော့သည်။

သံမဏိအရိုးဂိုဏ်း၏ တည်နေရာဆီမှ အလွန်တရာ ရှည်လျားလှသော မီးတန်းကြီးတစ်ခုသည် ဖြစ်တည်လာပြီး တစ်ဖြည်းဖြည်းနှင့် ပျောက်ကွယ်သွား၏။

"ချီးတဲ့မှ …. ဂိုဏ်းချုပ်ရဲ့ ပဋိဉာဏ်သားရဲက ပျံနိုင်တာပဲ။ဒါဆိုရင် အဆင့်နိမ့် စိတ်ဝိညာဉ်သားရဲ မဖြစ်နိုင်ဘူး။ သိုင်းအုပ်စိုးသူ အဆင့်နဲ့ နှိုင်းယှဉ်လို့ ရတဲ့ အလယ်အလတ် အဆင့် စိတ်ဝိညာဉ်သားရဲပဲ ဖြစ်ရမယ်.."

ကျန့်ရာနှင့် နင်ညီအစ်ကိုတို့၏ နှုတ်ခမ်းများသည် တုန်ရင်သွားသည်။

လက်ရှိအခြေအနေမှာတော့ သူတို့ သုံးယောက်သည် နဂါးလေးနှင့် မတိုက်ခိုက်မိသည်မှာ အလွန်တရာ ကံကောင်းလွန်းသည်ဟု ခံစားမိနေသည်။

ပျံသန်းနိုင်သော သားရဲဆို‌သည်မှာ သိုင်းအုပ်စိုးသူတစ်ယောက်နှင့် နှိုင်းယှဉ်၍ ရနေသည်။ သူတို့ သိုင်းဘုရင်သုံး‌ယောက် မပြောနှင့် နောက်ထပ် သိုင်းဆယ်ယောက်လောက် ထပ်မံ ပူးပေါင်း၍ တိုက်ခိုက်မည်ဆိုလျှင်တောင် အလုံးစုံ ရှုံးနိမ့်မှာ သေချာ၏။

နဂါးလေးသည် အသွင် ပြောင်းလဲပြီးသည့်နောက်မှာတော့ သံမဏိအရိုးဂိုဏ်းတစ်ခုလုံးကို ထိပ်လန့်တုန်လှုပ်စေခဲ့သည်။

သူသည် တိုက်ပွဲဝင်ပုံစံကို အသက်သွင်းပြီးသည့်နောက်မှာတော့ ပျံသန်းစေရုံသာမက အားအင်အဆင့်သည်လည်း အလွန်တရာပိုမို အားကောင်းလာသည်။

သံမဏိအရိုးဂိုဏ်း တပည့်များသည် ထိုပဋိဉာဉ်သားရဲကို အစပထမတုန်းက သံသယဝင်ခဲ့မိသည်။ သို့ပေမဲ့ ၎င်းတို့အားလုံးသည် လက်ရှိအခြေအနေမှာတော့ အလွန်တရာ အံ့အားသင့်မိမှုများနှင့် ပါးစပ်တောင် ပြန်မစိနိုင်သည်မထိ ဖြစ်မိနေကြ၏။

ဝှစ်။

ကောင်းကင်ယံမှာတော့ နဂါးလေး ပျံသန်းသွားရာ မီးတောက်များအားလုံးသည် နောက်မှာ ကျန်ရှိခဲ့တော့သည်။

ချီပွေ့၍ သယ်ဆောင်ခြင်းကို ခံခဲ့ရသော ဂိုဏ်းချုပ်ကျွင်း၏ ဆံပင်များသည် လေထဲမှာ လွင့်လျက်ရှိသည်။ သူ၏ မျက်နှာတစ်ခုလုံးသည် တစ်ဟူးဟူးနှင့် လေတိုးခြင်းကို ခံနေရပြီး အလွန်တရာ ချောမောလှသည့် အသွင် သဏ္ဍာန်များလည်း ပျောက်ကွယ်နေခဲ့ပြီဖြစ်၏။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် စိတ်မညစ်မိချေ။ ထိုအစား အလွန်တရာပင် စိတ်လှုပ်ရှား လျက်ရှိနေသည်။

နဂါးလေးသည် ၎င်း၏ ဒုတိယပုံစံကို အသွင်ပြောင်းပြီးသည့်နောက်မှာတော့ ပျံသန်းနိုင်သည့် သားရဲအဖြစ် ပြောင်းလဲခဲ့သည်။ ထိုအရာသည် သိုင်းအုပ်စိုးသူတစ်ယောက်၏ အသွင်လက္ခဏာမျိုးပင် ဖြစ်တော့၏။

စနစ်ကပြောလိုက်သည်။ "သိပ်မှန်တာပေါ့ မဆိုးဘူး"

စိတ်ဝိညာဉ်အတားအစည်း အစီအရင်တစ်ခု အသက်ဝင်သွားပြီးသည့်နောက်မှာတော့ သူ၏ ရှေ့တွင် စိတ်ဝိညာဉ် အတားအဆီးတစ်ခု ဖြစ်တည်လာခဲ့သည်။

ကျွင်းချောင်ရှောင်းသည် ထိုအချိန်ကျမှ မျက်နှာများ လေတိုးသည့် ဒဏ်ကို ခုခံနိုင်ခဲ့တော့သည်။ သူ အားရပါးရ ကျယ်လောင်စွာ အော်ရယ်လိုက်တော့၏။

ဟား ဟား ဟား ဟား ဟား ဟား

စနစ် “…....”

"သခင်"

နဂါးလေးက ပြောလိုက်သည်။ "ကျုပ်ရဲ့ အမြန်နှုန်းက မဆိုးဘူး မဟုတ်လား"

"အရမ်းကို မြန်လွန်းတယ်"

ကျွင်းချောင်ရှောင်း၏ သုံးသပ်ချက်အရဆိုလျှင် ပိုမို၍ ဝေးကွာသည့် တည်နေရာတွင် တည်ရှိနေသော ကောင်းကင်ဘုံကျောင်းကို သွားမည်ဆိုလျှင်ပင် ဆယ်မိနစ်အတွင်း ရောက်ရှိသွားနိုင်၏။

စိတ်ဝိညာဉ်သားရဲသည် သူစိတ်ကူးထားသည့် အားအင်ထက် ပိုမိုသည်ကို ပြသနိုင်သည်ဆိုပါက သူ ဂိုဏ်းချုပ်ကျွင်းသည် သူ၏ သားရဲထက် မည်မျှပင် ကျင့်ကြံခြင်းအဆင့်နိမ့်နိမ့် လက်ခံနိုင်ပေသည်။

ဝှစ်။

နဂါးလေးသည် ဂိုဏ်းချုပ်ကျွင်းအား သယ်ဆောင်ပြီး မီးရှုးတစ်ခုအဖြစ် အသွင်ပြောင်းကာ အရှိန်မြှင့်တင် သွားလာနိုင်လျက်ရှိသည်။ သူ၏ အမြန်နှုန်းမှာ အလွန်တရာ မြန်ဆန်လွန်းလှသောကြောင့် စကားပြောဆိုနေရင်းမှပဲ သံမဏိအရိုးဂိုဏ်းဆီမှ ထွက်ခွာလာနိုင်ခဲ့ပြီဖြစ်၏။

"ဒါဘာလဲ"

ဟမ်။

"ဥက္ကာခဲ ကြွေကျတာလား"

ကောင်းကင်ပေါ်ကို ကြယ်တစ်စင်းလွှင့်ကြွေသွားသလို အသွင်လက္ခဏာ ကို မြင်တော့ ချင်းယန်နိုင်ငံရှိ သာမန်လူများနှင့် များပြားလှသော ကျင့်ကြံသူများအားလုံးသည် အပေါ်သို့ မော့ကြည့်ပြီးထိတ်လန့် တုန်လှုပ်မိနေကြသည်။

ထိုသို့သော အခြေအနေများသည် တစ်ခြားသော မြို့များတွင်လည်း ဖြစ်ပေါ်လျက်ရှိ၏။

၎င်းတို့၏ ဦးခေါင်းအထက် ကောင်းကင်ယံတွင် အနီရောင် အလင်းတန်းကြီးတစ်ခု ပျံသန်းသွားခဲ့သည်။ ထိုအရာသည် သူတို့အား ဘာမှန် မသိစေသော အကြောင်းအရာအဖြစ် ဆွေးနွေးငြင်းခုန်သည့် အခြေအနေတစ်ခုအဖြစ် ရောက်ရှိစေတော့သည်။

.....

ဝိညာဉ်ချောင်းဂိုဏ်း

ဤဂိုဏ်းသည် သမိုင်းမှတ်တမ်း နှစ်တစ်သောင်းကျော် တည်ရှိခဲ့သော ဂိုဏ်းတစ်ခု ဖြစ်သည်။

လက်ရှိအခြေအနေမှာတော့ များပြားလှသော သိုင်းကျင့်ကြံသူများသည် မတူညီသည့် ဝတ်စုံများကို ဝတ်ဆင်ရင်း တောင်၏ ဂိတ်လှေကားဆီမှ တစ်လှမ်းချင်း တက်လာလျက်ရှိနေသည်။ ၎င်းတို့၏ မျက်လုံးများထဲတွင်တော့ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နက်နေကြ၏။

ယနေ့သည် ဝိညာဉ်ချောင်းဂိုဏ်း၏ တရားဝင် သင်ခန်းစာကို သင်ကြားပြသပေးမည့် နေ့ပင် ဖြစ်သည်။ ဤအရာသည် နောက်ဆုံးနှစ်တစ်ရာတွင် ပထမဆုံး ပြုလုပ်မည့် အစီအစဉ်တစ်ခုပဲ ဖြစ်သည်။

မူရင်းရည်ရွယ်ချက်မှာ ၎င်းတို့၏အားအင်ကို ထုတ်ဖော်ကြွားဝါခြင်းဖြစ်သည် ဆိုသော်လည်း တက်ရောက်လာကြသော များပြားလှသည့် ကျင့်ကြံသူများအားလုံးသည် အကျိုးကျေးဇူးများ ရရှိကြ၏။

ထို့ကြောင့် ကျန်းယန်နိုင်ငံ၏ အဓိကပွဲကြီး တစ်ခုအဖြစ် သတ်မှတ်ထားကြသည်။

"ငါအရမ်းကို စိတ်လှုပ်ရှားနေတယ်"

"ဝိညာဉ်ချောင်းဂိုဏ်းရဲ့ ဘိုးဘေးအကြီးအကဲယုက ဒီလိုမျိုး သင်ကြားပြသပေးလိမ့်မယ်လို့ ငါမထင်မိဘူး။"

"သူက သိုင်းအုပ်စိုးသူလေ။ အရမ်းကို အားကောင်းတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။သူ နားလည်ထားတဲ့ ကျင့်ကြံခြင်း အချက်အလက်တွေကို ပြန်လည်ပြီးတော့ သင်ယူခွင့်ရတာ ငါတို့ရဲ့ ဘဝအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးကြီးကို ရစေတာပဲ။"

လှေကားထစ်မှ တက်လာသော သိုင်းကျင့်ကြံသူများသည် ပိုမို၍ပင် စိတ်လှုပ်ရှားလာကြသည်။

"နိုင်ငံအုပ်ချုပ်သူကျိုးကလည်း ဒီမှာ ရောက်နေတယ် ကြားတယ်။ ဝိညာဉ်ချောင်းဂိုဏ်းက သင်ခန်းစာတွေ အားလုံးက သက်ရှိအားလုံးကို အကျိုးသက်ရောက်စေတယ်လေ။ ဒါကြောင့် နိုင်ငံအုပ်ချုပ်သူ ကိုယ်တိုင်တောင်မှ ဘယ်လောက် တန်ဖိုးထားလဲဆိုတာကို ပြသတာ ဖြစ်မယ်"

"အဓိက မိသားစုတွေရဲ့ ခေါင်းဆောင်တွေကလည်း ဒီမှာ ရောက်နေကြတယ်။ ဒီနေ့မှာတော့ သူတို့က သိုင်းအုပ်စိုးသူတစ်ယောက်ရဲ့ သင်ကြားပြသမှုကို ခံရတဲ့အတွက် အရမ်းကို ကံကောင်းကြတယ်။ ပြီးတော့ ငါတို့က ဒီလိုလူတွေကို ထပ်ပြီးတွေ့ရတယ်အတွက် ပိုပြီး ကံကောင်းတယ်လို့ ဆိုရမယ်။"

"လမ်းဖယ် … လမ်းဖယ် … ငါ့ကို ပိတ်မထားကြနဲ့"

လူအုပ်ကြီးသည် ပြောဆိုဆွေးနွေးနေတုန်းမှာပဲ နောက်ဘက်ဆီမှ စိတ်မရှည်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။

များပြားလှသော ကျင့်ကြံသူများသည် နောက်သို့ လှည့်ကြည့်လိုက်ချိန်မှာတော့ အသက်သုံးဆယ်အရွယ် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူတစ်ယောက်ကို မြင်လိုက်ရသည်။

ထိုသူသည် လက်ထဲတွင် ဝိုင်ပုလင်းကို ကိုင်ဆောင်ထားပြီး ယိုင်ထိုး ယိုင်ထိုးနှင့် လမ်းလျှောက်လာသည်။ သူ၏ ခန္ဓာကိုယ်ဆီမှ အရက်နံ့များ ထောင်းထလျက်ရှိ၏။

တစ်စုံတစ်ယောက်သည် မူးမူးရူးရူးနှင့် ဤနေရာသို့ တက်လာခဲ့သည်။ ဤလူသည် အမှန်တကယ်ပဲ ရဲရင့်သူဟု သတ်မှတ်ရမည်။

"မင်းတို့ ဖယ်မှာလား"

အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော သူသည် ယိုင်ထိုးယိုင်ထိုးနှင့် တက်လာပြီး ပြောလိုက်သည်။ "မင်းတို့ကို လမ်းဖယ်လို့ ပြောနေတယ်လေ"

ဤနေရာသည် ဝိညာဉ်ချောင်းဂိုဏ်းပင် ဖြစ်သောကြောင့် တစ်ဖက်လူများသည် မနှစ်သက်သော်ငြားလည်း အရက်မူးသမားတစ်ယောက်နှင့် ဖက်ပြိုင်၍ မငြင်းချင်သောကြောင့် ဘေးတစ်ဖက်ဆီသို့ အသာရှောင်ရှား ပေးလိုက်ကြသည်။

"ဒါမှ အမှန်ပဲ"

အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူသည် တစ်လှမ်းချင်း လျှောက်ပြီးတက်သွားသည်။

သူသည် တစ်လှမ်းချင်းလှမ်းကာ ဝိုင်ကိုမော့ပြီး တစ်လှမ်းချင်း တက်လာသည်။ ပြီးနောက် စပ်ဖြီးဖြီး နှင့် ပြောလိုက်သည်။ "ခွေးကောင်းတွေက ဘယ်တော့မှ လမ်းကို ပိတ်မထားဘူး"

"ချီးတဲ့မှပဲ"

အားလုံးသည် သူ့အား ဒေါသတကြီးဖြင့် လှမ်းကြည့်လိုက်သည်။

ဘုတ်။

အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူသည် အမူးလွန်နေပုံပေါ်သည်။

ကျောက်လှေကားပေါ်တွင် အသာလှဲလှောင်းပြီး ဝိုင်ပုလင်းကို အသာဖက်ကာ ပြောလိုက်သည်။ "ငါ ပင်ပန်းတယ် … ငါပင်ပန်းတယ် ခဏလောက် အိပ်လိုက်အုံးမယ်..."

အားလုံးသော လူများ၏ နှုတ်ခမ်းများသည် တုန်ရင်သွားကြသည်။ ဤအကောင်သည် ကျောက်လှေကားပေါ်တွင် ပြုတ်ကျသွားမည်ကို မစိုးရွံ့သည့်ပုံပေါ်၏။

ခလူး ခလူး။

အပြာရောင် ဝတ်စုံနှင့် သတ်လတ်ပိုင်းလူသည် မကြာခင်မှာပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတော့သည်။ ဟောက်သံများပင် ထွက်လျက်ရှိသည်။

အားလုံးသည် ခေါင်းများကို ယမ်းခါ၍ ဆက်လက်ကာ တက်သွားကြတော့သည်။

….....

ဝိညာဉ်ချောင်းဂိုဏ်း၏ ဂိတ်တံခါးသည် သေသေချာချာ ဖွင့်လှစ်ထားခဲ့ပြီဖြစ်၏။ အားလုံးသည် ဝင်ထွက်သွားလာနိုင်ကြသည်။

အဆင့်လေးဂိုဏ်းတစ်ခု၏ ခြံဝန်းသည် အလွန်တရာ ကြီးမားလွန်းလှ၏။

သိုင်လေ့ကျင့်ရေးကွင်းပြင်တစ်ခုလုံးသည်လည်း တန်ဖိုးကြီးမားလှသော ကျောက်ပြားများနှင့် ခင်းကျင်းထား၏။ အလွန်တရာ ထည်ဝါ ခန့်ညား လွန်းလှသည်။

လက်ရှိအ‌ခြေအနေမှာ‌တော့ ဝိညာဉ်ချောင်းဂိုဏ်း၏ တပည့်တစ်သောင်းကျော်တို့သည် ထိုတည်နေရာတွင် ခြေချိတ်ထိုင်လျက်ရှိနေ၏။

သူတို့၏ မျက်နှာ‌ချင်းဆိုင်မှာတော့ စင်မြင့်တစ်ခု တည်ရှိလို့နေပြီး ဘိုးဘေးအကြီးအကဲကြီး ယု သည် ခြေချိတ်လျက်ထိုင်နေသည်။

၎င်း၏ ဘေးတွင်ရှိသော စားပွဲပေါ်မှာ‌တော့ အမွှေးတိုင်ထွန်းထားပြီး အမွှေးတိုင်ငွေ့များသည် တည်နေရာတစ်ခုထဲသို့ ပျံ့နှံ့လျက်ရှိနေ၏။

ပုံပန်းသွင်ပြင်ကို ကြည့်လိုက်မည်ဆိုလျှင် အလွန်တရာ ဟိတ်ဟန်များလှသော အင်မော်တယ်၏ ပုံစံမျိုးနှင့်ပင် ဆင်တူနေတော့သည်။

လူအားလုံး၏ စိတ်ထဲတွင် ရှိသော ချီးကျူးမှုများသည် ပိုမို၍ အားကောင်းလာကြသည်။

သူတို့သည် ငြိမ်ငြိမ်စင်သက်ဖြင့် တည်နေရာ တစ်ခုကို ရှာဖွေကာ ထိုင်လိုက်ကြ၏။

တစ်နာရီလောက်ကြာမြင့်ပြီးသည့်နောက်မှာတော့ များပြားလှသော အခြားနိုင်ငံများမှ ကျင့်ကြံသူများအားလုံးသည်လည်း ဤတည်နေရာကြီးတွင် စုဝေးလာကြတော့သည်။ စုစုပေါင်း လူဦးရေသည် ခုနှစ်သောင်းမှ ရှစ်သောင်းနည်းပါးခန့်ပင် ရှိနေသည်။

"အားလုံးပဲ"

ထိုအချိန်မှာတော့ သက်လတ်ပိုင်း လူတစ်ယောက်သည် ရှေ့သို့ လျှောက်လှမ်းလာပြီး ကျယ်လောင်စွာ ပြောလိုက်၏။

"ဝိညာဉ်ချောင်းဂိုဏ်းက ကြိုဆိုပါတယ်။"

"နိုင်ငံအုပ်ချုပ်သူ ကျိုး"

အားလုံးက အလန့်တကြားနှင့် ထအော်လိုက်မိကြသည်။

ကျိုးချောင်ချင်သည် ဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်လိုပင် ထ၍ နှုတ်ဆက်လျက်ရှိသည်။ သူသည် ပြုံးကာ ပြောလိုက်သည်။ "ဒီတစ်ကြိမ် အကြီးအကဲယုက အားလုံးကို သင်ကြားပြသပေးလိမ့်မယ်။ဒါက ကျန်းယန်နိုင်ငံရဲ့အောင်မြင်မှုလို့ပဲ သတ်မှတ်ထားတယ်။ ခင်ဗျားတို့အနေနဲ့ ယဉ်ကျေးနေစရာမလိုဘူး။ ပြသနာရှိရင် ၊ နားမလည်တာရှိရင် တစ်ခါတည်း မေးမြန်းနိုင်တယ်။"

"နိုင်ငံအုပ်ချုပ်သူကျိုး"

ရုတ်တရက် တစ်စုံတစ်ယောက်က ပြောလိုက်သည်။ "ကျုပ်ဆီမှာ ပြသနာရှိတယ်"

အားလုံးသည် ခေါင်းလှဲ၍ ကြည့်လိုက်ကြသည်။

အဝင်ဝတွင်မှာတော့ မူးရူးနေသော သတ်လက်ပိုင်းအရွယ် လူတစ်ယောက်သည် လက်တစ်ဖက်ဖြင့် တခါးကို ကိုင်၍ လှမ်းအော်လျက်ရှိသည်။

အားလုံးသော လူများ၏ မျက်နှာများသည် ရှုံှုမဲ့သွားကြသည်။

သက်လတ်ပိုင်းလူသည် သင်ကြားမှုကိုပင် မပြုလုပ်ရသေးခင် မေးခွန်းအား မေးလျက်ရှိနေသည်။ အမူးသမားသည် အကျိုးအကြောင်း ဆီလျှော်ခြင်းမရှိ ပြဿနာရှာနေခြင်းပင် ဖြစ်လိမ့်မည်။

"ခင်ဗျား ပဲလား"

ကျိုးချောင်‌ချင်းသည် မျက်မှောင်ကုတ်လိုက်၏။

အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော သတ်လတ်ပိုင်းလူသည် ဝိုင်ကို အနည်းငယ် မော့သောက်လိုက်ပြီးနောက် နှုတ်ခမ်းထောင့်တွင် ပေနေသော ဝိုင်များကို သုတ်လိုက်သည်။

ပြီးနောက် ပြောလိုက်သည်။ "ငါတို့ မတွေ့ခဲ့ရတာ နှစ်ပေါင်းများစွာ ရှိနေပြီနော်။ဒါပေမဲ့ နိုင်ငံအုပ်ချုပ်သူ ကျိုးရဲ့ ကျင့်ကြံခြင်းအဆင့်က မတိုးတက်သေးပါ့လား။"

ဤစကားသည် များပြားလှသော ကျင့်ကြံသူများအားလုံးကို ငြိမ်သက်သွားစေသည်။

သိသူပဲ ဖြစ်ဖြစ်၊ မသိသူပဲ ဖြစ်ဖြစ် စစတွေ့ချင်း ကျင့်ကြံခြင်းအဆင့် မတိုးတက်ဘူးဟု ပြောဆိုသည်မှာ ရိုင်းပြသည့် အပြုအမူပဲ ဖြစ်ပေလိမ့်မည်။

ဤလူသည် နိုင်ငံအုပ်ချုပ်သူနှင့် ရင်းနှီးသောလူတစ်ယောက်ဖြစ်မည်။ သို့ပေမဲ့ အသိမိတ်ဆွေတော့ မဖြစ်နိုင်ပေ။ ရန်သူသာလျှင် ဖြစ်ရမည်။

All Chapters