← Chapters

အခန်း (၅၄၂)

Vol. 37 Ch. 542

အခန်း (၅၄၂)

Vol. 37 Ch. 542

ကျိုးချောင်ချင်းသည် နှာခေါင်းရှုံ့လိုက်၏။

“အစ်ကိုယွမ် ရဲ့ ကျင့်ကြံခြင်းအဆင့်က ဒီလောက်အကြာကြီးကျင့်ကြံတာတောင် တိုးတက်လာပုံမပေါ်ဘူး။”

နိုင်ငံအုပ်ချုပ်ကျိုး သည် အစ်ကို ရောင်းရင်ဟု ဆိုလိုက်သည်ဆိုသော်လည်း ကောင်းမွန်သည့် ဟန်အမူအရာ နှင့် ဖော်ရွေမှုလည်း မရှိကြောင်း အားလုံးက သိရှိကြသည်။ ၎င်းတို့နှစ်ယောက်အကြားတွင် ရန်ကြွေးတစ်ခုခု ရှိရပေလိမ့်မည်။

အင်း။

အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူသည် ဦးခေါင်းကို ခါယမ်းလိုက်၏။ "သိုင်းပညာဆိုတာ ခန့်မှန်းလို့ မရဘူး။ကျုပ်က ပါရမီ မရှိတာကြောင့် ကြီးမားတဲ့ အဆင့်တစ်ခုထိရောက်အောင်လို့ မတက်လှမ်းနိုင်ခဲ့ဘူး။ဒါပေမဲ့ …"

သူသည် ခဏလောက်ရပ်တန့်ကာ ပြုံးစစ နှင့် ပြောလိုက်သည်။ "ခင်‌ဗျားကိုတော့ နိုင်အောင် တိုက်ခိုက်နိုင်သေးတယ်"

"ဒီလိုလား"

ကျိုးချောင်ချင်း၏ မျက်လုံးများသည် လေးနက်သွား၏။

သူတို့နှစ်ယောက်သည် အနည်းငယ်အလှမ်းဝေးသော နေရာတွင် တည်ရှိနေသည်။ ပထမဦးဆုံး အနေဖြင့် သူတို့သည် အကြည့်တိုက်ပွဲကို ဆင်နွဲနေပြီဖြစ်သည်။

အခြေအနေတစ်ခုလုံးသည် လေးနက်သွား၏။

ခဏလောက်ကြာပြီးသည့်နောက်မှာတော့ နှစ်ယောက်သားသည် ချက်ချင်းပဲ အကြည့်ဖယ်လိုက်ကြသည်။

"အစ်ကိုယွမ် …"

ကျိုးချောင်ချင်းသည် ထူးမခြားနားသလို ပြောလိုက်သည်။ "အခု ဘာပြဿနာလာရှာတာလဲ"

အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူက သူ၏ မလျှော်ရသေးတာ ကြာမြင့်နေပြီဖြစ်သော ဆံပင်များကို အသာသပ်ထင်ပြီး ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ "ခင်ဗျားက ကျုပ်တာဝန်ယူထားတဲ့ ချင်းယန်နိုင်ငံကို စစ်သည် သုံးသိန်းအသုံးပြုပြီး လာတိုက်ခဲ့တယ်လေ။ဒါက နည်းလမ်းမကျဘူးလို့ မထင်ဘူးလား"

သူ‌တာဝန်ယူထားသော ချင်းယန်နိုင်ငံ။

"ဒီလိုဆိုရင်"

တစ်စုံတစ်ယောက်သည် နားလည်သွား၏။ "ဒီလူက ချင်းယန်နိုင်ငံရဲ့ အုပ်ချုပ်သူလား"

အမှန်တကယ်ပင် ဖြစ်သည်။

ဤအပြာရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းလူသည် ချင်းယန်နိုင်ငံ၏ အုပ်ချုပ်သူ ယွမ်ဟယ်ပင် ဖြစ်တော့သည်။

သူသည် ကျန်းယန်နိုင်ငံသို့ ရောက်ရှိလာသော အလွန်တရာ ထူးဆန်းသည့် ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်‌တော့သည်။

သူ၏ စကားများ အရဆိုလျှင် ချင်းယန်နိုင်ငံအတွက် တရားမျှတမှုကို လိုချင်သောကြောင့် လာခြင်းဖြစ်သည်။

မြို့တော်ဝန်ရှဲ့ သည်သာ မြင်ပါက အလွန်တရာ အံ့အားသင့်ပေလိမ့်မည်။ ထိုသူအား ကျိန်းသေပေါက် ဝိုင်းဝန်း ဖေးမ၍ ပြန်လည်ခေါ်ဆောင်သွားမိမှာ သေချာ၏။

အဘယ့်ကြောင့်ဆိုသော် နိုင်ငံ၏ အုပ်ချုပ်သူသည် အနည်းငယ်သာ အရက်သောက်သုံးသူ မဟုတ်ပေ။ အစစ်အမှန် အရက်သမားတစ်ယောက်ပင် ဖြစ်တော့သည်။

ထို့အပြင် မူးနေသည့် အချိန်တွင် သိုင်းအင်ပါယာတစ်ယောက်ကိုပင် လက်ညိုးထိုး၍ စိန်ခေါ်နိုင်သေး၏။

ဆိုရိုးစကား ရှိနေသည်မဟုတ်လား။

သေရေသေရက်သည် သတ္တိကို ပိုမို ထွန်းတောက်စေသည်။ အရက်မသောက်ခင်က သူသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး မှ လူတစ်ယောက်ဖြစ်ပြီး အရက်သောက်ပြီးသည့်နောက် ကြယ်ကြွေကုန်းမြေတိုက်ကြီး သည် သူ၏ အပိုင်ပင် ဖြစ်လာတော့သည်။

ကျိုးချောင်‌ချင်းသည် ထူးမခြားနားသလို ပြောလိုက်သည်။ “အစ်ကိုယွင် အားကြီးသူက အနိုင်ရစတမ်းဆိုတဲ့ နည်းဥပဒေသကို သိတယ် မဟုတ်လား။”

"ပေါက်ကရတွေ မပြောနဲ့။"

ယွမ်ဟယ်သည် ဒေါသတကြီး ပြောလိုက်သည်။ "ခင်ဗျားမှာသာ စွမ်းရည်ရှိတယ်ဆိုရင် လူသိရှင်ကြား တိုက်ခိုက်လိုက်စမ်းပါ..."

ကျိုးချောင်ချင်းသည် မျက်မှောင်ကုတ်လိုက်၏။

သူသည် မတိုက်ခိုက်ချင်ဘူးဆိုသော်လည်း လူပေါင်းများစွာက ကြည့်ရှုနေကြ၏။ ထို့ကြောင့် သူ အေးစက်စက် ပြောလိုက်သည်။ “ဒီလို ဆိုမှတော့ စိန်ခေါ်မှုကို လက်ခံရမှာပေါ့...."

မူလအားဖြင့် လူတွေ ပြည့်လျက်ရှိသော တိုက်ခိုက်ရေး ကွင်းပြင်ကြီးသည် ရုတ်တရက်ဆိုသလိုပဲ ရှင်းလင်းသွားတော့သည်။

ဝိညာဉ်ချောင်းဂိုဏ်းမှ တပည့်များနှင့် မျပြားလှသော လူများသည် ထိုကွင်းပြင်၏ အပြင်ဘက်တွင် ရပ်လိုက်ကြ၏။

နိုင်ငံနှစ်ခု၏ အုပ်ချုပ်သူကြား တိုက်ပွဲသည် အလွန်တရာ ရှားပါးလှ‌ပေသည်။

ဟုတ်ပေသည်။

သူတို့အားလုံးသည် ကျန်းယန်နိုင်ငံမှ ဖြစ်သည်ဆိုသောကြောင့် ကျိန်းသေပေါက် ကျိုးချောင်ချင်းဘက်မှ ရပ်တည်ပေလိမ့်မည်။ တစ်ဖက်နိုင်ငံ အုပ်ချုပ်သူအား အညှာအတာကင်းစွာ ရိုက်နှက်နိုင်ဖို့ကိုလည်း မျှော်လင့်နေမိသည်။

အရက်မူးလျက်ရှိနေသော ယွမ်ဟယ်မှာတော့ တစ်ယိမ်းတစ်ယိုင်နှင့် လမ်းလျှောက်၍ လာသည်။

ကျိုးချောင်ချင်းသည် တစ်ခြားတစ်ဖက်မှ လမ်းလျှောက်လာရင်း လေနှင့် အတူ ပျံ့လွင့်လာသော အရက်နံ့များကို ရှူရှိက်မိချိန်မှာတော့ နှာခေါင်းကို ပိတ်ကာ တွေးလိုက်မိ၏။ နိုင်ငံအုပ်ချုပ်သူတစ်ယောက် အနေနဲ့ တစ်နေကုန် သောက်စားနေတာ ဘယ်လိုလုပ်ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုမျိုးကို ရမှာလဲ။

သူသည် ရည်မှန်းချက်ကို အောင်မြင်ရန်အတွက် သူ့ကိုယ်သူ စည်းကမ်းတကျ နေထိုင်တတ်ခဲ့သူ ဖြစ်သည်။ သူသည် ဤကဲ့သို့ ကြိုးစားနေခဲ့သည့် အချိန်အတွင် ယမကာကို တစ်စက်ကလေးတောင် မထိခဲ့ချေ။

သူသည် အရာလောကအားလုံးဆီမှ သင်ယူတတ်သည့် လူတစ်ယောက်ပင် ဖြစ်တော့သည်။

"ကျိုးချောင်ချင်း"

ယွမ်ဟယ်သည် ဝိုင်တစ်ငုံကို မော့သောက်ကာ ပြောလိုက်သည်။ "ဒီနေ့မှာ ကျန်းယန်နိုင်ငံရဲ့ လူတွေ အားလုံးရှေ့မှာ ချင်းယန်နိုင်ငံကို အနိုင်ကျင့်တဲ့ အကျိုးဆက်က ဘာလဲဆိုတာ သိစေရမယ်။

ကျိုးချောင်ချင်းသည် ထူးမခြားနားသလို ပြောလိုက်သည်။ "သံမဏိအရိုးဂိုဏ်းသာ ထွက်မလာဘူးဆိုရင် ခင်ဗျားရဲ့ အဆင့်ကိုးနိုင်ငံ က ကျုပ်အပိုင်ဖြစ်နေတာ ကြာပြီ"

ဟားဟား ဟား

ယွမ်ဟယ်သည် အားရပါးရ အော်ရယ်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ "ငါ့ရဲ့ ချင်းယန်နိုင်ငံက ဂိုဏ်းသေးလေးတစ်ခုက မင်းတို့ ကျားဖြူတပ်ကြီးတစ်ခုလုံးကို ရှင်းလင်းသုတ်သင်နိုင်ခဲ့တယ် မဟုတ်လား။ဒါကြောင့် ဒေါသထွက်နေတာထင်တယ်။"

ထိုအကြောင်းကို ကြားလိုက်ရသည့်အခါမှာတော့ ကျိုးချောင်ချင်းသည် အလွန်တရာ ဒေါသထွက်သွား၏။ သို့ပေမဲ့ သူသည် ထိုသို့ ထွက်ပေါ်လာသော ဒေါသများကို ဖိနှိပ်ကာ ပြောလိုက်၏။ "အစ်ကိုရင် ကျုပ်တို့စကြတော့မလား။"

"ကောင်းပြီ"

ယွမ်ဟယ်သည် ပြောလို့ မပြီးသေးခင်မှာပဲ သူ၏ သိုင်းဘုရင် အော်ရာများသည် ထွက်ပေါ်လာခဲ့တော့သည်။

"သိုင်းဘုရင်"

အားလုံးသည် ထအော်လိုက်မိကြ၏။ အဆင့်ကိုး နိုင်ငံတစ်ခု၏ အုပ်ချုပ်သူသည် သိုင်းဘုရင်အဆင့်သို့ ရောက်ရှိနေမည်ဟု သူတို့ မထင်မှတ်မိခဲ့ချေ။

ကျိုးချောင်ချင်းက နှာခေါင်းရှုံ့လိုက်၏။

ပြီးနောက် သူ၏ သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်း အော်ရာများသည်လည်း ထွက်ပေါ်လာတော့သည်။

စွမ်းအင်များသည် သူ၏ လက်သီးတွင် စုဝေးလာသည်။ သူသည် လေဟာနယ်ထဲသို့ လက်သီးဖြင့် လှမ်းထိုးလိုက်၏။

ဘန်း … ဘန်း … ဘန်း …။

ပေါက်ကွဲမှုကြီးနှစ်ခုသည် ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ အလွန်တရာ များပြားလှသော စိတ်ဝိညာဉ်စွမ်းအင်များသည် တည်နေရာထဲတွင် စုဝေးလာပြီး ကြီးမားသည့် လက်သီးကြီးနှစ်ခု အဖြစ် ဖြစ်တည်လာကာ ယွမ်ဟယ်ဆီသို့ တိုးဝင်သွား၏။

အထူးအဆင့် အလယ်အလတ် တည်နေရာတုန်ခါခြင်း လက်သီးနည်းစနစ်။

"လာစမ်း"

ယွမ်ဟယ်သည် ရပ်တန့်လိုက်၏။ ပြီးနောက် သူ၏ အင်္ကျီလက်အား ယမ်းခါလိုက်တော့သည်။

စိတ်ဝိညာဉ်စွမ်းအင်များသည် ထွက်ပေါ်လာပြီးသည့်နောက် သူ၏ အရှေ့တွင် ရေလှိုင်းတစ်ခုကဲ့သို့ အတားအဆီး ဖြစ်တည်လာတော့သည်။

ဘုန်း။

အလွန်တရာ များပြားလှသော စွမ်းအင်များ ပါဝင်နေသည့် လက်သီးချက်ကြီးသည် အတားအဆီးကို ထိမိပြီးသည့်နောက်မှာတော့ နှစ်ခုလုံး‌ ပျောက်ကွယ်သွားတော့သည်။

မတူညီသည့် စိတ်ဝိညာဉ်လှိုင်းနှစ်ခုသည် ထိပ်တိုက်တွေ့ဆုံပြီးသည့်နောက်မှာတော့ တည်နေရာတစ်ခုလုံး ဝုန်းကနဲ ဖြစ်သွားခဲ့၏။

ဖောက် ဖောက် ဖောက် ဖောက်။

ကျိုးချောင်ချင်းသည် အနောက်ဘက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့၏။

သူသည် တည်နေရာဆီသို့ လှမ်းကြည့်လိုက်ချိန်မှာတော့ ယွမ်ဟယ် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။

"ဘယ်ကို ရောက်သွားတာလဲ"

ခလော …. ခလော။

လေ့ကျင့်ရေးကွင်းပြင်ပဆီမှ ဟောက်သံများ ထွက်ပေါ်လာသည် ကိုအားလုံး ကြားလိုက်ကြရသည်။

ကျိုးချောင်ချင်းသည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံခံပြီးသည့်နောက်မှာတော့ ယွမ်ဟယ်သည် ထိုကွင်းပြင်၏ အပြင်ဘက်တွင် လဲလှောင်းကာ အိပ်နေသည်ကို မြင်လိုက်ရ၏။

အားလုံး “….....”

တိုက်ခိုက်နေရင်းတန်းလန်းကြီး အဘယ့်ကြောင့် အိပ်ပျော်သွားရသနည်း။ ဆိုးရွားလွန်းလှချေသည်။

"လာလာ ငါ့ကို ကူညီကြအုံး။ ငါသောက်ချင်သေးတယ်။"

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လျက်ရှိသော ယွမ်ဟယ်သည် အရက်သောက်ဖို့အကြောင်းကို မမေ့လျော့ဘဲ ယောင်လျက်ပင် ရှိနေသေးသည်။

ကျိုးချောင်ချင်၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်လျက်ရှိနေသည်။

အရက်မူးသမား၏ စိန်ခေါ်မှုကို သူ တကယ်ပဲ သဘောတူခဲ့၏။ သူ့ဦးနှောက်သည် တစ်ခုခု မှားယွင်းခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။

"ကိုယ့်လူတို့ …."

သူသည် အော်လိုက်သည်။ "ဒီလူကို အပြင်ဘက် ပစ်လွှတ်လိုက်။"

"နိုင်ငံအုပ်ချုပ်သူ "

ဗျူဟာမှူးတစ်ယောက်က ပြောလိုက်၏။ "ကျုပ်တို့ ဒီလူကို ဖမ်းထားရင် ကောင်းမယ်။အနာဂတ်မှာ တစ်ခုခု အသုံးဝင်နိုင်တယ်"

ကျိူးချောင်ချင်းက ပြောလိုက်၏။ "ချင်းယန်နိုင်ငံကိုမရခင် သူ့ကို ဖမ်းထားတယ်ဆိုတာက စည်းမျဉ်းစည်းကမ်းတွေနဲ့ မလျော်ညီဘူးလေ။"

ဗျူဟာမှူးသည် မည်သည့်စကားမှ ထပ်မံ၍ မဆိုတော့ချေ။

နိုင်ငံ၏ အုပ်ချုပ်သူသည် ကောင်းမွန်သည့် အရာများကို ပြုလုပ်တတ်သူဖြစ်သည်။ သို့ပေမဲ့ တစ်ခါတစ်ရံတွင် မလိုအပ်သည့် အရာများကို အထူးဂရုစိုက်တတ်လျက်ရှိ၏။

"လာ …. ဆက်သောက်ကြရအောင်"

စစ်သားအနည်းငယ်‌တို့သည် ယွမ်ဟယ်အား ကောက်မကာ ထွက်ခွာသွားတော့သည်။

ယွမ်ဟယ် မှာတော့ အမူးလွန်ကာ ယောင်နေသေး၏။

ဤလူသည် လာ၍ နောက်ပြောင်နေသည်လား။

ကြမ်းတမ်းလှသော တိုက်ပွဲကြီးသည့် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

ဝိညာဉ်ချောင်း ဂိုဏ်းမှ တပည့်များနှင့် များပြားလှသာ ကျင့်ကြံသူများသည် တည်နေရာထဲသို့ ပြန်လည်ရောက်ရှိလာပြီး ထိုင်လိုက်ကြ၏။

ကျိုးချောင်ချင်းသည် အဓိက ဟောခန်းထဲသို့ လျှောက်ဝင်လာတော့သည်။

ပြီးနောက် ဝိညာဉ်ချောင်းဂိုဏ်းမှ ဂိုဏ်းချုပ်နှင့် စကားပြောလိုက်၏။

အထက်စင်မြင့် တစ်ခုပေါ်တွင် ထိုင်လျက်ရှိသော ဘိုးဘေးအကြီးအကဲကြီးသည် ကျယ်လောင်စွာ ပြောလိုက်သည်။ "ခုနက အချိန်နည်းနည်း ဖြုန်းသလို ဖြစ်သွားတယ်။အခု သိုင်းပညာနဲ့ ပတ်သက်ပြီး မင်းတို့ မေးစရာရှိတဲ့ ဟာတွေကို မေးမြန်းလို့ ရပါပြီ"

"စီနီယာယု ကျွန်တော့်ဆီမှာ သိုင်းပညာနဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ကျေးဇူးပြုပြီး ညွှန်ပြပေးပါ"

မိသားစု ခေါင်းဆောင်တစ်ယောက်က အရင်ဆုံး ထ၍ ပြောလိုက်သည်။

"လွတ်လွတ်လပ်လပ်သာ ပြောပါ" ဘိုးဘေးအကြီးအကဲယုသည် သိုင်းပညာရှင်ကြီးကဲ့သို့ ခမ်းနားစွာဖြင့် ပြောဆိုလိုက်သည်။

"ကျုပ် ဒီသိုင်းပညာနဲ့ ပတ်သက်ပြီးတော့ အချိန်အတော်ကြာ ဇဝေဇဝါဖြစ်ခဲ့တယ်...."

ထိုအချိန်မှာတော့ မိသားစုခေါင်းဆောင်၏ မျက်နှာသည် အလွန်တရာ ကြောက်လန့်သွားသည့် ပုံသဏ္ဍာန်မျိုး ဖြစ်ပေါ်လာသည်။ ပြီးနောက် ပြောလိုက်သည်။

"သွားပြီ သွားပြီ"

"ဘာသွားတာလဲ"

အားလုံးက ဆွံ့အသွားကြသည်။ အမှတ်မထင်ဆိုသလိုပဲ မိသားစုခေါင်းဆောင် ကြည့်သည့် နေရာဆီသို့ အားလုံး လှမ်းကြည့်လိုက်ကြ၏။

အရာတစ်ခု သည် အဓိက ဟောခန်းထဲသို့ အရှိန်ဖြင့် ကျဆင်းလာနေသည်။

ဟမ်။

ဘိုးဘေးအကြီးအကဲကြီးယုသည်လည်း သူ့ဆီသို့ ရောက်ရှိလာသည့် အပူလှိုင်းများကို ခံစားလိုက်မိသည်။

သူသည် စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ပြီး ကြည့်လိုက်ချိန်မှာတော့ သူတို့ဆီသို့ နီးကပ်လာသော အလင်းတန်းကြီးတစ်ခုဆီသို့ ကြည့်လိုက်သည်။

"မဟုတ်တော့ဘူး ကျတော့မယ် အားလုံးပဲ ပြေး ပြေး"

လေ့ကျင့်ရေး ကွင်းပြင်ထဲတွင် ထိုင်လျက်ရှိသော လူများအားလုံးသည် အလွန်တရာ ကြောက်လန့်တတ်သော ယုန်လေးများကဲ့သို့ နေရာအနှံ့ဆီသို့ ထွက်ပြေးကြတော့သည်။

ဟမ့်။

ဘိုးဘေးအကြီးအကဲယုသည် နှာခေါင်းရှုံ့လိုက်သည်။ ချက်ချင်းဆိုသလိုပဲ သူ၏ လက်ကို မြှောက်လိုက်တော့သည်။ တည်နေရာ တစ်ခုလုံး လှုပ်ရှားသွားပြီးနောက်မှာတော့ စိတ်ဝိညာဉ်စွမ်းအင်များ ဖြစ်တည်လာပြီး ဟောခန်း၏ အပြင်ဘက်အား တားဆီးလိုက်တော့၏။

ဘုန်း။

ထိုအချိန်မှာပဲ အနီရောင် အလင်းတန်းကြီးသည် ဥက္ကာခဲကြီး ကျဆင်းလာသကဲ့သို့ အတားအဆီးကို ထိုးခွင်း ဖျက်စီးလိုက်တော့သည်။ ပြီးနောက် ဘန်းဟူသော အသံနှင့်အတူ လေ့ကျင့်ရေး ကွင်းပြင်၏ အလယ်ဆီသို့ ကျဆင်းလာသည်။

ဆွစ်။

အပူလှိုင်းများအားလုံးသည် နောက်ဆုတ်ချိန်မရလိုက်သော သိုင်းကျင့်ကြံသူများအားလုံးကို ဟပ်သွားစေသည်။

တစ်ချိန်တည်းမှာပဲ ကျဆင်းလာသော အပူချိန်သည် ပြင်းထန်လွန်းလှသောကြောင့် ဝိညာဉ်ချောင်းဂိုဏ်း၏ တည်နေရာတစ်ခုလုံးသည် ပူလောင်ပြီး မီးတွေ ထတောက်တော့ မတတ်ပင် ဖြစ်သွားသည်။ အဓိက ဟောခန်း၏ ဒေါက်တိုင်တစ်ချို့ပင်လျှင် အက်ကွဲကြောင်းများ ပေါ်လာ၏။

စကားပြောလျက်ရှိနေသော ကျွင်းချောင်ချင်းနှင့် ခေါင်းဆောင်တို့၏ အမူအရာများသည်လည်း ပျက်ရွင်းသွားသည်။

သူတို့သည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ပြီးသည့်နောက်မှာတော့ အလွန်တရာ ပူလောင်လှသော မီးတောက်ကြီးတစ်ခုလုံးသည် လေ့ကျင့်ရေး ကွင်းပြင်၏ အလယ်တွင် ရောက်ရှိနေကြောင်းကို မြင်လိုက်ကြရ၏။

အောက်ဘက်တွင် ရှိသော တန်ဖိုးကြီးကျောက်ပြားများသည်မှာ ကွဲအက်လျက်ရှိပြီး နီနီရဲနေသည်။ မီးတောက် ထဲမှာတော့ လူနှစ်ယောက်၏ ပုံပန်းသွင်ပြင်က ပေါ်လာသည်။

အသံတစ်သံက ထွက်ပေါ်လာသည်။ "သံမဏိအရိုးဂိုဏ်းခေါင်းဆောင် ကျွင်းချောင်ရှောင်း …. ဝိညာဉ်ချောင်းဂိုဏ်းကို လာလည်ပါတယ်။ကျေးဇူးပြုပြီး လမ်းညွှန်ပြသပေးပါ"

All Chapters