← Chapters

အခန်း (၅၄၃)

Vol. 37 Ch. 543

အခန်း (၅၄၃)

Vol. 37 Ch. 543

"သံမဏိအရိုးဂိုဏ်းချုပ် ကျွင်းချောင်ရှောင်း … ဝိညာဉ်ချောင်းဂိုဏ်းကို လာလည်ပါတယ်။‌ကျေးဇူးပြုပြီး လမ်းညွှန်ပြသပေးပါ"

ဤစကားလုံးသည် ဝိညာဉ်ချောင်းဂိုဏ်း၏ ကောင်းကင်တွင် ပဲ့တင်ထပ်လျက်ရှိသည်။

အလွန်တရာ ပူလောင်လှသော အရှိန်အဝါများသည် ပြင်းထန်သော အရှိန်အဟုန်များအဖြစ် ဖြစ်တည်စေခဲ့၏။

ခက်ခက်ခဲခဲနှင့် မတ်တပ်ရပ်ရန် ကြိုးစားနေကြသော ကျင့်ကြံသူများအားလုံးသည် မျက်လုံးပြူးသွားကြ၏။

“ကျွင်းချောင်ရှောင်း ဟုတ်လား။သူ ဘာလို့ ဒီကို ရောက်လာတာလဲ။”

“ပြီးတော့ ပျံပီးရောက်လာတာ"

"သံမဏိအရိုးဂိုဏ်းချုပ်က သိုင်းအုပ်စိုးသူ အဆင့်ကို ချိုးဖြတ် ရောက်ရှိသွားပြီလား။မဖြစ်နိုင်ဘူး။”

လက်ရှိ ကောင်းကင်ဘုံမြို့မှ ကြားသိခဲ့ရသော သတင်းများအရဆိုလျှင်၎င်းသည် ဓားဘုရင်နှင့် သိုင်းဘုရင်တစ်ယောက်သာ ဖြစ်သည်။ အဘယ်ကြောင့် သိုင်းအုပ်စိုးသူအဆင့်ကို ရောက်ရှိသွားနိုင်သနည်း။

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် မီးတောက်ကြားမှ လျှောက်ထွက်လာသည်။ သူသည် လက်နှစ်ဖက်ကို နောက်သို့ ပစ်ပြီးသည့်နောက်မှာတော့ ပျို့အန်လိုက်‌လေတော့သည်။

အားလုံး “.....”

ဤတစ်ကြိမ်သည် သူ့အတွက် ပထမဦးဆုံးအကြိမ် ပျံသန်းခြင်းဖြစ်သည်။ ထို့အပြင် ပျံသန်းနှုန်းကလည်း အလွန်တရာ မြန်ဆန်လွန်းလှသည်။ ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်းအနေနှင့် အနည်းငယ် မူးဝေသည့် ခံစားချက်ကို ရရှိသည်ဆိုသည်မှာ သာမန်ပင် ဖြစ်‌၏။

ဘိုးဘေး အကြီးအကဲယု၏ အမူအရာသည် ပျက်ရွင်းသွားတော့သည်။ သူဖန်တီးခဲ့သော အကာအကွယ် အတားအဆီးကြီး ပျက်စီးသွားခဲ့သည်။ ထိုအရာသည် သူ့ကို ကြီးကြီးမားမား ရိုက်ခတ်စေခဲ့သည်။

ဝှစ် … ဝှစ်။

ကျိုးချောင်ချင်းနှင့် ဝိညာဉ်ချောင်းဂိုဏ်းမှ အကြီးအကဲတို့ သည် အဓိက ဟောခန်းထဲမှ လျှောက်ထွက်လာကြသည်။ သူတို့၏ အမူအရာများသည် လေးနက်လျက်ရှိ၏။

သူတို့သည် ကျွင်းချောင်ရှောင်းကို ဂရုမစိုက်ပေ။ သူတို့ ဂရုစိုက်သည်မှာ ကျွင်းချောင်ရှောင်း၏ အနောက်တွင် ရှိသော တောက်လောင်နေသည့် မီးတောက်ပင် ဖြစ်တော့သည်။

ထိုနေရာဆီမှ အလွန်တရာ လေးလံပြီး အားကောင်းလှသော အရှိန်အဝါများ ထွက်ပေါ်လျက်ရှိ၏။

ဘိုးဘေးအကြီးအကဲယုသည် ထိုမီးတောက်ကြားမှ ထွက်ပေါ်လာသည့် အရှိန်အဝါများကို ကြည့်ကာ တီးတိုး ပြောလိုက်သည်။ "ဒါက ငါ့ကို အ‌စောပိုင်းတုန်းက တိုက်ခိုက်ခဲ့တဲ့လူလား။ သိုင်းအုပ်စိုးသူကလည်း စည်းမျဉ်းစည်းကမ်း မရှိလိုက်တာ။င့ါကို အနောက်က ချောင်းပြီး တိုက်ခိုက်ခဲ့တာပဲ။”

ဟပ်ချိုး။

သံမဏိအရိုးဂိုဏ်းတွင် ရှိနေသော ဟယ်ဝူတီမှာတော့ နှာချေလျက်ရှိနေသည်။ သူသည် နှာခေါင်းကို ပွတ်ကာ ပြောလိုက်သည်။ "တစ်ယောက်ယောက် ငါ့အကြောင်း မကောင်းတာများ ပြောနေလား မသိဘူး"

“ဂိုဏ်းချုပ်ကျွင်း။”

ဝိညာဉ်ချောင်းဂိုဏ်းမှ ဂိုဏ်းချုပ်သည် အေးစက်စက် ပြောလိုက်သည်။ "မင်း မဖိတ်ခေါ်ဘဲနဲ့ရောက်လာခဲ့တာ ဘာလိုချင်လိုလဲ"

ဝိညာဉ်ချောင်းဂိုဏ်းမှ များပြားလှသော သိုင်းဘုရင်များသည် ကျွင်းချောင်ရှောင်း၏ လက်ထဲတွင် သေဆုံးသွားကြရသည်။ ထို့ကြောင့် သူတို့သည် ရန်သူများသာ ဖြစ်ကြ၏။

မူလအားဖြင့် ဤကဲ့သို့ စိန်ခေါ်မှုမျိုးကို အကြိမ်ကြိမ် အတွေ့အကြုံ ရှိဖူးသော ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်ဖြင့် ပြောလိုက်တော့သည်။ "ဒီကို လာပါတယ်ဆို‌တော့ လာပြီး‌တော့ စိန်ခေါ်တာပေါ့။ယဉ်ကျေးနေစရာမလိုပါဘူး။ဒီနေ့ ခင်ဗျားတို့ ဆီက လာပြီးတော့ လေ့လာ သင်ယူတာပါ"

သူသည် တည့်တည့်ပင် ပြောလိုက်ခြင်း ဖြစ်သည်။ ဤနေရာသို့ ပြသနာရှာရန် လာခဲ့ခြင်းသာ ဖြစ်၏။

သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည်လည်း အနည်းငယ် ဇဝေဇဝါဖြစ်နေသည်။

အဘယ့်ကြောင့် ဝိညာဉ်ချောင်ဂိုဏ်းတွင် ဤမျှ များပြားလှသော လူများ ရှိနေရသနည်း။ ဒီနေ့ သူ ပြသနာလာရှာမည်ကို သိနေသောကြောင့် နေကြာစေ့များ ဖျာများ ယူလာကာ ပွဲ လာကြည့်ကြသည်လား။

"ဖယ် … လမ်းဖယ် လမ်းဖယ်"

ထိုအချိန်မှာတော့ အရက်မူးသမား ယွမ်ဟယ်သည် လူတွေ ကြားထဲမှ တိုးထွက်လာပြီး စပ်ဖြီးဖြီးနှင့် ပြောလိုက်သည်။ "ဟိတ်ကောင်လေး မင်းလာပြီ ဟုတ်လား"

ဟမ်

ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်လိုက်သည်။ "ကျုပ်တို့ တစ်ယောက်နဲ့တစ်‌ယောက် သိလို့လား"

"တော်တော်ညံ့တဲ့ ကောင်ပဲ"

ယွမ်ဟယ်က ပြောလိုက်သည်။ "ငါက ချင်းယန်နိုင်ငံရဲ့ နိုင်ငံ အုပ်ချုပ်သူလေ။ မင်းတို့ မြို့တော်ဝန်ရှဲဆို‌တဲ့ကောင် မပြောထားဘူးလား"

"နိုင်ငံ အုပ်ချုပ်သူ ဟုတ်လား"

ကျွင်းချောင်ရှောင်းသည် မြို့တော်ဝန်ရှဲ့ ပြန်လည် ပြောပြခဲ့သော နိုင်ငံအုပ်ချုပ်သူ၏ ပုံပန်းသွင်ပြင်ကို ပြန်လည်စဉ်းစားလိုက်၏။

ထိုသူ၏ ဝတ်စားဆင်ယင်ပုံ စွတ်စွတ်ဖြူနေသော ဆံပင်များကို မြင်ရသည့် အချိန်မှာတော့ တီးတိုး ရေရွတ်လိုက်သည်။ "ဒီလူပဲ ဖြစ်ရမယ်"

"ဖြစ်ရမယ် မဟုတ်ဘူး။ငါပဲ ငါပဲ"

နိုင်ငံအုပ်ချုပ်သူက ပြောလိုက်၏။

နေပါဦး။ စောနတုန်းက ဤလူသည် အိပ်မောကျနေခြင်းကြောင့် တံခါးဝထိသို့ ပို့လွှတ်လိုက်ရသည့် လူမဟုတ်လား။ အဘယ့်ကြောင့် ပြန်၍ ရောက်ရှိလာသနည်း။

"ကျိုးချောင်ချင်း"

ယွမ်ဟယ်သည် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

“မင်းနဲ့ငါ ခုနတုန်းက တိုက်ခိုက်ရတာ သရေလေ။ အခု ငါ့ရဲ့ ချင်းယန်နိုင်ငံမှာ ရှိတဲ့ဂိုဏ်းတစ်ခုက လာပြီး မင်းတို့ ကျန်းယန်နိုင်ငံရဲ့ ဂိုဏ်းကို စိန်ခေါ်နေပြီ"

“………”

အားလုံးသော လူများ၏ နှုတ်ခမ်းများသည် တုန်ရင်သွားသည်။

စောနကအခြေအနေကို ပြန်လည်စဉ်းစားကြည့်မည်ဆိုလျှင် တကယ်ပင် သရေကျသည့် ပွဲတစ်ခု ဖြစ်နေသည်လား။ ထိုသူသည် တစ်ချက်သာ တိုက်ခိုက်ပြီးသည့်နောက်မှာတော့ မည်သို့မနိုင်မှန်းသိသောကြောင့် အိပ်ပျော်ချင်ယောင်ဆောင်နေခြင်းသာ ဖြစ်လိမ့်မည်။

"ကျိုးချောင်ရှင်းဟုတ်လား"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဒါဆိုရင် ကျန်းယန်နိုင်ငံရဲ့ အုပ်ချုပ်သူကလည်း ဒီမှာရောက်နေတာ မလေးမစား ပြူမူမိတဲ့အတွက် တောင်းပန်ပါတယ်"

"ဂိုဏ်းချုပ်ကျွင်း"

ကျိုးချောင်ချင်းသည် လေးနက်စွာဖြင့် ပြောလိုက်သည်။ "ဒီကိုရောက်လာပြီး စိန်ခေါ်တယ်ဆိုတော့ အဓိက လမ်းကနေပြီးတော့ လျှောက်ဝင်လာသင့်တယ် မဟုတ်လား။ဘယ်လိုဖြစ်ပြီးတော့ ရိုင်းရိုင်းစိုင်းစိုင်းနဲ့ ပျံသန်းလာရတာလဲ"

မီးတောက်များသည် အလွန်တရာ အားကောင်းလှသည်ဆိုသော်လည်း အဆင့်ခြောက်နိုင်ငံတစ်ခု၏ အုပ်ချုပ်သူသည် နည်းနည်းလေးမှ အားမနည်းချေ။

"ဒီအသုံး မဝင်တဲ့ဟာတွေကို လျှောက်ပြောမနေနဲ့တော့"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "မြန်မြန်ဆန်ဆန်ပဲ တိုက်ခိုက်မယ့် လူတစ်ယောက်ယောက်ကို လွှတ်လိုက်တော့"

နဂါးလေး၏ တိုက်ပွဲဝင်ပုံစံသည် အချိန်အကန့်အသတ်ရှိနေ၏။

ထို့ကြောင့် ဤနေရာကို သူ ဖျက်ဆီးချင်လျှင် မြန်မြန်ဆန်ဆန် ဖျက်စီးပြီး ပြန်လည်ထွက်ခွာသွားမှ ဖြစ်မည်။ မဟုတ်ပါက ယနေ့တွင် သူပြန်လည် ထွက်ခွာ သွားနိုင်မည် မဟုတ်တော့ချေ။

"ဒီနေရာမှာ နေရတာ မသတီဘူးကွာ"

ကျွင်းချောင်ရှောင်းသည် သူ့အနောက်သို့ လိုက်လံ၍ သတ်ဖြတ်ခဲ့သော လူကို လက်ညိုးထိုးကာ ပြောလိုက်သည်။

"ခင်ဗျား…. ခင်ဗျားနဲ့ချမယ်"

"မောက်မာလိုက်တဲ့ကောင်"

ဘိုးဘေးအကြီးအကဲယုသည် အေးစက်စက် ဖြင့် အော်ဟစ်လိုက်သည်။

ဝှစ်။

မီးဝောာက်များသည် ရုတ်တရက်ဆိုသလိုပဲ အလွန်တရာ မြန်ဆန်သောနှုန်းဖြင့် ရှေ့သို့တိုးသွားသည်။ ကျိုးချောင်ချင်းကဲ့သို့ သိုင်းဘုရင်ပင်လျှင် သေသေချာချာ မမြင်နိုင်လောက်သည်အထိ မြန်ဆန်လွန်းလှ၏။

ဝုန်း

အလွန်တရာ ကျယ်လောင်လှသော အသံတစ်ခု ကြားလိုက်ရသည်။

ဘိုးဘေးအကြီးအကဲ၏ ရှေ့မှာတော့ မီးတောက်များ ရှိနေသည်။ ထိုမီးတောက်များထဲမှ ကြီးမားလှသော လက်ကြီးတစ်ဖက်‌ ထွက်ပေါ်လာပြီး ဘိုးဘေးအကြီးအကဲယု၏ ရင်ဘတ်ကို တိုက်ရိုက်ပင် ထိုးနှက်လိုက်တော့၏။

"အဘိုးကြီး"

နဂါးလေး၏ ကလေးဆန်သော အသံတစ်ခု ထွက်ပေါ်လာသည်။ "စကားပြောတဲ့ အချိန်မှာ ယဉ်ယဉ်ကျေးကျေးပြော။ မဟုတ်ရင် ကျုပ် ခင်ဗျားကို ရိုက်သတ်မယ်"

"မင်း"

ဘိုးဘေးအကြီးအကဲယု၏ မျက်လုံးများသည် ပြူကျယ်သွားသည်။ ချက်ချင်းဆိုသလိုပဲ အနောက်ကို လှမ်းဆုတ်လိုက်သည့် အချိန်ပေါ်မှာတော့ စင်မြင့်ပေါ်မှ ပြုတ်ကျသွားတော့သည်။ ပြီးနောက် သွေးတစ်လုတ် အန်ထွက်လာသည်။

အားလုံးသည် ဆွံ့အသွားမိသွားကြ၏။

ဤလူသည် ဝိညာဉ်ချောင်ဂိုဏ်းမှ ဘိုးဘေး အကြီးအကဲကြီး ဖြစ်သည်။ အစစ်အမှန် သိုင်းအုပ်စိုးသူ တစ်ယောက်လည်း ဖြစ်လို့နေ၏။

တစ်ချက် တိုက်ခိုက်ခံရပြီးနောက်မှာ‌တော့ သွေးအန်လျက်ရှိနေတော့သည်။

ကျွင်းချောင်ရှောင်းသည်လည်း အနည်းငယ် ကြောင်သွားခဲ့၏။

ဤကောင်လေး၏ ဒုတိယ‌တိုက်ပွဲဝင်ပုံစံသည် အလွန်တရာ အားကောင်းသည် ဖြစ်ကြောင်းကို သူသိရှိပြီးသည်။ သို့ပေမဲ့ ဤမျှထိ အားကောင်းလိမ့်မည်ဟုတော့ မထင်မှတ်မိခဲ့ချေ။

အံအားသင့်စရာ ပဋိဉာဉ်သားရဲ ကို ပိုင်ဆိုင်ပြီဖြစ်သောကြောင့် သူ့အနေနှင့် အရှေ့တောင်ရန်ကျုး တစ်ခုလုံးတွင် မိမိလုပ်ချင်ရာကို လုပ်နိုင်ပေတော့မည်။

ထိုအချိန်မှာပဲ မီးတောက်များထဲတွင် ရောက်ရှိနေသော နဂါးလေးသည် လှုပ်ရှားလိုက်ပြန်သည်။

သူသည် တည်နေရာရွေ့ပြောင်းလိုက်သလိုပဲ ဘိုးဘေးအကြီးအကဲကြီး၏ ရှေ့၌ ပေါ်လာတော့သည်။ တည်နေရာတစ်ခုလုံးတွင် မီးတောက်များ လျှံထွက်လာပြီးသည့်နောက်မှာတော့ မီးအလုံးတန်းကြီးအဖြစ်သို့ ပြောင်းလဲသွား၏။

ဘန်း ဘန်း ဘန်း။

အစောပိုင်းတုန်းက ဘုရင်တစ်ပါးကဲ့သို့ ဟိတ်ဟန်ထုတ်လျက်ရှိသော ဘိုးဘေးအကြီးအကဲယုသည် လက်ရှိအခြေအနေတွင်တော့ အကာအကွယ် အတားအဆီးကိုပင် မဖန်တီးနိုင်တော့ဘဲ ပြင်းပြင်းထန်ထန် ထိုးနှက်တိုက်ခိုက်ခြင်းကို ခံနေရသည်။

ဘန်း။

နောက်ဆုံးလက်သီးချက်ကို ခံယူပြီးသည့်နောက်မှာတော့ ဘိုးဘေးအကြီးအကဲကြီးသည် အမြှောက်မှ ပစ်လွှတ်လိုက်သော အမြှောက်ဆန်ကဲ့သို့ပင် လွင့်စင်သွားတော့သည်။

သူသည် အဓိက ဟောခန်းထဲမှ လွင့်ထွက်သွားပြီးသည့်နောက် ခြံအနောက်ဘက်၏ တောင်ကြီးတစ်ခုလုံးသို့ သွားရောက် ထိမှန်သည်။

သိုင်းလေ့ကျင့်ရေးကွင်းပြင်နှင့် အနောက်ဘက်၏ တောင်တန်းကြားတွင်တော့ အနည်းဆုံး ဆယ်မိုင်လောက်ကွာဝေးနေ၏။

ဘုတ်

ပြင်းထန်လှသည့် လက်သီးချက်ပင် ဖြစ်တော့၏။

ဘိုးဘေးအကြီးအကဲယုသည် မြေပေါ်သို့ ပြုတ်ကျပြီးသည့်နောက် တစ်ခါတည်း မေ့မျောသွားတော့သည်။

အလွန်တရာ ဆန်းကြယ်၍ အားကောင်းလှသော သိုင်းအုပ်စိုးသူတစ်ယောက်သည် အချိန်တိုအတွင်း နှစ်ကြိမ်တိုင်တိုင်တိုက်ခိုက်ခံခဲ့ရပြီး မေ့မျောခဲ့သည်ဆိုသည်မှာ ဝမ်းနည်းစရာပင် ဖြစ်တော့၏။

အင်း။

အားလုံးသည် သက်ပြင်းချလိုက်မိကြသည်။ မီးတောက်များထဲမှ လူသည် မည်သူ ဖြစ်သနည်း။

အဘယ်ကြောင့် သိုင်းအုပ်စိုးသူတစ်ယောက်ကိုပင် လွယ်လွယ်ကူကူနှင့် တိုက်ခိုက်နေနိုင်သနည်း။

"သခင်"

နဂါးလေး၏ အသံသည် ထွက်ပေါ်လာသည်။ "ဒီလူက အရမ်းကို အားနည်းလွန်းတယ်။ဒီထက် အားကောင်းတဲ့လူ ရှိသေးလား"

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွားသည်။

နဂါးလေးနှင့် သိုင်းအုပ်စိုးသူတစ်ယောက်၏ တိုက်ပွဲသည် အပြင်းအထန် သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်ခိုက်ကြမည်ဟု သူ ထင်မှတ်ထားခဲ့သည်။ သို့ပေမဲ့ နဂါးလေးသည် လွယ်လွယ်ကူကူဖြင့် အနိုင်ယူနိုင်ခဲ့၏။

ကျိုးချောင်ချင်းနှင့် ဝိညာဉ်ချောင်းဂိုဏ်းမှ ဂိုဏ်းချုပ်တို့သည် မျက်လုံး အပြူးသား ဖြစ်သွားကြသည်။

သံမဏိအရိုးဂိုဏ်းတွင် ဤကဲ့သို့ အလွန်တရာ အားကောင်းလှသော ကျင့်ကြံသူတစ်ယောက် ရှိလို့နေသည်။

"သခင်"

နဂါးလေးက ပြောလိုက်၏။ "ကျုပ် အား မရသေးဘူး"

ကျွင်း‌ချောင်ရှောင်းသည် ကျိုးချောင်ချင်းနှင့် ဝိညာဉ်ချောင်ဂိုဏ်းမှ ဂိုဏ်းချုပ်အား ကြည့်ကာ ပြောလိုက်သည်။ "ဒါဆိုလည်း သူတို့အားလုံးကို ရိုက်ကွာ"

"ကောင်းပါပြီ"

နဂါးလေးသည် ချက်ချင်းဆိုသလိုပဲ မီးတောက်များနှင့် အတူ ပြေးတက်သွားသည်။

ဝုန်း ဝုန်း။

ကျိုးချောင်ချင်းနှင့် ဝိညာဉ်ချောင်ဂိုဏ်းမှ ဂိုဏ်းချုပ်တို့သည် အမြှောက်မှ ပစ်လွှတ်လိုက်သော အမြှောက်ဆံများကဲ့သို့ ဂိုဏ်း၏နံရံများနှင့် ပစ်တိုက်ကာ အဓိက ဟောခန်း၏ နံရံမှ ဖောက်ထွက်သွားပြီး အနောက်ဘက် တောင်၏ နံရံဆီသို့ ရောက်ရှိသွားတော့သည်။ ပြီးနောက် ဘိုးဘေး အကြီးအကဲယု၏ ဘေးနားတွင်တော့ မေ့မျောလျက်ရှိနေကြသည်။

ဤအရာမှာ အစပဲ ရှိနေသေး၏။

သိုင်းဘုရင် အဆင့်ရှိလှသော ဝိညာဉ်ချောင်းဂိုဏ်းမှ အကြီးအကဲများအားလုံးသည်လည်း နဂါးလေး၏ လက်ချက်မှ မလွတ်မြောက်ကြပေ။ အားလုံးသည် ထိုတောင်နံရံ ဆီသို့ပင် ရောက်ရှိသွားပြီး မေ့မျောသွားကြသည်။

အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ ဝိညာဉ်ချောင်း ဂိုဏ်းမှ အကြီးအကဲများအားလုံးသည် မြေပေါ်သို့ လဲလျက်ရှိ၏။

ပို၍ ဆိုးရွားသည်မှာ အဓိက ဟောခန်းပင် ဖြစ်၏။ အဓိက ဟောခန်းသည် အပေါက်ပေါင်းများစွာနှင့် ဖြစ်လို့နေသည်။

"တစ်ယောက်မှ ပြန်ပြီး မတိုက်ခိုက်နိုင်ဘူးလား"

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "ပျင်းစရာပဲ …. အိမ်ပြန်ကြရအောင်"

ဝှစ်။

နဂါးလေးသည် သူ၏ သခင်ကို ကောက်ချီ၍ ခြေ‌ထောက်ကို အသာဆောင့်ကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။ သူတို့သည် မြန်မြန်ဆန်ဆန်နှင့် ရောက်ရှိသွားပြီး မြန်မြန်ဆန်ဆန်နှင့် ပြန်လည်ထွက်ခွာသွားကြ၏။

သိုင်းလေ့ကျင့်ရေး ကွင်းပြင်၏ အပြင်ဘက်တွင် ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများအားလုံးသည် ဆွံ့အလျက်ရှိနေကြသည်။

သူတို့သည် သိုင်းအုပ်စိုးသူတစ်ယောက်၏ သင်ခန်းစာကို နားထောင်ရန်အတွက် ဝိညာဉ်ချောင်းဂိုဏ်းသို့ ရောက်ရှိလာခြင်း ဖြစ်သည်။သို့ပေမဲ့ ထိုသို့သော သင်ခန်းစာဆီမှ အကျိုးအမြတ်များ မရရှိသေးခင်မှာပဲ သင်ခန်းစာပေးမည်ဆိုသော ဘိုးဘေးအကြီးအကဲကြီးသည် သတိလစ် မေ့မျောအောင် အရိုက်နှက် ခံခဲ့ရ၏။

"မင်းတို့ ဘာမြင်လိုက်လဲ"

ထိုအချိန်မှာတော့ ယွမ်ဟယ်သည် ကျယ်လောင်စွာဖြင့် ပြောလိုက်သည်။ “ဒါက ငါ့ရဲ့ ချင်းယန်နိုင်ငံကို အနိုင်ကျင့်တဲ့အတွက် ရလဒ်ပဲ။”

ဝှစ် ဝှစ်။

ထိုအချိန်မှာတော့ ကျန်းယန် နိုင်ငံထဲတွင်ရှိသော သိုင်းဘုရင်များ အားလုံးသည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ သူ့ကို ဝိုင်းရံလိုက်ကြတော့သည်။

ယွမ်ဟယ်သည် အေးစက်စက်ဖြင့် ပြုံးလိုက်၏။

ပြီးနောက် သူသည် ဒန်ထျန်ထဲမှ စိတ်ဝိညာဉ်စွမ်းအင်များကို လည့်ပတ်လိုက်ပြီးနောက် အားရပါးရ အော်လိုက်တော့သည်။ "ဟိုကောင်လေး ငါ့ကို ကယ်အုံးလေ"

All Chapters