အခန်း (၅၄၄)
Vol. 37 Ch. 544
“ငါမင်းကိုပြောပြမယ်၊ ခုeတုန်းက မူးနေလို့သာ၊ မဟုတ်လို့ကတော့ အဲဒီသိုင်းဘုရင်တွေအားလုံးကို တစ်ချက် ကလေးမှ ဂရုစိုက်မှာမဟုတ်ဘူး”
တောနက်ထဲမှာတော့ ယွမ်ဟယ်သည် ကျောက်တုံးကြီးတစ်ခုအပေါ်တွင် ထိုင်လျက်ရှိသည်။ သူ၏ ဦးခေါင်းပေါ် မှာတော့ ဖုပေါင်း သောင်းခြောက်ထောင်နှင့် ဖြစ်လို့နေသည်။ လေထဲတွင်တော့ အရက်နံ့များ သင်းကြိုင်လျက်ရှိနေသည်။
ကျွင်းချောင်ရှောင်းသည် မနေနိုင်ဘဲမေးလိုက်၏။ “ခင်ဗျားက တကယ်ပဲ ချင်းယန်နိုင်ငံရဲ့ အုပ်ချုပ်သူကော ဟုတ်ရဲ့လား”
သူသည် အစောကတည်းက ထွက်ခွာသွားခဲ့ပြီးဖြစ်သည်။ သို့ပေမဲ့ နိုင်ငံ၏ အုပ်ချုပ်သူ ယွမ်ဟယ်အကြောင်းကို ပြန်လည်စဉ်းစားကြည့်မိသည့်နောက်မှာတော့ ပြန်လှည့်လာကာ အရိုက်နှက်ခံနေရခြင်းမှ ကယ်တင်ခဲ့ခြင်းဖြစ်၏။
“မဟုတ်တာ”
ယွမ်ဟယ်က ပြောလိုက်သည်။ “ငါက ချင်းယန်နိုင်ငံရဲ့ အုပ်ချုပ်သူစစ်စစ်ပါကွ”
ပြောပြီးသည့်နောက် သူသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ ရွှေရောင်အနားကွပ်များ ရှိနေသော ကျောက်စိမ်းပြား အား ထုတ်ယူလိုက်၏။ ထိုကျောက်စိမ်းပြားပေါ်မှာတော့ ချင်းယန်နိုင်ငံ၏ အုပ်ချုပ်သူဆိုသော စာတမ်းကို ရေးထိုး ထားသည်။
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါ့ရဲ့နိုင်ငံအုပ်ချုပ်သူက တော်တော်ဆိုးဝါးတာပဲ”
“ခွေးကောင်လေး”
ယွမ်ဟယ်သည် ဝိုင်တစ်ခွက်ကို ကောက်မော့ပြီး စပ်ဖြီးဖြီးနှင့် ပြောလိုက်၏။ “ဒါတွေအားလုံးက ငါ့ရဲ့ကောင်းမွန်တဲ့ဦးဆောင်မှုကြောင့် နိုင်ငံထဲမှာ အကန့်အသတ်မဲ့တဲ့ အလားအလာကို ပိုင်ဆိုင်တဲ့ ဂိုဏ်းတစ်ခုပေါ်လာတာပေါ့၊ မဟုတ်ဘူးလား”
ထိုသူအား သိုင်းဘုရင်များ ရိုက်နှက်သည်ကို မပြောနှင့် သူသည်ပင် ထရိုက်နှက်ချင်စိတ် ပေါက်နေမိ၏။
“ဟေး”
ဟွမ်ဟယ်သည် အဝေးတစ်နေရာရှိ မီးတောက်ကြီးအား ကြည့်ကာ လက်ညှိုးထိုးကာ ပြောလိုက်၏။
“ဒီထဲမှာ ဘယ်သူရှိတာလဲ၊ ဒီလူက တကယ်ပဲ သိုင်းအုပ်စိုးသူတစ်ယောက်ကိုတောင်မှ နင်းချေနိုင်တာပဲ”
နဂါးလေး၏ တိုက်ခိုက်ရေးပုံစံသည် အလွန်တရာ ကြောက်လန့်ဖို့ကောင်း၏။ ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်းသည် အသွင်အပြင်ကို မီးတောက်များနှင့် ဖုံးလွှမ်းထားစေရန် အမိန့်ပေးခဲ့သည်။
“ဂိုဏ်းမှာ လုပ်စရာတွေ အများကြီးရှိသေးတယ်၊ အရင်သွားလိုက်အုံးမယ်” ကျွင်းချောင်ရှောင်းသည် ဆက်လက်မရှင်းပြချင်တော့တာကြောင့် ထ၍ ထွက်ခွာသွားသည်။
“နေအုံး”
ယွမ်ဟယ်သည် မတ်တပ်ရပ်ကာဖြင့် သူ၏ ပခုံးကို ပုတ်လိုက်သည်။ ပြီးနောက် လေးလေးနက်နက် ပြောလိုက်သည်။ “ငါက ခရီးသွားရတာကိုနှစ်သက်တယ်လေ၊ ဒါကြောင့် အနာဂတ်မှာ ချင်းယန်နိုင်ငံကို မင်းလက်ထဲ အပ်ခဲ့လိုက်မယ်”
“...” ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ရင်သွားသည်။
ဤလူသည် တကယ်ပဲ တာဝန်အား ခေါင်းရှောင်ချင် သော လူတစ်ယောက်ဖြစ်ပေလိမ့်မည်။ နိုင်ငံ၏ အုပ်ချုပ်သူတစ်ယောက်ဖြစ်ပြီး အဘယ်ကြောင့် ဤသို့ ပူပင်ကြောင့်ကြကင်းစွာဖြင့် လွတ်လွတ်လပ်လပ် လျှောက်၍ သွားနေရသနည်း။
“ဟုတ်တယ်”
ယွမ်ဟယ်က ပြောလိုက်သည်။ “ငါမင်းကို မမျှမတ မဆက်ဆံပါဘူး”
ပြောပြီးသည့်နောက် သူသည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ကာဖြင့် ပြောလိုက်၏။
“ဒီနေ့ကစပြီး မင်းက ချင်းယန်နိုင်ငံရဲ့ ဒုတိယအုပ်ချုပ်သူပဲ”
ကျွင်းချောင်ရှောင်း ဆွံ့အသွားမိသည်။ သို့ပေမဲ့ ကျောက်စိမ်းပြားပေါ်တွင် ရေးထားသော ချင်းယန်နိုင်ငံ၏ ဒုတိယ နိုင်ငံအုပ်ချုပ်သူဆိုသော စာတမ်းကို မြင်လိုက်ချိန်မှာတော့ သူ၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။
“ဒါကြီးက လက်လွှတ်စပယ် မနိုင်ဘူးလား”
“ခွေးကောင်လေး”
ယွမ်ဟယ်သည် မတ်တပ်ရပ်ကာ ထွက်ခွာသွားတော့သည်။ ပြီးနောက် သူသည် လက်ကိုယမ်းခါကာ ပြောလိုက်၏။ “ငါအရင်ထွက်သွားတော့မယ်”
“တော်တော်ဆိုးဆိုးပဲ” ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်၏။
ပြီးနောက် သူသည် နဂါးလေးကို ဆင့်ခေါ်ကာ ကောင်းကင်ယံထက်သို့ပျံကာ သွားလိုက်တော့သည်။ ယွမ်ဟယ်သည် ဝိုင်တစ်ခွက်ကို ကောက်မော့လိုက်ပြီးသည့်နောက်မှာတော့ ကောင်းကင်ပေါ်သို့ မော့ကြည့်ကာ တီးတိုးရေရွတ်လိုက်တော့၏။ “ကောင်လေး၊ ချင်းယန်နိုင်ငံက ပိုပြီးအားကောင်းလာမလားဆိုတာ မင်းရဲ့ သံမဏိအရိုးဂိုဏ်းပေါ်မှာ မူတည်နေ တယ်”
ဘုတ်
ပြောပြီးသည့်နောက် သူသည် မြေပေါ်သို့ လဲကျပြီး အိပ်မောကျသွားတော့သည်။ ဤတစ်ကြိမ်မှာတော့ သူသည် အစစ်အမှန်ကို အရက်မူးလွန်သွားခဲ့ခြင်းဖြစ်သည်။
နာရီအနည်းငယ် ကြာပြီးသည့်နောက်မှာတော့ ပြန်လည် နိုးထ လာခဲ့သည်။ သူ၏ ခေါင်းကိုကုတ်ကာ ကြောင်အအမျက်နှာဖြင့် ပြောလိုက်၏။ “ငါဘာလို့ ဒီနေရာမှာ အိပ်နေတာလဲ၊ ဟင်း... အရမ်းမူးသွားပြန်ပြီနဲ့တူတယ်၊ ထားလိုက်ပါတော့၊ ငါတို့က နိုင်ငံအုပ်ချုပ်သူအချင်းချင်းပဲ၊ ကျိုးရှောင်ချင်းကို ဆက်ပြီး ပြဿနာရှာမနေတော့ပါဘူး။ ဟမ်... ဘာလို့ ငါ့ရဲ့ သိုလှောင်လက်စွပ်ထဲမှာရှိနေတဲ့ ဒုတိယနိုင်ငံအုပ်ချုပ်သူ ကျောက်စိမ်းပြားက ပျောက်နေရတာ လဲ၊ ငါမူးပြီးတော့ တစ်ယောက်ယောက်ကိုများ ပေးလိုက်လား မသိဘူး။”
...........
နဂါးလေးသည် ကျွင်းချောင်ရှောင်းကို ခေါ်ဆောင်ကာ ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာခဲ့တော့သည်။ လေ့ကျင့်ရေး ကွင်းပြင်ထဲတွင် လေ့ကျင့်လျက်ရှိသော တပည့်များအားလုံးသည် ချက်ချင်းဆိုသလိုပဲ စုဝေးကာ အခြေအနေအား မေးမြန်းကြတော့သည်။
ဂိုဏ်းချုပ်၏ ပဋိညာဉ်သားရဲသည် ဝိညာဉ်ချောင်းဂိုဏ်းမှ သိုင်းအုပ်စိုးသူနှင့် များပြားလှသော သိုင်းဘုရင်များကို ရိုက်နှက်ခဲ့သည့်အကြောင်းကို ကြားလိုက်ရချိန်မှာတော့ အားလုံးသည် မျက်လုံး ပြူးသွားမိ၏။
“ကောင်းကင်ဘုံ၊ ဘာလို့ ဒီလောက်ကြီး ကြမ်းလွန်းတာလဲ”
ဆိုးရွားသည်မှာ ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကို သူတို့၏ ကိုယ်ပိုင်မျက်လုံးနှင့် မမြင်ခဲ့ရခြင်းပင် ဖြစ်သည်။
“သခင်”
နဂါးလေးသည် သူ၏ မူလပုံစံဖြင့် ပြန်လည်ပြောင်းလဲသွား၏။ ပြီးနောက် မြေပေါ်သို့ အသာလဲကျပြီး အားပြတ် သလို ပြောလိုက်၏။ “အချိန်အတော်ကြာ နားဖို့ လိုသွားပြီ”
.........
ဝိညာဉ်ချောင်းဂိုဏ်း၏ သင်ခန်းစာပြသသည့်နေ့တွင် ကျွင်းချောင်ရှောင်းသည် ရောက်ရှိလာပြီး ဘိုးဘေး အကြီးအကဲကြီးနှင့် နိုင်ငံအုပ်ချုပ်သူ အပါအဝင် အကြီးအကဲများအားလုံးကို ရိုက်နှက်ခဲ့သည် ဆိုသော သတင်းသည် ချက်ချင်းဆိုသလိုပဲ အရှေ့တောင်ရန်ကျူးဆီသို့ ပျံ့နှံ့သွားတော့သည်။
“ဘာ”
နတ်ဆိုးမိစ္ဆာဂိုဏ်း၏ ဂိုဏ်းခွဲမှူးသည် ထိုသတင်းကို ရရှိလိုက်ချိန်မှာတော့ မတ်တပ်ရပ်ကာ ထိတ်လန့်တုန်လှုပ်မှု အပြည့်နှင့် ပြောလိုက်၏။ “ဒီကောင်က တကယ့်ကို သိုင်းအုပ်စိုးသူကိုတောင် အနိုင်ယူနိုင်တာလား”
“ဌာနခွဲမှူးကို သတင်းပို့ပါတယ်”
နောက်လိုက်တစ်ယောက်က ပြောလိုက်၏။ “တိုက်ခိုက်ခဲ့တဲ့လူက ကျွင်းချောင်ရှောင်း မဟုတ်ပါဘူး၊ မီးတောက်တွေနဲ့ ဖုံးလွှမ်းနေတဲ့ အရမ်းဆန်းကြယ်တဲ့ လူတစ်ယောက်ပါ၊ ဝိညာဉ်ချောင်းဂိုဏ်းက အကြီးအကဲကြီးက အဲလူရဲ့တိုက်ခိုက်ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး တစ်ချက်ကလေးမှ ပြန်ပြီး မတိုက်ခိုက်နိုင်ဘူးလို့ ကြားတယ်”
“အဲလောက် အားကောင်းတာလား”
ဂိုဏ်းခွဲမှူးသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ဒါဆိုရင် သံမဏိအရိုးဂိုဏ်းလေးထဲမှာ ဒီထက်ပိုပြီး အားကောင်းလွန်းတဲ့ ကျင့်ကြံသူတွေ ရှိနေနိုင်တယ် မဟုတ်လား”
သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းမှ ဂိုဏ်းခွဲမှူးသည်လည်း ထိုသတင်းကို လက်ခံရရှိလိုက်၏။ သူသည် ထိတ်လန့် တုန်လှုပ်စွာဖြင့် ခန့်မှန်းမိလိုက်သည်။
တိုက်ခိုက်လိုက်တဲ့လူက သိုင်းအုပ်စိုးသူ တစ်ယောက်လား၊ ဘိုးဘေးအကြီးအကဲကြီးကိုတောင်မှ လွယ်လွယ်ကူကူ နဲ့အနိုင်ယူနိုင်တယ်ဆိုတော့ အဆင့်မြင့် သိုင်းအုပ်စိုးသူတစ်ယောက်ဖြစ်နိုင်တယ်။
ဝိညာဉ်ချောင်းဂိုဏ်းဆီမှ သတင်းသည် ပိုမို၍ ပျံ့နှံ့လာတော့သည်။
ကောင်းကင်ဘုံမြို့သည်လည်း ထိုသတင်းကို လက်ခံရရှိ၏။ စစ်တုဟောင်ယွမ်နှင့် ရီထျန်းချန်တို့သည် အချိန်အတော်ကြာ အံ့အားသင့်မိကြ၏။
ဟုတ်ပေသည်။ များပြားလှသော ကျင့်ကြံသူများသည် မီးတောက်များနှင့် ဝိုင်းရံလျက်ရှိသော ထူးဆန်းသည့်လူအကြောင်းကို ဆွေးနွေးလျက်ရှိနေကြသည်။ ဤအရာသည် အဖြေရှာ၍ မရနိုင်သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ယောက်လိုပင် ဖြစ်နေတော့သည်။
မင်းသမီးလေး ကြာပန်းနီသည် ထိုသတင်းကို ရရှိပြီးသည့်နောက် အချိန်အတော်ကြာ တွေဝေနေမိသည်။ သူမသည် တီးတိုးပြောလိုက်မိ၏။ “မီးဓာတ်အမျိုးအစားကို ကျွမ်းကျင်တဲ့ တိုက်ခိုက်သူတစ်ယောက်ယောက် ဖြစ်နေလိမ့်မယ်”
.............
သံမဏိအရိုးဂိုဏ်း၏ သတင်းသည် အရှေ့တောင်ရန်ကျူးတစ်ခုလုံးကို ပျံ့နှံ့သွားတော့သည်။ သံမဏိအရိုးဂိုဏ်း ကဲ့သို့ ဂိုဏ်းသေးလေးတစ်ခုတွင် ဓားနှင့်သိုင်းဘုရင်ရှိသည်သာမဟုတ်၊ သိုင်းအုပ်စိုးသူ တစ်ယောက်လည်း ရှိနေ သည်ကို များပြားလှသော ကျင့်ကြံသူများက သိရှိသွားကြသည်။ အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ များပြားလှသော လူငယ်နှင့် အမျိုးသမီးများအားလုံး၏ အိမ်မက်သည် ချင်းယန်နိုင်ငံသို့ ဦးတည်ပြီး သံမဏိအရိုး ဂိုဏ်းဆီသို့ ဝင်ရောက်ရန်ပင်ဖြစ်လာတော့သည်။
“တန်းစီကြ၊ တန်းစီကြ”
သံမဏိအရိုးဂိုဏ်း၏ ဂိတ်အပြင်ဘက်ဆီမှာတော့ လီချင်းယန်နှင့် ရှောင်ကျီတို့သည် အားလုံးအား အမိန့်ပေးကာ စီတန်းခိုင်းနေ၏။ နင်တုရှင်းနှင့် နင်တုေ“အကြီးအကဲကို နှုတ်ဆက်ပါတယ်” လူငယ်တစ်ယောက်သည် လှမ်းလျှောက်လာ၏။
နင်တုရှင်းက ပြောလိုက်သည်။ “နာမည်၊ လိင်၊ အသက်၊ စိတ်ဝိညာဉ်အမြစ်၊ ကျင့်ကြံခြင်းအဆင့်”
“နာမည်က ယန်လန်ပါ၊ ယောကျ်ား၊ အသက်ဆယ့်ကိုးနှစ်၊ အဆင့်နိမ့်စိတ်ဝိညာဉ်အမြစ်”
လူငယ်သည် မိမိကိုယ်ကို မိတ်ဆက်နေတုန်းမှာပဲ နင်တုရှင်းက ဖြတ်ကာ ပြောလိုက်၏။ “မင်းရဲ့ စိတ်ဝိညာဉ်အမြစ်က ဝင်ခွင့်ရဖို့အတွက် လိုအပ်ချက်နဲ့ မကိုက်ညီဘူး၊ အရမ်းနိမ့်လွန်းတယ်”
တပည့်ခေါ်ယူရာတွင် အနည်းဆုံး အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ်ရှိဖို့လိုသည်ဟု ကျွင်းချောင်ရှောင်း သည် သူတို့နှစ်ယောက်အား မှာကြားခဲ့၏။ ထို့ကြောင် သူတို့သည် အဆင့်နိမ့် စိတ်ဝိညာဉ်အမြစ်များအတွက် ထည့်သွင်းစဉ်းစားစရာ မလိုပေ။
“အကြီးအကဲတို့”
ယန်လန်က ပြောလိုက်၏။ “ကျွန်တော်ရဲ့ သိုင်းတာအို စိတ်ဝိညာဉ်အမြစ်က နိမ့်ပါးလွန်းတယ်ဆိုပေမဲ့ အစီအရင်စိတ်ဝိညာဉ်အမြစ်ကတော့ အရမ်းကို ကောင်းတယ်”
“ဟမ်”
နင်တုရှင်းက ပြောလိုက်၏။ “မင်းက အစီအရင်အကြောင်းကို သိတယ်လား”
ယန်လန်သည် ကျောက်စိမ်းပြားတစ်ခုကို ကမ်းပေးကာ ပြောလိုက်သည်။
“ဒါနဲ့ သက်သေပြလို့ရလား”
ကျောက်စိမ်းပြားပေါ်မှာတော့ အလွန်တရာ ရှုပ်ထွေးလှသော မျဉ်းကြောင်းများ ရေးဆွဲထား၏။ တစ်ချက်ကြည့် လိုက်သည်နှင့် အစီအရင်အမျိုးအစားတစ်ခုဖြစ်မှန်း သိသာသည်။ ထိုအပေါ်မှာတော့ ပထမအဆင့် အစီအရင် တပည့်ဆိုသည့်စာတမ်းအား ရေးထိုးထားတော့သည်။
အစီအရင်တာအိုသည် အဆင့်ပေါင်းများစွာ ခွဲခြားထားသည်။ ပထမအဆင့် အစီအရင်တပည့်ဆိုသည်မှာ စဦးအဆင့်သာဖြစ်ပေသည်။ နင်တုရှင်းနှင့် နင်တုစွေ တို့သည် အချင်းချင်းတစ်ချက်စီကြည့်လိုက်ပြီးနောက် စုတ်တံကို ယူ၍ ဝင်ခွင့်ဖောင်အား ဖြည့်လိုက်ကြတော့သည်။ ပြီးနောက် ဂိုဏ်းချုပ်တံဆိပ်တုံးကို ထုနှက်ကာ ပြောလိုက်သည်။ “ဝင်သွားတော့၊ မင်းကို အထဲမှာ တစ်ယောက်ယောက်ကြိုနေလိမ့်မယ်”
ယန်လန်သည် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် အကြီးအကဲတို့”
“ပထမအဆင့် အစီအရင်တပည့်က ဂိုဏ်းကို ဝင်လို့ရတယ် ဟုတ်လား”
တစ်စုံတစ်ယောက်သည် တီးတိုးရေရွတ်လိုက်၏။
စုရှောင်မိုသည် ရှင်းလင်းသည်အသံနှင့် ပြောလိုက်၏။ “သံမဏိအရိုးဂိုဏ်းက တပည့်တွေ ခေါ်ယူတယ်ဆိုတာ ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ်အမြစ် အရည်အသွေးကို အခြေခံထားပြီးတော့ ကြည့်တယ်၊ ပြီးရင် တပည့်တွေရဲ့ ထူးခြားမှု စွမ်းရည်ပေါ့”
“သိပါပြီ”
အားလုံးသည် ရုတ်တရက်ဆိုသလိုပဲ နားလည်သွားကြ၏။ ထို့ကြောင့် ၎င်းတို့၏ စိတ်ဝိညာဉ်အမြစ်နှင့်ပတ်သက်ပြီး စိတ်ပူလျက်ရှိနေသော လူတော်တော်များများသည် ယုံကြည်ချက်များ ပြန်လည်ပြည့်နှက်သွားကြသည်။
“ကျွန်တော်က ဆေးပညာနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပါတယ်”
“ဝင်”
“ကျွန်တော်က ဒုတိယအဆင့် ဆေးဆရာပါ”
“ဝင်”
တရက်တည်းမှာပဲ တပည့်တစ်ရာကျော်တို့ကို လက်ခံခဲ့ပြီးဖြစ်သည်။ ထိုသူများထဲတွင် လေးဆယ်မှ ငါးဆယ်လောက် သော ဆယ်ကျော်သက်များသည် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ကြသူဖြစ်ပြီး ကျန်သည့် သူများအားလုံးမှာတော့ တစ်ခုခုတွင် ထူးချွန်ကြသောသူများ ဖြစ်ကြ၏။ ကျွင်းချောင်ရှောင်းသည် ကျင့်ကြံရာကို ရပ်တန့်ပြီးသည့်နောက်မှာတော့ ဝင်ခွင့်ဖောင်များကို ယူ၍ ကြည့်လိုက်သည်။
ယန်လန်၏နာမည်ကို မြင်ရချိန်မှာတော့ သူတီးတိုးရေရွတ်လိုက်၏။ “အစီအရင်တာအိုက အရမ်းကို ဆန်းကြယ်တယ်၊ အစီအရင်ဆရာအဖြစ် ကျင့်ပေးလို့ ရနိုင်မယ်ထင်တယ်”
သူ့တွင် ဆန်းကြယ်ဂိတ်တံခါးသုံးဆယ့်နှစ်ဆိုသော အစီအရင်စာအုပ်ရှိလို့နေသည်။ သူသည် အားလုံးအား လေ့လာ ခွင့်ရရန် အချိန်မရှိခဲ့သေးချေ။ တကယ်လို့ ဤပညာများကို နားလည်သော တပည့်များရှိသည်ဆိုပါက သူ့အနေနှင့် ပေး၍ လေ့ကျင့်ပေးနိုင်သည်။ ထိုသို့ဆိုလျှင် ဂိုဏ်းအတွက် အကျိုးကျေးဇူးများ ဖြစ်ပေါ်လာမှာ သေချာ၏။