← Chapters

အခန်း (၅၄၇)

Vol. 37 Ch. 547

အခန်း (၅၄၇)

Vol. 37 Ch. 547

ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ အဝယ်တော်ဟောခန်းဆီမှ အဖွဲ့သားများ အားလုံးပင် ပစ္စည်းပစ္စယ များအပြည့်ဖြင့် ပြန်လည်ရောက်ရှိလာတော့သည်။ တော်တော်များများသည် ဆေးပင်များ၊ ဆေးမျိုးစေ့များကို ဝယ်ယူလာကြ၏။ ၎င်းတို့သည် သလင်းအမြူတေနှင့် ကျောက်ရိုင်းတုံးများကိုလည်း ဝယ်ယူလာခဲ့သည်။ သို့ပေမဲ့ ရရှိလာသော အရေအတွက်မှာ အလွန်တရာ နည်းပါးလွန်းလှ၏။

ကျွင်းချောင်ရှောင်းသည် အသုံးဝင်သော ဆေးပင်များအားလုံးကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်၍ များပြား လှသော ဆေးလုံးများ သန့်စင်ရန် အသုံးပြုလိုက်တော့သည်။

မျိုးစေ့များ အားလုံးကိုတော့ ဆေးခန်းမဆီသို့ ယူဆောင်သွားခဲ့၏။ အားလုံးကို ခွဲခြမ်းပြီးသည့်နောက် သူသည် မျိုးစေ့ကန်ထဲသို့ အချိန်အနည်းငယ်ကြာအောင် စိမ်၍ စိုက်ပျိုးတော့၏။

ဤကဲ့သို့ စီစဉ်စရာရှိသည်များကို စီစဉ်၍ လုပ်ဆောင်ပြီးသည့်နောက်မှာတော့ သံမဏိအရိုးဂိုဏ်းသည် ပုံမှန်အားဖြင့် လမ်းမှန်ပေါ်သို့ ရောက်ရှိနေတော့သည်။ ဂိုဏ်းချုပ်ကျွင်းအနေဖြင့် ဘာတစ်ခုမှကို ခိုင်းစရာမလိုတော့ ဘဲ အားလုံးသည် အစီအစဉ်တကျ ဖြစ်တည်နေတော့သည်။

“နောက်ဆုံးမှာတော့ တစ်စုံတစ်ယောက်ကို လက်လွှဲပြီး ထားခဲ့ရမယ့်နေ့တွေ ရောက်လာမှပဲ”

“အကြီးအကဲဝေ”

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်ကြံ့ခိုင်ခြင်းဆေးလုံးကို သန့်စင်ရန်အတွက် လိုအပ်သော ဆေးမျိုးစေ့စာရင်း ကို ထုတ်ယူလိုက်၏။ ပြီးနောက် သေချာပြောပြလိုက်သည်။ “ဒီအပင်တွေကို အရင်ဆုံးစိုက်ပေးပါ၊ ဒီဟာကို ကြီးကြီးမားမား အသုံးပြုစရာရှိတယ်”

“အင်း”

အကြီးအကဲဝေသည် ထိုအရာများကို ယူ၍ လေးလေးနက်နက်ကြည့်လိုက်၏။ “အရည်အသွေးက အရမ်းအကောင်းကြီး မဟုတ်တောင်မှ စိုက်ရတာအဆင်ပြေမှာပါ၊ ဒါပေမဲ့ ဒီအပင်တွေ ရဖို့ အတွက်ဆိုရင် အနည်းဆုံး တစ်လကနေ နှစ်လလောက် ကြာမယ်”

စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်ကောင်းမွန်မှုအပြင် ဆေးခန်းမဆောင်၏ တပည့်များ များပြားလှသော အတွက် ကြောင့် ဆေးပင်များ စိုက်ပျိုးရာတွင် ပိုမို၍ လွယ်ကူလာခဲ့သည်။ ဆေးဟောခန်းမဆောင်မှ ထွက်ခွာလာပြီးသည့် နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သံချပ်ကာဝံပုလွေဟောခန်းဆီသို့ သွားခဲ့လိုက်သည်။

ရွှဲရမ်ကွေ့နှင့် တောက်ယွမ်တို့သည် ဟောခန်း၏ လေ့ကျင့်ရေးအစီအစဉ်များကို ဆွေးနွေးလျက်ရှိသည်။ ၎င်းတို့သည် ထိုသို့ ပြောဆိုဆွေးနွေးမှုကို အာရုံစိုက်နေသောကြောင့် ဂိုဏ်းချုပ်တစ်ယောက်လုံး ရောက်ရှိနေသည်ကို မသိရှိခဲ့ကြချေ။ သတိပြုမိသွားချိန်မှာတော့ အလျင်စလိုဖြင့် နှစ်ယောက်သား ထကာ လက်သီးဆုပ်၍ နှုတ်ဆက်လိုက်ကြသည်။

“ဂိုဏ်းချုပ်”

ကျွင်းချောင်ရှောင်းသည် လက်ပိုက်ကာ အသာပြုံးလိုက်၏။ “ခင်ဗျားတို့ဆက်ပြီးတော့ ဆွေးနွေးကြပါ၊ ကျုပ်ငြိမ်ငြိမ်လေး နားထောင်နေမယ်”

ရွှဲရမ်ကွေ့နှင့် တောက်ယွမ်တို့သည် နောက်တစ်ကြိမ်ထပ်၍ ဆွေးနွေးကြတော့သည်။ ၎င်းတို့သည် စစ်တပ် လေ့ကျင့်ခန်းများအကြောင်းကို ပြောဆိုနေကြခြင်းဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် ထိုအရာနှင့်ပတ်သက်၍ တစ်ခုမျှမသိချေ။ ထို့ကြောင့် ခပ်မဆိတ်သာ အသာနေ၍ နားထောင်လျက်ရှိသည်။ ခဏလောက်ကြာပြီးသည့် နောက်မှ ထိုလူတို့နှစ်ယောက်သည် ဆွေးနွေးခြင်းအား ပြီးဆုံးသွားခဲ့တော့သည်။ သူတို့သည် ပြည့်စုံသည့် လေ့ကျင့်ရေး အစီအစဉ်တစ်ခုကို ချမှတ်ပြီးဖြစ်နေသည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားတို့ရဲ့ ဦးဆောင်မှုအောက်မှာ သံချပ်ကာဝံပုလွေဟောခန်းက ပိုပြီးကောင်းမွန်လာတယ်၊ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးရဲ့ အားအကောင်းဆုံးစစ်တပ်ကြီး တစ်ခုဖြစ်လာမယ်လို့ ကျုပ်ယုံကြည်မိတယ်”

ရွှဲရမ်ကွေ့သည် အတွေ့အကြုံရှိပြီး ရင့်ကျက်သည့်လူတစ်ယောက် ဖြစ်သည်မို့ မည်သည့် အခြေအနေမှာဖြစ်ဖြစ် သွေးအေးတည်ငြိမ်လွန်းလှ၏။ ငယ်ရွယ်လှသော တောက်ယွမ်မှာတော့ ချက်ချင်းဆိုသလို ထ၍ ကျယ်လောင်စွာ ပြောလိုက်၏။ “ကျုပ်က ဂိုဏ်းချုပ်ကို စိတ်မပျက်စေရပါဘူး”

ပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် သံချပ်ကာဝံပုလွေဟောခန်း၏ တပည့်သစ်များ လေ့ကျင့်နေမှုကို သေသေချာချာ ကြည့်ရှုလိုက်တော့သည်။ စုစုပေါင်း ဤနေရာတွင် ဟာရီကိန်းဝံပုလွေတစ်ထောင်ကျော်သာရှိ၏။ အသစ်ဝင်လာသော တပည့်များသည် သားရဲများကို အပိုင်မရရှိသေးချေ။ ထို့ကြောင့် သူတို့ သားရဲများကို စီးနင်းပြီး လေ့ကျင့်ချိန်တွင် တပည့်ဟောင်းများမှာတော့ ကျင့်ကြံခြင်းကို အာရုံစိုက်ကြရ၏။

“ဟာရီကိန်းဝံပုလွေတွေ နေတဲ့နေရာက စိတ်ဝိညာဉ်စွမ်းအင်တွေ ပြန်လည်ကောင်းမွန်လာတဲ့ နေရာလေ၊ ဒါကြောင့် သူတို့ရဲ့ မျိုးပွားနှုန်းနဲ့ ကြီးထွားနှုန်းက ပိုပြီးတော့ တိုးတက်လာလိမ့်မယ်၊ အနာဂတ်မှာ ဒီမှာရှိတဲ့လူတိုင်း ဟာရီကိန်းဝံပုလွေတစ်ကောင်စီ ရဖို့ဆိုတာ မခက်လှဘူး”

ဟာရီကိန်းဝံပုလွေအကြောင်း ပြောသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ဟာရီကိန်းဝံပုလွေကိုဘုရင် သတိရသွားသည်။ ဤဟာရီကိန်းဝံပုလွေဘုရင်ကြီးသည် သူ့အား အညံ့ခံခဲ့သည်ဆိုသော်လည်း ပဋိညာဉ်ရေးထိုး ခြင်းကို ပြုလုပ်ခဲ့သူ မဟုတ်ချေ။ အစပိုင်းတုန်းက ကျွင်းချောင်ရှောင်း၏ ကျင့်ကြံခြင်းအဆင့်သည် ဟာရီကိန်း ဝံပုလွေဘုရင်လောက် မမြင့်မားချေ။ ထို့ကြောင့် သူသည် ပဋိညာဉ်ရေးထိုးမှုကို အတင်းအဓမ္မပြုလုပ်သည်ဆိုပါက သူ၏ ဝိညာဉ်သည်လည်း တန်ပြန်အနေနှင့် ထိခိုက်နာကျင်ရပေလိမ့်မည်။

လက်ရှိအခြေအနေမှာတော့ သူသည် ဓားနှင့်သိုင်းဘုရင်တစ်ယောက်ဖြစ်သည်မို့ လွယ်လွယ်ကူကူနှင့် ပဋိညာဉ် ရေးထိုးမှုကို ပြုလုပ်နိုင်သည်။ လေးနာရီလောက် ကြာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဟာရီကိန်း ဝံပုလွေဘုရင်နှင့် အောင်မြင်စွာ ပဋိညာဉ်ရေးထိုးနိုင်ခဲ့ပြီဖြစ်ပြီး ပဋိညာဉ်သားရဲတစ်ကောင်အား ရရှိခဲ့၏။

တစ်ချိန်တည်းမှာပဲ စိတ်ဝိညာဉ်သားရဲခန်းမထဲတွင်ရှိသော စဦးလေခွင်းနည်းစနစ်၏ အသုံးဝင်နိုင်မှုသည်လည်း ၁/၁ အခြေအနေသို့ ရောက်ရှိသွားသည်။ အရာအားလုံး ပြည့်စုံပြီးသည့်နောက်မှာတော့ ဤစွမ်းရည်ကို သင်ယူနိုင်ပြီ ဆိုသည့်အဓိပ္ပာယ်ပင် ဖြစ်တော့သည်။

..............

ဝှစ်

သံမဏိအရိုးဂိုဏ်း၏ သစ်တောထဲမှာတော့ အလွန်တရာအားကောင်းသော လေလှိုင်းများသည် လှစ်ကနဲ ထွက်ပြေး သွား၏။ အမြန်နှုန်းမှာ အလွန်တရာမြန်ဆန်လွန်းသည်မို့ မယုံကြည်နိုင်စရာ မြန်ဆန်လွန်းလှ၏။ ခဏလောက် ကြာပြီးသည့်နောက်မှာတော့ ဟာရီကိန်းဝံပုလွေဘုရင်သည် ရပ်တန့်လိုက်၏။ သူ၏ ခန္ဓာကိုယ်တွင်ရှိသော လေဓာတ်အမျိုးအစား စွမ်းအင်များသည် ပျောက်ကွယ်သွားတော့သည်။ သူ၏ မျက်လုံးများသည် လူသား တစ်ယောက်ကဲ့သို့ စိတ်လှုပ်ရှားမှုကို ဖော်ညွှန်းလျက်ရှိနေ၏။

လက်ရှိအချိန်တွင် သူ၏ သိစိတ်ပင်လယ်ထဲသို့ အလွန်တရာ ထူးဆန်းလှသော စွမ်းအင်များ ဝင်ရောက်လာသည်။ ပြီးနောက်သူသည် ဘာကြောင့်မှန်းမသိဘဲ စွမ်းရည်တစ်ခုကို နားလည်ရရှိလိုက်တော့သည်။ ထိုအရာကို အသက်သွင်းပြီးသည့်နောက်မှာတော့ အမြန်နှုန်းသည် အရင်ကထက် အဆပေါင်းများစွာ ပိုမို၍ မြန်ဆန်လာခဲ့၏။ ဤအရာသည် စဦးအဆင့် လေခွင်းနည်းစနစ်ပင် ဖြစ်တော့သည်။

အချိန်အကန့်အသတ်နှင့် အသုံးပြုနိုင်မှု အကန့်အသတ်ရှိသည်ဆိုသော်လည်း အချိန်တိုအတွင်းမှာပဲ အမြန်နှုန်း သည် ကြီးကြီးမားမား တိုးတက်လာခဲ့၏။ ဟာရီကိန်း ဝံပုလွေဘုရင်သည် မူလအားဖြင့် အလွန်မြန်သော သတ္တဝါ ဖြစ်သည်။ ထို့ကြောင့် ဤစွမ်းရည်ကို သင်ယူတက်မြောက်ပြီးသည့် အချိန်မှာတော့ ကျားကို အတောင်ပံတပ်ပေးလိုက်သလိုပင် ဖြစ်လာသည်။

သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းမှာတော့ အဆင်မပြေလှချေ။ ဟာရီကိန်းဝံပုလွေဘုရင်၏ ကျောပေါ်တွင် ပြင်းထန်လှသည့် လေပြင်းများကို ခံပြီးနောက်မှာတော့ သူ၏ဆံပင် တစ်ခုလုံးသည် ရှုတ်ပွလျက်ရှိနေ၏။ “အင်း၊ ပြန်ရောက်ရင် စနစ်ဆီက ဝယ်ထားတဲ့ ခေါင်းလိမ်းဆီကို လိမ်းအုံးမှပဲ”

.............

အကြီးအကဲနှစ်ယောက်ဖြစ်သည့် နင်တုရှင်းနှင့် နင်တုတေို့မှာတော့ အားမနေချေ။ သူတို့သည် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တိုင်း ကျင့်ကြံခြင်းနှင့်ပတ်သက်သော သင်ခန်းစာများကို သင်ပြပေးတော့သည်။ အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့မျိုးများမှာတော့ သူတို့သည် တောင်၏ ဂိတ်တံခါးဝတွင်ထိုင်၍ တပည့်ခေါ်ယူခြင်း တာဝန်ကို ထမ်းဆောင်လျက်ရှိသည်။

ဂိုဏ်း၏ ဂုဏ်သတင်းကြီးထွားလာသည်နှင့်အမျှ သိုင်းကျင့်ကြံသူများသည်လည်း ဂိုဏ်းထဲသို့ တောက်လျောက် ဆိုသလိုပဲ ဝင်ရောက်လာကြသည်။ ထိုသူများထဲတွင် အသက်နှစ်ဆယ်မှ သုံးဆယ်အရွယ်နှင့် ငါးဆယ်အရွယ်များ ပင် ပါဝင်နေသေး၏။

သိုင်းကျင့်ကြံခြင်းနှင့်ပတ်သက်သည့် ကောင်းမွန်သောအခြေခံကို အစောကြီးကတည်းက ရှိခဲ့ဖူးသော သူများအားလုံးကို သံမဏိအရိုးဂိုဏ်းမှ ကျိန်းသေပေါက် ခေါ်ယူခဲ့တော့သည်။ သို့ပေမဲ့ သူတို့ စိတ်ဝင်စားသည်ဆိုသည်မှာ သိုင်းနည်းစနစ် သို့မဟုတ် စွမ်းရည်များ မဟုတ်လှချေ။

ဆယ်ရက်လောက် လူသစ်ခေါ်ဆိုမှုကို ပြုလုပ်ပြီးသည့်နောက် စွမ်းဆောင်ရည်ကောင်းကို ပိုင်ဆိုင်သော သိုင်းကျင့်ကြံသူများကို တပည့်အဖြစ် လက်ခံရရှိခဲ့တော့သည်။ တချို့သည် အဆင့်ခြောက်၊ အဆင့်ခုနှစ် ဆေးဆရာ များဖြစ်ပြီး ဆေးပညာနှင့်ပတ်သက်၍ အနည်းငယ်နားလည်မှုရှိသော သမားတော်များပင် ပါဝင်လျက်ရှိသည်။

ထို့ပြင် သူတို့သည် အစီအရင်ဆရာတစ်ယောက်ကိုလည်း ခေါ်ယူနိုင်ခဲ့၏။ သေချာသုံးသပ်ပြီးသည့်နောက်တွင် ကျွင်းချောင်ရှောင်းသည် အစီအရင်ဟောခန်းကို စတင်တည်ထောင်ရန် ဆုံးဖြတ်လိုက်တော့သည်။ ထိုအစီအရင် ဟောခန်း၏ သခင်မှာတော့ ထုံးစံအတိုင်း လီလိုရှုပင် ဖြစ်တော့သည်။

လီလိုရှုက ပြောလိုက်၏။ “ဘာလို့ထပ်ပြီးတော့ နောက်တစ်ခုကို တာဝန်ယူရပြန်တာလဲ”

“လှပတဲ့ မိန်းကလေးတွေဆိုတာ အလုပ်ပိုလုပ်သင့်တယ်” ကျွင်းချောင်ရှောင်း ရယ်လိုက်၏။

လီလိုရှု ဆွံ့အသွားမိသည်။ “နောက်ထပ် ဘယ်ဟောခန်းကို ဖွင့်လှစ်ချင်သေးလဲ၊ တစ်ခါတည်း ဖွင့်လိုက်တော့၊ ဘာလို့ တစ်ခုပြီးတစ်ခုဖွင့်နေရ တာလဲ”

“ခင်ဗျားပြောမှပဲ သတိရသွားတော့တယ်”

ကျွင်းချောင်ရှောင်းက မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “မြောင်ဟွာခန်းမနဲ့ တောင်ပြာဂိုဏ်းတွေမှာ တပည့်ဟောခန်းဆိုပြီးရှိတယ်၊ ကျုပ်တို့ သံမဏိအရိုးဂိုဏ်းမှာတော့ အဲတာ မရှိဘူး၊ ဒီတော့ အဲတာကို အရင်ဆုံး တည်ဆောက်ရမယ်၊ ပြီးရင် ခင်ဗျားကို လက်လွှဲပေးမယ်”

“...” လီလိုရှုသည် ပို၍ ဆွံ့အသွားမိ၏။ သူမ၏ လက်ထဲတွင် မိုးဆွေဟောခန်း၊ အဝယ်တော်ဟောခန်း၊ အစီအရင်ဟောခန်း၊ ယခု တပည့် ဟောခန်းဟူ၍ ရှိနေပြီဖြစ်သည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် သူမကဲ့သို့ ရာထူးရာခံအများကြီးကို ပိုင်ဆိုင်သောသူ မည်သူရှိလိမ့်မည်နည်း။

အစီအရင်ဟောခန်းနှင့် တပည့်ဟောခန်းများအား တည်ထောင် ပြီးသည့်နောက်မှာတော့ အရာအားလုံးကို ပြင်ဆင်ပြီးဖြစ်နေသည်။ အနာဂတ်တွင် သင့်တော်သည့်လူများကို တွေ့ရှိသည်ဆိုပါက လီလိုရှုသည် ကျိန်းသေပေါက် ထိုလူများဆီသို့ လက်လွှဲပေးမိပေလိမ့်မည်။

............

“လူတစ်သောင်းပြည့်ဖို့က ငါးရာရှစ်ဆယ့်ခုနှစ်ယောက်တောင် လိုသေးတယ်” ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်သည်။ သူ့ဂိုဏ်းဆီသို့ ဝင်ရောက်လာကြသော တပည့်သစ်များ၏ ဝင်လာနှုန်း အရဆိုလျှင် အနည်းဆုံး တစ်လမပြည့်ခင်မှာပင် ထိုအရေအတွက်သည် ပြည့်စုံသွားပေလိမ့်မည်။

“ဂိုဏ်းချုပ်”

လီချင်းယန်က ပြောလိုက်၏။ “အခုမှ ဂိုဏ်းထဲကို ဝင်ရောက်လာတဲ့ တပည့်နှစ်ယောက်က ရုတ်တရက် မေ့လဲသွားတယ်”

ဤကဲ့သို့သော ပြဿနာများသည့် တပည့်သစ်ခေါ်ယူပြီးသည့်နောက်တွင် ရံဖန်ရံခါဆိုသလို ဖြစ်ပျက်လာခဲ့သည်။ လီချင်းယန်သည် ထိုအရာနှင့်ပတ်သက်၍ ဇဝေဇဝါ ဖြစ်မိနေ၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းမှာတော့ ထိုအရာ၏ အကြောင်းအရင်း အခြေခံအား အလုံးစုံ သိရှိနားလည်နေပြီးဖြစ်၏။

ဂိုဏ်းထဲသို့ ဝင်ရောက်လာသော တပည့်များ ရုတ်တရက် မေ့လဲသွားပြီဆိုလျှင် စနစ်၏ အပြစ်ပေးမှုကို ခံရခြင်းသာ ဖြစ်ပေလိမ့်မည်။ ပြောရမည်ဆိုလျှင် တချို့သောလူများသည် ဂိုဏ်းထဲသို့ စိတ်လိုလက်ရနှင့် ဝင်ရောက်လာခြင်း မဟုတ်ပေ။ ၎င်းတို့၏ လျှို့ဝှက်ချက်များကို သိချင်၍ လာရောက်လေ့လာခြင်းပင် ဖြစ်ကြသည်။

“ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့က သံမဏိအရိုးဂိုဏ်းကို သစ္စာမဲ့လိုက်တာနဲ့ မှတ်ဉာဏ်တွေ အားလုံး ဖျက်ဆီးခံရမှာပဲ”

ကျွင်းချောင်ရှောင်းသည် စဉ်းစားလိုက်မိ၏။ ပြီးနောက် သူသည် မေ့မျောသွားခဲ့ကြသော တပည့်များကို မသတ် ဖြတ်ချေ။ မိုးဆွေဟောခန်းမှ လူများအား တိတ်တဆိတ် အမိန့်ပေးကာ ထိုလူများအား စောင့်ကြည့်ထားရန် မှာကြားခဲ့လိုက်၏။

“လုံကျိယွင်လို့ခေါ်တဲ့ တပည့်က သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းကဖြစ်ပြီးတော့ စွန့်ကယ်လို့ ခေါ်တဲ့ တစ်ယောက်ကတော့ နတ်ဆိုးမိစ္ဆာဂိုဏ်းကလေ” လီလိုရှုသည် သူမရရှိခဲ့သော သတင်းအချက်အလက်များကို ပြန်လည်ပြောကြားလိုက်၏။

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်တွင် ထိုင်ရင်း မေးထောက်ကာပြောလိုက်၏။ “ဒီတတိယအဆင့် မိစ္ဆာဂိုဏ်းနှစ်ခုက သံမဏိအရိုးဂိုဏ်းကို မမေ့သေးဘူးပဲ”

“သူတို့ကို လက်တုန့်ပြန်ရမှာလား”

လီလိုရှုက မေးလိုက်၏။ “ကျွန်မတို့ရထားတဲ့ သတင်းအရဆိုရင် ဒီဂိုဏ်းနှစ်ခုက လက်ရှိမှာ တော်တော်လေး ငြိမ်ချက်သား ကောင်းနေတယ်၊ ဘာတစ်ခုမှ မလှုပ်ရှားကြဘူး”

သူမ၏ စီမံခန့်ခွဲမှုအောက်မှာတော့ မိုးဆွေဟောခန်း၏ သတင်းအချက်အလက်သည် ပိုမို၍ ချဲ့ထွင်လာကြသည်။ ထို့ကြောင့် တည်နေရာတစ်ခုလုံးက နှစ်ဆယ့်လေးနာရီ၊ ခုနှစ်ရက်ပတ်လုံး ဖြန့်ကျက်ထားသည့်ဟု ဆိုရမည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ကြည့်ရတာ သံမဏိအရိုးဂိုဏ်းက ဘာလို့ ဒီလောက်အားကောင်းလာလဲဆိုတာကို သူတို့ သိချင်ပုံပေါက်တယ်”

“ဟုတ်တယ်”

မိစ္ဆာဂိုဏ်းနှစ်ခုသည် ထိုသို့သောရည်ရွယ်ချက်ဖြင့် သူတို့၏ သူလျှိုများအား လွှတ်လိုက်ခြင်းပင်ဖြစ်သည်။ တခြားသော ဂိုဏ်းအဖွဲ့အစည်းများသည်လည်း သံမဏိအရိုးဂိုဏ်းအပေါ် မကောင်းသော စိတ်ဆန္ဒမရှိကြချေ။

သို့ပေမဲ့ ၎င်းတို့သည် မည်သည့်အဆင့်မှ မရှိသောဂိုဏ်းတစ်ခုအနေဖြင့် အချိန်တိုအတွင်း ရုတ်တရက်ကြီး နာမည်ကြီးလာသည်ကို စိတ်ဝင်စားသောကြောင့် သူလျှိုများ လွှတ်လိုက်ခြင်းပင်ဖြစ်သည်။

သို့ပေမဲ့ စနစ်၏ အပြစ်ပေးမှု အောက်မှာတော့ များပြားလှသော ဂိုဏ်း၊ မိသားစုများမှ ကျင့်ကြံသူများအားလုံးသည် သံမဏိအရိုးဂိုဏ်း၏ တန်ဖိုးရှိလှသော သတင်းအချက်အလက်များကို အပြင်ဘက်ဆီသို့ ပြန်၍ မပေးပို့နိုင်ခဲ့တော့ချေ။

All Chapters