အခန်း (၅၅၃)
Vol. 37 Ch. 553
ရီရှင်းချန် သူ့အား မမှတ်မိသည့်အတွက် တိုင်လုသည် အလွန်တရာ စိတ်တိုလျက်ရှိသည်။ ထို့ပြင် သူသည် နတ်စမ်းချောင်းဂိုဏ်းရှိ လူပေါင်းများစွာရှေ့တွင် အနိုင်ကျင့် အရိုက်နှက်ခံခဲ့ရသည်မို့လား။
အားနာဖို့တောင် ကောင်းသည်။ ညအင်ပါယာသည် အမှန်တကယ်ပင် သူ့ကို မသိရှိပေ။ သူသည် မှတ်ဉာဏ် မကောင်း၍ မဟုတ်ပေ။ ဤကဲ့သို့သော အမှိုက်များကို လေးလေးနက်နက် မထားသောကြောင့် သူသည် မမှတ်မိတော့ခြင်းပင်ဖြစ်၏။
“မင်းစောင့်နေ”
တိုင်လုသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ဒေါသတကြီးဖြင့် ပြောလိုက်၏။ “သုံးရက်ကြာပြီးရင် ငါ့ရဲ့အားအင်တွေနဲ့ မင်းရဲ့ ဂုဏ်သိက္ခာအကုန်လုံးကို နင်းချေပစ်မယ်”
သူသည်အဘယ်ကြောင့် ဤမျှ ယုံကြည်ချက်ရှိနေသနည်း။ အဘယ်ကြောင့်ဆိုသော် သူ၏ သုံးသပ်ချက်အရဆိုလျှင် သံမဏိအရိုးဂိုဏ်းမှ ရီချင်းရှန်နှင့် တခြားသောတပည့်များအားလုံးသည် သိုင်းဆရာထိပ်ဆုံးအဆင့်သာ ရောက်ရှိ ပေလိမ့်မည်။ သူသည်မှာတော့ သိုင်းစစ်သူကြီးအဆင့်ရှစ် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အား ကျိန်းသေပေါက် အနိုင်ယူနိုင်စွမ်းရှိ၏။
“နတ်စမ်းချောင်းဂိုဏ်းမှာတုန်းက ငါသိုင်းဆရာတစ်ယောက် ဖြစ်ကာစလေ၊ ဒီတော့ မင်းလောက် အားမကောင်း သေးဘူး၊အခု ငါမင်းထက် အများကြီးသာတယ်၊ ငါတို့နှစ်ယောက်ကြားမှာ ကွာခြားချက်က အကြီးကြီးပဲကွ”
တိုင်လုသည် အလွန်တရာ ဂုဏ်ယူလျက်ရှိနေသည်။ အချက်အလက်အားဖြင့် ရီချင်းရှန်သည် ထိုက်ရွမ်ကျမ်းကို အသုံးပြု၍ သူ၏ ကျင့်ကြံခြင်းအဆင့်အား ဖုံးကွယ်ထားခြင်းဖြစ်ပြီး ရှောင်ကျီမှာတော့ ကျင့်ကြံခြင်း ဖုံးကွယ်ခြင်း နည်းစနစ်ကို အသုံးပြု၍ သူ၏ ကျင့်ကြံခြင်းအား ဖုံးကွယ်ထားခဲ့၏။ ထို့ကြောင့် တခြားသော သူများအားလုံးသည် သူ့အား သိုင်းဆရာထိပ်ဆုံးအဆင့်ဟုပင် ထင်မှတ်နေကြ၏။ အပြင်ဘက်သို့ သွားရာတွင် ထိုကဲ့သို့ သိုသိုသိပ်သိပ် နေမှ အဆင်ပြေလိမ့်မည်။
“ဂျူနီယာညီလေး”
စားသောက်ခန်းဆီသို့ ပြန်ရောက်ပြီးသည့်နောက်မှာ ရှောင်ကျီသည် လမ်းပေါ်တွင်ဆုံခဲ့သော အမဲရောင်ဝတ်စုံနှင့် လူအား သတိရသွား၏။ ပြီးနောက် ပြောလိုက်သည်။ “ဒီလူကို ရင်းနှီးနေသလိုပဲ၊ ဘယ်မှာတွေ့ဖူးတာလဲ မသိဘူး”
“အမှိုက်ပါပဲ”
ရီချင်းရှန်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
“ထားပါတော့”
ရှောင်ကျီသည် မစဉ်းစားတော့ချေ။ သူ၏အခန်းဆီသို့ပြန်လာကာ ကျင့်ကြံနေတော့သည်။
သူတို့သည် နောက် သုံးရက်အကြာတွင် ကျင်းပမည့် တိုက်ပွဲအား စောင့်မျှော်လျက်ရှိသည်။ သုံးရက်ကြာမြင့်ပြီးသည့်နောက်မှာတော့ အရည်အချင်းစစ်တိုက်ပွဲသည် စတင်ပြီ ဖြစ်သည်။ တည်နေရာတစ်ခုလုံးမှာတော့ အရည်အချင်းစစ်ပြိုင်ပွဲအား လာရောက်ယှဉ်ပြိုင်ကြသော လူပေါင်းများစွာနှင့် ပြည့်နှက်နေ၏။
လစဉ်လတိုင်းအား ကျင်းပသော အရည်အချင်း စစ်တိုက်ပွဲအား အဘယ်ကြောင့် လူပေါင်းများစွာ ရောက်ရှိ နေရသနည်း။ အဘယ်ကြောင့်ဆိုသော် များပြားလှသော လူများသည် ကျော်ကြားလှသော သံမဏိအရိုးဂိုဏ်းအား ကြည့်ရှုချင်သောကြောင့်ပင်ဖြစ်သည်။ သူတို့သည် သံမဏိအရိုးဂိုဏ်းတပည့်များ မည်မျှအားကောင်းသည်ကို သိချင်နေကြ၏။
“သူတို့လာပြီ၊ သူတို့လာပြီ”
ရှောင်ကျီနှင့် ရီချင်းရှန်တို့သည် အရည်အချင်းစစ် တိုက်ပွဲတည်နေရာသို့ လျှောက်ဝင်လာပြီးသည့်နောက်မှာတော့ အားလုံး၏ အာရုံစူးစိုက်မှုကို ခံလိုက်ရတော့သည်။ တည်နေရာထဲသို့ အစောကြီးကတည်းက ရောက်ရှိနေကြသော ပြိုင်ပွဲဝင်များ၏ မျက်နှာများမှာတော့ ပျက်ယွင်းသွားကြသည်။ သူတို့သည် အစောကြီးကတည်းက ပြင်ဆင်ခဲ့ပြီးပြီ ဖြစ်သည်။ သို့ပေမဲ့ ကံဆိုးစွာဖြင့် သူတို့သည် သံမဏိအရိုးဂိုဏ်းတပည့်များနှင့် ရင်ဆိုင်ရပေတော့မည်။ ဆိုးရွားလှချေသည်။
“ဂျူနီယာညီလေး”
ရှောင်ကျီက ပြောလိုက်၏။ “ဒီလူတွေရဲ့ ကျင့်ကြံခြင်းအဆင့်က အမြင့်ဆုံးအဆင့်ကမှ သိုင်းဆရာထိပ်ဆုံးအဆင့်ပဲရှိတယ်”
“အမှိုက်တွေ” ရီရှင်းချန် က ပြောလိုက်သည်။
အရည်အချင်းစစ်တိုက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သူများ၏ အားအင်အဆင့်သည် မမြင့်မားလှချေ။ အဘယ်ကြောင့် ဆိုသော် ဤတိုက်ပွဲသည် လစဉ်လတိုင်း ကျင်းပသောတိုက်ပွဲတစ်ခုဖြစ်သည်မို့ အစစ်အမှန်ပါရမီရှင်များသည် လစဉ် လတိုင်း လာရောက်၍ မယှဉ်ပြိုင်နိုင်ကြချေ။ တိုက်ခိုက်ရေးတည်နေရာထဲသို့ လူငါးဆယ်မှ ခြောက်ဆယ်နီးပါး ဝင်ရောက်လာကြ၏။
ရှောင်ကျီနှင့် ရီချင်းရှန်တို့သည် အားလုံး၏ အာရုံစူးစိုက်မှုကို ခံနေရသည်။
တိုင်လုသည် အထဲသို့လျှောက်ဝင်လာချိန်မှာတော့ လူပေါင်းများစွာတို့၏ လျစ်လျှူရှုထားခြင်းကို ခံရ၏။
ဟမ့်
သူသည်ထောင့်တစ်ခုတွင် မတ်တပ်ရပ်ကာ မှုန်ကုတ်ကုတ်နှင့် ပြောလိုက်၏။ “အရည်အချင်းစစ် တိုက်ပွဲလေးတစ်ခုက လူပေါင်းများစွာကို ဆွဲဆောင်ထားနိုင်မယ်လို့ ငါမထင်မိဘူး၊ ဒါလည်း ကောင်းတာပဲ၊ ငါ သံမဏိအရိုးဂိုဏ်းတပည့်တွေကို ရိုက်နှက်တဲ့အချိန်ကြရင် လူတွေအများကြီး မြင်သွားကြတာပေါ့”
“ပြိုင်ပွဲဝင်တို့... ကျေးဇူးပြုပြီး နေရာယူကြပါ”
အရည်အချင်းစစ်တိုက်ပွဲအား တာဝန်ယူမည့် ဦးဆောင်သူသည် ကျယ်လောင်စွာ ပြောလိုက်တော့၏။
သိုင်းကျင့်ကြံသူ ခြောက်ဆယ့်လေးယောက်တို့သည် စင်မြင့်၏ အလယ်ဆီသို့ လျှောက်လာကြတော့သည်။ စည်းမျဉ်းစည်းကမ်းကို နားထောင်ပြီးသည့်နောက်မှာတော့ သူတို့သည် နံပါတ်ပြားများကို ဆွဲယူ၍ တိုက်ခိုက်ရ မည့်သူကို ရှာဖွေကြတော့သည်။
ပါဝင်ယှဉ်ပြိုင်ကြသော လူအရေအတွက်ကို ကြည့်မည်ဆိုလျှင် ပြိုင်ပွဲဝင်သူ တစ်ယောက်သည် အနည်းဆုံး ခြောက်ပွဲတိတိ တိုက်ခိုက်မှဖြစ်လိမ့်မည်။ ထိုမှသာလျှင် ဗိုလ်ဆွဲမှာဖြစ်၏။
စာရေးသူသည် ပျော်ပျော်ရွှင်ရွှင်နှင့် တိုက်ခိုက်ပွဲများအကြောင်းကို နောက်ထပ် အပိုင်းခြောက်ပိုင်းလောက် ထပ်မံ၍ ရေးသားနိုင်၏။ ဘာသာပြန်သူ မှာလည်း အပ်ကြောင်းထပ်နေသည့် သိုင်းပြိုင်ပွဲ တိုက်ခိုက်မှုများကို မပြန်ချင်သောကြောင့် ဟိုနေရာကစု ၊ ဒီနေရာကစု ဖြင့် အကျဉ်းချုပ်ကာ ကျော်ချပေလိမ့်မည်။ ထို့ကြောင့် အားလုံးကို ညှာတာသောအားဖြင့် ကျွနုပ် စာရေးသူသည် မလိုအပ်သော အရာများကို ကျော်၍ လိုရင်းကို ထိထိမိမိသာ ရေးသားပေးလိုက်သည်။
တိုက်ပွဲစတင်ခဲ့ပြီးသည့်နောက်မှာတော့ ရှောင်ကျီနှင့် ရီချင်းရှန်တို့သည် အသီးသီး လူခွဲသွားပြီးသည့်နောက် မှာတော့ သူတို့၏ ပြိုင်ဘက်များအား တစ်မိနစ်မပြည့်ခင် အချိန်အတောအတွင်းမှာပဲ အနိုင်ယူခဲ့၏။ တိုင်လုသည် လည်း သူ၏ အဆုံးမဲ့အားအင်ကို အသုံးပြုကာ ပြိုင်ဘက်များအား အနိုင်ယူခဲ့တော့သည်။ အားအကောင်းဆုံး ကျင့်ကြံသူသည် သိုင်းဆရာထိပ်ဆုံးအဆင့်သာ ရှိသောကြောင့် သူတို့သုံးယောက်၏ အားအင်အဆင့်သည် အပြတ်အသတ် သာလွန်နေတော့သည်။
မကြာမီမှာပဲ ပထမအဆင့် ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး သုံးဆယ့်နှစ်ယောက် တို့သည် နောက်ထပ်အဆင့်တစ်ခုဆီသို့ တက်လှမ်းသွားခဲ့သည်။ ဒုတိယအဆင့်တိုက်ပွဲစတင်ချိန်မှာတော့ ရီချင်းရှန်နှင့် ရှောင်ကျီတို့သည် ၎င်းတို့၏ ပြိုင်ဘက်များကို အချိန်အတိုဆုံးဖြင့် အနိုင်ရယူခဲ့ပြန်သည်။ တစ်ဖက်ပြိုင်ဘက်များအား စဉ်းစားတွေးခေါ်ရန် ပင် အချိန်မပေးခဲ့ချေ။
“တတိယအဆင့် စတင်မယ်”
ဘန်း ဘန်း …။
နှစ်ယောက်သားဆက်လက်တိုက်ခိုက်ပြီးသည့်နောက် သူတို့၏ ပြိုင်ဘက်များအား အနိုင်ယူခဲ့တော့၏။
“အရမ်းအားကောင်းတယ်၊ ဝင်ရောက်ယှဉ်ပြိုင်တဲ့လူတွေက ပြန်ပြီးတိုက်ခိုက်ဖို့တောင်မှ အားအင်မရှိတော့ဘူး”
“ဒါက အံ့အားသင့်စရာမဟုတ်တော့ဘူး၊ သံမဏိအရိုးဂိုဏ်းတပည့်တွေဆိုတော့ ပထမနဲ့ ဒုတိယ နှစ်နေရာကိုတော့ သူတို့ပဲ ရမှာပဲ” ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများအားလုံးသည် ဆွေးနွေးလျက် ရှိနေကြ၏။
တိုင်လုသည် နှာခေါင်းရှုံ့လိုက်၏။ “မင်းတို့နှစ်ယောက် ခဏလောက် ဟန်ရေးပြထားလိုက်အုံး၊ ငါနဲ့ဆုံရင် အိမ်မက်ဆိုးတွေ စပြီး မက်စေရမယ်”
ဘန်း
သူသည် သူ၏ ပြိုင်ဘက်အား လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူလိုက်သည်။
“ဟေး... ဟိုအမဲရောင်ဝတ်စုံနဲ့ လူတစ်ယောက်က အရမ်းအားကောင်းတာပဲ”
အားလုံးသည် တိုင်လုအား သတိပြုမိသွားကြ၏။ တိုင်လုသည် အားလုံး၏ အာရုံစူးစိုက်မှုကို ခံရသည့် ခံစားချက် အား သာယာလျက်ရှိနေတော့သည်။
သို့ပေမဲ့ ရီချင်းရှန်ကို လှမ်းကြည့်လိုက်ချိန်မှာတော့ ရီချင်းရှန်သည် သူ့အား တစ်ချက်ကလေးမှ လှည့်ကြည့်မနေချေ။ ထို့ကြောင့် သူသည် ဒေါသတကြီး ပြောလိုက်၏။ “ဆိုးယုတ်တဲ့ကောင်၊ ငါတို့ ထိပ်တိုက်တွေ့ပြီဆိုရင် မိဘတွေကို အော်ခေါ်တဲ့ အခြေအနေရောက်တဲ့အထိ ရိုက်နှက် ပြမယ်”
ပြိုင်ပွဲမှာ ဆက်လက်၍ ဖြစ်တည်လျက်ရှိသည်။ ကံတရားကြောင့်ပင်လားဟု မသိပေ။ အကြိမ်အနည်းငယ်လောက် တိုက်ခိုက်ပြီးခဲ့သော်လည်း တိုင်လုသည် ရှောင်ကျီ (သို့မဟုတ်) ရီချင်းရှန်တို့နှင့် တစ်ခါလေးမှ မတွေ့ဆုံ ခဲ့ချေ။
နောက်ဆုံးရှစ်သင်းကို ရွေးချယ်ပြီးသည့်နောက်မှာတော့ တိုင်လု၏ မျက်လုံးများသည် တောက်ပသွားသည်။ “ဒီအတိုင်းသာ ငါဆက်နိုင်သွားမယ်ဆိုရင် သူတို့နှစ်ယောက်ထဲက တစ်ယောက်နဲ့ ငါတွေ့ရမှာပဲ”
ဘန်း
ရှောင်ကျီသည် လက်သီးတစ်ချက်ကို ထုတ်ဖော်ကာ သူ၏ပြိုင်ဘက်အား မြန်မြန်ဆန်ဆန် အနိုင်ယူခဲ့၏။ သူသည် ထိပ်ဆုံးလေးယောက်စာရင်းသို့ အောင်အောင်မြင်မြင်နှင့် တက်ရောက်သွားတော့သည်။ နောက်ထပ်တိုက်ခိုက်မှု များပြုလုပ်ပြီးသည့်နောက်မှာတော့ ရီချင်းရှန်သည်လည်း သူ၏ ပြိုင်ဘက်ကို အနိုင်ယူခဲ့သည်။
ဘန်း
နောက်ဆုံးမှတိုက်ခိုက်ရန် အလှည့်ကျသော တိုင်လုသည် သူ၏ ပြိုင်ဘက်အား လွှင့်စင်သွားအောင် တိုက်ခိုက် လိုက်၏။ သူ၏ မျက်နှာပေါ်တွင်တော့ တောက်ပသည့်အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ “ရီချင်းရှန်... မင်းရဲ့နောက်ထပ်ပြိုင်ဘက်က ငါပဲ”
ရီချင်းရှန်သည် မျက်မှောင်ကုတ်လိုက်၏။ ဤအမဲရောင်ဝတ်စုံနှင့်သူသည် တစ်ချိန်လုံး သူ့အား စူးစိုက်လျက် ကြည့်နေသည်။ အလွန်တရာ စိတ်တိုဖွယ် ကောင်းလွန်းလှ၏။
ထိပ်ဆုံးလေးယောက် တိုက်ပွဲ စတင်ပြီဖြစ်သည်။ ရှောင်ကျီသည် သူ၏ ပြိုင်ဘက်အား လက်သီးတစ်ချက်ထဲနှင့် အနိုင်ယူခဲ့ပြန်သည်။
“ဂျူနီယာညီလေး”
သူသည်အောက်သို့ဆင်းသက်လာပြီးသည့်နောက် ပြုံးကာပြောလိုက်သည်။ “ငါတော့ တာဝန်ပြီးသွားပြီ၊ ကျန်တာ မင်းအလှည့်ပဲ”
အရည်အချင်းစစ်တိုက်ပွဲ စည်းမျဉ်းစည်းကမ်းများအရဆိုလျှင် ထိပ်ဆုံးနှစ်ယောက်စာရင်းသို့ တက်ရောက်နိုင်ပြီ ဆိုပါက သူရဲကောင်းစာရင်းမှ ပါရမီရှင်များအား စိန်ခေါ်ခွင့် အခွင့်အရေး ရရှိသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဗိုလ်ဆွဲရန်ဆိုသည်မှာ အရေးမကြီးတော့ချေ။
ရီချင်းရှန်သည် စင်မြင့်ပေါ်သို့ တက်သွား၏။
အစောကတည်းက ရောက်ရှိနေသော တိုင်လုသည် ခေါင်းကိုခါယမ်းကာ သွားဖြီး၍ ပြောလိုက်သည်။ “ငါသာ မင်းနေရာမှာဆိုရင် ဒီပေါ်ထိ တက်မလာတော့ဘူး”
ရှောင်ကျီ၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။ “ဒီကောင် စိတ္တဇရောဂါရှင်လား”
လွန်ခဲ့သည့်သုံးရက်က သူတို့တွေ့ဆုံစဉ်ကတည်းက ရီရှင်းချန်အား ပြဿနာရှာခဲ့ဖူးသည်။ သူ၏ ဂျူနီယာညီလေး အား လွယ်လွယ်ကူကူ အနိုင်ကျင့်၍ရသည်ဟူ၍ မှတ်နေသည်လား။
ဟုတ်ပေသည်။ တိုင်လုအနေနှင့် ရီချင်းရှန်အား ကျိန်းသေပေါက် လွယ်လွယ်ကူကူနှင့် နင်းချေနိုင်မည်ဟု ထင်မှတ်နေမိ၏။ သူ၏ ကျင့်ကြံခြင်းအဆင့်သည် ပိုမို၍ မြင့်မားလာသည့်အခြေအနေသို့ ရောက်ရှိလာသည်နှင့် ကျွင်းချောင်ရှောင်းအား နင်းချေရန်ပင် ဆုံးဖြတ် ထားမိ၏။
“တိုက်ပွဲ စမယ်”
ဒိုင်လူကြီးက အော်ဟစ်လိုက်၏။
တိုင်လု၏ မျက်လုံးများသည် အေးစက်သွား၏။ “ဒီနေ့မှာတော့ ငါက အရှက်ကွဲအကျိုးနည်းရလဒ်တွေ ရဖို့အတွက် မင်းကို ကောင်းကောင်း ပညာပေးပြမယ်”
ဝှစ်
ရီချင်းရှန်သည် ထိုသူ၏ရှေ့၌ ပေါ်လာကာ ပြောလိုက်၏။ “အမှိုက်က တော်တော်စကားများတာပဲ၊ တော်လိုက်စမ်း”
ဝုန်း
အလွန်တရာ ပြင်းထန်လှသော လေတိုးသံများ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ လှိုင်းတွေအသွင်ပြင် ဖြစ်တည်သွားခဲ့၏။
သို့ပေမဲ့ တိုင်လုသည် လွယ်ကူစွာပဲ ရီချင်းရှန်၏ လက်သီးကို လက်နဲ့ လှမ်းဖမ်းလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ဒါက မင်းမှာရှိတာ အကုန်ပဲလား”
ဝှစ် ဝှစ်
သူ၏ ကျင့်ကြံခြင်းအဆင့်သည် ထွက်ပေါ်လာခဲ့သည်။
“သိုင်းစစ်သူကြီး… ဒီလူက သိုင်းစစ်သူကြီးပဲ”
အားလုံးသောသူများသည် တုန်လှုပ်သွားမိကြ၏။ တိုင်လုသည် လက်ရှိအခြေအနေမှာတော့ အလွန်တရာ ပျော်ရွှင်လျက်ရှိနေသည်။
ရီချင်းရှန်သည် သူ၏ လက်ကိုမြှောက်ကာ စိတ်ဝိညာဉ်စွမ်းအင်များ ဖြည့်သွင်းပြီး ထိုးနှက်လိုက်ပြန်သည်။
ဘုန်း
ဤတစ်ကြိမ်တိုက်ခိုက်မှုသည် အလွန်တရာကျယ်လောင်လှသော အသံကြီးတစ်ခု ဖြစ်ပေါ်စေခဲ့၏။ တိုင်လုသည် အနောက်ဘက်သို့ ခြေသုံးလှမ်းမှ ငါးလှမ်းအထိ လွှင့်စင်သွားခဲ့၏။ သူ၏ မျက်နှာပေါ်တွင်တော့ အံ့အားသင့် လှသော အရိပ်အယောင်လက္ခဏာများလည်း ပေါ်လျက်ရှိနေတော့သည်။
“မင်းကလည်း သိုင်းစစ်သူကြီးပဲလား”
ရီချင်းရှန်သည် မြေကွဲလက်သီးကို အသုံးပြုလိုက်၏။ သူ၏ စိတ်ဝိညာဉ်စွမ်းအင်များသည် ပိုမို၍ များပြားလာကာ သူနှင့်အတူ လိုက်ပါတိုက်ခိုက်တော့၏။
ဘုန်း
“သိုင်းစစ်သူကြီး ဒုတိယအဆင့်”
ဘုန်း
“သိုင်းစစ်သူကြီး စတုတ္ထအဆင့်”
ဘုန်း
“သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်”
ဘုန်း ဘုန်း ဘုန်း
တိုင်လုသည် ထပ်ကာ ထပ်ကာ နောက်သို့ ဆုတ်နေရ၏။ သူ၏ အမူအရာတစ်ခုလုံးသည်လည်း ပိုမို၍ ဆိုးရွားလာသည်။
ရီချင်းရှန်သည် အဘယ်ကြောင့် သိုင်းစစ်သူကြီးထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေရသနည်း။ မဖြစ်နိုင်ပေ။ သိုင်းဆရာ အဆင့်ခြောက် (သို့မဟုတ်) အဆင့်ခုနှစ်ကနေ အဘယ်ကြောင့် သိုင်းစစ်သူကြီး ထိပ်ဆုံး အဆင့်သို့ ရောက်ရှိသွားခဲ့သနည်း။ သူ့ထက်ပင် ပိုမို မြန်ဆန်သော ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်နေသည်လား။