← Chapters

အခန်း (၅၅၄)

Vol. 37 Ch. 554

အခန်း (၅၅၄)

Vol. 37 Ch. 554

တိုင်လုသည် ဝါးမြိုခြင်း စွမ်းရည်ကို ပိုင်ဆိုင်သူတစ်ယောက်ပြီး ရီရှင်းချန်မှာတော့ ပြန်လည်မွေးဖွားလာသော လူတစ်ယောက်ဖြစ်သည်။

၎င်းတို့သည် သိုင်းဝတ္ထုများထဲမှ အဓိက ဇာတ်ကောင်များဖြစ်သည်မှာ သံသယဝင်စရာမလိုပေ။ ထို့အပြင် စွမ်းရည်မှာလည်း သာမန်မဟုတ်ပေ။ ၎င်းတို့တိုက်ခိုက်မည်ဆိုပါက အခွင့်အရေးနှင့် အရင်းအမြစ် မည်မျှသုံးစွဲခဲ့သည်ဆိုသည်ပေါ် မူတည်နေပေလိမ့်မည်။

ထင်ထားသည့်အတိုင်းပင် ညအင်ပါယာသည် သံသယရှိစရာမလိုဘဲ ရှေ့ဆုံးမှ ဦးဆောင်လျက်ရှိသည်။

အဘယ့်ကြောင့်ဆိုသော် သူသည် ထိုက်ရွမ်ကျမ်းကို လေ့ကျင့်ရုံသာမက ဂိုဏ်းချုပ်ကျွင်းမှ ပေးအပ်ထားသည့် များပြားလှသည့် သိုင်းအရင်းအမြစ် ပစ္စည်းများကို လက်ခံရယူ သုံးစွဲနေသောကြောင့်ပင်။

ရီရှင်းချန်သည် ရှေ့သို့ ခြေလှမ်းကျဲကြီးတစ်လှမ်း လမ်းလျှောက်သွားလိုက်သည်။

သူ၏ မရီဒန်ထဲတွင် ရှိသော စိတ်ဝိညာဉ်စွမ်းအင်များသည် လှုပ်ရှားလာပြီးသည့်နောက် သိုင်းစစ်သူကြီးထပ်ဆုံးအဆင့် စွမ်းအင်များ ထွက်ပေါ်လာ၏။

သူ၏ လက်သီးချက်သည် အလွန်တရာ ကြီးမားလှသော တူကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီးသည့်နောက် တိုင်လုအား အလွန်တရာ ရက်စက်စွာဖြင့် ရိုက်နှက်တော့သည်။

ဤအမှိုက်တစ်စသည် သူ့အား အမှန်ပင် ရန်စရဲလွန်းနေ၏။

ဤကဲ့သို့မျိုး ပြုလုပ်ရန် မည်သူက သတ္တိပေးထားသနည်း ဆိုသည်ကို ဤအင်ပါယာက မေးမြန်းချင်နေသည်။

ဘန်း … ဘန်း … ဘန်း။

စိတ်ဝိညာဉ်စွမ်းအင်များ ကြမ်းတမ်းစွာ ဖြစ်တည်နေပြီးသည့်နောက်မှာတော့ လေလှိုင်းအဟုန်များပင် ဖြစ်တည်လာသည်။

အလွန်တရာ ကြမ်းတမ်းလှသည့် တိုက်ခိုက်မှုများကို ခံယူပြီးသည့်နောက်မှာတော့ တိုင်ယုသည် အနောက်ဘက်သို့ တောက်လျှောက် ယိုင်ထွက်လျက်ရှိ၏။

သူ၏ အမူအရာသည် ပိုပိုပြီး ဆိုးရွားလာသည်။

ဤအတောအတွင်းမှာတော့ သူသည် အားအင်အဆင့်ကို တိုးတက်စေရန်အတွက် တိုးတက်ခြင်းကို ဝါးမြိုခြင်းစွမ်းရည်ကို အသုံးပြုခဲ့ရသည်။

သို့ပေမဲ့ ရီရှင်းချန်သည် တကယ်တမ်း တိုက်ခိုက်ချိန်မှာတော့ အထက်စီးမှ မတိုက်ခိုက်နိုင်သည့်အပြင် အောက်စည်းသို့ပင် ရောက်ရှိလာခဲ့၏

မည်သူက ထင်မှတ်နေမည်နည်း..

ဘုန်း

နားကွဲလောက်အောင် ကျယ်လောင်သော လက်သီး ထိုးသံကြီးနှင့် အတူ သူ့ဆီသို့ အားအင်တစ်ခုသည် တိုးဝင်ရောက်ရှိလာခဲ့တော့သည်။

ဘုတ် ဘုတ် ဘုတ် ဘုတ်

တိုင်လုသည် နောက်ဘက်သို့ ဆုတ်ခွာသွားပြီး သွေးတစ်လုတ် အန်ထုတ်လာတော့သည်။

ညအင်ပါယာသည် အလွန်ရိုးရှင်းပြီး အလွန်ကြမ်းတမ်းသည် တိုက်ခိုက်ရေး နည်းစနစ်ကို သုံးကာ တိုက်ခိုက်လျက် ရှိသည်။

သူ့အနေနှင့် လုံးဝကို မခုခံနိုင်ချေ။

သို့ပေမဲ့ ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပေါ်ရန် အခွင့်အရေးရှိနေသေးသည်။

သူသည် ရီရှင်းချန်၏ တိုက်ခိုက်မှုကြောင့် မြေပေါ်တွင် ဆိုးရွားစွာ ရိုက်နှက်ခံရသည့် အခြေအနေမျိုး ဖြစ်ပေါ်နေသည်။ လက်ရှိအခြေအနေတွင် သူသည် ဆက်တိုက် ရိုက်နှက်ခံရခြင်းကို အားတင်းကာ ခံယူလျက်ရှိနေ‌သည်။

ရိုက်ချင်သေးတာလား ဒါမင်း လုပ်ချင်တာလား လုပ်ချင်သလိုလုပ်လေ။ဒီနေ့မှာ ငါက ဘာပဲဖြစ်ဖြစ် ကလဲ့စားချေပြမယ်။

သူ၏နှာခေါင်းထဲမှ သွေးများကို သုတ်ပြီးသည့်နောက်မှာတော့ တိုင်လုသည် ရီရှင်းချန်အား မော့ကြည့်ကာ ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ငရဲရဲ့ အရသာကို ခံစားစမ်း"

ဝူး ဝူး ဝူး

သူ၏ ခန္ဓာကိုယ်ဆီမှ အစိမ်းရောင် ဓာတ်သဘာဝများ ထွက်ပေါ်လာတော့သည်။ သူသည် ဝှက်ဖဲကို ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။

ဝါးမြိုခြင်းစွမ်းရည်။

ဘန်း

ရီရှင်းချန်၏ လက်သီးသည် တိုင်လု၏ မျက်နှာကို တည့်တည့် ထည့်မှန်စေသည်။ သွားနှင့် သွေးများသည် ဘေးသို့ လွင့်စင်ထွက်သွားသည်။ သူ၏မျက်နှာတခြမ်းသည်ပင် ရွှဲ့သွား၏။

တစ်ဖက်လူသည် အလွန်တရာ ကြမ်းတမ်းလှသော လူဖြစ်သည်ကို အစိမ်းရောင် ဓာတ်သဘာဝများ သိသွားပုံပေါ်သည်။ ထို့ကြောင့် သူတို့၏ သခင်ခန္ဓာကိုယ်ထဲဆီသို့ တိုးဝင်သွားပြီး ပြန်၍ မထွက်ပေါ်လာရဲတာ့ချေ။

တိုင်လုသည် စင်၏ အစပ်နားသို့ ပြုတ်ကျသွားသည်။

သူ့မျက်နှာ ဘယ်ဘက်ခြမ်းသည် လက်သီးရာကြီးနှင့် ချိုင့်ဝင်သွားလျက်ရှိသည်။ ပြောရမည်ဆိုလျှင် တော်တော်ကို အခြေအနေဆိုးသည်ဟုပင် ဆိုရမည်။

….....

အားလုံးသော လူများ၏ နှုတ်ခမ်းများသည် တုန်ရင်သွားကြသည်။

ဤအရာသည် အ‌ရည်အချင်းစစ် တိုက်ပွဲသာဖြစ်သည်။ သေခြင်းရှင်ခြင်း တိုက်ပွဲ မဟုတ်ပေ။ သို့သော်လည်း သံမဏိအရိုးဂိုဏ်းတပည့်သည် အလွန်တရာ ကြမ်းတမ်းစွာဖြင့် တိုက်ခိုက်လျက်ရှိသည်။

ရှောင်ကျီသည် ခေါင်းကို ခါယမ်းလိုက်သည်။

ဤရောင်းရင်းသည် ဂျူနီယာ ညီလေးရီအား အစောကတည်းက ရန်စ‌စိန်ခေါ်ခဲ့သည်။ ထို့ကြောင့် ဤကဲ့သို့ ရိုက်နှက်ခံရသည်ဆိုသည်မှာ သာမန်ပင် ဖြစ်၏။

ရီရှင်းချန်သည် အလွန်တရာ ကြီးမြတ်လှသော ဘုရင်တစ်ပါးကဲ့သို့ ရှေ့သို့လမ်းလျှောက်လာသည်။ ပြီးနောက် တိုင်လုအား ငုံကြည့်ကာ ပြောလာသည်။ "ငါ့ရှေ့မှာ မတ်မတ်ရပ်ရဲဖို့ မင်းကို ဘယ်သူက သတ္တိတွေ ပေးလိုက်တာလဲ..."

တိုင်လု၏ ခန္ဓာကိုယ်တစ်ခုလုံးသည် နာကျင်မှုကြောင့် တွန့်လိမ်လျက်ရှိသည်။ သူသည် လက်သည်းတွေ လက်ထဲကို စိုက်ဝင်လောက်တဲ့ အထိ လက်သီးကို ကျစ်ကျစ်‌ပါအောင် ဆုပ်ထားသည်။

ဘုန်း ဘုန်း။

စင်ပေါ်မှာတော့ ကျယ်လောင်လှသော အသံတစ်ခု ထွက်ပေါ်လာပြီး ရီရှင်းချန် သည် တိုင်လုအား အားရပါးရ ဆက်လက် ထိုးနှက်တော့၏။

ကြည့်ရှုနေကြသော ကျင့်ကြံသူများအားလုံးသည် ဆက်လက်၍ မကြည့်နိုင်သောကြောင့် ခေါင်းကိုပင် အသာယမ်းလိုက်မိသည်။

သံမဏိအရိုးဂိုဏ်းသားသည် အလွန်တရာ အားကောင်းလွန်းသည်ဟု ဆိုကြသည်။ ယနေ့မှာတော့ သူတို့သည် ထိုအရာကို မျက်မြင် တွေ့ရှိလိုက်ရပြီဖြစ်၏။

ရီရှင်းချန်သည် မရပ်တန့်ခင်မှာပဲ စုစုပေါင်းလက်သီးချက် ခုနှစ်ဆယ်ကို ထိုးနှက်ခဲ့သည်။

လက်သီးချက်များသည် ကြမ်းတမ်းလွန်းသောကြောင့် ပတ်ဝန်းကျင်တစ်ခုရှိ ကျောက်ပြားများ အားလုံးပင်လျှင် ကွဲကြေခဲ့၏။

တိုင်လုသည် မြေထဲသို့ပင် ချိုင့်ဝင်လျက်ရှိသည်။

ခန္ဓာကိုယ်တစ်ခုလုံးသည် ရှိရှိသမျှသော အရိုးများ ကျိုးကျေသွားသလို ခံစားနေမိသည်။ သူ၏ သိစိတ်ပင်လယ်ထဲသို့ နာကျင်မှုများသည် စူးစူးစိုက်စိုက် တိုးဝင်လျက်ရှိ၏။

ရီရှင်းချန်နှင့် သူ၏ ဒုတိယတိုက်ပွဲမှာတော့ သူသည် အလုံးစုံ ရှုံးနိမ့်ခဲ့ပြီးဖြစ်သည်။

အသေးစိတ် မှတ်ချက်ပြုရမည်ဆိုလျှင် ပထမတိုက်ပွဲထက် အနည်းငယ် ကြာမြင့်ခဲ့သည်ဟုသာ ပြောစရာရှိသည်။ သို့ပေမဲ့ တကယ်တမ်းတွင် ရီရှင်းချန်သည် အားကုန်ထုတ်သုံးတိုက်ခိုက်မည်ဆိုလျှင် တစ်စက္ကန့် အတွင်း သူ့အား အနိုင်ယူနိုင်ပေ၏။

ဘန်း။

တစ်ချက်ကန်ချခံပြီးသည့်နောက်မှာတော့ တိုင်လုသည် သတိလစ် မေ့မျောသွားတော့သည်။

"ရီရှင်းချန်နိုင်တယ်။နောက်ဆုံးအဆင့်ကို တက်သွားခဲ့ပြီ"

ဒိုင်လူကြီးက အော်ဟစ်လိုက်သည်။

ကြည့်ရှုနေကြသော ကျင့်ကြံသူများသည် ရလဒ်ကို မအံဩကြချေ။ အဲအစား သူတိုသည် သံမဏိအရိုးဂိုဏ်းတပည့်နှစ်ယောက်၏ နောက်ဆုံးတိုက်ပွဲကို စောင့်မျှော်ကြည့်ရှုရန် စိတ်လှုပ်ရှားနေကြသည်။

သို့ပေမဲ့ သူတို့ကို ပြိုလဲသွားစေသည်မှာ ရီရှင်းချန်သည် စင်ပေါ်မှ ဆင်းလျှောက်သွားပြီးသည့် နောက်တစ်ချက်ကလေးမှ လှည့်မကြည့်ပဲ ပြောလိုက်သည်။ "ကျုပ်က အရည်အချင်းစစ်ပြိုင်ပွဲကို လာပြိုင်ဖို့ အရည်အချင်းရှိတယ်ဆိုတာ လာပြတာ။ချန်ပီယံကတော့ စီနီယာအစ်ကို ရှောင်အတွက်ပဲ"

"ဒါက"

ဒိုင်လူကြီးများအားလုံးသည် ကြောင်အသွားကြသည်။

ရှောင်ကျီ၏ နှုတ်ခမ်းများသည် တုန်ရင်သွားသည်။ ပြီးနောက် သူတွေးလိုက်မိသည်။ ဒီတစ်ခါလည်း ငါ့ကို ဗိုလ်ဆွဲအောင် လုပ်ပေးလိုက်ပြန်ပြီလား။

ဟုတ်ပေသည်။ ရီရှင်းချန်၏ အလျှော့ပေးမှုကြောင့် ရှောင်ကျီသည် နှစ်ကြိမ်နှစ်ခါ ဗိုလ်ဆွဲခဲ့ပြီဟု ဆိုရမည်။

"ဒါပဲလား။ငါတို့က အရမ်းကို ကြမ်းတမ်းတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာမယ်လို့ ထင်ထားတာ"

အားလုံးက စိတ်ဓာတ်တကျနှင့် ပြန်လည်ထွက်ခွာသွားကြသည်။

တိုင်လုအား မည်သူမှ ဂရုမစိုက်ကြပေ။ ၎င်းသည် အမှိုက်တစ်စကဲ့သို့ပင် ထောင့်တစ်ခုတွင် လဲလှောင်းလျက် ရှိနေ၏။

သိုင်းပညာရှင်များကိုသာ လေးစားရရှိသော ဤလောကကြီးတွင် အနိုင်ရရှိသူသည် အားလုံး၏ ကြည့်ရှုခြင်းကို ခံခဲ့ရပြီး ရှုံးနိမ့်ခြင်းကိုတော့ မည်သူမှ ဂရုစိုက်လိမ့်မည် မဟုတ်ချေ။

ရီရှင်းချန်နှင့် ရှောင်ကျီတို့သည် အရည်အချင်းပြည့်မီကြောင်း အာမခံရရှိပြီးသည့်နောက်မှာတော့ ဤနေရာတွင် ဆက်လက်မနေဘဲ ကျန်းယန်မြို့မှ ထွက်ခွာသွားကြသည်။

နေဝင်သွားခဲ့ပြီဖြစ်သည်။

တိုင်လုသည် နိုးထလာပြီးနောက် မြို့၏ ဂိတ်တံခါးဆီမှ အသာ လမ်းလျှောက်၍ ထွက်သွားသည်။ သူ၏ ပုံပန်းသွင်ပြင်မှာ အလွန်တရာ ဆိုးရွားလွန်းလှ၏။

"ရီရှင်းချန်"

သူသည် နှလုံးသားထဲကနေ အော်ဟစ်လျက်ရှိသည်။ "မနှေးနဲ့ မမြန်ဆိုသလို ငါ လက်စားချေမယ်...."

……….

သံမဏိအရိုးဂိုဏ်းထဲတွင် ရှိနေသော ကျွင်းချောင်ရှောင်းသည် ရီရှင်းချန်နှင့် ရှောင်ကျီတို့ အရည်အချင်းပြည့်မီကြောင်း သိရှိပြီးသည့်နောက်မှာတော့ ဂိုဏ်း၏ သီးခြားတာဝန်အမှတ်သည် တိုးတက်သွားခဲ့ပြီဖြစ်သည်။

ထိုအရာမှာ အစပင်ဖြစ်သေး၏။

တစ်ခြားမြို့ထဲသို့ ရောက်ရှိနေကြသော လီချင်းယန်နှင့် တစ်ခြားသူများသည်လည်း ပြိုင်ပွဲဝင်ရန်အတွက် တစ်ယောက်ပြီးတစ်ယောက် စာရင်းပေးနေကြပြီဖြစ်သည်။

လုံရန်မြို့တွင် ရှိနေသော လုံကျိရန်သည် သံမဏိအရိုးဂိုဏ်းကို ကိုယ်စားပြု၍ အရည်အချင်းစစ် စင်မြင့်ပေါ်သို့ ရပ်လျက်ရှိသည်။

သူသည် တစ်ခြားသော ကျင့်ကြံသူများ၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်လျက်ရှိသည်။ လုံမိသားစုရှိ ဤ တိုက်ရိုက်မျိုးဆက်သည် မိသားစု၏ ပြိုင်ပွဲတွင် ပထမနေရာကို ရရှိခဲ့၏။

လက်ရှိအချိန်တွင် သူသည် အရည်အချင်းစစ်ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်နေပြီဖြစ်သည်။

မည်မျှအားကောင်းလာသနည်းဆိုသည်ကို သူတို့အားလုံး သိချင်နေကြ၏။

လုံပိုထျန်းသည်လည်း ပြိုင်ပွဲကို လာရောက်ကြည့်ရှုသည်။ သံမဏိအရိုးဂိုဏ်းသည် အလားအလာနှင့် ပတ်သက်လျှင် ထိပ်ဆုံး သုံးခု ထဲဝင်သည်ဟု သတ်မှတ်ခံခဲ့သည်။ ထိုအရာသည် သူ့အား စိတ်လှုပ်ရှားစေသည်။

"သား … မင်းက မိသားစုကို စွန့်ခွာပြီး ဂိုဏ်းချုပ်ကျွင်းနဲ့အတူ ကျင့်ကြံဖို့ လိုက်ပါသွားတယ်။ဒါက အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မလိုဘူး"

လုံမိသားစု၏ များပြားလှသော တိုက်ရိုက်မျိုးဆက်များသည်လည်း လာရောက်ကြည့်ရှု နေကြတော့သည်။

မိသားစု သိုင်းပြိုင်ပွဲတွင် လုံကျိရန်၏ ဂုဏ်းသတင်းသည် ပြန်လည်တိုးတက်လာပြီး နောက်မှာတော့ ၎င်းတို့၏ တိုက်ရိုက်မျိုးဆက်များအားလုံးသည် သူ့အား မနာလိုစိတ်ပင် ဖြစ်မိနေကြ၏။

"ဝမ်းကွဲ"

တစ်စုံတစ်ယောက်က အော်လိုက်၏။ "ကံကောင်းပါစေ"

ချက်ချင်းဆိုသလိုပဲ လုံမိသားစုမှ တိုက်ရိုက်မျိုးဆက်များ အားလုံးသည် လုံကျိရန်အား လာရောက်အားပေးကြတော့သည်။

သူ၏ မိသားစုများ ရှေ့မှာတော့ လုံကျိရန်သည် တိုက်ခိုက်လိုခြင်း အပြည့်ဖြင့် အားအင်ဆက်ကြွလျက်ရှိသည်။ သူသည် ပွဲများအား တစ်ပွဲပြီးတစ်ပွဲအနိုင်ယူကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့၏။

သူနှင့် အတူ လိုက်ပါလာသော လင်းရန်ရွှယ်သည်လည်း အမျိုးသမီးတစ်ယောက် ဖြစ်သော်လည်း သူမ၏ ပြိုင်ဘက်များအား တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်လာသည်။

"ဂျူနီယာညီမလေး"

လုံ‌ကျိရန်က ပြောလိုက်သည်။ "မင်း ပထမရပြီ"

ယောကျာ်းတစ်ယောက် အနေနှင့် သူသည် တွက်ကပ်နေတတ်သူ မဟုတ်ပေ။ ထို့ကြောင့် သူ၏ ဂျူနီယာညီမလေးအား ပထမဆုကို ပေးအပ်လိုက်တော့သည်။

နောက်ဆုံး ဗိုလ်လုပွဲကို စောင့်မျှော်ကြည့်ရှုနေကြသော ပရိတ်သတ်များအားလုံးသည် စိတ်ဓာတ်ကျသွားကြသည်။

လုံကျိရန်နှင့် လင်းရန်ရွှယ်တို့သည် အရည်အချင်းပြည့်မီကြောင်း အသိအမှတ်ပြုသွားပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ သီးခြားတာဝန်သည်လည်း ထပ်မံ ပြည့်စုံသွားခဲ့သည်။

ဒင်။

“သီးခြားတာဝန်ပြည့်စုံသည်။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ ရရှိသည်။”

ဒင်

“ဂိုဏ်းစုဆောင်းမှတ် ၆၄၁၀/၁၀၀၀၀”

လီချင်းယန်နှင့် ထန်းချီတို့သည် အရည်အချင်းပြည့်မီကြောင်း အသိအမှတ်ပြုမှုကို ရရှိပြီးသည့်နောက် သီးခြားတာဝန်သည် ပြည့်စုံသွားခဲ့ပြန်သည်။

"အရမ်းရိုးရှင်းတယ်။"

ကျွင်းချောင်ရှောင်းသည် အိမ်မှ တစ်ချက်မခွာဘဲနှင့် ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀ကို လက်ခံရရှိခဲ့ပြီဖြစ်သည်။

သီးခြားဝာာဝန်ပြည့်စုံသွားခြင်းသည် အရည်အချင်းစစ် တိုက်ပွဲအား ဆက်လက်တိုက်ခိုက်ရန် မလိုတော့ခြင်း မဟုတ်ပေ။

စုရှောင်မို၊ လီဖေးနှင့် တစ်ခြားသောသူများသည်လည်း ၎င်းတို့နှင့် သက်ဆိုင်ရာ နိုင်ငံမြို့များဆီသို့ သွားရောက်၍ စာရင်းပေးသွင်းလျက်ရှိနေသည်။

အနည်းဆုံး ခြောက်ရက် သို့မဟုတ် ခုနှစ်ရက်လောက် ကြာမြင့် ပြီးသည့်နောက်မှာတော့ သံမဏိအရိုးဂိုဏ်း၏ အတွင်းစည်း တပည့်များအားလုံးသည် အရည်အချင်းစစ် တိုက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပြီး ပထမနှင့် ဒုတိယနေရာများကို ရရှိခဲ့ကြ၏။

၎င်းတို့အားလုံးသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သူရဲကောင်း စာရင်းတွင် ပါဝင်သော ပါရမီရှင် လူငယ်များအား စိန်ခေါ်တိုက်ခိုက်ရန် အရည်အချင်းပြည့်မှီသွားကြပြီးဖြစ်သည်။

အရှေ့တောင်ရန်ကျူး၏ မြို့များတွင် ရှိသော အရည်အချင်း စစ်တိုက်ပွဲ များတွင် ပထမနှင့် ဒုတိယနေရာကို သိမ်းပိုက်ရယူခဲ့သူများသည် သံမဏိအရိုးဂိုဏ်းသားများ ဖြစ်သည်ဟူသော သတင်းသည်မြို့နိုင်ငံ အသီးသီး ဆီသို ပျံ့နှံ့သွားခဲ့တော့သည်။

လက်ရှိအချိန်တွင်မှာတော့ ဤသတင်းသည် ဟိုးဟိုးကျော်နေတော့၏။

All Chapters