ဆွေးနွေးခြင်း
Vol. 11 Ch. 151
လင်းဖန် နှင့် ချမ်ရီရီတို့ ခဏတာ ပွေ့ဖက်ပြီးနောက် စားသောက်ဆိုင်တစ်ခုသို့သွားလိုက်ကြသည်။
နှစ်ယောက်သား အစားအသောက်ဆိုင်ရောက်ပြီးခဏအကြာတွင်အစားသောက်တွေကိုမှာကြားပြီး ခဏလောက် စကားစမြည်ပြောနေကြသည်။
ထိုအချိန်တွင် လင်းဖန်၏ ဆဲလ်ဖုန်း သည်အနည်းငယ် တုန်ခါသွားခဲ့သည်။
လင်းဖန်ကဒါကိုသိတော့ဖွင့်ကြည့်လိုက်သည်။
12:00!
အနီရောင် စာအိတ်တွေ ပေါ်လာသည်။
【ဒင်း! ဂုဏ်ယူပါတယ်၊ ၂ ယွမ် ရရှိသည်။ 】
【ဒင်း! ဂုဏ်ယူပါတယ် မင်း 1,000 ယွမ်ရရှိသည်။ 】
…………
【ဒင်း! ဖန်လုံကုမ္ပဏီကိုရရှိသည့်အတွက် ဂုဏ်ပြုပါတယ်။ 】
【ဒင်း! ဂုဏ်ယူပါတယ် မင်း 19,999 ယွမ် ရရှိခဲ့သည်။ 】
…………
လင်းဖန်သည် စာအိတ်အနီများကို လက်ခံရရှိပြီးနောက်တွင် ဖုန်းကိုပြန်ချလိုက်သည်။ဖုန်းချပြီးခဏအကြာတွင်သူတို့မှာထားသောအရသာရှိသည့်ဟင်းပွဲများကိုလာချပေးသည်။
နှစ်ယောက်စလုံးသည်ဒီဟင်းတွေကအရမ်းစားကောင်းသောကြောင့်အရမ်းကျေနပ်နေကြသည်။
ထို့နောက်ချမ်ရီရီသည် အလှကုန်ကိစ္စကို ဆက်လက်ဖြေရှင်းရန် ကုမ္ပဏီသို့ပြန်လာခဲ့သည်။
လင်းဖန်ကတော့ပန်လုံဗီလာဆီသို့ ဦးတည်သွားခဲ့သည်။
“ကလင် ကလင်”
လင်းဖန်သည် ဗီလာထဲသို့ လှမ်းဝင်လိုက်သည်နှင့် သူ့အိတ်ကပ်ထဲရှိ လက်ကိုင်ဖုန်းက အသံမြည်လာခဲ့သည်။
“မစ္စတာလင်းလား?” ဖုန်းထဲမှာသူ မသိတဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ကျွန်တော်ပါ။” လင်းဖန်က ပြန်ပြောလိုက်သည်။
“မစ္စတာလင်း၊ မင်္ဂလာပါ၊ ကျနော်က ဖန်လုံလုံခြုံရေးကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဝမ်လီ ပါ။ အချိန်မရွေး အလုပ်စီစဉ်ရန်နှင့် လမ်းညွန်ရန် ဖန်လုံကုမ္ပဏီသို့ လာရန် ကြိုဆိုပါတယ်” ဟု ဝမ်လီက လေးစားစွာ ပြောကြားလိုက်သည်။
ဖန်လုံ လုံခြုံရေးကုမ္ပဏီ?
ဒါက ခုနကစာအိတ်အနီကနေ ရထားတဲ့ ကုမ္ပဏီမဟုတ်ဘူးလား။
အလုပ်စီစဉ်မလား?
လင်းဖန်၏ မျက်လုံးများသည် အနည်းငယ်တောက်ပကာ”ဖန်လုံ မှာ ထရပ်ကားရှိလား” လို့ မေးလိုက်သည်။
“ဟုတ်တယ်၊ ငါတို့မှာ ထရပ်ကား အမျိုးအစား အများကြီး ရှိပါတယ်။” ဝမ်လီ က ချက်ချင်းပြန်ဖြေလိုက်သည်။
လင်းဖန် က “ကောင်းပြီ၊ဒါဆို ကျန်ပေ့မြို့မှာရှိတဲ့ ပန်းလုံဗီလာ ကို ထရပ်ကားနှစ်စီး ပို့ပေးပါ တည်နေရာကို မင်းသိတယ်မလား။”
“သိပါတယ် မစ္စတာလင်း စိတ်ချပါ၊ ငါတို့ ပန်လုံဗီလာကို အချိန်တိုအတွင်း အမြန်ဆုံးလာခဲ့မယ်” ဝမ်လီကပြောလိုက်သည်။
လင်းဖန်သည် ဖုန်းချသွားပြီးနောက် ပလတ်စတစ်ပုံးကြီးများစွာကို သူဝယ်ခဲ့သည်။
ထို့နောက် ယွမ် သန်း ၅၀ ဖြင့် အလှကုန်ဆေးရည်(ရေ)၅၀၀၀ လီတာအား စနစ်မှ ဝယ်ယူခဲ့ပြီး ၎င်းတို့အားလုံးကို ပလပ်စတစ်ပုံးထဲသို့ ထည့်လိုက်သည်။
လင်းဖန်သည် အဝေးမှ ထရပ်ကားနှစ်စီး ဖြတ်မောင်းမလာမီတွင် အချိန်အနည်းငယ်သာ စောင့်ဆိုင်းခဲ့သည်။
ထရပ်ကား၏တွဲဖက်ယာဉ်မှူးနေရာမှဆင်းပြီးနောက် အမျိုးသားတစ်ဦးသည် လင်းဖန်ထံသို့ လျင်မြန်စွာလျှောက်လာပြီး “မင်္ဂလာပါ မစ္စတာလင်း။ ငါက မင်းနဲ့ ဖုန်းပြောခဲ့တဲ့ဝမ်လီပါ”
“မစ္စတာဝမ်၊ မင်္ဂလာပါ။” လင်းဖန်က ပြောလိုက်သည်။
ဝမ်လီ က “မစ္စတာလင်းမင်းငါ့ကိုအဲ့လိုမခေါ်ပါနဲ့၊ မစ္စတာလင်း မင်း ငါ့ကို ရှောင်ဝမ်လို့ပဲ ခေါ်ပါ။”
ဝမ်လီ ၏အသက်သည် 40 ကျော်ပြီဖြစ်သည်။
ရှောင်ဝမ် ?
လင်းဖန်က အဲ့လိုမခေါ်နိုင်ပေ။
“ဒါဆိုငါ မင်းကို အစ်ကို ဝမ်လို့ပဲခေါ်မယ်” လို့လင်းဖန်က ပြောလိုက်သည်။
“မခေါ်ပါနဲ့ အဲ့လို့ခေါ်တာကအဆင်မပြေဘူး” ဝမ်လီသည် စိတ်ရင်းမှန်ဖြင့်ပြောကာ အထပ်ထပ်အခါခါခေါင်းယမ်းလိုက်သည်။
အဆုံးမှာတော့ လင်းဖန် က သူ့ကို နာမည်ကိုတိုက်ရိုက်ခေါ်ဖို့ ရွေးချယ်ခဲ့သည်။ဒါကိုဝမ်လီကလဲ လက်ခံခဲ့သည်။
“ဝမ်လီ၊ မင်း ဒီပလပ်စတစ်ပုံးတွေကိုဟန်စီဒီ ကုမ္ပဏီကို ပို့ပေးပါ၊ မင်းတည်နေရာကို မင်းသိပါတယ်နော်။” လင်းဖန်က ပြောလိုက်သည်။
“မစ္စတာလင်း၊မင်း စိတ်မပူပါနဲ့၊ ငါတို့ အလုပ်ပြီးအောင်လုပ်ဖို့ အာမခံတယ်!” ဝမ်လီက သူ့ရင်ဘတ်ကို ပုတ်ပြီးပြောလိုက်သည်။
လုံခြုံရေးဝန်ထမ်းများစွာ၏အကူအညီဖြင့် အလှပြင်ဆေးရည် 5000L(လီတာ)ကို ထရပ်ကားထဲသို့ တင်ပြီး ဟန်စီဒီသို့မောင်းသွားခဲ့သည်။
ထိုအချိန်တွင် လင်းဖန်၏ ဆဲလ်ဖုန်း သည်အနည်းငယ် တုန်ခါသွားသည်။
မက်ဆေ့ချ်ပို့လိုက်တဲ့သူကသူ့ရည်းစား ကျူရီရှောင်ဆိုတာကိုသိတော့ဖုန်းကိုဖွင့်လိုက်သည်။
လင်းဖန်သည် ညတိုင်းလိုလို WeChat တွင် ကျူရီရှောင်နဲ့အမြဲလိုလိုဆက်သွယ်ခဲ့သည်။
သို့သော်လည်း သူမသည် ယခုလိုအချိန်တွင် မက်ဆေ့ချ်ပို့ရန် အစပြုခဲလှသည်။
ကျူရီရှောင်: လင်းဖန်၊ ငါ မင်းနဲ့ တစ်ခုခု ဆွေးနွေးချင်တယ်။
လင်းဖန်: ကောင်းပြီ၊ ငါဒီနေ့ဘာမှလုပ်စရာမရှိဘူးဆိုတော့၊ ငါမင်းဆီလာခဲ့မယ်လေ။ပြီးတော့ငါတို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့တာကြာပြီလဲဆိုတော့ တစ်ချက်ခုတ်နှစ်ချက်ပြန်ပေါ့။
ကျူရီရှောင်: မင်း လာမယ်ဆိုတော့ ငါပျော်တာပေါ့...!
ထို့နောက် Lamborghini Daniel(ကား)ကို မောင်းနှင်ပြီး လေဆိပ်ဆီသို့ မောင်းသွားခဲ့သည်။
လေဆိပ်ကို ရောက်တဲ့အခါ လင်းဖန်ရဲ့ ဆဲလ်ဖုန်းက အသံမြည်လာခဲ့သည်။
“ လင်းဖန်၊ မင်းတကယ်ပဲ အလှကုန်ပစ္စည်းတွေ အများကြီး ပို့လိုက်တာပဲ” ဖုန်းကို ကိုင်လိုက်သည်နှင့် တပြိုင်နက် ချမ်ရီရီ၏ စိတ်လှုပ်ရှားနေသော အသံ ထွက်ပေါ်လာသည်။
လင်းဖန် က “ဒါတွေက လုံလောက်ပြီလား”
ချမ်ရီရီကချက်ချင်း “အင်းလုံလောက်ပြီ! အလှကုန်ရေကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်တော့ ကမ္ဘာပေါ်ရှိ အလှကုန်ပစ္စည်းအားလုံးထက်အကျိုးသက်ရောက်မှု အဆတစ်ထောင်ကျော်ရှိတယ်ဆိုတာကို တွေ့ရှိခဲ့တယ်!”
“အဆတစ်ထောင်၊ သိလား ဒါကတစ်ကယ့်ကို မယုံနိုင်လောက်အောင်ပါပဲ”
“ဆိုလိုတာက ဒီအလှကုန်ရေရဲ့ အကျိုးသက်ရောက်မှုက စျေးကွက်ထဲက အလှကုန်ပစ္စည်းတွေနဲ့ လုံးဝကိုယှဉ်လို့မရဘူး။”
ချမ်ရီရီသည် ၎င်းအကြောင်းကိုပြောနေရင်းပြောနေရင်းသူမ၏လေသံမှာစိတ်လှုပ်ရှားမှုများဖြင့်ပြည့်နေသည်။
လင်းဖန် က “သိပါတယ် ငါထုတ်တဲ့ပစ္စည်းကအဲ့လောက်တော့ရှိမှာပေါ့။ပြီးတော့ အလှကုန်ဆေးရေကုန်ခါနီးကျရင်ပြောနော နောက်တစ်ခါ ထပ်ပို့ပေးမယ်”
နှစ်ယောက်သား စကားအနည်းငယ်ပြောပြီးနောက်ဖုန်းချလိုက်ကြသည်။
ထို့နောက် လင်းဖန်သည် လက်မှတ်ကို တိုက်ရိုက်စစ်ဆေးပြီး VIP လမ်းကြောင်းမှ လေယာဉ်ပေါ်သို့ တက်ခဲ့လိုက်သည်။
ကျန်ပေ့မြို့မှမှော်မြို့ သို့ တစ်နာရီကျော်လေယာဉ်စီးရမည်ဖြစ်သည်။
လင်းဖန်သည် ပထမတန်းစားခန်းရှိ ကျယ်ဝန်းသော ထိုင်ခုံပေါ်တွင် လှဲလျောင်းရင်းအိပ်မောကျကာ နိုးလာသောအခါတွင်မှော်မြို့သို့လေယာဉ်သက်ဆင်းနေပြီဖြစ်သည်။
လေဆိပ်မှ ဆင်းပြီးနောက် လင်းဖန်သည်တက္ကစီကို ခေါ်ပြီးမှော်တက္ကသိုလ်သို့သွားမယ်ဟုပြောကာတက်စီးလိုက်သည်။
လင်းဖန်သည် မှော်တက္ကသိုလ်သို့ ရောက်သောအခါတွင်ညနေ(၄)နာရီထိုးနေပြီဖြစ်သည်။
လင်းဖန်သည် သူ့လက်ကိုင်ဖုန်းကို ထုတ်ကာ ကျူရီရှောင် ထံ မက်ဆေ့ချ်ပို့လိုက်သည်။
သို့သော်ကျူရီရှောင် သည် အလုပ်များနေသောကြောင့်လင်းဖန်ပို့ထားတာကိုမသိလိုက်ပေ။
ထို့ကြောင့် ပထမအကြိမ် အကြောင်းမပြန်ခြင်းဖြစ်သည်။
လင်းဖန်သည် ကတော့ဒါတွေကိုနားလည်ပေးသည်။
နောက်ဆုံးအကြိမ်၊ သူသည် ကျူရီရှောင် ၏မွေးနေ့ပွဲကျင်းပရန် မှော်တက္ကသိုလ် သို့လာရောက်ခဲ့သော်လည်း ဤတက္ကသိုလ်သို့ သူလည်ပတ်ချိန်မရှိခဲ့ပေ။
ဒီနေ့ မှာတော့ အခွင့်အရေးတစ်ခုရှိသည်။
ကျန်ပေ့ တက္ကသိုလ်၏ အဆောက်အဦ အများစုသည် မြင့်မားပြီး ခေတ်မီပြီး ဆန်းသစ်သော လေထုနှင့် ပြည့်နေသည်။
မှော်တက္ကသိုလ်ကတော့ နှစ်ပေါင်းများစွာတည်ရှိနေတဲ့အငွေ့အသက်ကိုရပြီးပုံစံမှာလဲသမိုင်းဆန်သလိုခံစားရသည်။
လင်းဖန်သည် ကြည့်ရင်းလျှောက်ရင်းမသိလိုက်ပဲ စာသင်ခန်းကို ရောက်သွားခဲ့သည်။ ကျောင်းသားအများအပြားသည် ရှေ့ဆုံးသို့ အတူတူ ပြေးသွားကြသည်။
ဒါကိုကြည့်ပြီးလင်ဖန်းသည် ဟန်တီ ၏ အတန်းကို တွေးကာ မနေနိုင်ပေ။
မှော်တက္ကသိုလ်ရှိ ဤစာသင်ခန်းရှိ ဆရာမသည် ဟန်တီ ကဲ့သို့ လှပသော အမျိုးသမီးတစ်ဦးဖြစ်နိုင်ပါသလား။
နောက်ပြီး... ဒီနေ့ ပိတ်ရက် မဟုတ်ဘူးလား?
ဘာလို့ အတန်းတွေရှိနေတာလဲ။
လင်းဖန်သည် စူးစမ်းလိုစိတ်ဖြင့် စာသင်ခန်းထဲသို့ လျှောက်သွားကာ ထောင့်စွန်းရှိ ကျန်နေရာအနည်းငယ်ထဲမှ တစ်ခုတွင်ထိုင်ချလိုက်သည်။
“ဒင်!”
ကျယ်လောင်သော အသံတစ်ခုကြားလိုက်ပြီးနောက် စာသင်ခန်းတစ်ခုလုံးချက်ချင်း တိတ်ဆိတ်သွားတော့သည်။
လင်းဖန်နှင့် ကျောင်းသားများစွာ၏မျှော်လင့်ချက်အောက်တွင် အသက် ၄၀ ခန့်ရှိ ဆံပင်စည်းထားသော အမျိုးသမီး ပါမောက္ခတစ်ဦးသည် ကျောင်းစာအုပ်တစ်အုပ်နှင့်အတူ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
လင်းဖန်သည် သူ့မျက်နှာတွင် သံသယဖြစ်သောအမူအရာကိုမပြပဲမနေနိုင်ပေ။
ဘာလို့ လှပတဲ့ ဆရာမ မဖြစ်တာလဲ။
ဒါပုံစံပါမောက္ခကို လူတိုင်းက ဘာလို့ အရမ်းတက်ကြွနေကြတာလဲ။
ဒါကိုတွေ့ပြီးနောက်လင်းဖန်သည် ယခု ဘယ်သွားရမည်ကို မသိတော့ပေ။
ထို့ကြောင့် သူသည် စာသင်ခန်းထဲတွင် တစိုက်မတ်မတ် ထိုင်နေလိုက်သည်။
ထုံးစံအတိုင်း အမျိုးသမီး ပါမောက္ခက လင်းဖန်ကို လျစ်လျူရှုပြီး သူ့မကိုယ်ပိုင်သင်တန်းကို စတင်ခဲ့သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး