← Chapters

ရည်းစားက ပိုအရေးကြီးတယ်

Vol. 11 Ch. 152

ရည်းစားက ပိုအရေးကြီးတယ်

Vol. 11 Ch. 152

ဒီအမျိုးသမီး ပါမောက္ခသည် စီးပွားရေးဆရာမတစ်ယောက်ပင်ဖြစ်သည်။

သူမ၏အသံသည် ပြတ်သား၊ ချိုမြိန်ပြီး အလွန်သာယာလှသည်။ အသက် ၄၀ အရွယ်ရှိသူတစ်ဦးနှင့် လုံးဝမတူပေ။

အမျိုးသမီး ပါမောက္ခသည် ဟောပြောချက်တွင် အချက်အလက်များကို ပေါင်းစပ်လိုက်ပြီး ၎င်းတို့သည် ယုတ္တိကျသောကြောင့် ပိုမိုဆွဲဆောင်မှုရှိသည်။

လင်းဖန်သည်ကတော့ဒါတွေကိုနားမထောင်ပေ။

သို့သော် မကြာမီတွင် လင်းဖန်က မျက်မှောင်ကြုတ်လိုက်သည်။

အကြောင်းမှာ၊ ယခုအချိန်တွင် အမျိုးသမီးပါမောက္ခသည် စီးပွားရေးပြောင်းလဲမှုများကို ရှင်းပြရန် သင်္ချာပုံသေနည်းများကို အသုံးပြုနေသောကြောင့်ဖြစ်သည်။

လင်းဖန်သည် စီးပွားရေးအကြောင်း သိပ်မသိပေ။

သို့သော်၊ သူသည် သင်္ချာပညာတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်မှာ သေချာသည်။

အမျိုးသမီး ပါမောက္ခ၏ ဖော်မြူလာ မှာမှားယွင်းကြောင်း သူ အလွယ်တကူ ပြောနိုင်သည်။

လင်းဖန်သည် နားထောင်ရင်းနားထောင်ရင်းတဖြည်းဖြည်းပို၍မှားလာခဲ့သည်ကိုတွေ့လိုက်သည်။

နောက်ဆုံးတွင် လင်းဖန်သည် မတ်တတ်ရပ်ကာ “ဆရာမ၊ မင်းရဲ့ တွက်ချက်မှု မှားနေတယ်” လို့ ပြောလိုက်သည်။

ထိုစကားများထွက်လာသည်နှင့် တပြိုင်နက် စာသင်ခန်းတစ်ခုလုံးချက်ချင်း တိတ်ဆိတ်သွားတော့သည်။

အားလုံးကလင်းဖန်ကို သာစူးစိုက်ကြည့်နေကြသည်။

စင်မြင့်ပေါ်တွင် ရပ်တည်နေသူမှာ မူဒန်တက္ကသိုလ်မှ ဂုဏ်သိက္ခာရှိသော စီးပွားရေးပါမောက္ခတစ်ဦးဖြစ်သည်။

သူမသည် တရုတ်နိုင်ငံတစ်ဝှမ်းတွင်ပင် နာမည်တစ်နေရာယူထားသည်။

ဒါတောင်သူမ.ကဖော်မြူလာ(ပုံသေနည်း)မှားနေတာလား။

ဟာသပဲ! ?

အမျိုးသမီး ပရော်ဖက်ဆာက စိတ်မဆိုးဘဲ၊ ‘’ဒီကကျောင်းသားက ဘယ်ပုံသေနည်းက မှားနေတယ်လို့ ထင်လဲ’’လို့ မေးလိုက်သည်။

“အားလုံးပဲ။” လင်းဖန်က တိုက်ရိုက်ပြန်ဖြေလိုက်သည်။

ထိုအချိန်တွင် အမျိုးသမီး ပါမောက္ခသည် ငြိမ်သက်ခြင်းမရှိတော့ပေ။

ခဏကြာတော့ သူက ရယ်စရာကောင်းတဲ့ လေသံနဲ့ “ဒါဆို မင်းဒါကိုဘယ်လိုတွက်မလဲ”လို့မေးလိုက်သည်။

သူ့ကိုဒီလိုပြောတဲ့အတွက် လင်းဖန်သည်လဲသဘာဝအတိုင်း နောက်ပြန်ဆုတ်သွားတော့မှာ မဟုတ်ပေ။

ဒါကြောင့်သူသည် စင်မြင့်ဆီသို့ တည့်တည့်လျှောက်သွားကာ စာရေးဘောပင်ကို ကောက်ယူပြီးအမျိုးသမီး ပါမောက္ခ၏ မူလအချက်အလက်အတိုင်း အမြန်ရေးသားလိုက်သည်။

Ed=dQ/dp*p/Q=GB/CG*CG/OG……

“ဒါ ဒါ ဒါ!”

ရုတ်တရက်၊ စာသင်ခန်းတစ်ခုလုံးတွင် ပြင်းထန်သော ဒရမ်ရိုက်သံကဲ့သို့ ဘောပင်သံများဖြင့်ပြည့်နှက်သွားတော့သည် ။

အစပိုင်းတွင် အမျိုးသမီး ပါမောက္ခသည် စိတ်အေးလက်အေးနှင့် ဘာမှမထူးခြားသေးပေ။

အဘယ်ကြောင့်ဆိုသော် သူမရေးခဲ့သော တွက်ချက်မှုများအပေါ် အလွန်ယုံကြည်မှုရှိသောကြောင့်ဖြစ်သည်။

သို့သော် ကျောင်းသားများ၏ စူးစမ်းရှာဖွေလိုသောစိတ်ဓာတ်ကို မဖျက်စီးဘဲ သဘောတရားအရ အမျိုးသမီး ပါမောက္ခ သည်လင်းဖန်အား ကျောက်သင်ပုန်းပေါ်တွင် ဖော်မြူလာအသစ်များ ရေးသားခွင့်ပေးလိုက်သည်။

သို့သော်……

အချိန်ကြာလာသည်နှင့်အမျှ အမျိုးသမီး ပါမောက္ခ၏ တည်ငြိမ်သော မျက်နှာပေါ်တွင်ထူးဆန်းသော အမူအရာတစ်ခုထွက်ပေါ်လာသည်။

ထို့နောက် သူမသည်တဖြည်းဖြည်းချင်းလေးနက်လာတော့သည်။

နောက်အဆုံးမှာတော့ စိတ်လှုပ်ရှားစရာအဖြစ်သို့ ပြောင်းလဲသွားသည်။

ဘာလို့လဲဆိုတော့ လင်းဖန်၏ တွက်ချက်မှုများသည်သူမထက်အဆမတန်ကောင်းသောကြောင့်ပင်ဖြစ်သည်။

ခဏအကြာတွင် ကျောက်သင်ပုန်းပေါ်တွင်ရှိသောနေရာလွတ်များသည်ပြည့်သွားတော့မလိုဖြစ်သွားသည်။

အမျိုးသမီး ပါမောက္ခက ဒါကိုမြင်ပြီးနောက်လုံးဝမတွန့်ဆုတ်ပဲ ဝီရိယအရှိဆုံး လက်ထောက်တစ်ယောက်လို သူမရေးထားတဲ့ တွက်ချက်မှုတွေအားလုံးကို အမြန်ဖက်ပစ်လိုက်သည်။

ဒီတော့ လင်းဖန်က ဆက်ပြီး တွက်လိုက်ပြန်သည်။

TC=TFC+TVC

FVC=TVC(Q)

…………

တဖြည်းဖြည်းနဲ့ ကျောက်သင်ပုန်းတစ်ခုလုံး သည်လင်းဖန်တွက်တာကြောင့် ပြည့်လုနီးပါးပြန်ဖြစ်သွားသည်။

သို့သော် သူသည်ရပ်တန့်ရန် မရည်ရွယ်သေးပေ။

လင်းဖန်သည်ဒါကိုပိုမြန်အောင် ရေးနိုင်သည်။

ထို့အပြင်၊ ရေးထားသောဖော်မြူလာ(ပုံသေနည်း)သည် ကျောက်သင်ပုန်းပေါ်တွင် အမျိုးသမီးပါမောက္ခ ရေးခဲ့သည့်အတိုင်း တော့မဟုတ်ပေ။

ယင်းအစား၊ ပိုမိုရှုပ်ထွေးပြီးချဲ့ထွင်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် နိဒါန်းပျိုးခြင်းတို့ဖြင်တွက်ချက်ခဲ့သည်။

ဒါတောင် အကျဉ်းချုပ်ပဲရှိသေးသည်။

ဒါကိုမြင်ပြီးနောက်အမျိုးသမီး ပါမောက္ခ၏ နှလုံးခုန်နှုန်းများသည်တဖြည်းဖြည်းမြန်လာခဲ့သည်။

ပထမတန်းမှာထိုင်နေတဲ့ ကျောင်းသားတွေကို ကြည့်ပြီး’’ရုံးခန်းကိုသွားပြီး ကျောက်သင်ပုန်းဆယ်ပြား ယူလာပြီးမြန်မြန်လာပါ!”

အမျိုးသမီး ပါမောက္ခ၏ လေသံမှာ စိတ်အားထက်သန်မှု အပြည့်ရှိနေသည်။

တွက်ချက်ရာတွင် လူများစွာသည် လှုံ့ဆော်မှုအငွေ့အသက်ကို အားကိုးကြောင်း သူမနားလည်သောကြောင့်ဖြစ်သည်။

ဒီသံစဉ်အတိုင်း ဆက်ပြီးတွက်နေရင် အောင်မြင်ဖို့ အလားအလာရှိသည်။(သံစဉ်ဆိုတာကတွက်ဖို့ပဲအာရုံစိုက်နေတာကိုပြောတာပါ)

ဒါပေမယ့် တစ်ခါတည်းလဲတွက်တာဟာမီားသွားနိုင်သည်။

ဒါကြောင့်ဒါကအောင်မြင်ဖို့ မလွယ်ပေ။

လင်းဖန် အခု အကျဉ်းချုပ်ရေးထားတာက အောင်မြင်ရင်... စီးပွားရေးစက်ဝိုင်းတစ်ခုလုံးကို အာရုံခံစားမိစေမှာ သေချာသည်။

အဲဒါကို တွေးကြည့်ရုံနဲ့ အမျိုးသမီး ပါမောက္ခရဲ့ နှလုံးသားက ထပ်ပြီး မမြန်ပဲမနေနိုင်ပေ။

ပထမတန်းတွင်ထိုင်နေသော ကျောင်းသားများသည် လင်းဖန်ရေးနေသည်ကို နားမလည်ပေ။

သို့သော်လည်း အမျိုးသမီး ပါမောက္ခ၏ စိတ်အားထက်သန်မှုနှင့် တင်းမာသော လေသံကို သူတို့ကြားလိုက့ရသည်။

ထို့ကြောင့် သူတို့သည် လုံးဝမတွန့်ဆုတ်ဘဲ ရုံးဆီသို့ အမြန်ပြေးသွားကြသည်။

ခဏအကြာတွင် ကျောက်သင်ပုန်းငယ် ၁၀ လုံးကို ယူဆောင်လာခဲ့ကြသည်။

“ဒါ ဒါ ဒါ!”

ထိုအချိန်တွင် လင်းဖန်သည် တွက်ချက်မှုတွင် သူ့ကိုယ်သူ မြှုပ်နှံထားပြီးဖြစ်သည်။

ကျောက်သင်ပုန်းလေးကို ကိုင်ပြီး လုံးဝမရပ်ဘဲ ဆက်ရေးနေခဲ့သည်။

【ဒင်း! လုံးဝကိုအာရုံစိုက်ခြင်းလှုံ့ဆော်မှုတစ်ခုကိုဖန်တီးပါ။ 】

“ဒါ ဒါ ဒါ!”

လင်းဖန်၏ စာရေးအမြန်နှုန်းကလဲ ပိုမြန်လာတော့သည်။

ဖော်မြူလာများ(ပုံသေနည်း)အားလုံးကိုရှုပ်ထွေးသော တွက်ချက်မှာများကိုအကျဉ်းကျုပ်ပြီးတွက်ချက်နေသည်။

“ကလင် ကလင်!”

ထိုအချိန်တွင် လင်းဖန်၏ အိတ်ကပ်ထဲမှ ဆဲလ်ဖုန်းသည် အသံမြည်လာခဲ့သည်။

လင်းဖန်သည် သူ့လက်ထဲတွင် စာရေးဘောပင်ကို မချနိုင်ဘဲ ဖုန်းကို ကိုင်လိုက်သည်။

“ကောင်းပြီ ငါဒီကိုလာခဲ့မယ်။”

လင်းဖန်သည် ဖုန်းချသွားပြီးနောက် စာသင်ခန်းအပြင်ဘက်သို့ လှည့်ထွက်သွားလိုက်သည်။

အမျိုးသမီး ပါမောက္ခက စိုးရိမ်တကြီးနဲ့ “အတန်းဖော် မင်းဘယ်သွားမလို့လဲ”

ဖော်မြူလာ အောင်မြင်တော့မည်ဆိုတာကို သူမမြင်ခဲ့သည်။သို့သော ယခုအချိန်တွင် တွက်ချက်ခြင်းရပ်သွားခဲ့သည်။

သူ့မ၏နှလုံးသားထဲမှာ ပုရွက်ဆိတ်တွေ တွားသွားသလိုမျိုး အလွန် စိတ်မသက်မသာ ဖြစ်စေသည်။

“အိုး၊ ငါ့ကောင်မလေးက ငါ့ကိုစောင့်နေလို့.. ငါသူ့မစီကိုသွားမလို့။” လင်းဖန် က “ဘာပဲဖြစ်ဖြစ် ငါကမင်းရဲ့ကျောင်းသားမဟုတ်ဘူးလေ”ဟုပြောလိုက်သည်။

အမျိုးသမီး ပရော်ဖက်ဆာက လင်းဖန်၏ စကားကို လုံးဝ ဂရုမစိုက်ဘဲ “အတန်းဖော်၊ အခုမင်းဘာရေးထားလဲ သိလား”

“မင်းဆက်လက်၍ မှန်ကန်ကြောင်း အတည်ပြုနိုင်ပါက၊ ၎င်းသည် စီးပွားရေးဆိုင်ရာ သီအိုရီတစ်ခု ဖြစ်လာနိုင်သည်။ ပြီးတော့မင်းကစီးပွားရေး နိုဘယ်လ်ဆုကို ဆွတ်ခူးနိုင်ပေလိမ့်မည်။”

အမျိုးသမီး ပါမောက္ခက ဒီလိုပြောတဲ့အခါ သူမရဲ့ အသံက ပိုကျယ်လောင်လာခဲ့သည်။

နိုဘယ်လ်ဆုသည် ပညာရေးနှင့် သိပ္ပံဆိုင်ရာ သုတေသီအားလုံးအတွက် အထူးခြားဆုံး ဂုဏ်ထူးဆုတစ်ခုပင် ဖြစ်သည်။

လင်းဖန် က “ဟုတ်လား။”

စကားပြောပြီးနောက် စာသင်ခန်းအပြင်ဘက်သို့ ဆက်လျှောက်သွားခဲ့သည်။

နိုဘယ်လ်ဆုရရန် အခွင့်အလမ်းတွေ့နေပြီကိုဒီအတိုင်းထွက်သွားတာလား။

အမျိုးသမီး ပရော်ဖက်ဆာက ဒီလိုမျိုး ဖြစ်လာဖို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

သူမ ခဏတာ ထိတ်လန့်သွားသည်။

ထို့နောက် သူမက အလျင်အမြန် လှမ်းအော်လိုက်ပြီး “အတန်းဖော်၊ အတန်းဖော်!”

သို့သော်ထိုအချိန်တွင် လင်းဖန်သည် သူမလုံးဝဝေးသွားခဲ့ပြီဖြစ်သည်။

နိုဘယ်လ်ဆု?

လူတော်တော်များများအတွက် ဒါက တကယ်ကို ဆွဲဆောင်မှုတစ်ခုပင်ဖြစ်သည်။

ဂုဏ်သိက္ခာ၊ ကျော်ကြားမှုနှင့် ငွေကြေးကို ကိုယ်စားပြုသောကြောင့်ပင်ဖြစ်သည်။

သို့သော် လင်းဖန်သည် ဒါတွေကိုဂရုမစိုက်ပေ

ကျော်ကြားမှု?

ဒါ သူ မလိုလားတဲ့အရာပါ။

သူနာမည်ကြီးလာတဲ့အခါ သူရဲ့ပုံမှန်ဘဝက လုံးဝကို ထိခိုက်လာလိမ့်မည်ဖြစ်သည်။

ပိုက်ဆံ ?

လင်းဖန်သည် ဒါကိုလုံးဝမချို့တဲ့ပေ

ထို့ကြောင့် ဤအရာသည် လင်းဖန်အတွက် တကယ်ကို ဆွဲဆောင်မှု မရှိပေ။

နှိုင်းယှဉ်ပြောရလျှင် ကျူရီရှောင်ကို စောစောတွေ့ဖို့က ပိုအရေးကြီးသည်။ ယခုအချိန်တွင် ကျူရီရှောင်သည် ကျောင်းတံခါးဝတွင် စောင့်နေသည်။

ယနေ့တွင်ကျူရီရှောင်သည် အဖြူရောင်ဇာဂါဝန်ကို ၀တ်ဆင်ထားပြီး ပြီးပြည့်စုံသော ရုပ်ပုံလွှာနှင့် နှင်းလိုဖြူသောအသားအရည်ကြောင့်သူမ၏ပုံစံမှာသေမျိုးကမ္ဘာမှ နတ်သမီးကဲ့သို့ပင် လွန်ကဲစွာ လှပနေပါသည်။

ယောက်ျားလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ် ဖြတ်သွားသူတိုင်းက သူမကို မကြည့်ပဲမနေနိုင်ကြပေ။

ကျူရီရှောင်၏ပုံစံသည်မိန်းကလေးတွေကတော့ မနာလိုစရာပင်ဖြစ်သည်။

ဒါပေမယ့် အမျိုးသားတွေအတွက်တော့ ဒါဟာသူတို့ရဲ့အိမ်မက်နတ်သမီးပင်ဖြစ်သည်။

လင်းဖန်သည် အဝေးမှ လမ်းလျှောက်လာသောအခါ ကျူရီရှောင်၏ လှပသော မျက်နှာသည် နွေဦးလေပြေကဲ့သို့ ချက်ချင်းတောက်ပသွားခဲ့သည်။

ထို့နောက် ကျူရီရှောင်သည် လင်းဖန်အနားရောက်သည်နဲ့လင်းဖန်ရင်ရင်ခွင်ထဲသို့ခေါင်းတိုးကာဖက်လိုက်သည်။

ထိုအချိန်တွင်သူမဘေးရှိအမျိုးသားများသည်ရင်ထဲတွင်မှန်ကွဲသလိုမျိုး’’ခွပ် ခွပ် ခွပ်’’ဟုအသံမြည်နေကြတော့သည်။

မနက်ဖြန်၅ပိုင်းတင်ပေးပါမယ်😁😁😁။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters