← Chapters

နေရာငှားရန်

Vol. 11 Ch. 153

နေရာငှားရန်

Vol. 11 Ch. 153

လင်းဖန်နှင့် ကျူရီရှောင်တို့သည် နှစ်ပေါင်းများစွာမတွေ့ရသောချစ်သူနှစ်ယောက်လို

နှစ်ယောက်သား အချိန်အကြာကြီး ပွေ့ဖက်ထားကြသည်။

“ဂလူ!”

ထိုအချိန်တွင်၊ ကျူရီရှောင်၏ဗိုက်သည် ရုတ်တရက် အသံမြည်လာခဲ့သည်။

ကျူရီရှောင်သည်အသံကိုကြားပြီးနောက် သူမ၏ လှပသောပါးပြင်များသည် နီမြန်းလျက်ရှိနေသည်မှာအလွန်လှပသည်။

လင်းဖန်က ပြုံးပြီး “ဗိုက်ဆာနေတာလား ဒါဆို ထမင်းအရင်သွားစားရအောင်။”

လင်းဖန်စကားကိုကြားပြီးနောက်ကျူရီရှောင်ကခေါင်းညိတ်လိုက်သည်။

JEစားသောက်ဆိုင်သည်မိုတူ၏ကမ်းစပ်တွင်တည်ရှိသည်။JE စားသောက်ဆိုင်သည် မိုတူရှိဇိမ်ခံအနောက်တိုင်းစားသောက်ဆိုင်များထဲမှတစ်ခုအပါအဝင်လဲဖြစ်သည်။

ပတ်ဝန်းကျင်၏ပုံစံသည်သာယာအေးချမ်းနေပြီးအလှဆင်ထားသောကြောင့်ဇိမ်ခံတဲ့ခံစားချက်ကိုရသည်။(ဇိမ်ခံကအဆင့်အတန်းမြင်တာကိုပြောတာပါ)

JEစားသောက်ဆိုင်တွင်လင်းဖန်နှင့် ကျူရီရှောင်တို့သည် ချိုသာသော အပြုံးများကိုယ်စီဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည် ။

လင်းဖန်သည် Lafite 1982(ဝိုင်) ကို ဒေါက်ပါဖန်ခွက်ထဲသို့ လောင်းချပြီးနောက် ကျူရီရှောင်ကိုလဲထည့်ပေးလိုက်သည်။ထို့နောက်သူကဖန်ခွက်ကို ကျူရီရှောင် နှင့် တိုက်လိုက်ပြီးသောက်လိုက်သည်။

ဝိုင်သည် လည်ချောင်းထဲသို့ ရောက်သည် သူစားထားသောအရသာများနှင့်အလွန်လိုက်ဖက်လှသည်ဟုလင်းဖန်ကတွေးလိုက်သည်။

…………

ရှန်းလှဟိုတယ်။

ဟိုတယ်အခန်းထဲတွင်ကျူရီရှောင်သည် ခေါင်းငုံ့ထားကာ သူမ၏ လှပသော မျက်နှာသည် နီမြန်းနေသည်။

လင်းဖန်သည် ချစ်စရာ ယုန်လေးတစ်ကောင်လို ရှက်ရွံ့နေသောသူမကို ကြည့်ပြီး အရမ်းကိုချစ်ချင်သွားတော့သည်။ဒါကြောင့်လင်းဖန်က

“ကိုယ်အရင် ရေချိုး​လိုက်အုံးမယ်နော်​”ဟုပြောလိုက်သည်။

လင်းဖန်ရေချိုးခန်းကထွက်သည်နဲ့ကျူရီရှောင်ကိုဘယ်လောက်ချစ်ကြောင်းကိုသက်သေပြတော့သည်။

…………

နောက်တစ်နေ့။

နေမင်းသည်အရှေ့အရပ်ကနေထွက်လာသည်။

ကျူရီရှောင်မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

လင်းဖန်သည် သူမ၏ပျော့ပျောင်းသောဆံပင်ကို ပွတ်သပ်ကာ “နိုးပြီလား။ မနေ့က မင်းတော်တော်ပင်ပန်းထားတယ်ဆိုတော့ မင်းရဲ့ ခွန်အားကိုအမြန် ဖြည့်တင်းဖို့ အတွက်တစ်ခုခုသွားစားမယ်” လို့ပြောလိုက်သည်။

မနေ့ညက ကိစ္စကိုသူမကိုပြန်တွေးမိလိုက်ရာမနေနိုင်ပဲသူမရဲ့ နှင်းလိုဖြူတဲ့ မျက်နှာပေါ်မှာ ရှယ်စိတ်များကြောင့်အနီရောင်များပင်ပေါ်လာသည်။

ခဏအကြာတွင်ကျူရီရှောင်သည်ရေချိုးပြီးနောက်၊ သူမသည် ပင်လယ်စာခေါက်ဆွဲပန်းကန်လုံးကြီးတစ်လုံးကိုစားပြီး ပဲနို့တစ်ခွက်သောက်လိုက်ရာသူမ၏မျက်နှာပေါ်တွင် စိတ်ကျေနပ်သောအမူအရာတစ်ခုကိုပြသခဲ့သည်။

ထမင်းစားပြီးနောက် သူမသည်သူမ၏ လက်ကိုင်ဖုန်းကို ထုတ်ကာ ပို့ထားသောမက်ဆေ့ချ်များကို ကြည့်လိုက်သည်။

မနေ့ကဆရာမသည် အဖွဲ့ထဲမှာ သတင်းတွေ အများကြီးပို့ထားတာကိုကျူရီရှောင် တွေ့လိုက်ရသည်။

ကောင်းလင်း: အတန်းဖော် နင်သိလား။ အခုပဲ၊ ငါတို့ရဲ့ စီးပွားရေးပညာက ငါတို့ကျောင်းမှာ သီအိုရီဖော်မြူလာတစ်ခု ပေါ်လာလုနီးပါးပဲ။ ဒါက ဘာကိုဆိုလိုတယ်ဆိုတာ နားလည်တယ်မလား။

ကောင်းလင်း- မသိလဲပြောပြမယ်။အဲဒါက ငါတို့ကျောင်းက စီးပွားရေး နိုဘယ်လ်ဆု ရဖို့ ရှိတယ်ဆိုတာပင်ဖြစ်သည်။

ကောင်းလင်း- ငါသင်္ချာပညာမှာ ဒီလောက် အရည်အချင်းရှိတဲ့ ကောင်လေးကိုငါ့တစ်သက်လုံးမတွေ့ဖူးဘူး။

ကောင်းလင်း: ဒါပေမယ့် ကောင်လေးက သူ့ကောင်မလေးရဲ့ ဖုန်းခေါ်ဆိုမှုကြောင့် ဆက်ပြီးမတွက်တော့ဘူးလေ။

ကောင်းလင်း : ငါ...တကယ် စိတ်ဆိုးနေတာပဲ ယောင်္ကျားတစ်ယောက်သည်ချစ်သူကြောင့်တိုင်းပြည်နဲ့ လူမျိုးများကို ထိခိုက်စေတယ်လို့ လူအများက ပြောကြတာ အံ့သြစရာ မရှိတော့ဘူး။ယခုဒါက သက်ရှိဥပမာတစ်ခုပင်ဖြစ်သည်။ဒါကြောင့် ကျောင်းသားတို့၊ သတိထားကြပါ။

…………

ကျူရီရှောင်က ဒါကိုမြင်ပြီး အံ့အားသင့်သွားတယ် - “သူ့ကောင်မလေးရဲ့ဖုန်းခေါ်ဆိုမှုကြောင့် စီးပွားရေးသီအိုရီဖော်မြူလာကို စွန့်လွှတ်လိုက်တာ၊ သူဘာလို့အဲ့လိုလုပ်ရတာလဲ!”

ဒါကို လင်းဖန် ကြားလိုက်တာနဲ့ ဒီစာကြောင်းက နည်းနည်းရင်းနှီးနေသလို ခံစားလိုက်ရသည်။

ဒါကြောင့်လင်းဖန်သည်သူမ၏ လက်ကိုင်ဖုန်းစခရင်ကို တစ်ချက်ကြည့်လိုက်သည်။

ကျူရီရှောင် က “သူ့ရည်းစားက တိုင်းပြည်နဲ့ လူမျိုးတွေအတွက် တကယ့်ကို ဘေးဒုက္ခပဲ”

ကျူရီရှောင်သည် စီးပွားရေးကျောင်းသားတစ်ဦးဖြစ်ပြီး ကောင်းလင်း၏ကျောင်းသူလည်းဖြစ်သည်။

စီးပွားရေး သီအိုရီ ဖော်မြူလာများရဲ့ အဓိပ္ပါယ်ကို သူမက ရှင်းရှင်းလင်းလင်း သိသည်။

သီအိုရီများနှင့် ဖော်မြူလာများရှိပါက ပြဿနာများစွာကို အလွယ်တကူ ဖြေရှင်းနိုင်မည်ဖြစ်သည်။

ပြီးတော့ နိုဘယ်လ်ဆုကိုတောင်ရအုံးမဘ်ဖြစ်သည်။

“အဟွတ် အဟွတ် အဟွတ်!”

လင်းဖန်သည် ဒါကိုကြားပြီးနောက်ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်သည်။

တိုင်းပြည်နဲ့ လူမျိုးအတွက် ဘေးဒုက္ခ။

လင်းဖန်သည် ကျူရီရှောင်အား တိုင်းပြည်နှင့်လူမျိုးကို ထိခိုက်နစ်နာစေသော ဤအမျိုးသမီးသည် သူ့မကိုယ်သူမဖြစ်ကြောင်းကိုငါပြောပြသင့်သလား။

နောက်ဆုံးမှာလင်းဖန်ကမပြောဖို့ဆုံးဖြတ်လိုက်သည်။

ကျူရီရှောင်က လင်းဖန် ရဲ့ နောက်ကျောကို ပုတ်ပြီး “လင်းဖန် မင်းအဆင်ပြေရဲ့လား “

“ငါ..အဆင်ပြေပါတယ်။” လင်းဖန်က သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။

ခေတ္တနားပြီးနောက် သူက “မနေ့က ဆွေးနွေးစရာရှိတယ်ဆို”

ဒီအကြောင်းပြိးနောက်ကျူရီရှောင်”အရင်ကငါ ဘွဲ့ရပြီးရင် ကျန်ပေ့ကိုသွားပြီးမင်းနဲ့အတူနေမလို့စိတ်ကူးခဲ့တယ်”

“ဒါပေမယ့် လွန်ခဲ့တဲ့ရက်အနည်းငယ်က ငါရဲ့အကြီးတန်းညီအစ်မနှစ်ယောက်ကမှော်မြို့မှာ ရင်းနှီးမြုပ်နှံမှုကုမ္ပဏီတစ်ခုကို အတူတူဖွင့်ဖို့ ဖိတ်ခေါ်ခဲ့တယ်၊ ပြီးတော့ ငါ့ဆရာမက လဲဒီကိစ္စကို ထောက်ခံခဲ့တယ်။”

“ဒါကြောင့်ငါမင်းရဲ့ထင်မြင်ချက်ကို သိချင်တယ်”

လင်းဖန်သည်ကျူရီရှောင်ကိုကြည့်လိုက်ရာသူမ၏မျက်လုံးများထဲတွင်ဒီအလုပ်ကိုလုပ်ချင်တယ်ဆို့တဲ့ရေိပ်ယောင်များရှိသည်ကိုတွေ့တာနဲ့လင်းဖန်ကမတုန့်ဆိုင်းပဲ”မင်းလုပ်ချင်တာကို လုပ်လို့ရတယ်။”ဟုပြောလိုက်သည်။

ကျူရီရှောင်သည် လင်းဖန်၏ ရင်ခွင်ထဲဝင်လိုက်ပြီး “လင်းဖန်၊ ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။

“ဘာကိုကျေးဇူးတင်တာလဲ။မင်းရဲ့ အသက်မွေးဝမ်းကြောင်းကို ပံ့ပိုးပေးတာက ငါလုပ်သင့်တဲ့အရာပဲ” လင်းဖန်က ပြုံးလိုက်ပြီး “ဘာပဲဖြစ်ဖြစ် မင်း ကုမ္ပဏီကိုဘယ်မှာ စမှာလဲ”

ကျူရီရှောင်က “ငါ့ရဲ့ အကြီးတန်းညီအစ်မနှစ်ယောက်ကိုဒီနေ့မှာ နေရာစုံစမ်းဖို့ ချိန်းထားတယ်။”

လင်းဖန်က ခေါင်းညိတ်ပြီး “ကောင်းပြီ၊ ဒါဆို ငါ လဲမင်းနောက်လိုက်ကြည့်မယ်” လို့ပြောလိုက်သည်။

“အင်” ကျူရီရှောင်က ဝမ်းသာအားရပြောလိုက်သည်။

ထို့နောက် လင်းဖန် နှင့် ကျူရီရှောင်တို့သည်ချိန်းဆိုထားသည့် စတတ့်ဘန့်ကော်ဖီဆိုင်သို့ ရောက်လာကြသည်။

ထိုအချိန်တွင် လှပသော မျက်နှာသွင်ပြင်နှင့် အင်္ကျီအဖြူဝတ်ထားသော ခန္ဓာကိုယ်လှပသည့် အမျိုးသမီးနှစ်ဦးသည်ကော်ဖီသောက်ကာ စာရွက်စာတမ်းများကို ကြည့်နေကြသည်။

သူတို့သည် ကျူရီရှောင်၏ အကြီးတန်း(စီနီယာ)ညီမနှစ်ယောက်ပင်ဖြစ်သည်။

သို့သော် ဤလူနှစ်ယောက်၏ အသွင်အပြင်သည် ကျူရီရှောင် နှင့် ကွာဟချက်အချို့ ရှိနေသေးသည်။

သို့သော် မျက်နှာတန်ဖိုးသည် ၈၅ မှတ် သို့မဟုတ် ထို့ထက်ပို၍ရှိနိုင်သည်... ၎င်းသည် ကြီးကျယ်သောအလှတစ်ခုမဟုတ်ပေမဲ့ အလွန်ရှားပါးသောအလှလေးများသည်။

“ရီရှောင် မင်းဒီမှာလား။”

“မနက်စာစားပြီးပြီလား”

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်ကြသည်။

ကျူရီရှောင်က “ငါ မနက်စာစားပြီးပြီ...ဒါက ငါ့ချစ်သူ လင်းဖန် ‘’သူမကမိန်းကလေးနှစ်ယောက်ကိုကြည့် “လင်းဖန်ဒါက ညီမ လူ နဲ့ ညီမ ဖန်ပါ။ ‘’ဟုမိတ်ဆက်ပေးလိုက်သည်။

လင်းဖန်က “မင်္ဂလာပါ”

အကြီးတန်းညီမ လူက “လင်းဖန်၊ မင်းရဲ့ အရည်အချင်းတွေက တော်တော်ကောင်းတယ်။ မင်းကရီရှောင်လို အရမ်းကောင်းတဲ့ မိန်းကလေးကိုတောင် လိုက်နိင်ခဲ့သေးတယ်။”

“ အဓိကကတော့ ကျနော့ရဲ့ ချောမောတဲ့ မျက်နှာကြောင့်လေ။” လင်းဖန်က ပြောလိုက်သည်။

“ဟား ဟား” အကြီးတန်းညီမ လူက မပြုံးပဲမနေနိုင်ပေ။

သူ့ဘေးနားရှိ ညီအစ်မ ဖန် က တော့ဘာမှမပြောပေ။

သူမသည်လက်ထဲက ဖိုင်တွေကို ခဏလောက်လှန်ကြည့်ပြီး “သွားရအောင်၊ အနီးနားမှာရှိတဲ့ ရုံးခန်းတွေကို ငှားရမယ့်နေရာကို ဆွေးနွေးကြရအောင်” လို့ပြောလိုက်သည်။

အကြီးတန်းညီမ လူ နှင့် ကျူရီရှောင်တို့က ခေါင်းညိတ်လိုက်ပြီး၊ ဒါက ဒီနေ့ သူမတို့ ဒီနေ့လာရတဲ့ရည်ရွယ်ချက်ပင်ဖြစ်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters