← Chapters

LV 6

Vol. 11 Ch. 154

LV 6

Vol. 11 Ch. 154

လေးယောက်တစ်ဖွဲ့သည် ကော်ဖီဆိုင်မှထွက်ပြီးနောက်သူတို့သည် အဆောက်အဦ တစ်ဒါဇင်ကျော်ကို စစ်ဆေးခဲ့သည်။

သူတို့လေယောက်သည်ရုံးခန်းအဆောက် အအုံတစ်ခုမှထွက်လာတိုင်း မှတ်စုထုတ်ကဲ​အဆောက်အဦးများ၏ သုံးသပ်ချက်များကိုရေးကြသည်။

ဤနေရာများသည် ၎င်းတို့၏ အနာဂတ် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် သက်ဆိုင်ပြီးဒယကြောင့်ငူတို့ကရွေးချယ်ရာတွင်သတိရှိရှိရွေးချယ်ကြသည်။

ဒီအတွေးကလင်းဖန်ကလွဲလို့ပေါ့။

ရုံးခန်းအဆောက် အအုံတစ်ခုမှ ပြန်ထွက်လာပြီးနောက်တွင်သူမတို့သည် ၎င်းတို့ဘေးနားရှိ အချိုရည်ဆိုင်သို့ ထိုင်လိုက်ကြသည်။

ညီအစ်မဖန်သည် မှတ်စုစာအုပ်နှင့်ဘောပင်ကိုထုတ်ယူကာ “စီးပွရေးအဆောက်အအုံနှင့် ရှင်းအဆောက်အအုံ၏တည်နေရာသည် အတော်လေးညံ့ဖျင်းသောကြောင့် ဒါကိုပယ်လိုက်မယ်”

“တန်ပူ အဆောက်အဦးက နေရာကောင်းရှိပေမယ့် အရမ်းကြီးတော့အဆင်မပြေပြန်ဘူး...”

“ဒန် အဆောက်အဦးက နည်းနည်းဟောင်းနေပြီဆိုတော့ဒါလဲအဆင်မပြေဘူး..”

...

သူ့မဘေးနားရှိ စီနီယာအစ်မလူက “မင်းမှာ ပိုက်ဆံရှိရင် မင်းရှေ့မှာ ဂိုဘယ်အဆောက်အဦးမှာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုကို တိုက်ရိုက်ဖွင့်လိုက်တာ အကောင်းဆုံးပဲ!”ဟုပြောလိုက်သည်။

“တည်နေရာနှင့် ပတ်ဝန်းကျင်သည် ထိပ်တန်းဖြစ်သည်။ တစ်ချိန်တည်းတွင် ဒါကငါတို့၏ငွေအင်အားကို ပြသနိုင်သည်။ အနာဂတ်တွင် ရင်းနှီးမြှုပ်နှံခြင်းသည် အားထုတ်မှုထက်ဝက်ဖြင့် ရလဒ်နှစ်ဆရရှိမည်မှာ သေချာပါသည်။”

အကြီးတန်းညီအစ်မလူသည်ဂိုဘယ်အဆောက်အအုံကိုပြောသောအခါ၊ သူမ၏မျက်လုံးများသည် တောက်ပနေပြီး သူမ၏လေသံမှာ စိတ်လှုပ်ရှားနေသည်။

လင်းဖန် က “အိုး? ဒါဆို ဂိုဘယ်အဆောက်အဦးကို သွားမယ်ပေ”

စီနီယာညီအစ်မ ဖန် က သူ့နှာခေါင်းပေါ် မျက်မှန်ကို တွန်းချလိုက်ပြီး “အဲဒါကို လုံးဝကိုမစဉ်းစားနဲ့။ စျေးက တခြားနေရာတွေထက် အဆပေါင်းများစွာ ရှိတယ်။ ရုံးခန်းငယ်လေးတစ်ခုက တစ်နှစ်ကို သန်းချီ ကုန်ကျနိုင်တယ်” ဟု ပြောလိုက်သည်။

လင်းဖန်က “ဒါဆိုလဲအရင်ကြည့်ရအောင်လေ”

စကားပြောပြိးသောအခါ သူသည်ကျူရီရှောင်၏လက်ကိုဆွဲကာ အပြင်သို့ထွက်လာခဲ့သည်။

စီနီယာညီအမလူနှင့် စီနီယာညီအမဖန်တို့သည် လင်းဖန်တို့နောက်ကိုလိုက်သွားခဲ့သည်။

လင်းဖန်သည် ဂိုဘယ်အဆောက်အဦး သို့ ၀င်ပြီးနောက် မားကတ်တင်းစင်တာသို့ တိုက်ရိုက်သွားခဲ့သည်။

အခြေအနေကို အတိုချုံးရှင်းပြပြီးနောက် အရောင်းသမားက အားလုံးကို 78 ထပ်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

၎င်းသည် ၅၀၀ စတုရန်းမီတာ ကျယ်ဝန်းသော ရုံးခန်းတစ်ခုဖြစ်သည်။ အခန်းကိုအလှဆင်ထားသည်မှာလဲအပြစ်ပြောစရာမရှိပေ။ပြတင်းပေါက်ကနေတစ်ဆင့်လဲမှော်မြို့တစ်မြို့လုံးရဲ့ အလှကိုမြင်တွေ့နိုင်သည်။

ဒီနေရာမှ အလုပ်လုပ်ရတာပင်ပန်းနေရင် ဒါမှမဟုတ် အဆင်မပြေတာ တစ်ခုခုကြုံရင် အဝေးကို ကြည့်လိုက်တာနဲ့ပင်ပန်းနွမ်းနယ်မှုတွေ ပြေပျောက်သွားမည်ဖြစ်သည်။

ညီအစ်မ လူ၊ ညီအစ်မ ဖန် နှင့် ကျူရီရှောင် တို့၏ မျက်လုံးများသည် အဝေးမှနေရောင်ကြောင့် တလက်လက်တောက်ပနေပြီး သူတို့၏မျက်နှာများသည် တောင့်တမှုအပြည့်ရှိသည်။

လင်းဖန်ကသူမတို့ဖြစ်နေသည့်ပုံတစ်ချက်ကြည့်လိုက်တာနဲ့သိလိုက်သည်။အဲ့ဒါနဲ့လင်းဖန်က သူ့ဘေးရှိအရောင်းစာရေးမလေးအား “ငါတို့ ဒီရုံးခန်းကို ဝယ်မယ်”

“ဟမ်?” အရောင်းသမားက ခဏတာ အံ့သြသွားခဲ့သည်။

အစ်မ လူ နဲ့ ညီမ ဖန် တို့ကတော့ကြောင်တောင်တောင်ဖြစ်သွားသည်။

ကျူရီရှောင် က တော့လင်းဖန်ကို တားချင်ခဲ့သည်။

စာရေးမ ပြန်​မဖြေတာကိုမြင်တော့ လင်းဖန်က “မရောင်းဘူးလဲ” ဟု ထပ်ပြောလိုက်ပြန်သည်။

“ဟုတ်ကဲ့ ရပါတယ်…” လင်းဖန်၏ ထပ်လောင်းအတည်ပြုချက်ကို ကြားပြီးနောက် အရောင်းသမားကချက်ချင်း တုံ့ပြန်ခဲ့သည်။

ထို့နောက် လင်းဖန်ကို အပေါ်ကအောက်သို့ အသေအချာကြည့်လိုက်သည်။

ဒီလိုကြည့်တာဟာ သူ့ရဲ့ မိုက်မဲမှု မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေနှင့်၊ဂိုဘယ်အဆောက်အဦး၏စျေးနှုန်းသည် အလွန်စျေးကြီးသည်။

ဒီမှာ ရုံးခန်းငှားတာတောင်ငွေတော်တော်ကုန်မည်ဖြစ်သည်။

အရောင်းသမားက “ဒီရုံးခန်းရဲ့ ၁စတုရန်းပျမ်းမျှဈေးက ယွမ် ၁၈၅၀၀၀၊ စုစုပေါင်း ၅၀၀ စတုရန်းမီတာ၊ စုစုပေါင်းဈေးက ယွမ် ၉၂.၅ သန်း”

လင်းဖန်က သူ့ဘဏ်ကတ်ကို တိုက်ရိုက်ထုတ်လိုက်ပြီး “ကောင်းပြီ၊ ကတ်နဲ့တိုက်ရိုက်ငွေချေမယ်” လို့ပြောလိုက်သည်။

“အာ...အာ...ဧည့်သည်...ဒါဆို ကျေးဇူးပြုပြီး မားကတ်တင်းစင်တာသို့ ကျနော်နှင့်အတူ လိုက်ခဲ့ပါ။ မစ္စတာအတွက် စာချုပ်တစ်ခု ချုပ်ပေးပါ့မယ်။” အရောင်းသမားကခဏတာတုန့်လှုပ်ပြီးနောက်ချက်ချင်းပြန်ပြောလိုက်သည်။

သူတို့သည်ဝယ်တဲ့ စာချုပ်ကို ကြိုမပြင်ထားပေ။

အဝယ်စာချုပ်မပြောနဲ့ အငှားစာချုပ်တောင်မှ သူတို့ပြင်ဆင်ထားတာမဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် နေ့စဉ် အဆောက်အဦးသို့ လာရောက်ရန် လူများလွန်းသောကြောင့် ဖြစ်သည်။

သို့သော် အမှန်တကယ် ငှားရမ်းသူ အလွန်နည်းပါးသည်။ဘာလို့နည်းရတာလဲဆိုတော့ဂိုဘယ်အဆောက်အဦးရဲ့ ငှားခက အရမ်းဈေးကြီးလို့ပင်ဖြစ်သည်။

ရုံးခန်းကို တိုက်ရိုက်ဝယ်တာလား။

ဒါဟာ တစ်နှစ်မှာ အကြိမ်ပေါင်းများစွာ မဖြစ်ပေါ်တဲ့အခြေအနေပင်ဖြစ်သည်။

မကြာခင်မှာ လူတိုင်းက မားကတ်တင်းစင်တာကို ပြန်လာခဲ့ကြသည်။

ပြီးနောက်စာချုပ်ကို အမြန်ထုတ်လိုက်သည်။

လင်းဖန်သည် စာမျက်နှာတစ်ခုစီကို တစ်ချက်ကြည့်လိုက်ပြီး စာချုပ်ကို အမြန်လှန်လိုက်သည်။

ဆယ်စက္ကန့်အတွင်းမှာပဲ စာချုပ်ရဲ့ ညာဘက်အောက်ထောင့်မှာ သူ့နာမည်ကို တိုက်ရိုက် လက်မှတ်ရေးထိုးလိုက်သည်။

ဒါက အရောင်းသမားကို ခဏတာ အထိတ်တလန့် ဖြစ်စေရုံမှတပါးမတတ်နိုင်ပေ။

စာချုပ်မှာပြဿနာရှိမှာကို မကြောက်ဘူးလား။

ဤသည်မှာ ယွမ် သန်း 100 နီးပါးပါဝင်သည့် အရောင်းအ၀ယ်စာချုပ်တစ်ခုဖြစ်သည်။

သို့သော် လင်းဖန်သည် စကင်န်ဖတ်နိုင်စွမ်းရှိမှန်း သူမသိခဲ့သလိုလင်းဖန်သည် ဤစာမျက်နှာ၏ အကြောင်းအရာအားလုံးကို တစ်ချက်ကြည့်ရုံမျှဖတ်နိုင်သည်။

“ဒင်!”

လင်းဖန်သည်ဘဏ်ကတ်ကိုငွေခေစက် စက်ပေါ်တွင် ညင်သာစွာပွတ်ဆွဲလိုက်သည်။

ငွေပေးချေမှု အောင်မြင်ကြောင်းပေါ်လာပြီး အရောင်းအ၀ယ် တရားဝင် အောင်မြင်သွားတော့သည်။

ညီအစ်မ လူနှင့် ညီအစ်မ ဖန်တို့သည် လင်းဖန်၏လက်ထဲရှိ စာချုပ်ကို ကြည့်ပြီး မှင်တက်သွားကြသည်။

အခုအခြေအနေဘယ်လိုလဲ

ငါတို့ဘယ်မှာလဲ။ငါတို့ဘာလုပ်နေတာလဲ?

လင်းဖန်သည်ဂိုဘယ်ဆောက်အဦးရောက်သည်နဲ့ကွေပေးချေတဲ့အထိအချိန်လယ်လောက်ကြာလိုက်တာလဲ။

ဓာတ်လှေကားတက်ရမယ့်အချိန်ကိုပါရေတွက်ရင် 10 မိနစ်လောက်ပဲဏီမည်ဖြစ်သည်။

10 မိနစ်အတွင်း ယွမ်သန်း 100 နီးပါးတန်သောရုံးခန်းကိုဝယ်လိုက်တာလား။

ညီအစ်မ ဖန်နှင့် ညီအစ်မ လူတို့သည်အရာအားလုံး အိပ်မက် မက်နေသလိုခံစားရသည်။

လင်းဖန်သည်ကတော့သူမကို ဖြစ်နေသည်ကိုလျစ်လျူရှုလိုက်သည်။

【ဒင်း! 10 ကြိမ်သုံးစွဲမှုပြန်အမ်းကတ်ကိုသုံးမှာလား။ 】

“ဟုတ်တယ်!”

မကြာခင်မှာပင် လင်းဖန်၏ဖုန်းသည် အနည်းငယ်တုန်ခါသွားခဲ့သည်။

“တရုတ်ကုန်သည်များဘဏ်မှ ယွမ် ၉၂၅ သန်း ရရှိသည်။”

ရုံးခန်းဝယ်ရန် ၉၂ ဒသမ ၅ သန်း ကုန်ကျခဲ့သည်။

အခုယွမ် ၉၂၅ သန်း ရခဲ့သည်။ဒါကလုယက်တာထက်တောင်မြန်တယ်ဟုဆိုရမည်​ဖြစ်သည်။ !

ယခုအချိန်တွင်လင်းဖန် ရှိငွေသားမှာ ယွမ် ၁.၂၈၅ ဘီလီယံအထိ ရှိလာပြီဖြစ်သည်။

လင်းဖန်သည် ငွေအမြောက်အမြားကို ချက်ချင်းရလိုက်သောကြောင့်သူ့ပါးစပ်ကနေအပြုံးတစ်ခုပေါ်လာခဲ့သည်။

ထိုအချိန်တွင် လင်းဖန်၏ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

【ဒင်း! မစ်ရှင်ကို ပြီးစီးခြင်း၊ငွေ ၁ ဘီလီယံကျော်သုံးစွဲခဲ့သောကြောင့် ငွေရောင်စာအိတ် ၁၀ စောင်ရရှိသည်။ 】

【ဒင်း! စနစ်အဆင့်မြှင့်တင်မှု၊ LV6။ 】

[LV6 - အသက်ရှုတိုင်းယွမ် ၅၀ ရရှိသည်၊ အိပ်ချိန် ၁ စက္ကန့်တိုင်း ယွမ် ၅၀၊ ခြေလှမ်းတိုင်း ၅၀ ယွမ်။ ဆုလက်ဆောင်များကို နေ့စဉ် 24 နာရီတွင် အကောင့်ထဲသို့ ထည့်သွင်းပေးမည်ဖြစ်သည်။ 】

Lv5 တွင် သူသည် နေ့စဉ် ယွမ် ၁.၄ သန်း ရရှိသည်။

ယနေ့တွင်၊ တစ်စက္ကန့်လျှင်ရရှိသောငွေသည် 2.5 ဆ တိုးလာသည်။

တစ်နည်းဆိုရသော် ယခု သင်သည် 3.5 မီလီယံ ယွမ် နေ့တိုင်းရနိုင်သည် ။

[အဆင့်မြှင့်သုံးစွဲမှုပမာဏ- သန်း 528 / 1000(လက်ဆောင်များ၊ လောင်းကစား စသည်တို့မပါဝင်ပါ။ ထို့အပြင်၊ စနစ်မှရရှိသောပစ္စည်းများအားလုံးကို ရောင်းဝယ်ဖောက်ကားခြင်းမှ တားမြစ်ထားသည်)]

【ဒင်း! အကောင့်ဝင်ခြင်းစနစ်ကို ဖွင့်လိုက်ပါပြီ။ မှတ်ချက်- တစ်နေ့လျှင် တစ်ကြိမ် ဝင်ရောက်နိုင်ပြီး၊ အကောင့်ဝင်ခြင်းအတွက် မတူညီသော ဆုလက်ဆောင်များ ရရှိမည်ဖြစ်သည်။ 】

သူ့စိတ်ထဲတွင် သတိပေးသံများကို နားထောင်ရင်း လင်းဖန်သည်ပို၍ပြုံးလာခဲ့သည်။

ရုံးခန်းဝယ်ရန် ၉၂.၅ သန်းကုန်ကျခဲ့သည်မှာထိုက်တန်တာထက်ကိုကျော်နေသည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters