← Chapters

နားလည်မှုလွဲမှားခြင်း

Vol. 11 Ch. 156

နားလည်မှုလွဲမှားခြင်း

Vol. 11 Ch. 156

ဒီလိုဖြစ်နေတဲ့ပုံစံကိုကြည့်ပြီးညီအစ်မလူ၊ ညီအစ်မဖန်နှင့် ကျူရီရှောင် တို့သည်ဘာဖြစ်နေသည်မသိသောကြောင့်ကြောင်နေခဲ့သည်။

ကျူရီရှောင် က “ပါမောက္ခ လင်း၊ ဘာဖြစ်နေလဲဆိုတာကိုမသိပေမဲ့၊မင်းလူမှားနေတယ်လို့တော့ထင်တယ်”

ပရော်ဖက်ဆာ ကောင်း ရဲ့ ပုံစံကလင်းဖန်သည် မကောင်းမှုတစ်ခုကို လုပ်လိုက်လို့သူမကဖမ်းနေသလိုဖြစ်သောကြောင့်ကျူရီရှောင်ကအဲ့လိုပြောလိုက်ရခြင်းဖြစ်သည်။

ကျူရီရှောင်သည် လင်းဖန်ပင်ကိုယ်စရိုက်ကို ယုံကြည်သည်။

အကြီးတန်းညီမလူက လဲ“ပါမောက္ခလင်း မင်း လင်းဖန်ကိုနားလည်မှုလွဲနေတယ်ထင်တယ်”

လင်းဖန်သည် 10 မိနစ်တွင်ရုံးခန်းတစ်ခုကို ၀ ယ်ရန်ယွမ်သန်း ၁၀၀ နီးပါးသုံးစွဲနိုင်သည်။

ဒီလိုချမ်းသာတဲ့ဘောစိမျိုးကဘယ်လိုမကောင်းမှုတွေကိုလုပ်မှာလဲ။

ညီအစ်မ ဖန် ကလည်း “ပါမောက္ခ လင်း၊ မင်းထိုင်ပြီး ဖြည်းညှင်းစကားပြောရအောင်”

ပါမောက္ခ လင်းကသူမတို့ကိုကြည့်ပြီး”ဘယ်ကို နားလည်မှုလွဲနေတာလဲ!’’ဟုမေးလိုက်သည်။

“သူကဖော်မြူလာကိုဖန်းတီးနိုင်ဖို့ နည်းနည်းလေးပဲလိုတော့တာကိုသူ့ကောင်မလေးကြောင့်ထွက်သွားတယ်လေ”

“အဲ့ဒါကြောင့်ငါကသူ့ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး”

ကျူရီရှောင်၊ ညီအစ်မလူနှင့်ညီအမဖန်တို့အားလုံး အံ့အားသင့်သွားကြသည်။

ပရော်ဖက်ဆာလင်းပို့သော သတင်းကို သူတို့အားလုံး မြင်လိုက်ရသည်။

မှော်တက္ကသိုလ်တွင် စူပါပါရမီရှင်တစ်ဦး ပေါ်လာသည်။

စာသင်ခန်းထဲတွင် အဲ့ပါရမီရှင်သည် စီးပွားရေးကို ရှေ့သို့လှမ်းလှမ်းနိုင်လောက်အောင် လုံလောက်သော ဖော်မြူလာကို ကောက်ချက်ချကာ အကျဉ်းချုပ်လုနီးပါးဖြစ်သည်။

သို့ပေမယ့်လည်း ဒီလူကို သူမတို့မျက်စိနဲ့ မမြင်လိုက်ကြပေမဲ့သူမတို့သည် ဤလူငယ်ကို လေးစားမှုအပြည့်ရှိသည်။

အခုတော့ဒီလူက လင်းဖန် ဖြစ်တယ်တဲ့လား။ !

လင်းဖန်သည် အနီးနားရှိ အရည်အချင်းရှိရုံသာမက ချမ်းသာကြွယ်ဝပြီး ဘီလျံပေါင်းများစွာလည်း ရှိသည်။ ?

ဘုရားရေ!

ဒါက ဘယ်လိုလူမျိုးလဲ။

ဒီအချိန်တွင်ကျူရီရှောင်၏ လှပသော မျက်နှာလေးသည် နီရဲနေလေသည်။

အဘယ်ကြောင့်ဆိုသော်၊ သူမသည် မနေ့က ပရော်ဖက်ဆာ လင်း က သူ့ရည်းစားထံမှ ဖုန်းခေါ်ပြီးနောက် တွက်နေတာကို ရပ်တန့်လိုက်ပြီး တိုက်ရိုက်ထွက်ခွာသွားသည်ဟု ပရော်ဖက်ဆာ ကောင်းက မနေ့က ပြောသည်ကို သူမ ရုတ်တရက် တွေးလိုက်မိသောကြောင့်ပင်ဖြစ်သည်။

ထို့ကြောင့် ပရော်ဖက်ဆာလင်း က ထိုအမျိုးသမီးသည်တိုင်းပြည်နှင့်လူမျိုးအတွက် ဘေးဒုက္ခဟုခေါ်ဆိုခဲ့သည်။

ဒါဆိုသူမကတိုင်းပြည်နဲ့ လူမျိုးကို ထိခိုက်စေတဲ့ အမျိုးသမီးလား။

လင်းဖန်က ချောင်းဆိုးလိုက်ပြီး “ပါမောက္ခ ကောင်း စိတ်မပူနဲ့၊ ငါထွက်သွားမှာ မဟုတ်ဘူး” လို့ပြောလိုက်သည်။

သို့သော် ပရော်ဖက်ဆာလင်း သည် လင်းဖန်ကိုလွှတ်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။

မနေ့ညက လင်းဖန်ကို မတားနိုင်တဲ့အတွက် တစ်ညလုံး နောင်တရခဲ့သည်။

ဒီ​နေ့​ပြန်​ဆုံခဲ့တာကြောင့် သူမသည် မနေ့ကလိုအဖြစ်လိုမျိုးဘယ်​​တော့မှ ထပ်​မဖြစ်​​ချင်ပေ။ထို့ကြောင့်မလွတ်ပေးခြင်းဖြစ်သည်။

“ပရော်ဖက်ဆာလင်းမင်းအရင်ထိုင်ရအောင်လား” လင်းဖန် က ကျူရီရှောင် ကို လက်ညှိုးထိုးပြပြီး “ဟိုကိုကြည့်ပါအုံး... ငါ့ရည်းစားက ဒီမှာရှိနေတာဆို​တော့ငါမသွားပါဘူး”

“ဘာ မင်းပြောတာက တိုင်းပြည်နဲ့ ပြည်သူကို ဒုက္ခပေးခဲ့တဲ့ မိန်းမလား။” ပရော်ဖက်ဆာလင်းကပြောလိုက်သည်။

ဒါကိုကြားပြီးနောက်ကျူရီရှောင်၏ လှပသော မျက်နှာသည် ချက်ချင်းပင် နီရဲသွားပြီး သူမ ခေါင်းကို တိတ်တဆိတ် ငုံ့လိုက်သည်။

ပရော်ဖက်ဆာလင်းက လင်းဖန်ကိုကြည့်ပြီး “မင်းနာမည် ဘယ်လိုခေါ်လဲ?”ဟုမေးလိုက်သည်။

“ငါ့နာမည် လင်းဖန်” လင်းဖန်က လဲအမှန်အတိုင်းဖြေသည်။

ယနေ့တွင် လင်းဖန် သည် ကျူရီရှောင် ကသူမကို အလွန်ဂရုစိုက်သော ဆရာမတစ်ဦးရှိကြောင်းကိုသိလိုက်ရသည်။

ဒါကြောင့်လင်းဖန်သည်သူမကိုအလွန်ကျေးဇူးတင်နေသည်။

“ မနေ့က မင်းထွက်သွားတာကစိတ်မကောင်းစရာပဲ...ဆက်ပြီးတွက်ရင်၊ အဲဒါက စီးပွားရေးဖော်မြူလာ ဒါမှမဟုတ် သီအိုရီတစ်ခု ဖြစ်လာလိမ့်မယ်။ နောက်တစ်ကြိမ်ဆိုတာကမဖြစ်နိုင်လုနီးပါးပဲ” ပရော်ဖက်ဆာ လင်းကသက်ပြင်းချလိုက်ပြီး သူ့မျက်နှာတစ်ခုလုံး ဝမ်းနည်းမှုတွေ ပြည့်နှက်ပြောလိုက်သည်။

“ကျနော်တွက်တာကဘယ်အချိန်မဆို အဆင်ပြေပါတယ်။” လင်းဖန်က အေးအေးဆေးဆေးပြောလိုက်သည်။

ဒီစာကြောင်းကို သူတကယ် လိမ်မပြောခဲ့ပေ။

သူသည်စတွက်ကတည်းကဖော်မြူလာကို သူ့စိတ်ထဲတွင် ရိုက်နှိပ်ထားသလိုမျိုးဖြစ်သောကြောင့်၊ ၎င်းကို မေ့ပစ်ရန် မဖြစ်နိုင်ပေ။

“တကယ်လား?” ပရော်ဖက်ဆာ လင်းက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

လင်းဖန်က ခေါင်းညိတ်လိုက်သည်။

လင်းဖန်စကားကိုကြားပြီးနောက်ပရော်ဖက်ဆာလင်း သည် သူ့အိတ်ထဲမှ မှတ်စုစာအုပ်တစ်အုပ်နှင့် ဘောလုံးဘောပင်ကို အမြန်ဆွဲထုတ်လိုက်သည်။

ပြီးတော့ မျှော်လင့်နေတဲ့ လေသံနဲ့ သူက “လင်းဖန်၊ မင်းနောက်ဆုံးပုံသေနည်းကို မြန်မြန်ရေးပေးပါ”ဟုပြောလိုက်သည်။

လင်းဖန်ကလဲမငြင်းပဲဘောပင်နဲ့ စာရွက်ကိုယူကာ အမြန်ရေးလိုက်သည်။

“ဒါ ဒါ ဒါ!”

ရုတ်တရက် မှတ်စုစာအုပ်ပေါ် တွင်ဘောပင်ရေးသံများထွက်လာသည်။

တစ်ချိန်တည်းမှာပင် မှတ်စုစာအုပ်ပေါ်တွင် ဖော်မြူလာများ ဆက်တိုက်ပေါ်လာသည်။

သူမဘေးတွင်ထိုင်နေသော ကျူရီရှောင် သည် လင်းဖန် ၏ လေးနက်သောအမူအရာကိုကြည့်ကာ စွဲလန်းသွားတော့သည်။

ပရော်ဖက်ဆာ လင်း နှင့် အနီးနားရှိ အခြားသူများသာ မရှိပါက၊ ကျူရီရှောင်သည် လင်းဖန်၏ ရင်ခွင်ထဲသို့ တိုက်ရိုက်ဝင်မည်ဖြစ်သည်။

လင်းဖန်ရေးနေသည်မှာအလွန်မြန်သောကြောင့် မိနစ်အနည်းငယ်အတွင်း မှတ်စုစာအုပ်ထဲရှိစာမျက်နှာနှစ်မျက်နှာသည် တွက်ချက်မှုများနှင့် ပြည့်နေသည်။

မကြာခင်မှာပဲ စာအုပ်ထဲရှိတတိယစာမျက်နှာကလဲ ပြည့်သွားခဲ့သည်။

အဲ့ဒါနဲ့လင်းဖန်သည် ဘောပင်နှင့် စာရွက်ကို ချလိုက်သည်။

ပရော်ဖက်ရှာလင်းသည်လင်းဖန်တွက်ထားသောတွက်ချက်မှုများကိုကြည့် “ကောင်းတယ်! ကောင်းတယ်!” ဟုပရော်ဖက်ဆာ လင်းက စိတ်လှုပ်ရှားစွာ အော်ပြောရင်း သူ့မမျက်နှာတစ်ခုလုံးတွင် အပြုံးများဖြင့် ပြည့်နှက်သွားတော့သည်။

ထို့နောက် စာအုပ်ကို ရတနာတစ်ခုလို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်သည်။

သူ့ဘေးကညီအစ်မဖန်က “ပါမောက္ခ လင်း ဒါ ဖော်မြူလာဆိုတာ မှန်ရဲ့လား” လို့ မေးလိုက်သည်။

သူမသည်ဖော်မြူလာတစ်ချို့ကိုတွက်နိုင်သည်။ဒါပေမယ့် လင်းဖန်တွက်ထားတဲ့ ဖော်မြူလာတွေဟာရှုပ်ထွေးလွန်းပြီး အဲဒါတွေကို သူမ လုံးဝ နားမလည်ပေ။

ပရော်ဖက်ဆာ လင်း က “လင်းဖန်တွက်တာမှားနေရင်တောင်မှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို သေချာပေါက် မြှင့်တင်ပေးလိမ့်မယ်!”

“ဒါဆို မှန်ရင်...”

ဒါကိုပြောပြီး ပရော်ဖက်ဆာ လင်း ရဲ့မျက်နှာပေါ်မှာ စိတ်လှုပ်ရှားမှုက ပိုလို့တောင် ပြင်းထန်လာခဲ့သည်။

ထို့နောက် ပရော်ဖက်ဆာ လင်းက “လင်ဖန်း၊ မင်းဒီတွက်ထားတဲ့စာတမ်းကိုမင်းနာမည်နဲ့ငါတင်ပေးမယ်’’

လင်းဖန်က သူ့လက်ကို ဝှေ့ယမ်းပြီး “ရီရှောင်နာမည်နဲ့ရေးလိုက်ပါ။ငါ အသေးစိတ် အချက်အလက်ကိုငါပြောပြမယ်”

ပရော်ဖက်ဆာလင်းသည် လင်းဖန်ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်ကာ ဖုံးကွယ်၍မရသော အံ့အားသင့်နေသည်။

ဒီဟာသည် စီးပွားရေးတစ်ခုလုံးကို ရှေ့ကို ကြီးမားတဲ့ ခြေလှမ်းတစ်လှမ်း ဖြစ်စေနိုင်တယ်ဆိုတာ သိသင့်သည်။ စီးပွားရေး နိုဘယ်လ်ဆု သို့မဟုတ် သမိုင်းတစ်လျှောက် အောင်မြင်မှုများကိုပင် ရရှိနိုင်သည်။

လင်မယားချင်းတောင် ဒီလောက်ရက်ရောမှာမဟုတ်ပေ။

“လင်းဖန်၊ တွက်တာကမင်းလေ ငါ လုပ်ငန်းစဉ်မှာ မပါဝင်ခဲ့ဘူးလေ” ကျူရီရှောင် က ပြောလိုက်သည်။

စာရွက်တစ်ရွက်ကို သူမကိုယ်တိုင်ရေးခိုင်းတာ ဘာကိုဆိုလိုတယ်ဆိုတာကိုသူမသိသည်။

လင်းဖန် က “ကျွန်တော်က စီးပွားရေးကို မလေ့လာဖူးဘူးလေ၊ စာတမ်းတစ်ခုတောင် မရေးဖူးဘူး။ ဒါတွေကို ဘယ်မှာရေးရမလဲ၊ရီရှောင်ဒါကို၊ ငြင်းမနေပါနဲ့။”

“ဒါ... ဒါဆိုပြီးရော” ကျူရီရှောင်ခဏတုံ့ဆိုင်းသွားပြီး ပြန်ဖြေလိုက်သည်။

ဒီနေ့က၄ပိုင်းတင်ရမှာကိုတစ်ပိုင်းပဲတင်ပေးလိုက်ပါတယ်ချိဖတို့။ဒီနေ့ကအလုပ်အပြီးလုပ်နေလို့ပါ။မနက်ဖြန်ကစပြီးအလုပ်ပြီးပြီမို့ဘာအကြွေးမှမထားတော့ပါဘူး။အဲ့ပြောတာပါ😁။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters