စာအိတ်နီ ကိုးထောင်သုံးရာ
Vol. 11 Ch. 157
အဲဒီနောက်မှာတော့လင်းဖန်တို့သည်အရသာရှိလှသောညစာများကိုစားပြီးစျေးကြီးတဲ့ဝိုင်တွေကိုသောက်ပြီးနောက်ကျူရီရှောင်တို့ကိုလိုက်ပို့ပြီးလင်းဖန်သည်ဟိုတယ်တစ်ခုတွင်တစ်ညတာအနားယူလိုက်တော့သည်။
မနက်ဖြန်သည်တနင်္လာနေ့ဖြစ်သည်။
လင်းဖန်သည်ကျူရီရှောင်၏ ကိစ္စများကိုလည်း ကိုင်တွယ်ထားပြီးပြီးဖြစ်သည်။
ထို့ကြောင့် လင်းဖန်သည် မှော်မြို့၌ဆက်မနေတော့ပေ။ ထို့ကြောင့်လင်းဖန်သည်ပထမတန်းစား လက်မှတ်ဝယ်ပြီး ကျန်ပေ့မြို့သို့သွားလိုက်သည်။
ကော်ဖီဆိုင်တစ်ခုတွင်။
ကျူဖန်(ညီအမဖန်) က “ရီရှောင်မင်း က တကယ်ကို ရည်းစားကောင်းကိုရှာနိုင်ခဲ့တာပဲ”
ညီမ လူက “ရည်းစားကောင်းဆိုတာထက် ပြီးပြည့်စုံတဲ့ ယောက်ျားလေးပဲ”
“သန်း 90 ကျော်၊ ဂိုဘယ်အဆောက်အဦးမှာ ရုံးခန်းကြီးတစ်ခုဝယ်ခဲ့တယ်... ပြီးတော့ နောက်ထပ် သန်း 200 ကို လဲငါတို့ ရဲ့ကုမ္ပဏီအသစ်အတွက်ရင်းနှီးမြုပ်နှံမှုအဖြစ် ပေးခဲ့ပါတယ်။”
ညီမ လူသည်စကားပြောလေလေ သူမ ပိုစိတ်လှုပ်ရှားလေဖြစ်နေသည်။
သူ့ဘေးမှာ ရပ်နေတဲ့ ပရော်ဖက်ဆာ လင်းအံ့သြတကြီးနဲ့ “သူက ပိုက်ဆံအဲ့လောကအများကြီးထုတ်နိုင်တာလဲ”ဟုမေးလိုက်သည်။
ပရော်ဖက်ဆာ လင်းသည်သူဌေးတော်တော်များများကိုတွေ့ဖူးသည်။သို့သေည်လင်းဖန်လိုလူမျိုးကိုတော့သူမတစ်သက်လုံးမတွေ့ဖူးပေ။
ဒါဆို အခုလင်းဖန်က ဘယ်လောက်ချမ်းသာလဲ။
ပရော်ဖက်ဆာ လင်းက ကျူရိရှောင်၏ပုခုံးကို ပုတ်လိုက်ပြီး “ဒီလိုလူမျိုးကို ထိန်းချုပ်ရတာခက်တယ်” လို့ ပြောလိုက်သည်။
ဒါကိုကြားပြီးနောက်ကျူရီရှောင် ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါသွားခဲ့သည်။
...
မနေ့ကလင်းဖန်သည်မပင်ပန်းဘူးဆိုပေမဲ့
ကျယ်ဝန်းလှသော ပထမတန်း ထိုင်ခုံပေါ်တွင် လှဲချလိုက်သည်နှင့် မကြာမီပင်သူ အိပ်ပျော်သွားလေသည်။
လင်းဖန်သည် မျက်လုံးဖွင့်လိုက်သောအခါ၊ တွင်သူသည် ကျ်ပေ့ သို့ ရောက်ရှိနေပြီဖြစ်သည်။
လင်းဖန်သည် အရင်နေ့က ကားရပ်နားရာနေရာရှိ Lamborghini(ကား) ကို စီးပြီးပန်လုံဗီလာဆီသို့ တိုက်ရိုက်မောင်းနှင်ခဲ့သည်။
ပန်လုံဗီလာအ၀င်ဝတွင် ရပ်နေသော လုံခြုံရေးအစောင့်များသည် လင်းဖန်ကိုမြင်ပြီးနောက်မတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်သည်။
လင်းဖန်သည် လဲသူတို့ကိုနှုတ်ဆက်ကာ ပန်းလုံဗီလာထဲရှိ အနီးဆုံးဗီလာသို့ ဝင်လိုက်သည်။
ထို့နောက် သူသည်စနစ်ကို အာရုံစိုက်လိုက်သည်။
[ဒင်း သင်အကောင့်ဝင်ရောက်လိုပါသလား။ 】
အကောင့်ဝင်ခြင်းသည်ယွမ် ၉၂.၅ သန်း အကုန်အကျခံကာဂိုဘယ်အဆောက်အဦးရှိအခန်း ကို ဝယ်ယူပြီးနောက် ရရှိခဲ့သော စနစ်စွမ်းရည်အသစ်ဖြစ်သည်။
လင်းဖန်သည်လဲဒါကို စမ်းကြည့်ချင်နေတာကြာပြီဖြစ်သည်။ဒါကြောင့်သူကမဆိုင်းမတွဘဲ၊ “ဝင်မယ်!”ဟုပြောလိုက်သည်။
【ဒင်း! ဂုဏ်ယူပါသည်၊ သင်သည် မှော်မြို့ရှိဂိုဘယ်အဆောက်အဦးကိုရရှိခဲ့သည်။ 】
ဒီကိုကြည့်ပြီးနောက်လင်းဖန်သည် ခဏမျှ အံ့အားသင့်သွားသည်။
ဟေ... အခုအခြေအနေက ဘယ်လိုကြီးလဲ။
တစ်နည်းဆိုရသော် သူသည် ယွမ်သန်း ၉၀ကကျော် ရုံးခန်းကိုဝယ်ခဲ့သောကြောင့်
အခု အဆောက်အဦးတစ်ခုလုံး ရခဲ့တာလား။
ဤသည်မှာ ဇိမ်ခံအဆောက်အဦးဖြစ်သည်။
ဒီအဆောက်အဦးတွင်ရုံးခန်းပေါင်း ၁၀၀ နီးပါးရှိသည်။
ဒါဆို အဆောက်အဦးတစ်ခုလုံး ဆိုဘယ်လောက်တောင်ကျမှာလဲ။
40ဘီလီယံ? 50 ဘီလီယံ?
လင်းဖန်၏ မျက်နှာသည် ထူးဆန်းသော အမူအရာများဖြင့် ပြည့်နေသည်။
ဒီတစ်ခေါက်မှော်မြို့သို့သွားသောခရီးသည်အတော်ကောင်းသည်ဟုဆိုရမည်ဖြစ်သည်။
[သင်ငွေရောင်စာအိတ် ၁၀ စောင်ကို သင်ဖွင့်ချင်ပါသလား။ 】
ငွေ 1 ဘီလီယံကျော်သုံးစွဲလိုက်သည့်အခါ လျှို့ဝှက်မစ်ရှကိကို ပြီးမြောက်စေခဲ့သောကြောင့်ဒီဆုလာဘကိုရခဲ့ခြင်း်ဖြစ်သည်။
“ဟုတ်တယ်!”
【ဒင်း! ဂုဏ်ယူပါတယ် မင်း ယွမ် 1 သန်းရသည်။ 】
【ဒင်း! ဂုဏ်ယူပါတယ် ၊ ယွမ် 300,000 လက်ခံရရှိသည်။ 】
...
【ဒင်း! ဂုဏ်ယူပါတယ် ၊ သင် ယွမ် 500,000 ကိုလက်ခံရရှိပါသည်။】
【ဒင်း! ဂုဏ်ယူပါသည်၊ သင်သည် Patek Philippe 5002P(နာရီ)ကို ရရှိခဲ့သည်။ 】
...
【ဒင်း! ဂုဏ်ယူပါသည်၊ သင်သည် အဲဂရု၏ ရှယ်ယာ 5% ကို ရရှိခဲ့သည်။ 】
【ဒင်း! ဂုဏ်ယူပါတယ် ၊ ယွမ် 100,000 လက်ခံရရှိသည်။ 】
...
ငွေရောင်စာအိတ် ၁၀ စောင်ဖွင့်ရာတွင်လင်းဖန် သည် စုစုပေါင်း ယွမ် ၂.၉ သန်း၊ Patek Philippe 5002P(နာရီ) နှင့် အဲဂရု ၏ ရှယ်ယာ ၅ ရာခိုင်နှုန်းကို ရရှိခဲ့သည်။
ဒီကိုကြည့်ပြီးလင်းဖန်သည် သူ့မျက်နှာပေါ်တွင် ပြုံးပြရုံတစ်ပါး မကူညီနိုင်တော့ပေ။
အဲဂရု သည် စျေးကွက်တန်ဖိုး 5 ထရီလီယံနီးပါးရှိသော ပန်ကူ နှင့် ယှဉ်နိုင်သော စူပါအင်တာနက်ကုမ္ပဏီတစ်ခုဖြစ်သည်။
တစ်နည်းဆိုရသော် ရှယ်ယာများ၏ 5% သည် ယွမ် 250 ဘီလီယံနီးပါး တန်ကြေးရှိသည်။
ဒါက ဘယ်လောက်ကြောက်စရာကောင်းတဲ့ နံပါတ်မျိုးလဲ။
ထို့နောက် လင်းဖန်သည် သူ့ဖုန်းကို ထပ်မံထုတ်လိုက်သည်။
[စာအိတ်အနီ 9300 ကိုသင်ဖွင့်ချင်ပါသလား။ 】
ဒီစာအိတ်နီများသည် မှော်မြို့တုန်းကသူသုံးစွဲခဲ့သောကြောင့်ရတဲ့စာအိတ်နီတွေပင်ဖြစ်သည်။
“စာအိတ်အနီ 9300? ငါဘာရနိုင်လဲ ဆိုတာကြည့်ရအောင်” လင်းဖန်က မျှော်လင့်တကြီးပြောလိုက်သည်။
【ဒင်း! ဂုဏ်ယူပါတယ် 5 ယွမ် ရခဲ့သည်။ 】
【ဒင်း! ဂုဏ်ယူပါတယ် မင်း 1999 ယွမ် ရခဲ့သည်။ 】
...
【ဒင်း! တန်ဘိုဟန်ရဲ့ “နွေဦးသစ်ပင်နှင့် ဆောင်းဦးရာသီနှင်းခဲပုံ” ရရှိသည့်အတွက် ဂုဏ်ယူပါသည်။ 】
【ဒင်း! ဂုဏ်ယူပါတယ် မင်း 1,000 ယွမ်ရရှိသည်။ 】
...
【ဒင်း! ဂုဏ်ယူပါတယ် မင်း 144 ယွမ်ရသည်။ 】
【ဒင်း! ဂုဏ်ယူပါသည်၊ နောက်သုံးရက်အတွက် စတော့ချိန်းကတ် 100 ရရှိသည်။ 】
...
【ဒင်း! ဂုဏ်ယူပါတယ် အန်စီ၏ရှယ်ယာ 5%ကိုရရှိသည်။ 】
【ဒင်း! ဂုဏ်ယူပါတယ်၊ ၁ ယွမ် ရရှိသည်။ 】
...
【ဒင်း! ဂုဏ်ယူပါတယ် မင်း 19,999 ယွမ် ရခဲ့သည်။ 】
【ဒင်း! ဂုဏ်ယူပါတယ်၊ MEGA4 နာရီကို ရရှိသည်။ 】
...
အနီရောင်စာအိတ် ၉၃၀၀ဖွင့်ရာတွင်လင်းဖန်သည် စုစုပေါင်း ၂၅၂၁၁၅၁ ယွမ် ရရှိခဲ့သည်။
လင်းဖန်ဒီငွေလေးတွေကိုတော့သူလုံးဝ ဂရုမစိုက်ပေ။
အခုလင်းဖန် ဟာ နေ့တိုင်း ယွမ် ၃.၅ သန်း ဝင်ငွေရနေပြီဖြစ်သည်။
[နောက်သုံးရက်အတွင်း စတော့ချိန်းကတ် 100- ဒီကတ်အသုံးပြုလိုက်ပါက နောက်သုံးရက်အတွင်း စတော့ 100 ၏ လမ်းကြောင်းဇယားကို ကျပန်းရနိုင်သည်။ မှတ်ချက်- စတော့ရှယ်ယာများကို ဝယ်ယူသည့်အခါ စတော့တစ်ခုတည်း၏ ဝယ်ယူမှုပမာဏသည် စတော့ဈေးကွက်တန်ဖိုး၏ 1% ထက်နည်းသင့်သည်။ 】
ဒါက သူရဲ့ပိုက်ဆံကို မြန်မြန်တိုးနိုင်တဲ့နည်း လမ်းမဟုတ်ဘူးလား?
လင်းဖန်သည် ၎င်းကို တိုက်ရိုက်ကျော်သွားသည်။
အန်စီရှယ်ယာ ၅%?
အန်စီသည်စျေးကွက်တန်ဖိုး ယွမ် ဘီလီယံ ၅၀၀ ခန့်ရှိသော ကမ္ဘာကျော် အိတ်နှင့် အဝတ်အစား ဇိမ်ခံကုမ္ပဏီတစ်ခုဖြစ်သည်။
ရှယ်ယာ ၅%?
ဒါဟာ 25 ဘီလီယံဖြစ်သည်။
ဒါက မဆိုးဘူးဟုလင်းဖန်ကတွေးလိုက်သည်။
လင်းဖန်သည် သူ့မျက်ခွံကို မြှောက်လိုက်သောအခါတွင် သူ့ရှေ့၌ဖက်ရှင်ကျပြီး အမိုက်စား နာရီနှစ်လုံးကိုတွေ့လိုက်သည်။
ထင်ရှားသည်မှာ၊ ဤသည်မှာ ငွေရောင်စာအိတ်များနှင့် သာမန်အနီရောင်စာအိတ်များမှ ဖွင့်ထားသော MEGA4 (နာရီ)နှင့် Patek Philippe 5002P(နာရီ)တို့ပင် ဖြစ်သည်။
နာရီနှစ်လုံးအောက်တွင် လက်ရာမြောက်လှသော ရှေးဟောင်းပန်းချီကားတစ်ချပ်လဲရှိသေးသည်။
ပန်းချီကားတစ်ဝက်တွင် နွေဦးတောင်တန်းများသည် စိမ်းလန်းစိုပြေပြီး ကျန်တစ်ဝက်တွင်နှင်းများဖြင့်ဖုံးလွှမ်းနေသည်သည်။
ဒီမှာကြည့်...
လင်းဖန်သည် နာရီနှစ်လုံးကို ဘေးသို့တိုက်ရိုက်ပစ်ချကာ ပန်းချီကားကို ကောက်ကိုင်လိုက်ပြီး ဂရုတစိုက် သဘောကျသွားသည်။
“ဒါက တန်ဘိုဟန် ရဲ့ “နွေဦးသစ်ပင်နဲ့ ဆောင်းဦးရာသီနှင်းခဲပုံ” လား” ဟု ခေါင်းညိတ်ကာ ပြောလိုက်သည်။
ဒီမြင်ကွင်းကိုနာရီချစ်သူတွေသာမြင်ရင်လင်းဖန်ကိုဆွမ်းကြီးဝိုင်းလောင်းမှာအသေအချာပင်ဖြစ်သည်။
သိရန်…
လင်းဖန်ပစ်ချလိုက်သော နာရီနှစ်လုံးမှာ Patek Philippe 5002P (နာရီ)နှင့် MEGA4 (နာရီ)ဖြစ်သည်။
Patek Philippe 5002P(နာရီ) သည် အလွန်ရှုပ်ထွေးသောပုံစံများဖြင့်တည်ဆောက်ထားပြီးဒီနာရီသည် ကမ္ဘာတစ်ဝှမ်းတွင် 10 လုံးလောက်သာရှိသည်။ စျေးနှုန်းမှာလဲ 15 သန်းအထက်မှာရှိသည်။
MEGA4(နာရီ)သည် ကမ္ဘာပေါ်တွင် အရှုပ်ထွေးဆုံးနာရီအဖြစ် အသိအမှတ်ပြုခံရပြီး ဈေးနှုန်းမှာလည်း 150သန်းကျော်ဖြစ်သည်။
ဤနာရီနှစ်လုံးသည် စျေးကွက်ပေါက်ဈေးအတည်အကျမရှိသော ရတနာများဖြစ်သည်။
ရလဒ်ကတော့ ဒီအတိုင်းပစ် ချလိုက်တာလား?
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး