အိမ်ငှားခြင်း
Vol. 11 Ch. 158
နောက်တစ်နေ့တွင်နေသည်အရှေ့အရပ်ကနေထွက်လာသောအခါလင်းဖန်သည် ပန်လုံဗီလာ၏ ကုတင်ကြီးမှ ထလိုက်သည်။
“ကလင် ကလင်!”
ထိုအချိန်တွင်သူ့ ၏ဆဲလ်ဖုန်း မှာ အသံ မြည် လာ ခဲ့သည် ။
လင်းဖန်သည်ဖုန်းကိုထုတ်ကာဖုန်းခေါ်ဆိုတဲ့လူကို တစ်ချက်ကြည့်လိုက်သည်။သူကြည့်လိုက်တော့ဒီဖုန်းနံပါတ်ကိုအနည်းငယ်ရင်းနှီးနေသည်။သို့သော်သူသည်ဘယ်သူ့ဖုန်းနံပါတ်ဆိုတာကိုတော့မသိပေ။ဒါပေမဲ့လဲကိုင်လိုက်သည်။
“ဟယ်လို?”
“မင်္ဂလာပါမစ္စတာလင်း ကျွန်တော် ကသယ်ယူပို့ဆောင်ရေးကုမ္ပဏီကပါ။မင်းရဲ့ပစ္စည်းတွေကို ရီကေ ကိုပဲ ပို့ပေးရမှာလား” ဖုန်းထဲကနေအသံတိုးတိုးလေးထွက်လာသည်။
လင်းဖန်သည် ဒီအသံကိုကြားပြီးနောက်တစ်ဖက်လူကို ချက်ခြင်းစဉ်းစားလိုက်သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က သူသည် LV အိတ်များနှင့် အဝတ်အစားများကို ကုန်တင်ကားဖြင့်လာရောက်ပေးပို့သူဆိုတာကိုသိလိုက်သည်။
လင်းဖန် က “မဟုတ်ဘူး..ဒီတစ်ခေါက်ကပန်လုံဗီလာကို ပို့ပေးပါ၊အဲ့ နေရာသိလား”
“ဟုတ်သိပါတယ် ၁၅မိနစ်လောက်ကျရင်အရောက်ပို့ပေးပါ့မယ်” ဟုယာဉ်မောင်းက ပြောလိုက်သည်။
လင်းဖန်သည်လဲဒီစကားကိုကြားပြီးနောက်ဖုန်းချလိုက်လေသည်။
ဖုန်းပြောပြီးနောက်လင်းဖန်သည် ရေချိုးခန်းသို့ ဝကာ ရေချိုးလိုက်လေသည်။
ရေချိုးအဝတ်အစားလဲပြီးနောက်ဧည့်ခန်းကို ရောက်သည်နှင့်တပြိုင်နက် ဖုန်းအသံထပ်မြည်လာခဲ့သည်။ဖုန်းသံမြည်သံကြောင့်လင်းသည်ခေါ်ဆိုသူကိုတစ်ချက်ကြည့်ပြီးကိုင်လိုင်သည်။
“မစ္စတာလင်း၊ ငါတို့ရောက်ပြီ။” ကိုင်လိုက်သည်နှငိ့ဖုန်းထဲမှာ ဒရိုင်ဘာရဲ့အသံထွက်လာခဲ့သည်။
လင်းဖန်သည် ဒါကိုကြားပြီးနောက်ပြတင်းပေါက်ကနေအပြင်ကိုကြည့်လိုက်သည်။ခြံဝတွင်ထရပ်ကားတစ်စီး တံခါးနားမှာ ရပ်နေတယ်ဆိုတာကိုတွေ့လိုက်သည်။
လင်းဖန် သည်ဒါကိုကြည့်ပြီးနောက်ခြံဝသို့ချက်ချင်းထွက်လာခဲ့သည်။လင်းဖန်ကိုမြင်ပြီးနောက် ကားမောင် သမားသည် အလွန်ရိုသေလေးစားသော လေသံဖြင့် “မင်္ဂလာပါ မစ္စတာလင်း”
ယာဉ်မောင်းကလေးစားနေသည်မှာလဲအပြစ်မဆိုနိုင်ပေ။ဘာလို့လဲဆိုတော့ သူက လင်းဖန်ဆီသို့ပစ္စည်းများကိုလာပို့ရသည်မှာယခုအခါတွင်နှစ်ကြိမ်မြောက်ပင်ဖြစ်သည်။
ပို့ရသည့်အခါတိုင်းတွင်တန်ဖိုးကြီး ဇိမ်ခံပစ္စည်းများသာဖြစ်သည်။
ထိုသို့သောလူ၏ ချမ်းသာမှုသည် သူလုံးဝ စိတ်ကူးမယဉ်နိုင်ပေ။
အဲဒီနောက် ယာဉ်မောင်းက ကားနောက်အခမ်းတံခါးကိုဖွင့်လိုက်သည်။ဖွင့်လိုက်သည်နှင့်ကားအခန်းထဲတွင်အဝတ်အစားနှင့်အိတ်များကပြည့်နက်နေတော့သည်။
ထို့နောက် သူက “မစ္စတာလင်း၊ ငါတို့ ဒီအိမ်ကြီးမှာ ဒီပစ္စည်းတွေကို ချလိုက်ရမှာလား။”
လင်းဖန်သည် ကြိုတင်စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသားဖြစ်သည်။
ဒါပေမယ့် အဝတ်အစားနဲ့ အိတ်တွေ အများကြီးကို ပြန်တွေ့တော့ သူ မအံ့သြပဲမနေနိုင်ပေ။
ခဏကြာတော့ သူက ခေါင်းညိတ်ပြပြီး “ဟုတ်ပါတယ်၊ဒီပစ္စည်းတွေကို ဧည့်ခန်းထဲမှာ ထားပေးပါ” လို့ ပြောလိုက်သည်။
ယာဉ်မောင်းက ခေါင်းညိတ်လိုက်ပြီးနောက် ဝန်ထမ်းနှစ်ဦးနှင့်အတူ အဝတ်အစားများနှင့် အိတ်များကို အထဲသို့သယ်ဆောင်သွားကြသည်။
လင်းဖန်သည် ခဏလောက်စဉ်းစားပြီး အိတ်အချို့ကိုယူကာ Mercedes-Benz G(ကား)ထဲသို့ ထည့်လိုက်သည်။
ခဏအကြာတွင် ခန်းမတစ်ခုလုံးသည်အိတ်နှင့်အဝတ်အစားများ ပြည့်နှက်သွားတော့သည်။
ကားမောင်းသမားများထွက်သွားပြီးနောက် လင်းဖန်သည် အနားမယူချင်တော့ပေ။ဒါကြောင့် သူသည် Mercedes-Benz G(ကား) ကို မောင်းပြီး ကျိ့ပေ့တက္ကသိုလ်သို့ဦးတည်မောင်းလိုက်သည်။
တနင်္လာနေ့ မနက်ခင်းမှာ တခြားအချိန်တွေထက် ကားပိုကျပ်နေပုံရသည်။
ဘယ်နေရာကိုကြည့်ကြည့်ကားတွေပြည့်ကျပ်နေသည်။
လင်းဖန်သည် ကားထဲတွင် ထိုင်ရသည်မှာ အနည်းငယ်ငြီးငွေ့နေသောကြောင့်အကောင့်ဝင်သည့်စနစ်ကို အာရုံစိုက်လိုက်သည်။
[သင်အကောင့်ဝင်ရောက်ချင်ပါသလား။ 】
“ဟုတ်တယ်!”
【ဒင်း! ဂုဏ်ယူပါသည်၊ သင်သည်ဇူဟန်ရီတန်အသိုင်းအဝိုင်းရှိအိမ်ရာအားလုံးကို ရရှိသည်။ 】
ဇူဟန်ရီတန်သည် ကျန်ပေ့မြို့တွင်လူသိများသောအိမ်ရာကြီးဖြစ်သည်။ အိမ်ရာပတ်ဝန်းကျင်သည်ကောင်းပြီးလမ်းများအားလုံးနဲ့လဲနီးသည်။ပြီးတော့ဒီအိမ်ယာသည်သူဌေးများနေထိုင်ရာအိမ်ရာတစ်ခုဖြစ်သည်။
အိမ်ရာအသိုင်းအဝိုင်းတစ်ခုလုံးတွင် အိမ်ခြေတစ်ထောင်ကျောခန့််ရှိသည်။
တစ်အိမ်လျှင် ၈ သိန်းနဲ့ရေတွက်ရင်စုစုပေါင်းတန်ဖိုးသည် ၈ ဘီလီယံဝန်းကျင်လောက်ရှိမည်ဖြစ်သည်။
တွက်ချက်ပြီးနောက် လင်းဖန်သည် အနည်းငယ် ခေါင်းညိတ်လိုက်သည်။
ဘကိုလှည့်လိုက်တာနဲ့တွဲဖက်ထိုင်ခုံပေါ်မှာ အိမ်ခြံမြေ လက်မှတ်များနှင့် သော့တွဲကြီးများကို မြင်လိုက်ရသည်။
ဒါကြောင့်လင်းဖန်သည် အိမ်ခြံမြေ လက်မှတ်များကိုဖွင့်ကြည့်လိုက်သည်။
“ဇူဟန်ရီတန်အိမ်ရာ A 201၊ ဧရိယာ 125 စတုရန်းမီတာရှိသော အိမ်ခန်းပိုင်ရှင် လင်းဖန်”
“ဇူဟန်ရီတန်အိမ်ရာ A 202၊ အကျယ်အဝန်း ၁၀၉ စတုရန်းမီတာရှိသော အိမ်ခန်းပိုင်ရှင် လင်းဖန်”
…………
ထို့နောက် လင်းဖန်သည် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် နောက်ဆုံးတွင် ကားကို ပြန်လှည့်ကာ မဝေးလှသော လင်းကျင်း အိမ်ခြံမြေဆီသို့ ဦးတည်သွားလိုက်သည်။
ထိုအချိန်တွင် ဟေးတီသည် စားပွဲခုံတွင်ထိုင်ကာ အချက်အလက်များကို သေချာကြည့်နေလေသည်။
သူမ အမှတ်မထင် ခေါင်းကို မြှောက်လိုက်သောအခါ သူမ၏ လှပသော မျက်နှာတစ်ပြင်လုံးတွင် အံ့သြမှုများဖြင့် ပြည့်နှက်နေပြီး “မစ္စတာလင်း?”ဟုခေါ်လိုက်သည်ယာ
ပြီးနောက် သူမက ကမန်းကတန်းဖြင့် “မစ္စလင်း ခဏထိုင်အုံးနော်ကော်ဖီသွားဖျော်လိုက်အုံးမယ်’’
စကားပြောပြီးသွားတဲ့အခါ သူမသည် အမြန်ထပြီး ဗီရိုထဲက လှပစွာထုပ်ပိုးထားတဲ့ ကော်ဖီဗူးကို ထုတ်ယူလိုက်ပြီးဖန်ခွက်ထဲသို့ကော်ဖီ
မှုန့်များကိုထည့်ကာရေနွေးလောင်းထည့်ကာဖော်လိုက်သည်။
ထို့နောက်သူမသည်လင်းဖန်ထံသို့ ကော်ဖီခွက်ကို ယူလာခဲ့သည်။
ဟေးတီသည်လင်းဖန်အတွက်အထူးခံစားချက်များဖြင့် ပြည့်နှက်နေသည်။
လင်းဖန်သည် ကော်ဖီကိုယူကာတစ်ငုံ့သောက်ကြည့်လိုက်သည်။
သူသောက်လိုက်တာနဲ့ဒီကော်ဖီကအရမ်းကိုကောင်းတယ်ဆိုတာကိုဝန်ခံရမည်ဖြစ်သည်။
ဟေးတီက “မစ္စတာလင်း၊ မင်းဒီကိုလာတာက အငှားပိုက်ဆံအတွက်ဆိုအခုရှင်းပေးမယ်။”
စကားပြောနေစဉ်တွင် သူမသည်စားပွဲအောက်ရှိ စာရွက်စာတမ်းကို ထုတ်ပေးသည်။
“စုစုပေါင်း ငှားခက ယွမ် 800,000 ပါ။ ပြဿနာမရှိရင်အခုငွေရှင်းဖို့ ကိုစီစဉ်ပေးပါ့မယ်။”
လင်းဖန်သည် စကင်န်ဖတ်နိုင်စွမ်းရှိသော်ကြောင့် တစ်ချက်ကြည့်လိုက်ယုံဖြင့်စာရွက်ထဲရှိအကြောင်းအရာများအားလုံးကိုသိလိုက်သည်။
သို့သော် သူသည် စာကိုတစ်ချက်ကြည့်ပြီးတာနဲ့ဟေးတီကိုကြည့်ကာ”အချက်အလက်တွေကိုငါ ယုံတယ်!”ဟုပြောလိုက်သည်။
ဒါကို ဟေးတီကြားလိုက်တဲ့အခါ သူမရဲ့ နှလုံးသားကလုံးဝကိုထိမိသွားလေသည်။
ဒါက ငွေ တစ်သန်းနီးပါး ပါဝင်သောစာချုပ်ဖြစ်သည်။ဒါတောင်သူမကိုအရမ်းယုံကြည်နေတာလား။
လင်းဖန်က သူမကိုကြည့်ပြီး အိတ်ကြီးတစ်လုံးကို စားပွဲပေါ်တင်လိုက်သည်။
ပြီးတော့ အိတ်ထဲမှာ အိမ်ခြံမြေ လက်မှတ်တွေနဲ့ သော့တွေ ကိုထုတ်ပြလိုက်သည်။
ဒီမှာတွေ့ပြီးနောက်သူမကက မထိန်းနိုင်ဘဲ “လင်...မစ္စတာလင်း၊ ဒါက...”
“အိုး၊ ငါ ကဇူဟန်ရီတန်အိမ်ရာတစ်ခုလုံးကို ဝယ်လိုက်တာလေ။ဒီမှညမှာ အိမ်ခြံမြေ လက်မှတ်နဲ့ သော့တွေ ။ အခုကစပြီး မင်းဒီဟာတွေကို ငှားခိုင်းမလို့” လင်းဖန်က ပြောလိုက်သည်။
သူ့လေသံက ပုံမှန်ပင်ဖြစ်သည်။
သို့သော် ဒီစကားလုံးများသည်ဟေးတီ ၏ နားထဲတွင် မိုးခြိမ်းသံကဲ့သို့ ကြားလိုက်ရသည်။
ဇူဟန်ရီတန်အိမ်ရာတစ်ခုလုံး?
အသိုင်းအဝိုင်းတစ်ခုလုံးကို ဝယ်ဖို့ဆိုရင် အနည်းဆုံး ဘီလီယံများစွာ လိုအပ်မည်ဖြစ်သည်။
ငှားရမ်းခများအားလုံးသည် ယွမ် သန်း 100 ကို နှစ်စဉ် စုဆောင်းနိုင်လျှင်ပင် ပြန်ရရန် ဆယ်စုနှစ်များစွာ ကြာမည်ဖြစ်သည်။
လင်းဖန် က ဟေးတီရဲ့ အတွေးတွေကို လျစ်လျူရှုပြီး “ကော်မရှင် စာချုပ်ချုပ်သင့်တယ်မလား” လို့ တိုက်ရိုက်မေးလိုက်သည်။
“အာ...အာ...ဟုတ်ပါပြီဒီမှာလက်မှတ်ထိုးပေးပါ’’ဟု ဟန်တီက ပြောလိုက်သည်။
လင်းဖန်သည်စာရွက်စာတမ်းကိုကြည့်ကာ နောက်ဆုံးတွင် သူ့နာမည်ကို တိုက်ရိုက် လက်မှတ်ရေးထိုးခဲ့သည်။
ထို့နောက် လင်းဖန် သည် လက်ရာမြောက်သော အိတ်နှစ်လုံးကို ထုတ်ပေးပြီး “ဒီအိတ်နှစ်လုံးက မင်းအတွက်ပဲ” လို့ပြောလိုက်သည်။
ထို့နောက် သူ့လက်ကောက်ဝတ်ရှိ နာရီကို တစ်ချက်ကြည့်လိုက်ပြီး “နောက်ကျနေပြီဆိုတော့ ငါအရင်သွားပြီ” လို့ပြောလိုက်သည်။
ထို့နောက် သူသည်အဆောက်အဦးကနေထွက်ကာMercedes-Benz Big G(ကား)ပေါ်တွင် ထိုင်ကာ ကျန်ပေ့ တက္ကသိုလ်သို့ တစ်ဖန်ပြန်သွားလိုက်သည်။
အဆောက်အဦး၏အခန်းတစ်ခန်းထဲတွင်ဟေးတီတစ်ယောက်သာ ကျန်တော့ပြီး ထွက်သွားသော Mercedes-Benz Big G(ကား)ကို ပြတင်းပေါက်နေကြည့်နေသည်။
စိတ်ထဲမှာတော့ လင်းဖန်နဲ့ အရကအဖြစ်အပျက်တွေကိုမတွေးပဲမနေနိုင်ပေ။သူတွေးလေတွေးလေသူမ၏နှလုံးခုန်သံများ မြန်လာပြီး သူမ၏ လှပသော မျက်နှာပေါ်တွင် အနီရောင်များထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပဲ Mercedes-Benz Grand G(ကား)ကို မောင်းနှင်နေတဲ့ လင်းဖန် က သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သတိပေးချက်တစ်ခုကို ကြားလိုက်ရသည်။
【ဒင်း! စွဲမက်ဖွယ် ရောင်ဝါ၊ မမေ့နိုင်သော အစပျိုးခြင်း 】
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး