← Chapters

ဖိတ်ခေါ်ခြင်း

Vol. 11 Ch. 159

ဖိတ်ခေါ်ခြင်း

Vol. 11 Ch. 159

ယခုအချိန်တွင်လင်းဖန်က သူ့ခေါင်းထဲရှိ အသံကိုကြားပြီးနောက် သူ့မျက်နှာမှာ သံသယစိတ်တွေ ဖြစ်ပေါ်လာခဲ့သည်။

“မမေ့နိုင်စရာ ကိုအစပျိုးခဲ့တာလား?”

ထို့နောက်သူသဘ်မနေနိုင်ဘဲသူ့အဣိးအနားကိုပတ်ကြည့်လိုက်သည်။သို့သော်သူသျိသာဘာသူမကိုမတွေ့ပေ။

ဒါကြောင့်လင်းဖန်က ခေါင်းခါလိုက်ပြီး ဒီကိစ္စကို ခဏဘေးဖယ်ထားဖို့ကိုဆုံးဖြတ်လိုက်သည်။

“ကလင် ကလင်”

ထိုအချိန်တွင် သူထိုင်ခုံဘေးရှိ လက်ကိုင်ဖုန်းက အသံမြည်လာခဲ့သည်။

လင်းဖန်သည် ကားဖုန်းဖြေခလုတ်ကို နှိပ်လိုက်သည်။

“မင်း...မင်္ဂလာပါ မစ္စတာလင်း”

ဖုန်းထဲမှာ တရုတ်စကားကိုပြောတတ်မပြောတတ်သောအသံတစ်ခုထွက်လာသည်။

လင်းဖန်ကလဲ “မင်္ဂလာပါ။”ဟုပြန်နှုတ်ဆက်လိုက်သည်။

လင်းဖန်၏အဖြေကိုကြားပြီးနောက် တစ်ဖက်ဖုန်းထဲရှိလူသည် စကားပြောတာကိုခဏရပ်သွားသည်။

ခဏအကြာတွင် သူသည် စရုတ်စကားကိုမပြောတတ်ပြောတတ်ဖြင့် “လင်း...မစ္စတာ လင်း၊ ငါ အန်စီအဖွဲ့ ရဲ့ဥက္ကဌ အိုရမ်ပါ၊ မစ္စတာလင်းရှယ်ယာရှင် ဖြစ်လာတယ့်အတွက်ကျနော်တို့ကကြိုဆိုပါတယ်”

“မစ္စတာလင်း... ငါပေးခဲ့တဲ့လက်ဆောင်ကို မင်းကြိုက်လား”

ဒီဖုန်းဆက်မှုသည် အိတ်နဲ့ အဝတ်အစားတွေအတွက်ဖုန်းဆက်တာဟုလင်းဖန်ကတွေးထားပြီးသားဖြစ်သည်။

ထို့ကြောင့် လင်းဖန်သည်သိပ်ပြီး မ​အံသြပေ။

LV ရှယ်ယာ 5% ကိုရရှီပြီးနောက်လဲသူသည်ယခုကိစ္စမျိုးကိုအတွေ့အကြုံရှိပြီးသားဖြစ်သည်။

“ငါ မင်းရဲ့လက်ဆောင်ကို ကြိုက်တယ်၊ ပို့ပေးတဲ့အတွက်ရောကျေးဇူးတင်ပါတယ်”ဟု လင်းဖန်က ပြောလိုက်သည်။

တစ်ဖက်က လက်ဆောင်တွေပေးတော့သူကလဲကျေးဇူးတင်ရမည်ဖြစ်သည်။

လင်းဖန်စကားကိုကြားပြီးနောက်အိုရမ်က ဝမ်းသာအားရနဲ့ “မစ္စလင်း၊ မင်းက ယဉ်ကျေးလွန်းနေပါပြီ...ငါတို့ထုတ်ကုန်အငစ်ထွက်တိုင်းမင်းကိုပေးမှာပါ”

ထို့နောက် စကားအနည်းငယ်ပြောဆိုပြီးနောက်အိုရမ် သည် ဖုန်းချသွားခဲ့သည်။

ဖုန်းချပြီးခဏအကြာတွင်လင်းဖန်သည် ကျန်ပေ့ တက္ကသိုလ်သို့ ရောက်ရှိလာခဲ့သည်။

လင်းဖန်သည်စာသင်ခန်းသို့ဝင်ပြီးခဏအကြာတွင်ဆရာဟောင်းကစာသင်ခန်းထဲသို့ဝင်လာခဲ့သည်။လင်းဖန်သည်ဆရာဟောင်းရဲ့ပြောချက်ကို နားထောင်ရင်အိပ်ပျော်သွားတော့သည်။

နေ့လည် ထမင်းစားချိန်ရောက်မှသာလင်းဖန်ကနိုးလာခဲ့သည်။လင်းဖန်သည် ယနေ့စာအိတ်အနီဖွင့်ရာတွင် 32,102 ယွမ်ကိုသာလက်ခံရရှိခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာ တစ်နေ့တာသင်တန်းပြီးဆုံးသွားခဲ့သည်။

“ကလင် ကလင်”

ထိုအချိန်တွင် လင်းဖန်၏ အိတ်ကပ်ထဲရှိ ဆဲလ်ဖုန်းသည် အသံမြည်လာခဲ့သည်။

မကြာသေးမီကကားပြပွဲတွင်တွေ့ခဲ့သောတန်ရှိန် ထံမှ ဖုန်းခေါ်ဆိုမှုဖြစ်ကြောင်းသိလိုက်ပြီးကိုင်လိုက်သည်။

“အစ်ကို လင်း ၊ ဒီညအားလား။ ငါ ဂိမ်းတစ်ခုလုပ်ထားတယ်ဒါ မင်းနဲ့ကျင်းအန်းတို့ကို ဖိတ်ချင်လို့ခေါ်လိုက်တာ” တန်ရှိန် က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည် ။

ကားပြပွဲတွင် တန်ရှိန်က လင်းဖန် ကို ကူညီပေးခဲ့သည်။

ခဏလပဲအဆက်အသွယ်ရှိခဲ့ပေမယ့် လင်းဖန်သည်တန်ရှိန်နဲ့ပေါင်းသင်းဆက်ဆံရတာတော်တော်ကောင်းတယ်လို့ ခံစားရသည်။

နောက်ပြီး သူလဲ ညဘက်ဘာမှလုပ်စရာ မရှိပေ။

ဒါကြောင့်လင်းဖန်က “ကောင်းပြီ”ဟုပြောလိုက်သည်။

ထို့နောက် လင်းဖန်သည် မဝေးလှသော သူမ၏ စာသင်စာအုပ်များကို သိမ်းစီးနေသော ဆောင်ကျင်းအန်းကိုကြည့်ကာ “မင်းကျင်းအန်းကို ဖိတ်ပြီးပြီလား?”

“မဖိတ်ရသေးဘူး၊ ငါ မင်းကို ပထမဆုံး ဖိတ်တာ” တန်ရှိန်က ပြောသည်။

“ကောင်းပြီ၊ မင်း ကျင်းအန်း ကို ခေါ်စရာ မလိုဘူး၊ ငါ သူ့ကို သွားပြောလိုက်မယ်။” ဟု လင်းဖန်က ပြောလိုက်သည်။

“ကောင်းပြီ ဒါဆိုလဲအစ်ကို လင်းကို ပဲကျေးဇူးတင်ပါတယ်” ဟုတန်ရှိန်က ဝမ်းသာအားရပြောလိုက်သည်။

ဆောင်ကျင်းအန်းသည်တန်ရှိန်ထက်အဆင့်အတ်းမြင့်သောကြောင့်တန်ရှိန်သည်သူကဆောင်ကျင်းအမ်းကိုဖိတ်လိုက်ရင်မလာတာမျိုးလဲဖစ်နိုင်သည်။

သို့သော် လင်းဖန်ဆိုတော့မတူကွဲပါးတဲ့ရလပ်ကိုရမည်ဖြစ်သည်။

ဖုန်းချပြီးနောက် လင်းဖန်သည် ဆောင်ကျင်းအန်းထံသို့သွားလိုက် သည်။

လင်းဖန်လာနေတာကိုမြင်ပြီးနောက်ဆောင်ကျင်းအနကပြုံးပြီး”ငါတို့ရဲ့ငလျင်ပညာရှင်ကြီးကဒီနေ့ ငါ့ဆီ ဘာလို့လာတာလဲ။” ဟုပြောလိုက်သည်။

သူ့ဘေးမှာ ထိုင်နေတဲ့ ကျောင်းသားတွေ အားလုံးရဲ့ မျက်နှာပေါ်မှာ ထူးဆန်းတဲ့ အမူအရာတွေပေါ်လာခဲ့သည်။

သိရန်ဆောင်ကျင်းအန်း သည် များသောအားဖြင့် မပြုံးတတ်သောကြောင့်လူအများက သူမကိုရေခဲတောင်အလှဟု ခေါ်ကြသည်။

ယခုတွင်မူသူမကလင်းဖန်အား အမှန်ပင်ပြုံးပြနေသည်။

ဒါဟာ ... မယုံနိုင်စရာပင်ဖြစ်သည်။

လင်းဖန်က “တန်ရှိန် က ဒီည ဂိမ်းတစ်ခု စီစဉ်ပြီး အားလုံးကို အတူတူ စုစေချင်တယ်လို့ ပြောခဲ့တယ်။ ညဘက် အတူတူ သွားချင်လား။”

“ဒီလောက်ပျော်စရာကောင်းတာကိုငါကသွားမှာပေါ့” ဟုဆောင်းကျင်းအန်းက ပြောလိုက်သည်။

လင်းဖန်က ခေါင်းညိတ်ပြီး “ဒါဆို သွားကြရအောင်။”

ထို့နောက် နှစ်ယောက်သား ပခုံးချင်းယှဉ်ပြီး ကားပါကင်ဆီသို့ လျှောက်သွားကြသည်။

ဆောင်ကျင်းအန်းသည် Pagani Fengshen(ကား)၊ Koenigsegg CCR(ကား)နှင့် ကားပါကင်ရှိ အခြားကားများကို ကြည့်ပြီး “ဒါက မင်းရဲ့သီးသန့် ကားပါကင်ဖြစ်လာတော့မယ်ထင်တယ်။”ဟုပြောလိုက်သည်။

လင်းဖန်သည် ဤနေရာတွင် သူ၏ကားများကို ရပ်ထားသောကြောင့် အနီးနားတွင် လူအနည်းငယ်ကသာသူ့ကားလေးတွင်ရပ်ထားသည်။

ဘာလို့လဲဆိုတော့ သူတို့အားလုံးဟာလင်းဖန် ရဲ့ကားကို မတော်တဆတိုက်မိမှာကို ကြောက်သောကြောင့်ပင်ဖြစ်သည်။

အဲဒီအခါကျရင်ကိုယ့်ကိုကိုယ်တောင်ရောင်းဖို့ မတတ်နိုင်တော့မှာ ကြောက်သည်။

လင်းဖန်သည် သူ၏နှာခေါင်းကို ကိုင်လိုက်ကာ Pagani Fengshen (ကား)တံခါးကိုဖွင့်ကာ ဝင်ထိုင်လိုက်သည်။

“ဗွမ်း!”

ဆောင်ကျင်းအန်း ထိုင်ပြီးနောက် လင်းဖန်သည် အရှိန်မြှင့်စက်ကို နင်းလိုက်ပြီးရှေ့သို့မောင်းထွက်သွားတော့သည်။

…………

ထိုအချိန်တွင် စုလင်းဟို သည် ဘောဂဗေဒစာအုပ်ထူထူကိုကိုင်ကာ စာသင်ခန်းတွင်ထိုင်ကာ တိတ်တိတ်ဆိတ်ဆိတ်လေ့လာနေပြီးရံဖန်ရံခါ မှတ်စုအချို့ကိုရေးနေပါသည်။

လူအများစုသည် ချမ်းသာသော ဒုတိယမျိုးဆက်များသည်အမြဲတမ်း စားသောက်၊ ပျော်ပျော်ပါးပါး နေသည်ဟု အမြဲထင်မြင်ကြသည်။

တကယ်တန်းတော့ဒီလိုမျိုး မဟုတ်ပေ။

သူတို့က သာမာန်လူတွေထက် ပိုမိုလေ့လာကြရသည်။

“ကလင် ကလင်!”

ထိုအချိန်တွင် စုလင်းဟို၏ လက်ကိုင်ဖုန်းသည် အသံကမည်လာခဲ့သည်။

စာဖတ်နေရင်း စိတ်အနှောက်အယှက်ဖြစ်ရတာကို မကြိုက်တဲ့အတွက် သူကချက်ခင်းမျက်မှောင်ကြုတ်လိုက်မိသည်။

စုလင်းဟိုသည်ခေါ်ဆိုမှုသူကိုတစ်ချက်ကြည့်လိုက်ပြီးဖုန်းကိုင်လိုက်သည်။

“တန်ရှိန် ဘာကိစ္စရှိလို့လဲ”ဟုမေးလိုက်သည်။

တန်ရှိန်သည် စုလင်းဟို ၏ လေသံတွင် မကျေမနပ်ဖြစ်နေသည့်အသံကိုကြားပြီးနောက်သူက သတိထားပြီးပြောတယ် “ လင်းဟို ၊ ငါ ဒီနေ့ ဂိမ်းတစ်ခု ဖွဲ့ပြီး အားလုံးကို အတူတူ ကစားဖို့ကိုဖိတ်ခေါ်ချင်လို့၊အဲ့ဒါမင်းအားလညးလို့လာမေးတာ “

ဒါကိုကြားတော့ စုလင်းဟို က မျက်မှောင်ကြုတ်ပြီး “ငါညဘက်လုပ်စရာရှိတယ်...”ဟုပြောလိုက်သည်။

“အင်း...ကောင်းပြီ လင်းဟိုမင်း က အရေးကြီးလုပ်စရာရှိတယ်ဆိုတော့အစ်ကို လင်း နဲ့ တခြားသူတွေ နဲ့ပဲသွားလိုက်မယ်။” ဟုတန်ရှိန်က ပြောလိုက်သည်။

“ဘာ. အစ်ကို လင်း ဘယ်အစ်ကို လင်း ပြောတာလဲ?” ဟုစုလင်းဟိုက ကမန်းကတန်း မေးလိုက်သည်။

တန်ရှိန်က “အရင်တုန်းက အတူတူကားပြိုင်ခဲ့တဲ့ လင်းဖန်ကိုပြောတာ။”

ဟုလင်းဟို သည် ထိုစကားကိုကြားပြီးနောက် စာအုပ်ကို စားပွဲပေါ် တိုက်ရိုက်ပစ်တင်လိုက်တော့သည်။

ပြီးနောက်သူက “ဘယ်မှာတွေ့မှာလဲ” လို့မေးလိုက်သည်။

“ လေးကမ္ဘာမှာ” ဟုတန်ရှိန်က ကမန်းကတန်း ပြောလိုက်သည်။

“ကောင်းပြီ ငါလာခဲ့မယ်။” စုလင်းဟို က ပြောလိုက်သည်။

စုလင်းဟိုနဲ့ဖုန်းချလိုက်ပြီးနောက်တန်ရှိန်က “အစ်ကို လင်းရဲ့ မျက်နှာက အရမ်းကောင်းတာပဲ၊ လင်းဟိုတောင် စိတ်ပြောင်းသွားစေတယ်။”ဟုပြောလိုက်သည်။

ဤကိစ္စနှင့်ပတ်သက်ပြီးသူသည်လီယွင်ဟိုင်ကို ထပ်မံခေါ်ဆို လိုက်သည်။

“ ယွင်ဟိုင် ၊ ကျွန်တော် ဒီနေ့ လေးကမ္ဘာမှာ စီစဉ်တစ်ခုရှိတယ်။အဲ့တာကိုလာချင်လား ၊ အစ်ကိုလင်းဖန်ကလဲ လာဖို့ သဘောတူထားတယ်” ဟုတန်ရှိန် က ပြောလိုက်သည်။

ဖုန်းတစ်ဖက်တွင် လီယွင်ဟိုင် ၏ ရယ်မောသံသည် ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

ထို့နောက်လီယွင်ဟိုင်က”စိတ်မပူပါနဲ့ ငါအဲ့ဒီကို မကြာခင်ရောက်လာခဲ့မယ်!”ဟုပြောလိုက်သည်။

ဒါကိုကြားပြီးနောက်တန်ရှိန်က ဝမ်းသာအားရနဲ့ “ကောင်းပြီ၊ ဒါဆို ယွင်ဟိုင်ငါမင်းကိုစောင့်နေမယ်”ဟုပြောလိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters