← Chapters

မျှပါအုံး

Vol. 11 Ch. 160

မျှပါအုံး

Vol. 11 Ch. 160

လီယွင်ဟိုင်သဘောတူရတဲ့​အ​ကြောင်းအရင်းလင်းဖန်ကြောင့်ဆိုတာကိုတန်ရှိန်သိသည်။

ဒါကြောင့်သူသည် လင်းဖန်၏ အဆင့်အတန်းကိုမတွေးပဲမနေနိုင်ပေ။

…………

လကမ္ဘာသည် ကျန်ပေ့ ရှိ နာမည်ကြီးဘားတစ်ခုဖြစ်သည်။

ထိုအချိန်တွင် BMW(ကား)၊ Mercedes-Benz(ကား)၊အေဒီအစရှိသည့်ဇိမ်ခံကားများစွာသည် ဘားရှေ့ကားရပ်နားရာနေရာတွင်ရပ်ထားကြသည်။

Porsche(ကား)နှင့် Maserati(ကား)ကဲ့သို့သော အဆင့်မြင့် ဇိမ်ခံကားများအပြင်ဖယ်ရီရာနှင့် လန်ဘော်ဂီနီ ကဲ့သို့သော စူပါပြိုင်ကားကားများစွာကိုလည်း ကားရပ်နားရာနေတွင်လဲရပ်နားထားကြသည်မှားလဲရှိသည်။

“ဗွမ်း!”

အဝေးမှ အင်ဂျင်တစ်ခု ထွက်ပေါ်လာပြီးနောက် ဘားရှေ့ရှိအလှလေးများသည် ၎င်းတို့၏ မျက်လုံးများ၏ အသံကို ကြားရသည့်နေရာကိုမျှော်ကြည့်လိုက်ကြသည်။

သူမတို့သည်ခပ်မိုက်မိုက်ပုံစံ Pagani Fengshen(ကား) သည် အဝေးကနေလာတယ်ဆိုတာကိုတွေ့လိုက်သည်။

အဆုံးမှာတော့ ဘားရှိကားရပ်နားရာနေရာတွင်ကားရပ်လိုက်ကြသည်။

အလှမယ်များသည် Pagani Fengshen(ကား) ၏ဆွဲဆောင်မှုရှိသောသွင်ပြင်ကိုကြည့်ပြီးကားနားကိုပြေးသွားလိုက်ကြသည်။

သို့သော်နောက်အခိုက်အတန့်တွင်သူမတို့အားလုံးသည်သွနေရာကနေ ရပ်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် Pagani Fengshen (ကား)အထဲကနေအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ဆင်းလာသောကြောင့်ပင်ဖြစ်သည်။

ဆိုလိုသည်မှာ ၎င်းတို့သည် ၎င်းတို့၏ သားကောင်မဟုတ်ကြောင်း ထင်ရှားသည်။(သားကောင်ကလူပျိုလူလွတ်တွေကိုပြောတာပါ)

ဆောင်ကျင်းအန်း က သမူ့မျက်လုံးထဲမှာ ဒါတွေအားလုံးကို မြင်ပြီးနောက် ပြုံးလိုက်ပြီး “လင်းဖန် ၊ မင်းနဲ့အတူငါ့ကိုခေါ်လာတာကို နောင်တရနေပြီမလား”

လင်းဖန်ကမသိနားမလည်ပုံစံဖြင့် “ငါကဘာလို့နောင်တရရမှာလဲ?”

“မင်းငါ့ကိုမခေါ်ခဲ့ဘူးဆိုရင်... အခုအချိန်မှာ မင်းကို ချောမောလှပတဲ့ မိန်းမတွေအများကြီးနဲ့ ဝန်းရံလိမ့်မယ်” ဟု ဆောင်ကျင်းအန်း က ပြောလိုက်သည်။

“ဒါဆို မင်းကငါ့ရဲ့အကာအရံလုပ်လိုက်ဘေ” လင်းဖန်က ပြုံးပြီးပြော လိုက်သည်။

ဒိုင်း?

ဒါကိုကြားပြီးနောက်ဆောင်ကျင်းအန်း က ချိုသာ စွာရယ်မောလိုက်သည်။

ထိုအချိန်တွင် ဘားတံခါးဝတွင်ရပ်နေသော တန်ရှိန်သည် လျင်မြန်စွာ လျှောက်လာ​​ကြသည်။

“ညီမ ကျင်းအန်း၊ အစ်ကို လင်း၊ မင်းတို့​ရောက်ပြီးလား။” တန်ရှိန်က ပြောလိုက်သည်။

“ဟုတ်​တယ်​ “ ဆောင်ကျင်းအန်းကခေါင်းညိတ်ပြီး ပြောလိုက်သည်။

သုံးယောက်သား သည်လမ်းလျှောက်လာရင်း စကားစမြည်ပြောနေကြသည်။

လကမ္ဘာဘားထဲကို လျှောက်သွားတဲ့အခါ သူတို့နားထဲမှာ ကျယ်လောင်တဲ့ ဂီတသံတွေ၊ တောက်ပတဲ့ အလင်းရောင်တွေ ပြည့်နှက်နေပြီး အဝေးက ကပွဲကြမ်းပြင်ပေါ်တွင် ယောက်ျားလေး၊မိန်းမကလေးတော်တော်များများ က ကနေကြသည်။

ထိုအချိန်တွင် လီယွင်ဟိုင် နှင့် အခြားသူများသည် ထိုင်စရာနေရာတွင် ထိုင်ကာ ဝီစကီသောက်ရင်း ၎င်းတို့၏ ခန္ဓာကိုယ်ကို ရံဖန်ရံခါ တေးဂီတသံစဉ်ဖြင့်ကနေကြသည်။

လင်းဖန်နှင့် ဆောင်ကျင်းအန်းကိုတွေ့ပြီးနောက် တယောက်ပြီးတယောက် မတ်တပ်ရပ်လိုက်ကြသည်။

“အစ်ကို လင်း၊ ငါမင်းကိုထပ်တွေ့မယ်လို့မထင်ထားဘူး” ဟုလီယွင်ဟိုင်က ဝမ်းသာအားရ ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် လင်းဖန်ကို လက်နှစ်ဖက်ဖြင့် ဖက်ဖို့လုပ်လိုက်သည်။

လီယွင်ဟိုင်ဖက်ဖို့လုပ်နေတာကိုမြင်တော့လင်းဖန်က ဘေးကို ရှောင်လိုက်ပြီး “ချောမောလှပတဲ့ မိန်းမတွေကိုပဲ ပွေ့ဖက်ပါရစေ”ဟုပြုံးပြီးပြောလိုက်သည်။

ဒီစကားကိုကြားပြီးနောက် လူတိုင်းရယ်မောသွားကြသည်။

ထိုအချိန်တွင် စုလင်းဟိုနှင့် လူငယ်နှစ်ယောက်တို့ဝင်လာကြသည်။

စုလင်းဟိုကလင်းဖန်နဲ့ တခြားသူတွေကို တွေ့တဲ့အခါ “လူတိုင်း အရမ်းမြန်တာပဲ!”

“မင်းကလိပ်လိုနှေးနေတာကို” လီယွင်ဟိုင်ကချက်ချင်းက ပြောလိုက်သည်။

“အိုး၊ မြန်တယ်ဆိုတာကလဲတစ်ချို့နေရာမှာတော့မကောင်းဘူးနော်” ဟုစုလင်းဟိုကပြုံးပြီး ပြောလိုက်သည်။

လီယွင်ဟိုင်ကထပ်မံ ချေပလိုသောလဲဘာပြောရမှန်းမသိဖြစ်နေသည်။

စုမိသားစုနှင့် လီမိသားစုတို့သည် ရန်ဘက် ဟု ဆိုနိုင်သည်။

ထို့ကြောင့် စုလင်းဟိုနှင့် လီယွင်ဟိုင် တို့တွေ့ဆုံသည့်အခါတိုင်း ရန်ဖြစ်ကြသည်။

စစ်တုရင်ကစားတာပဲဖြစ်ဖြစ်၊ ကားပြိုင်ပွဲပဲဖြစ်ဖြစ် အရက်သောက်တာပဲဖြစ်ဖြစ်... နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် နှိုင်းယှဉ်ပြီးရန်စလျက်ရှိကြသည်။

လင်းဖန်က “အားလုံးပဲ အရင်ထိုင်ပြီးမှပြောစရာရှိတာငိုပြောပေါ့”ဟုရယ့ပြီးပြောသည်။

လီယွင်ဟိုင်တို့သည်ဒါကိုကြားသောအခါ၌ သူတို့အားလုံးထိုင်လိုက်ကြသည်။

ထို့နောက် တန်ရှိန် သည် အဝေးမှာရှိသည့်လူတစ်ယောက်ကိုလှမ်းခေါ်လိုက်သည်။

တန်ရှိန်ခေါ်လိုက်သောမန်နေဂျာ မန် သည် သူတို့စီသို့လာပြီး ပြုံးပြကာ လမ်းလျှောက်လာသည်။

သူကတန်ရှိန်ရှေ့ရောက်ပြီးနောက် “မစ္စတာတန်မင်းမှာ ညွှန်ကြားချက်တွေ ရှိလား”ဟုတလေးတစားပြောလိုက်သည်။

တန်ရှိန် သည် ဤနေရာသို့ မကြာခဏ လာလည်သူဖြစ်သောကြောင့် မန်နေဂျာမန်နှင့်သိနေခြင်းဖြစ်သည်။

“အကင်၊ သစ်သီးပန်းကန်၊ ကျန်တာကိုတော့အဆင်ပြေတဲ့ဟာတွေလာချပေးပါ!” ဟုတန်ရှိန်က ပြောလိုက်သည်။

ဒါကို ကြားပြီးနောက်မန်နေဂျာမန်၏မျက်နှာက ချက်ချင်း ပြုံးသွားခဲ့သည်။

ခဏအကြာတွင်မန်နေဂျာမန်ကမှာထားတာတွေနဲ့စပရိုက်များကိုလာချပေးလိုက်ကြသည်။

လီယွင်ဟိုင်သည် စပရိုက်တစ်ပုလင်းကိုဖွင့်ပြီး “လာ၊ အတူသောက်လိုက်ရအောင်!”

သူတို့အားလုံးသည်သောက်လိုက်ကလိုက်လုပ်နေကြသည်။

ဝိုင်တစ်ပုလင်းကုန်သောအခါတွင် လူတိုင်း ကနေကြသည်မှာ နောက်ဆုံးတွင် ဖြည်းညှင်းစွာ ရပ်သွားကြသည်။

လူအုပ်ကြီးသည်ဝိုင်​သောက်သည့်​ရောထိုင်ကာ အချင်းချင်း စကားစမြည်ပြောကာ စိတ်အေးလက်အေး သက်တောင့်သက်သာရှိနေကြသည်။

“ ငါတို့ပြိုင်ကားသွားမောင်းကြရအောင်” ဟုလီယွင်ဟိုင်က ပြောလိုက်သည် ။

ဆန့်ကျင်ဘက်တွင်ထိုင်နေသော ချင်ဒူဟုခေါ်သော ပိန်ပိန်ပါးပါး အမျိုးသားသည် သူ့မျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက်အမူအရာပြသလိုက်သည်။

လီယွင်ဟိုင် က “ချင်ဒူမင်း စူပါကားတစ်စီးဝယ်ဖို့ ပိုက်ဆံ မစုရသေးဘူးလား?”

ချင်ဒူ က ကူကယ်ရာမဲ့ ခေါင်းညိတ်ပြလိုက်သည်။ဒီမှာရှိတဲ့လူတိုင်းသည်သူတို့မုန့်ဖိုးနဲ့စုမည်ဆိုရင်မကြာခင်စူပါပြိုင်ကားတစ်စီးကိုဝယ်နိုင်ကြသည်။

ဒါပေမယ့် ချင်ဒူ က မတူပေ။

အရင်ကသူ၏ကားအရမ်းကောင်းတဲ့ကားပင်ဖြစ်သည်။သို့သော်သူသည်မူးအောင်သောက်ပြီးနောက်သူမောင်းလခဲ့သောကားကိုမေ့ပြီးတိုင်စီ​နဲ့သာအိမ်သို့ပြန်ခဲ့သည်။

အိမ်ရောက်သည်နှင့်ကားမပါဘဲအိမ်ပြန်လာသောကြောင့် သူ့အဘိုးသည် အလွန်ဒေါသထွက်ကာ သူ့ကားကို သိမ်းဆည်းကသူ၏မုန့်ဖိုးကိုလဲ ၉၀ ရာခိုင်နှုန်းဖြတ်ခဲ့သည်။

ယခုအချိန်တွင် ချင်ဒူ သည် လစဉ်အသုံးစရိတ် 100,000 သာရှိသောကြောင့် သူသည် ဒါနဲ့မတင်းတိန်နိုင်ပေ။

လီယွင်ဟိုင်က လင်းဖန်ရဲ့ ပခုံးပေါ် လက်တင်ပြီး “မင်း ကားဝယ်ဖို့ ပိုက်ဆံ လိုချင်ရင် ငါတို့အစ်ကိုလင်း ကို မေးလို့ရတယ်။အစ်ကို လင်း ၊ မင်းမှာ ပရောဂျက်ကောင်းတွေ ရှိလား ၊ ရှိရင်လဲငါတို့ကိုမျှပါအုံး?”ဟုပြောလိုက်သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters