ရင်းနှီးမြှုပ်နှံမှု
Vol. 11 Ch. 161
ဤစာကားလုံးများပြောရခြင်းမှာလီယွင်တွင်အကြောင်းပြချက်ရှိသည်။
ပထမတစ်ခုကလင်းဖန်ကအရမ်းကိုချမ်းသာသောကြောင့်ပင်ဖြစ်သည်။
ထို့အပြင် လင်းဖန်သည် ပေးကျင်ရှိဇောင်မိသားစုနှင့်လည်း နီးကပ်စွာ ဆက်စပ်ရေးရှိသည်။
ဒါကြောင့်လင်းဖန်ပိုက်ဆံရှာတာအရမ်းလွယ်ကူသည်။
ဤနေရာရှိအခြားလူများက လဲလင်းဖန်အား အာရုံစိုက် လာကြသည်။
ပွဲအစကတည်းက လီယွင်ဟိုင်၊ စုလင်းဟို၊ ဆောင်ကျင်းအန်း နှင့် တန်ရှိန်တို့သည် လင်းဖန်ဘေးတွင်သာထိုင်နေကြသည်ဆိုတာကိုသူတို့တွေ့လိုက်သည်။ဒါကြောင်သူတို့သည်လင်းဖန်အဆင့်အတန်းကိုသိချင်သည်။
လင်းဖန်ကသူတို့ကိုတစ်ခုခုပြောဖို့လုပ်လိုက်သည်နှင့်တပြိုင်သူစိတ်ထဲတွင်အသံတစ်ခုကိုကြားလိုက်ရသည်။
【ဒင်း! မစ်ရှင်- အတူတကွ ချမ်းသာခြင်း။ အနည်းဆုံး လူ 3 ဦးကို ဦးဆောင်ပြီး စုစုပေါင်း ယွမ် သန်း 100 ကျော် ရရှိအောင်လုပ်ပါ။မစ်ရှင်ပြီးပါက ငွေရောင်စာအိတ် ၅ စောင် ချီးမြှင့်မည်။ 】
လင်းဖန်ဒါကိုကြားပြီးတာနဲ့ပျော်သွားခဲ့သည်။ထို့ကြောင့်သူက “ပရောဂျက်ကောင်းတွေကငါ့မှာအများကြီးရှိတယ်” လို့ပြောလိုက်သည်။
“ဟားဟား....ငါသိတယ်လေ” လီယွင်ဟိုင်က ဝမ်းသာအားရနဲ့ “အစ်ကိုလင်းမြန်မြန် ငါတို့ကိုပြောပြပါအုံး”
ဤနေရာရှိ အခြားလူများ အားလုံးကလည်း စိတ်ဝင်စားလာကြသည်။
လင်းဖန်က “စာရင်းဝင်ကုမ္ပဏီ အစုအဝေးတစ်ခုရဲ့ အချက်အလက်တွေကို ငါရထားတယ်။မင်းတို့ငါ့ကိုယုံရင် သုံးရက်လောက် လုပ်ငန်းလည်ပတ်ဖို့ အတွက်ပိုက်ဆံကို ငါ့ဆီ လွှဲပေးလို့ရတယ်။ အမြတ်က20% အောက်မရောက်ဘူးလို့ငါအာမခံတယ်”
ထင်ရှားသည်မှာ လင်းဖန်သည် လာမည့်သုံးရက်အတွင်း 100 စတော့ဇယားကို အသုံးပြုရန် စီစဉ်နေတယ်ဆိုတာပင်ဖြစ်သည်။
“ငါယုံတယ်”ဒါကိုကြားပြီးနောက် လီယွင်ဟိုင် က စိတ်လှုပ်ရှားစွာပြောလိုက်သည်။
သူ့အမြင်အရတော့ ဒီစာရင်းဝင်ကုမ္ပဏီတွေရဲ့ အတွင်းပိုင်းအချက်အလက်တွေကို ဇောင်မိသားစုကပေးတယ်လို့ထင်လိုက်သည်။
ဇောင် မိသားစုဆိုတာကဘာလဲ။
ဇောင်မိသားစုသည်တရုတ်နိုင်ငံရှိ ထိပ်တန်းမိသားစုများထဲမှ တစ်ခုဖြစ်သည်။
သူတို့ပေးခဲ့တဲ့ အချက်အလက်တွေက ဘယ်လိုလုပ်မှားနေမှာလဲ။
ဒါက ငွေရှာဖို့ အကောင်းဆုံးအခွင့်အရေးပါ။ ဒီအခွင့်အရေးကိုလပ်လွတ်သွားရင်တော့ တစ်သက်လုံး နောင်တရမှာ သေချာသည်။
“အစ်ကို လင်း၊ ရင်းနှီးမြှုပ်နှံမှုပမာဏအပေါ် ကန့်သတ်ချက်တွေရှိလား။” စုလင်းဟို က မေးလိုက်သည်။
သူသည်လဲလင်းဖန်၏စကားကိုအလွန်ယုံကြည်ခဲ့သည်မှာ ထင်ရှားသည်။
လင်းဖန်က ခဏလောက်စဉ်းစားပြီး “10 သန်းထက်မနည်းတာက ပိုကောင်းတယ်” လို့ပြောလိုက်သည်။
10သန်းထက်မလျော့ရဘူးလား?
ဒီစကားကြောင့် ဤနေရာရှိလူတိုင်းကိုတုန်လှုပ်သွားစေသည်။
လင်းဖန်သည် စနစ်၏မစ်ရှင်ကြောင့်သူသည် လူတိုင်းနဲ့အတူတူ ငွေရှာချင်ခဲ့သည်။
ဒါပေမယ့် လူတိုင်းက သူ့ကိုယ်မယုံရင် လင်းဖန်ကလဲဒါကိုဂရုစိုက်မည်မဟုတ်ပေ။
လီယွင်ဟိုင်က သူ့မေးစေ့ကို ပွတ်သပ်ပြီး “10 သန်းပဲမဟုတ်ဘူးလား။ ငါ အိမ်ပြန်ပြီး အဖေနဲ့ တခြားသူတွေနဲ့ ဆွေးနွေးလိုက်အုံးမယ်”
“ငါလဲငါ့အဘိုးကြီး(အဖေ)နဲ့ဆွေးနွေးရမှာပေါ့။” စုလင်းဟိုက ပြောလိုက်သည်။
လင်းဖန်ဟာ စာရင်းဝင်ကုမ္ပဏီတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ တကယ်ရှိတယ်ဆိုတာ သူတို့ကယုံတာလား။
ဒီလိုစကားမျိုးက အများအားဖြင့် လိမ်ညာတာ မဟုတ်ဘူးလား။
အားလုံးက လင်းဖန်ကိုအံ့သြမှုအပြည့်ဖြင့် ကြည့်နေကြသည်။
လင်းဖန်ဘေးနားက ဆောင်ကျင်းအန်းက “လင်းဖန်က ငါမင်းကိုအနည်းဆုံးသန်း၅၀၀ပေးမယ်လို့ကတိပေးတယ်’’
ရင်းနှီးမြှုပ်နှံမှုအတွက် အနည်းဆုံး ယွမ် သန်း ၅၀၀ ပေးမည်ဟု လင်းဖန်ကိုတိုက်ရိုက်ကတိပြုလိုက်သည်။
ဤနေရာတွင်ရှိသူတိုင်းကအံသြ သွားကြသည်။
သန်း 500!
ဒါက သေချာပေါက် သေးငယ်တဲ့ပမာဏမဟုတ်ပေ။
ဒီမှာရှိနေသူတိုင်းလည်း သန်း 500 သုံးစွဲနိုင်ကြသည်။
သို့သော် ငွေအားလုံး ဆုံးရှုံးသွားခဲ့ရင်သူတို့မိသားစုသည်အရမ်းရမ်းကိုတင်းကျပ်သွားမည်ဖြစ်သည်။
ဒါတောင်ဆောင်ကျင်းအန်း က လင်းဖန်ကို ဒီလိုမျိုး ယုံကြည်နေတာလား။
သူမသည်လင်းဖန်ကို တကယ်ယုံကြည်သည်။
ပထမတစ်ခုကတော့သူမသည်လင်းဖန်ကို ယုံကြည်သည်။
ဒုတိယအနေနဲ့ကတော့ လင်းဖန်ရဲ့ စွမ်းရည်ကို ယုံကြည်သည်။
ဆောင်ကျင်းအန်းကလင်းဖန် သည်ဇောင် ၏ ထင်မြင်ယူဆချက်ကို ဖြေရှင်းပေးခဲ့ပြီး၊ မြေငလျင်ကြိုတင်ခန့်မှန်းချက်ကို တီထွင်ခဲ့ကြောင်းကိုသိသည်။
ဒီလိုတီထွင်နိုင်တဲ့သူကသေချာပေါက်အကြွင်းမဲ့ ပညာရှင်ကြီးပင်ဖြစ်သည်။
ထိုသို့သော ပညာရှင်ကြီးများသည် ပေါ့ပေါ့ဆဆ ရင်းနှီးမြှုပ်နှံကြမည်မဟုတ်သည်မှာသေချာသည်။
ပိုက်ဆံတွေ ယူဆောင်သွားတာနဲ့ပတ်သက်ပြီးတော့ဒါကလိုတောင်မလိုပေ။
အဘယ်ကြောင့်ဆိုသော် ဤသို့သောပညာရှင်ကြီးများသည် ငွေကိုမလိုချင်တော့သည်မှာတောင်စိုးရိမ်ရသည်။
လိုအပ်ရင် သူ့တို့ကို ပိုက်ဆံပေးဖို့ လူဘယ်နှစ်ယောက်လောက်ကအပြေးအလွှားသွားမယ်ဆိုတာ သူမမသိပေ။
“သဘက်ခါကျရင်ထည့်ချင်တဲ့သူထည့်မထည့်ချင်တဲ့သူကလဲကိစ္စမရှိပါဘူး” လင်းဖန်က ပြောသည်။
ချင်ဒူ : “တစ်ရက်လောက်ျကန်သေးတယ်ဆိုတော့ငါ ငါအဘိုးကိုစီးရုံးကြဘ့်လိုက်အုံးမာ့”
“ငါလဲပြန်ပြီးဆွေးနွေးလိုက်အုံးမယ်”
…………
မူလက လူတိုင်းသည် ရင်းနှီးမြုပ်နှံမှု သို့မဟုတ် တစ်စုံတစ်ရာကို အလွန်အလေးမထားခဲ့ကြပေ။
သို့သော်လည်း လီယွင်ဟိုင်၊ စုလင်းဟို နှင့်ဆောင်ကျင်းအန်းတို့အားလုံးက ဒါကို အလေးအနက်ထားနေကြတာကို မြင်လိုက်ရသည်။
ဒါကြောင့်သူတို့သည်လဲဒါကိုအလေးအနက်ထားလာခဲ့သည်။
“ဒင်!”
ယခုအချိန်တွင် လင်းဖန် မှလွဲ၍ ၎င်းတို့အားလုံးကို’ကျန်ပေ့ရန်ပုံငွေ’ ဟုခေါ်သော အဖွဲ့ထဲသို့ ဆွဲသွင်းခံလိုက်ရသည်။
ဆောင်ကျင်းအန်း- လင်းဖန် က 3 ရက်အတွင်း ရင်းနှီးတဲ့ငွေရဲ့ 20% အနည်းဆုံးရနိုင်တယ်။ဒါကြောင့် မြင့်မားသောအကျိုးအမြတ်များသည် မြင့်မားသောအန္တရာယ်များကို အမြဲတမ်းကိုယ်စားပြုနေပြီး အနာဂတ်ကို ဘယ်သူကမျှ အပြည့်အဝကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိပေ။
ဆောင်ကျင်းအန်း : ဒါကြောင့် နောက်ဆုံးမှာ ရင်းနှီးငွေရဲ့ 20% မရခဲ့ရင်ဒါမှမဟုတ်ပိုက်ဆံအားလုံး ဆုံးရှုံးခဲ့ရင်တောင် ဘယ်သူ့ကိုမှ အပြစ်မတင်ရဘူး။ကိုယ်လုပ်လို့ကြောင့်ကိုယ်ခံရတာ။
ဆောင်ကျင်းအန်း : ဒီလိုမျိုး ကြိုတင်ပြင်ဆင်ထားပြီးမှလင်းဖန်ကိုပိုက်ဆံပေးကြပါ။ဆုံးရှုးသွားမှသူ့ကြောင့်ငါ့ကြောင့်လို့လာမပြောနဲ့။
လီယွင်ဟိုင်- ညီမ ကျင်းအန်းပြောတာ မှန်တယ်၊ လူတိုင်းက လဲအရွယ်ရောက်နေပြီးဆိုတော့ကိုယ့်ဆုံးဖြတ်ချက်တွေအတွက် ကိုယ့်မှာတာဝန်ရှိတယ်။ ဒါပေမဲ့ အစ်ကို လက်းကိုတော့ကျွန်တော်ယုံတယ်။
စုလင်းဟို- ကျွန်တော် အဘိုးကြီး(အဖေ)နဲ့ အဆက်အသွယ်ရပြီး မနက်ဖြန်မှာ အစ်ကိုလင်း ကို သန်း 400 လွှဲပေးမယ်။
လီယွင်ဟိုင်:ငါလဲအစ်ကိုလင်းကိုသန်း 500 လွှဲပေးမယ်။
ချင်ဒူ : အစ်ကို လင်း က ကျွန်တော်တို့ကို ပိုက်ဆံရှာဖို့ ကူညီပေးနေတာ။ဒါကြောင့် ငါတို့ ပိုက်ဆံဆုံးရှုံးရင်တောင် ငါတို့ ဘာမှ မပြောဘူး။
တန်ရှိန်: ဒီနေ့ နည်းနည်းနောက်ကျသွားပြီ၊ မနက်ဖြန် အဘိုးကြီး(အဖေ)နဲ့ ဆွေးနွေးမယ်... မရရင်တောင်မှကျနော်စုထားတဲ့ဟာတွေကိုပေးဖို့စီစဉ်ထားတယ်။
စုရှောင်: ငါလဲအဲ့လိုလုပ်မှာ
ဇောင်ဘန် : ငါလည်း...
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး