မူရင်းငွေထက်ပိုရခြင်း
Vol. 11 Ch. 162
လင်းဖန်သည် ‘ကျန်ပေ့ရန်ပုံငွေ) အဖွဲ့တွင် ဘာတွေဖြစ်နေလဲဆိုတာကိုသူမသိပေ။သိရင်လဲဂရုစိုက်မည်မဟုတ်ပေ။
ထိုအချိန်တွင်လင်းဖန်သည်ရီကေသို့ ရောက်နေပြီဖြစ်သည်။
ဟေးလင်း နှင့် ချူစီရှင်းတို့သည်လင်းဖန်ကိုတွေ့ပြီးနောက် သူမတို့၏လှပသောမျက်နှာနှစ်ခုသည် ချက်ချင်းပင် အပြုံးများဖြင့် ပြည့်နှက်သွားတော့သည်။
လင်းဖန်သည်ရီကေရှိအဆောက်အဦးကိုဝယ်ပြီးဝယ်ပြီးသည့်နောက်ပိုင်း မတွေ့ရတာ၂ ရက်တောင်ရှိပြီဖြစ်သည်။
ဒါကြောင့်သူမတို့နှစ်ယောက် ကလင်းဖန်ကိုဘယ်လောက်ချစ်ကြောင်းဆိုတာကိုသက်သေပြတော့သည်။
( ̄ε ̄)
…………
နောက်တစ်နေ့။
လင်းဖန်က မျက်လုံးဖွင့်လိုကတာနဲ့ဖုန်းကိုအရင်ဖွင့်လိုက်သည်။ဖွင့်လိုက်သည်နဲ့ဖုန်းထဲမှာ မက်ဆေ့ချ်တစ်ခုရှိနေတယ်ဆိုတာကိုတွေ့လိုက်ရသည်။
“၀ နာရီ၊ တရုတ်ကုန်သည်များဘဏ်က ယွမ် ၃၆၇၀၁၀၀ ရရှိသည်။”
နေ့တိုင်း အိပ်ယာထတာနဲ့ ဝင်ငွေ ယွမ် သုံးသန်းကျော်ရရှိနေပြီဖြစ်သည်။သာမန်လူတွေသာဒါကိုတွေ့ရင်မလိုဖြစ်လွန်းလို့သေသွားနိုင်သည်။
ထို့နောက် လင်းဖန်သည်ရေချိုးပြီး နံနက်စာစားပြီးနောက် လင်းဖန်သည် ကျောင်းသို့ သွားကာ ကျောင်းသားဘဝကို တစ်ဖန်စတင်ခဲ့တော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာတော့ နေ့လည် ၁၂ နာရီထိုးသွားခဲ့သည်။
ထုံးစံအတိုင်းအနီရောင်စာအိတ်တွေ ပေါ်လာတော့သည်။
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 3 ယွမ် ရခဲ့သည်”
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း ၁၀ ယွမ် ရခဲ့သည်”
…………
“ဒင်း၊ ဂုဏ်ယူပါတယ် မင်းယွမ် ၁၀၀၀ ရသည်”
“ဒင်း! မင်း 19,999 ယွမ်ရရှိသည်။”
လင်းဖန်သည်ဒါကိုကြည့်ပြီးသူရဲ့ကံကောင်းခြင်းတွေကုန်ဆုံးသွားပြီလားဟုတွေးမိလိုက်သည်။
ယနေ့ လင်းဖန်သည်အနီစာအိတ်ကိုဖွင့်ရာတွင်ယွမ် ၄၂,၁၁၉ သာ ရရှိခဲ့သည်။
နေ့ခင်းဘက်တွင် လင်းဖန်သည် စာသင်ခန်းတွင်ထိုင်ကာဖုန်းသုံးနေခဲ့သည်။
ထိုအချိန်တွင် ဆောင်ကျင်းအန်းသည် လင်းဖန်စီသို့ဖြည်းညှင်းစွာ လျှောက်လာသည်။
“လင်းဖန်၊ ငါ့က ယွမ်ငွေ သန်း ၇၀၀ ၊ လီယွင်ဟိုင်နဲ့ စုလင်းဟိုတို့က တစ်ယောက်ကို ယွမ်သန်း ၆၀၀ ၊ တန်ရှိန်ကယွမ် သန်း 100 ၊ ဇောင်ဘန်ကလဲယွမ် သန်း 100 ၊ ချင်ဒူကယွမ် 4 သန်း ....အဲ့ဒါကိုငါဘယ်အကောင့်ကို လွှဲပေးရမှာလဲ ။ “ဟုမေးလိုက်သည်။(....တစ်ခြားလူတွေကျန်သေးတယ်ဆိုတဲ့အဓိပ္ပါယ်ပါ)
မနေ့က ဆောင်ကျင်းအန်းက သန်း 500 ၊ စုလင်းဟိုက သန်း 400 နဲ့ လီယွင်ဟိုင်က သန်း 500 ထည့်မယ်လို့ပြောခဲ့သည်။ဒီနေ့မှာတော့မနေ့ကပြောထားသည်ထက်နည်းနည်းပိုများသည်။
သူတို့တွေကလင်းဖန်ကို အလွန်ယုံကြည်ကြသည်မှာ ထင်ရှားသည်။
လင်းဖန်က “ငါရဲ့ရဲ့ ရင်းနှီးမြုပ်နှံမှုအကောင့်”
ဟုပြောကာလင်းဖန်သည် ကတ်နံပါတ်ကို ရေးသားလိုက်သည်။
“ကောင်းပြီ။” ဆောင်ကျင်းအန်း ခေါင်းညိတ်လိုက်သည်။
ဆောင်ကျင်းအန်းက ထွက်သွားတဲ့အခါ စုရီကလင်းဖန်ဘေးနားကိုလာကာ”လင်း... အစ်ကို လင်းသူမပြောတာက သန်း 700? သန်း 600အဲဒါတွေကဘာတွေလဲ”ဟုမေးလိုက်သည်။
ဇောင်ချင်းဘို နှင့် မူဇောင်တို့သည်လဲလင်းဖန်ဘယ်လိုဖြေမလဲဆိုတာကိုသိချင်သောကြောင့်လင်းဖန်အနားကိုနည်းနည်းတိုးပြီးနားထောင်လိုက်သည်။
“အဲ့ဒါတွေက ပိုက်ဆံတွေလေ’’ လင်းဖန်က အေးအေးဆေးဆေးပြန်ပြောလိုက်သည်။
ရုတ်တရက် တိတ်ဆိတ်သွားသည် ။
အခုမှပဲ သူတို့ကြားရတာ အရမ်းရှင်းတယ်။
တစ်ခုက သန်း ၇၀၀၊ နောက်ထပ်တစ်ခုက သန်း ၆၀၀နှစ်ကြိမ်၊ နောက်တစ်ခုက သန်း ၁၀၀၊ နောက်ထပ်တစ်ခုက ၄ သန်း။
တစ်နည်းဆိုရသော် လင်းဖန်သည် ယခုချက်ချင်းကြီးကိုသန်းနှစ်ထောင်ကျော်ကိုရရှိခဲ့သည်။
ဒါက ဘယ်လောက်ကြောက်ဖို့ကောင်းတဲ့နံပါတ်လဲ။
ဒီပမာဏတစ်ခုလုံးကသူတို့စိတ်ကူးယုံသာတတ်နိုင်သည့်ပမာဏပင်ဖြစ်သည်။
သန်းနှစ်ထောင်ကျော်မပြောနဲ့ လေးသန်းတောင်မှသူတို့ရချင်မှရမည်ဖြစ်သည်။
လင်းဖန်က သူတို့ကို ပြုံးပြကာ “ဒီပိုက်ဆံတွေကိုငါကရင်းနှီးမြှုပ်နှံပေးရတာလေ”ဟုပြောလိုက်သည်။
ထိုအချိန်တွင် လင်းဖန်၏ ဆဲလ်ဖုန်း အနည်းငယ် တုန်ခါသွားခဲ့သည်။
“တရုတ်ဘဏ်မှ ယွမ် ၂,၁၀၄ သန်းကို လွှဲအပ်ခဲ့သည်။”
ဒါကိုမြင်တော့ လင်းဖန် က ဆောင်ကျင်းအန်းဆီကို တိုက်ရိုက် မက်ဆေ့ချ်ပို့လိုက်တယ် - ငါ အဲဒါကို လက်ခံပြီးပြီဟူ၍ပင်ဖြစ်သည်။
တစ်ဖက်က ကျန်ပေ့ရန်ပုံငွေအဖွဲ့။
စုဆောင် နှင့် အခြားသူများသည် အဖွဲ့မှ နုတ်ထွက်ရန် အစပြုခဲ့ကြသည်။
ဒီအဖွဲ့ဟာ ရင်းနှီးမြှပ်နှံဖို့ လင်းဖန်အတွက် တည်ထောင်ထားတဲ့ အဖွဲ့ဖြစ်သည်။
သူတို့ကရင်းနှီးမြုပ်နှံမှု မပြုလုပ်ဘဲ ဒီအဖွဲ့ထဲမှာဆက်နေဖို့မျက်နှာမရှိပေ။
တစ်ချို့ကပိုက်ဆံသိပ်မရလို။
တချို့လူတွေကလဲလင်းဖန်ကို မယုံကြပေ။
ပထမတစ်ချက်လင်းဖန်က အရမ်းငယ်သည်။
နောက်တစ်ချက်ကတော့ လင်းဖန် နဲ့ သူတို့ကမရင်းနှီးပေ။
အမြော်အမြင်ရှိသောလူတိုင်းသည် ရင်းနှီးမြှုပ်နှံမှုကို စွန့်လွှတ်ရန် ရွေးချယ်ခဲ့ကြသည်။
သို့သော်သူတို့သည်ရင်းနှီးမြုပ်နှံမှု မလုပ်လိုက်သောကြောင့် ဆုံးရှုံးမှု မည်မျှ ကြီးမားသည်ကို သူတို့ မသိပေ။သိခဲ့ရင်သူတို့ကတစ်အိမ်လုံးကိုတောင်ရောင်းပြီးရင်းနှီးမြှပ်နံမည်ဖြစ်သည်။
လီ: ချင်ဒူမင်းကသင် 4 သန်းရတယ်။
ချင်ဒူ: ငါအရင်ကဝယ်ခဲ့တဲ့လက်ဆောင်တွေအပြင်၊ ငါ့မိဘတွေအရင်ပေးခဲ့တဲ့လက်ဆောင်တွေအားလုံးကို ငါပြန်ပြီး4 သန်းပဲတောင်းလိုက်လို့ရတာ။မဟုတ်ရင်တစ်သန်းတောင်ရမှာမဟုတ်ဘူး။
လီ : မင်းကမိုက်လိုက်တာ။
ချင်ဒူ : ငါကအကိုလင်းကိုယုံတယ်လေ။
လီ: မင်းရှုံးရင် မငိုနဲ့နော်။
ချင်ဒူ: ကိစ္စမရှိပါဘူး၊ ရှုံးရင်တောင်ငါညံလို့ငါခံရတာလို့ပဲသတ်မှတ်မယ်။
…………
ကျောင်းဆင်းသောအခါတွင် လင်းဖန်သည် ပန်လုံဗီလာသို့ ပြန်လာခဲ့သည်။
အိမ်ရောက်တာနဲ့သူကစနစ်ကို အာရုံစိုက်လိုက်သည်။
[သငအကောင့််ဝင်ချင်ပါသလား။ 】
“ဟုတ်တယ်!”
【ဒင်း! ဂုဏ်ယူပါတယ် ၊ မင်း ဂျူရီ အဆောက်အဦးကို ရရှိခဲ့သည်။။ 】
ဂျူရီအဆောက်အဦး သည် ကျန်ပေ့မြို့လယ်ရှိ အဆင့်မြင့်ရုံးအဆောက်အအုံတစ်ခုဖြစ်သည်။ ဈေးကွက်ပေါက်ဈေးအရ ၁ ဘီလီယံကျော်ရှိသည်။
လင်းဖန်က ဒါကိုကြည့်ပြီး”မဆိုးပါဘူး”ဟုမှတ်ချက်ပြုလိုက်သည်။
ထို့နောက်သူသည် နူးညံ့သော ဆိုဖာပေါ်တွင် လှဲလျောင်းရင်း ဖုန်းသုံးနေလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်ကောင်းကင်က မည်းမှောင်လာတော့သည်။
လင်းဖန်ကမတ်တပ်ရပ်ပြီး သူ့ခါးကိုဆန့်ကာ “.ဒီနေ့ ငွေရေးကြေးရေးကို စပြီး စီမံခန့်ခွဲလိုင်အောင်” လို့ပြောလိုက်သည်။
[နောက်သုံးရက်အတွင်း စတော့ရှယ်ယာကတ် ကို သုံးမည်လား။ 】
ရုတ်တရက် လင်းဖန်သည် သူ့စိတ်ထဲတွင် စတော့ 100 ၏ သုံးရက်တာ ဇယားတစ်ခု ပေါ်လာခဲ့သည်။
အဲဒီအထဲမှာ တရုတ်စတော့က၄၀ နဲ့ M နိုင်ငံပိုင် စတော့ ၆၀ လည်း ပါဝင်သည်။
သာမန်လူတစ်ယောက်ဆိုလျှင် ထိုစတော့ရှယ်ယာစရင်းများကိုကြည့်ပြီးရူးသွားမည်ဖြစ်သည်။
ဒါပေမယ့်လင်းဖန်ကတော့ မတူပေ။.
သူ့တွင် သင်္ချာပညာရှင်အဆင့် သင်္ချာအတွေ့အကြုံရှိပြီး ဤဇယားများကို တွက်ချက်ခြင်းသည် သူ့အတွက် ထမင်းစား၊ရေသောက်လောက်သာရိုးရှင်းသည်။
လင်းဖန်သည် မှတ်ပုံတင်ထားသောနိုင်ငံ M စတော့အကောင့်သို့ လျင်မြန်စွာဝင်ရောက်ပြီး သူ၏ 1052 သန်းအပြင် ဆောင်ကျင်းအန်း၊ စုလင်းဟို၊ လီယွက်ဟိုင်၊ တန်ရှိန်၊ ဇောင်ဘန် နှင့် ချင်ဒူတို့၏ 2.14 ဘီလီယံကို စတော့အကောင့်ထဲသို့ လွှဲပြောင်းလိုက်သည်။
ထို့နောက်လင်းဖန်စတော့စျေးကွက်ကိုစတင်ကစားတော့သည်။
လင်းဖန်သည်သူဝယ်ထားသောစတော့များကို အမြင့်ဆုံးအမှတ်အနီးတွင် ရောင်းချပြီး အနိမ့်ဆုံးအမှတ်ကျရင်ထပ်မံဝယ်ယူခဲ့သည်။(အမှတ်ကစျေးကိုပြောတာပါ)
ဒီလိုပုံနဲ့ပဲတစ်နာရီအတွင်းလင်းဖန်၏မူရင်းငွေထက် ၇ ရာခိုင်နှုန်း တိုးလာခဲ့သည်။
လင်းဖန်သည် ဒီငွေကြေးများကို သိပ်စိတ်မဝင်စားပေ။
ဒါပေမယ့် တိုးလာတဲ့ ကိန်းဂဏန်းတွေကို ကြည့်ပြီး စိတ်လှုပ်ရှားနေသည်။
ထို့ကြောင့်လင်းဖန်သည် တစ်ညလုံးမအိပ်ပဲစတော့စျေးကိုသာကစားနေတော့သည်။
နေ့ထွက်လာသောအခါတွင်နိုင်ငံ M ၏စတော့ဈေးကွက်သည် ပြီးဆုံးသွားခဲ့သည်။
ဒါကြောင့်လင်းဖန်သည်လဲစတော့ကစားနေတာကိုရပ်တန့်လိုက်သည်။
တစ်ညတည်းမှာပင် လင်းဖန်၏ မူရင်း၀င်ငွေထက်50% တိုးလာခဲ့သည်။
စတော့အကောင့်ထဲမှာ မူလက 3.156 ဘီလီယံပဲ ရှိသည်။
တစ်ညတာကုန်ဆုံးပြီးနောက်၊ 4.734 ဘီလီယံရှိလာသည်။
ဒီလိုအရည်အချင်းမျိုးကကြောက်စရာပင်ဖြစ်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး