မစ်ရှင်ပြီးဆုံးခြင်း
Vol. 11 Ch. 163
နောက်တစ်နေ့တွင် လင်းဖန်သည် ကျောင်းသို့သွားကာ စာသင်ခန်းများကို နားထောင်ကာ ခါတိုင်းကဲ့သို့ အိပ်ပျော်သွားခဲ့သည်။
သူသည်မနက်ပိုင်းကျောင်းသွားပြီညကျရင်စတော့ရှယ်ယာကိုကစားသည်။
ဒီလိုနဲ့ပဲမျက်စိတစ်မှိတ်အတွင်း မှာပင်နှစ်ရက်ကုန်သွားခဲ့သည်။
လွန်ခဲ့သည့်နှစ်ရက်က လင်းဖန်ကို ယုံကြည်သောကြောင့် ဖြစ်နိုင်သလို လင်းဖန်ကို ဖိအားမပေးချင်သောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ဆောင်ကျင်းအန်း ၊ လီယွင်ဟိုင်၊ စုလင်းဟိုနှင့် အခြားလူများကလင်းဖန်ကိုမေးခွန်းများမေးမြန်းခြင်းမပြုခဲ့ပေ။
ပထမနေ့တွင် လင်းဖန်သည် မူရင်း၀င်ငွေ၏ 50% ရရှိခဲ့သည်။
နောက်တစ်နေ့တွင် လင်းဖန်သည် မူရင်း၀င်ငွေ၏ 70% ကျော်ရရှိခဲ့သည်။
တတိယမြောက်နေ့မှာ လင်းဖန်က ၀င်ငွေရဲ့ 60% နီးပါးကို ရရှိခဲ့သည်။
ယခုအချိန်တွင် လင်းဖန်၏အကောင့်တွင်ရှိသာငွေမှာ ယွမ် 12.876 ဘီလီယံဖြစ်သည်။
ဒါဟာသေချာကောက်ကြောက်စရာပင်ဖြစ်သည်။
ဤနေ့သည် စနေနေ့ဖြစ်သည်။
လင်းဖန်သည် တစ်မနက်လုံး အိပ်လိုက်ပြီးနောက်၊ သုံးရက်တာ ရင်းနှီးမြုပ်နှံမှု အားလုံးပြီးကြောင်းကို ဆောင်ကျင်းအန်းထံပေးပို့လိုက်သည်။
လင်းဖန် : ရင်းနှီးမြှုပ်နှံမှု ပြီးသွားပြီ။သူရတယ့်ဝင်ငွေပုံတွေကိုစခရင်ရှော့ရိုက်ပြီးပို့လိုက်သည်။
“ကလင် ကလင်”
ခဏကြာတော့ သူ့ဖုန်းက အသံမြည်လာခဲ့သည်။
လင်းဖန်သည် ဖုန်းကိုင်လိုက်တာနဲ့ တပြိုင်နက်ဆောင်ကျင်းအန်း ၏အသံကအရင်ထွက်လာခဲ့သည်။
“လင်းဖန် မင်းငါ့ကိုဘာပြောချင်တာလဲ”ဟုဆောင်းကျငအန်းကပြောလိုက်သည်။
လင်းဖန် က “ငါပြောချင်တာကမင်းပို့လိုက်တဲ့ပိုက်ဆံနဲ့ငါပိုက်ဆံတွေစုစုပေါင်း 3ဘီလီယံကျော်ကိုငါရင်းနှီးမြုပ်နှံခဲ့တယ်”
“ဒါဆို ယွမ် 12.876 ဘီလီယံကဘယ်လိုရသွားတာလဲ။” ဆောင်ကျင်းအန်းက ကမန်းကတန်း မေးလိုက်သည်။
“ဒါ၃ဘီလီယံနဲ့ရင်းနှီးမြှုပ်နှံလို့ဒီလောက်ရလာတာ’’ ဟုလင်းဖန်ကပြောလိုက်သည်။
ဒီစကားကို ပြောပြီးတာနဲ့ ဖုန်းထဲကနေ ဘာအသံမှ မထက်လာတော့ပေ။
ဆောင်ကျင်းအန်းသည် လင်းဖန်၏ အတည်ပြုချက်ကို ရရှိပြီးနောက် သူမ လုံးဝ အံ့အားသင့်သွားခဲ့သည်။
သူမသည် ချမ်းသာသော ဆောင် မိသားစုတွင် မွေးဖွားခဲ့သည်။ သူမသည် ငွေအမြောက်အမြားကိုလဲတွေ့ခဲ့ဖူးပြီး ရင်းနှီးမြှုပ်နှံမှု အမြတ်အစွန်းများစွာကို လဲမြင်တွေ့ဖူးသည်။
သို့သော်လည်းသူမသည်လင်းဖန်ကြောင့် သူမ အံ့အားသင့်နေဆဲဖြစ်သည်။
သုံးရက်အတွင်း 3ဘီလီယံကနေ12ဘီလီယံကျော်ရရှိခဲ့သည်။
ဒါက အံ့သြစရာကောင်းတဲ့ အမြတ်တစ်ခုပင်ဖြစ်သည်။
ဓားပြတိုက်တာတောင်အဲ့လောက် များများရမည်မဟုတ်ပေ။
ဒီအဖြစ်အပျက်ကိုတစ်ခြားသူတွေသိရင်သူတို့ပါးစပ်ကတစ်သက်လုံးပိတ်လို့မရနိုင်တာမျိုးတောင်ဖြစ်သွားနိုင်သည်။
လွန်ခဲ့သည့်သုံးရက်က လင်းဖန်ကို ပိုက်ဆံပေးပြီး ရင်းနှီးမြှပ်နှံခိုင်းသောအခါအတွင်ဆောင်းကျင်းအန်းသည်လည်းသူမငွေဆုံးရှုံးရမည်ဟု တွေးထားပြီးသားဖြစ်သည်။
သို့သော်၊ သူမသည် ဤမျှမြင့်မားသော ငွေကိုရရှိမည်ဟုမထက်ခဲ့ပေ။
လင်းဖန်သည် ဖုန်းထဲတွင် ဘာအသံမှမကြားရသောကြောင့်သူက အနည်းငယ်ချောင်းဆိုးကာ “ကျင်းအန်း၊ မင်းနားထောင်နေသေးလား”ဟုပြောလိုက်သည်။
“အန် အန် အန်” ဆောင်းကျင်းအန်း ကမန်းကတန်းပြောလိုက်သည်။
လင်းဖန် က “ကျွန်တော်က ရန်ပုံငွေရဲ့ သုံးပုံတစ်ပုံကိုယူလိုက်မယ်။ဒါဆိုကျွန်တော် ကယွမ် 4.249 ဘီလီယံ ယူလိုက်မယ်။ ကျန်တဲ့ 8.27 ဘီလီယံကိုမင်းကိုပဲပြန်ပို့ပေးလိုက်ရမလား”
“ဟုတ်တယ်ငါ့အကောင့်ထဲကိုပို့လိုက်ပါ။” ဟုဆောင်ကျင်းအန်းက ပြောလိုက်သည်။
“ကောင်းပြီ။” လင်းဖန်က ချက်ချင်းအမြန်ဖြေလိုက်သည်။
ဆောင်ကျင်းအန်းသည်ဘဏ်ကတ်၏ သတိပေးချက်ကိုမကြာမီပင်ရရှိခဲ့သည်။
ထို့နောက် သူမသည် ကျန်ပေ့ရန်ပုံငွေအဖွဲ့တွင် မက်ဆေ့ခ်ျတစ်စောင် ပေးပို့လိုက်သည်။
ဆောင်ကျင်းအန်း- လင်းဖန်ရဲ့ ရင်းနှီးမြုပ်နှံမှု ကပြီးသွားပါပြီ၊ ရင်းနှီးမြှုပ်နှံမှုရဲ့ ပင်ရင်း ၀င်ငွေအားလုံးကို ငါ့ဘဏ်ကတ်ထဲကို ပြန်ပို့ပေးလိုက်ပြီ။
ဆောင်ကျင်းအန်း : စုစုပေါင်း ပမာဏက 8.627 ဘီလီယံ ။
ဆောင်ကျင်းအန်း- မင်းတို့ထင်တာမမှားဘူး အဲဒါက 8.627 ဘီလီယံ
လီယွင်ဟိုင် : မိုက်လိုက်တာ။
စုလင်းဟို : တကယ်။
တန်ရှိန် : မိုက်လိုက်တာကွာ။
ဇောင်ဘန် : ငါရောပဲအပေါ်ကကောင်ပြောတဲ့အတိုင်းပြောမလို့။
ချင်ဒူ: ငါရောပဲ။
...
အဖွဲ့တစ်ခုလုံးသည်တစ်ချက်ချင်း ဆူညံသွားတော့သည်။
စုလင်းဟို: သုံးရက်တည်းနဲ့အဲ့လောက်ပမာဏကိုရှာနိုင်တဲ့အတွက်ငါအကိုလင်းကိုလုံးဝလုံးဝလေးစားသွားပြီ။
စုလင်းဟို : ငါရောပဲ။ငါကအခုအိမ်မက်မက်နေတယ်လို့တောင်ခံစားရတယ်။
လီယွင်ဟိုင်: မင်းကအိပ့်မက်လား၊လက်တွေလားသိချင်ငါ့အိမ်လာပြီးပါးတစ်ချက်အရိုက်လာခံလေ။
အကယ်၍သာ ယခင်ကဆိုလျှင် စုလင်းဟိုသည် လီယွင်ဟိုင်ကိုသေချာပေါက်ပြန်ပြောမည်ဖြစ်သည်။
အခုအချိန်မှာတော့သူပဘာမှမပြောပေ။
စုလင်းဟို- အစ်ကို လင်းက ဒီလိုအချိန်တိုလေးအတွင်းမှာ ဒီလောက်ဝင်ငွေအများကြီးဘယ်လိုရလာတာလဲ။
ဆောင်ကျင်းအန်း- ရင်းနှီးမြှုပ်နှံမှုကနေလေ။
ထို့နောက်သူမသည်လင်းဖန်ကသူမအားပို့သောစခရင်ရှော့များကိုအဖွဲ့ထဲသို့ပို့လိုက်သည်။
စုလင်းဟို : ဒါ... ဒါက... မယုံနိုင်စရာပဲ။
အရောင်းအ၀ယ်တစ်ခုစီ၏ ဆုံမှတ်များကို နှိုင်းယှဉ်ကြည့်ရာလင်းဖန် သည် အနိမ့်ဆုံးအမှတ်ဖြင့် ဝယ်ယူပြီး အကြိမ်တိုင်းလိုလို အမြင့်ဆုံးအမှတ်ဖြင့် ရောင်းချသည်ကို တွေ့ရှိသောကြောင့်ဖြစ်သည်။
ဒါကအနာဂတ်ကို ခန့်မှန်းနိုင်သလိုပဲပင်ဖြစ်သည်။
သို့သော် စုလင်းဟိုသည် ဤကမ္ဘာတွင် အနာဂတ်ကို ခန့်မှန်းရန် မည်သူမျှ မဖြစ်နိုင်ကြောင်း ကိုနားလည်သည်။
ရှင်းပြနိုင်သည့် တစ်ခုတည်းသောအရာမှာ လင်းဖန် သည် ဤစာရင်းဝင်ကုမ္ပဏီများနှင့် ပတ်သက်သည့် အချက်အလက်အပြင် အလွန်ကောင်းမွန်သော ကုန်သွယ်မှုစွမ်းရည်များ အမှန်တကယ်ရှိခြင်းပင်ဖြစ်သည်။
သို့သော်သူသည်လင်းဖန်တွင်စနစ်တစ်ခုရှိသောကြောင့်အနာဂတ်ကိုခန့်မှန်းနိုင်တယ်ဆိုတာကိုမသိပေ။
ဆောင်ကျင်းအန်း: ဟုတ်တယ်ဒါ မယုံနိုင်စရာပဲ။
ဆောင်ကျင်းအန်း- ဒီလိုကြင်နာမှုကိုငါတစ်သက်လုံးအမှတ်ရနေမှာ။ပြီးတော့လင်းဖန်ကိုဆန့်ကျင်တဲ့သူအားလုံးကငါ့ရန်သူပဲ။
စုလင်းဟို: ဒီလိုမျိုး ကြုံလာရရင် ကျွန်တော် လဲအကိုလင်းနဲ့ဆန့်ကျင်ဘက်သူကိုလုံးဝခွင့်မလွတ်ဘူး။
တန်ရှိန်: ငါရောပဲ။
လီယွင််ဟိုင်: ငါရောပဲ
ဇောင်ဘန် : ငါရောပဲ။
ချင်ဒူ: ငါလဲပဲ။
...
ထုံးစံအတိုင်း လင်းဖန်သည်ကျန်ပေ့ရန်ပုံငွေအဖွဲ့အကြောင်း ဘာမှမသိပေ။
ထိုအချိန်တွင် သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
【ဒင်း! မစ်ရှင်ပြီးခြင်း-အတူတကွချမ်းသာခြင်း အနည်းဆုံး လူ 3 ဦးကို ဦးဆောင်ပြီး စုစုပေါင်း ယွမ် သန်း 100 ကျော် ရရှိခဲ့သည်။ ထို့ကြောင်သင်သည်ငွေရောင်စာအိတ် ၅ အိတ်ကိုရရှိသည်။ 】
လင်းဖန်က ဒါကိုကြားပြီး တည့်တည့်မတ်မတ်ထိုင်ပြီး “ နောက်ဆုံးတော့ အလုပ်ပြီးသွားပြီ။ဒါဆိုဘာရနိုင်မလဲ ကြည့်ရအောင်။”
“ငွေရောင်စာအိတ် ၅ အိတ်ဖွင့်မယ်!”
【ဒင်း! ဂုဏ်ယူပါတယ် မင်း ယွမ် 1 သန်းရခဲ့သည် 】
【ဒင်း! ဂုဏ်ယူပါတယ် မင်း အစားအသောက် ကတ်ပြား ရရှိသည်။ 】
【ဒင်း! ဂုဏ်ယူပါတယ် ၊ ယွမ် 300,000 လက်ခံရရှိသည်။ 】
【ဒင်း! ဂုဏ်ယူပါတယ် ၊ မင်း 400,000 ယွမ်ကို လက်ခံရရှိသည်။ 】
【ဒင်း! ဂုဏ်ယူပါတယ် ယွမ် 700,000 ရရှိခဲ့သည်။ 】
လင်းဖန် သည် အစားသောက်ကတ်ကို တိုက်ရိုက်အာရုံစိုက်လိုက်သည်။
[အစားအသောက် ကတ်။ အစာစားပြီးနောက်၊ သင်သည် အကြိမ် 100 မှ 10,000 ငွေသားလက်ဆောင်များကို ကျပန်းရနိုင်သည်။ 】
ဒါကိုကြည့်ပြီးလင်းဖန်က “ဒီငွေရောင်စာအိတ်လေးတွေကတစ်ကယ့်ကို အသုံးမဝင်ဘူး” လို့ပြောလိုက်သည်။
ဒီဟာအသုံးမဝင်ပါဘူး?
သူများတွေကြားရင် ဘာလိုအမူအရာဖြစ်မယ်မသိပေ။
ငွေရောင်စာအိတ်ငါးလုံး စုစုပေါင်း ယွမ် ၂ ဒသမ ၄ သန်း ရရှိခဲ့သည်။
အစာအသောက်ကတ်ပြားသည် ငွေပြန်အမ်းငွေ အဆ 100 မှ 10,000 အထိ ရရှိနိုင်သည်။
စျေးကြီးတဲ့ စားသောက်ဆိုင်မှာစားပြီးသုံးခဲ့ရင် သိန်းပေါင်း ရာနဲ့ချီပြီး အကြိမ်ပေါင်း ထောင်နဲ့ချီတဲ့ ပြန်အမ်းငွေတွေ ရရင် ... သန်းရာနဲ့ချီပြီး တိုက်ရိုက် ဝင်ငွေရနိုင်ပါသည်။
အဲဒါ တောင်မသုံးမဝင်ဘူးလား။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး