← Chapters

အိမ်သန့်ရှင်းရေးဝန်ဆောင်မှု။

Vol. 11 Ch. 164

အိမ်သန့်ရှင်းရေးဝန်ဆောင်မှု။

Vol. 11 Ch. 164

ထို့နောက် လင်းဖန်သည် အကောင့်ဝင်သည့်စနစ်ကို အာရုံစိုက်လိုက်သည်။

“အကောင့်ဝင်မည်လား!”

“ဟုတ်တယ်’’

【ဒင်း! အောင်မြင်စွာ အကောင့်ဝင်ရောက်ပြီး ယွမ် 10 သန်း ရရှိခဲ့ပါသည်။ 】

လင်းဖန်က သက်ပြင်းချလိုက်ပြီး “ဒီနေ့လဲ၁၀ သန်း ထပ်ရပြန်ပြီ၊ တစ်ခြားဟာတွေမရဘူးလားမသိဘူးကွာ?”ဟုရေရွတ်လိုက်သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းလင်းဖန်​အကောင့်ဝင်သည့်အချိန်တိုင်းယွမ် 10 သန်းရရှိသည်။

အသက်ရှုခြင်း၊ လမ်းလျှောက်ခြင်းနှင့် အိပ်ခြင်းတို့မှ လဲ၃ သန်းကျော်ရရှိသည်။

ယခုရက်ပိုင်းအတွင်းလင်းဖန်၏နေ့စဉ်ဝင်ငွေက 13 သန်းကျော်ရှိသည်။ဒါတောင်တစ်ခြားရှယ်ယာတွေမပါသေးပေ။

ယခုအချိန်တွင် လင်းဖန်၏စုစုပေါင်းရှိငွေမှာယွမ် 4.312 ဘီလီယံရှိနေပြီဖြစ်သည်။

“ကလင် ကလင် ကလင်!”

ထိုအချိန်တွင် လင်းဖန်၏ ဆဲလ်ဖုန်းသည် ကျယ်လောင်စွာအသံမြည်လာခဲ့သည်။

ဖုန်းခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်တော့လဲသူမသိသောနံပါတ်တစ်ခုဖြစ်ကြောင်း တွေ့ရှိလိုက်သည်။သို့ပေမဲ့သူက ကိုင်လိုက်သည်။

“ဟယ်လို မစ္စတာလင်း” ဖုန်းထဲကအသံကအရင်ထွင်လာခဲ့သည်။

“ဟုတ်ပါတယ် အဲ့ဒါကျနော်ပါ” ဟုလင်းဖန်က ပြောလိုက်သည်။

“အိုး ငါက အဲဂရုရဲ့ဥက္ကဌပါရှောင်လန်ပါ”ရှောင်လန်သည်လင်းဖန်ကိုအလွန်ရင်းနှီးသောသူငယ်ချင်းလိုမျိုးပြောနေသည်။

အကယ်၍ အခြားသူတစ်ဦးသည် ရှောင်လန်ထံမှ ဖုန်းခေါ်ဆိုမှုကို ရုတ်တရက် လက်ခံရရှိပါက သူတို့သည် အလွန်အံ့အားသင့်ကြမည်ဖြစ်သည်။

သို့သော်လည်း လင်းဖန် သည် မကြာသေးမီက LV နှင့် အန်စီ ၏ဥက္ကဋ္ဌများထံမှ ဖုန်းခေါ်ဆိုမှုရရှိခဲ့ပြီး ဥက္ကဌအဆင့်ရှိလူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် အတွေ့အကြုံအချို့ရှိသည်ဟု ယူဆနိုင်သည်။

ဒါကြောင့်လင်းဖန်ကတော့သိပ်အံ့သြမနေပေ။

“အဲဂရုရဲဥက္ကဌရှောင်လန်၊ မင်္ဂလာပါ။”ဟု လင်းဖန်က ပြောလိုက်သည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါအလုပ်ကိစ္စနဲ့ ခရီးကပြန်လာတော့ မစ္စတာလင်းက ကျွန်တော်တို့အဲဂရု ရဲ့ ရှယ်ယာ5% ကို ဝယ်ခဲ့တာကို သိလိုက်ရတော့ မစ္စတာလင်းကို အမြန်ဆုံး မဆက်သွယ်မိတဲ့အတွက် တောင်းပန်ပါတယ်။” ရှောင်လန်ကပြောလိုက်သည်။

လင်းဖန်က ပြုံးပြီး “ရပါတယ်၊ဒါက ကိစ္စသေးသေးလေးပဲလေ’’ဟုပြောလိုက်သည်။

“ဟားဟား၊ မစ္စတာလင်းကဒီလိုပြောတော့ငါစိတ်သက်သာရာရသွားတယ်။” ရှောင်လန်က ဝမ်းသာအားရ ပြောလိုက်သည်။

ထို့နောက် နှစ်ယောက်သား စကားအနည်းငယ် ဆက်ပြောလိုက်ကြသည်။

နောက်ဆုံးမှတော့ရှောင်လန်က ဒီဖုန်းခေါ်ဆိုမှုရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကို ပြောလိုက်သည်။

“စကားမစပ် မစ္စတာလင်း၊ မနက်ဖြန်မနက် ကျန်ပေ့မှာကျင်းပမယ့် အင်တာနက်ကွန်ဖရင့်ကို ပြည်တွင်းအင်တာနက်ကုမ္ပဏီကြီးတော်တော်များများကတက်ရောက်ကြမှာ။အဲ့​ကိုကျနော်လဲသွားမယ် “

“ဒါမနက်ဖြန် မစ္စတာလင်း အားလား မသိဘူး၊ အားရင်ငါနဲ့ထမင်းအတူတူစားမလားလို့။အဲ့ဒါက်ု ဘယ်လိုထင်လဲ”

အင်တာနက်ကွန်ဖရင့်?

ဒီရက်ပိုင်း အပြင်ထွက်တဲ့အခါ လင်းဖန် သည် ဘတ်စ်ကားမှတ်တိုင်တွေ၊ မြို့ပြ LED ဖန်သားပြင်တွေနဲ့ တခြားနေရာတွေမှာ သက်ဤ သတင်းကိုအမြဲမြင်လေ့ရှိသည်။

ဒါကြောင့်သူကလဲဒါကိုနည်းနည်း စပ်စုချင်သွားသည်။

ထို့ကြောင့် လင်းဖန်က “မနက်ဖြန် ကျနော်လာခဲ့မယ်”

“ကောင်းပြီ ဒါဆိုမနက်ဖြန်ကျမှတွေ့မယ်” ဟုရှောင်လန်က ဝမ်းသာအားရပြောသည်။

လင်းဖန်သည် ဖုန်းချပြီး သိပ်မကြာခင်မှာပဲ နောက်ထပ်ဖုန်းထပ်မြည်လာခဲ့သည်။

ယခုတစ်ကြိမ်မှာလဲသူမသိသောနံပါတ်ဖြစ်ကြောင်းသိလိုက်သည်။သို့သော်သူကဖုန်းကိုကိုင်လိုက်သည်။

“မစ္စတာ လင်းမင်္ဂလာပါ” ဖုန်းထဲကလူကနူးညံ​ညင်သာစွာပြောလိုက်သည်။

လင်းဖန် ကလဲ “မင်္ဂလာပါ။”ဟုပြန်ပြောလိုက်သည်။

“ကျွန်တော်က ပန်ကူ ရဲ့ ဥက္ကဌပါ။ ပန်ကူကို အသိအမှတ်ပြုပြီး ရှယ်ယာ 5% ကို ဝယ်ယူတဲ့အတွက် ကျေးဇူးတင်ပါတယ်။” ရှောင်လူက ပြောလိုက်သည်။

“ဖုန်းဆက်တာကတစ်ခုခုပြောစရာရှိလို့လား” ဟုလင်းဖန်ကမေးလိုက်သည်။

ရှောင်လူ က “ဟုတ်ပါတယ်။ မနက်ဖြန် ကျန့်ပေ့မှာအင်တာနက်ကွန်ဖရင့်ကိုကျင်းပမယ်။အဲ့ဒါကို မစ္စတာလင်းလာကြည့်မှာလားလို့ တွေးမိပါတယ်၊ပြီးတော့ မစ္စတာလင်းနဲ့လဲ အတူတူထမင်းစားရင်းလေ။?”

လင်းဖန် က “ကိစ္စမရှိပါဘူး။ကျနော်လာခဲ့မယ်”

လင်းဖန်သည် တစ်ခုခုကို တွေးလိုက်ပြီး စကားပြောခါနီးတွင် ဖုန်းထဲတွင် ဆူဆူညံညံ အသံတစ်ခု ကြားလိုက်ရသည်။

ထို့နောက် ရှောင်လူ က “ကျေးဇူးတင်ပါတယ် မစ္စတာလင်း၊ ဒါဆို မနက်ဖြန်ကျရင်တွေ့မယ်”

စကားပြောပြီးနောက် ဖုန်းချလိုက်သည်။

လင်းဖန်သည်ဖုန်းချပြီးနောက်သူအိမ်ကိုလှည့်ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း လင်းဖန် သည် စတော့ရှယ်ယာရောင်းဝယ်မှုပြုလုပ်ရသည့်အတွက် အိမ်တွင်သာနေထိုင်ခဲ့သည်။

နေသာနေတာသူသည် သန့် ရှင်းရေး ကို ဂရုမစိုက်ခဲ့ပေဘူး ၊ ဒါကြောင့် အိမ်ကြီး တစ်ခုလုံး သည်ယခုအခါအနည်ငယ်ရှုပ်ပွနေသည် ။

ပန်းလုံဗီလာတစ်ခုစီ၏ ဧရိယာသည် 800 စတုရန်းမီတာကျော်ရှိသည်။

လင်းဖန်းကို သူကိုယ်တိုင် သန့်ရှင်းရေးလုပ်ရင်ပင်ပန်းမည်ဖြစ်သည်။

ထို့ကြောင့် လင်းဖန်သည် ၎င်း၏ ဆဲလ်ဖုန်းကို ထုတ်ကာ သန့်ရှင်းရေးကုမ္ပဏီကို ရှာဖွေကာ ဖုန်းခေါ်ဆိုလိုက်သည်။

“မင်္ဂလာပါ သန့်ရှင်းရေးကုမ္ပဏီကပါ။” ဟု ချိုမြိန် ချိုသာသော အသံသည် ဖုန်းထဲကနေထွက်လာခဲ့သည်။

ခဏလောက်အကြာ စကားပြောပြီးနောက် လင်းဖန်က ဖုန်းချလိုက်သည်။

“ဒင်ဒေါင်!”

နာရီဝက်လောက်ကြာတော့ အပြင်ဘက်ကနေ တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။

လင်းဖန်သည် တံခါးဖွင့်ပေးလိုက်ရာ

ဝိုင်းစက်သောမျက်လုံး၊ နမ်းချင်လောက်စရာကောင်းသည့် ချယ်ရီနှုတ်ခမ်း၊ ဖြူစင်သောအသားအရည်၊ သွယ်လျသောလက်တစ်စုံနှင့် ပလတ်စတစ်တောင်းတစ်ခုကို ကိုင်ဆောင်ထားသည့် လှပသောအမျိုးသမီးတစ်ဦးသည် ဖြည်းညှင်းစွာလျှောက်လာသည်။

“သန့်ရှင်းရေကုမ္ပဏီကပါ” ဟုအလှလေးက တိုးတိုးပြောလိုက်သည်။

သူမ၏ အသံသည် စမ်းရေကဲ့သို့၊ ကြည်လင်ပြီး ချိုမြိန်ပြီး အလွန်သာယာသည်။

လင်းဖန်သည် အံ့အားသင့်ကာ မထိန်းနိုင်ပဲအမှန်တရမျက်လုံးဖြင့် စစ်ဆေးလိုက်သည်။

[မျက်နှာတန်ဖိုး- 95]

[အကြိုက်ဆုံးတန်ဖိုး- 40]

95 မျက်နှာတန်ဖိုး။ !

အိမ်ထိန်းလုပ်ငန်းမှာ ဒီလောက်လှတဲ့လူတွေရှိတာလား။

ဒီလိုမိန်းကလေးက အိမ်သန့်ရှင်းရေးလုပ်ဖို့ ပြင်ဆင်နေသလား။

ငါဘာလုပ်သင့်လဲ?

လင်းဖန်သည် သူမကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ လှပသော မိန်းမငယ်လေး၏ နူးညံ့သိမ်မွေ့သော မျက်နှာသည် အနည်းငယ် နီရဲသွားကာ ခေါင်းကို ဖြည်းညှင်းစွာ ငုံ့လိုက်သည်။

ပြီးနောက့သူမက “ဒါ မစ္စတာလင်းလား” လို့ မေးလိုက်သည်။

“အန်...ဟုတ်ပါတယ်ကျနော်ပါ။သန့်ရှင်းရေစလုပ်တော့မလား” ဟုလင်းဖန်က ပြောလိုက်သည်။

အလှလေးသည် ထိုစကားကိုကြားပြီးနောက်သန့်ရှင်းရေးစလုပ်တော့သည်။

မူလက လင်းဖန်သည် ဤမျှ လှပသောမိန်းကလေးသည် အလွန်ကောင်းမွန်သော သန့်ရှင်းရေးစွမ်းရည်မရှိဟု တွေးခဲ့သည်။

သို့သော် လင်းဖန်သည် သူအထင်မှားမှန်း သိလိုက်သည်။

စားပွဲကို သန့်ရှင်းရေးလုပ်၊ ကြမ်းပြင်သုတ်တာပဲဖြစ်ဖြစ်၊ အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ဖြစ်စေတာပဲဖြစ်ဖြစ်... အလှလေးက ဒါကိုစေ့စပ်သေချာစွာလုပ်နေသည်။

၃ နာရီခန့်အကြာတွင် အိမ်ကြီးတစ်ခုလုံးသည် မည်သူမျှမနေထိုင်ခဲ့သကဲ့သို့ လုံးဝအသစ်ဖြစ်သွားသည်။

ဒါကိုကြည့်ပြီးနောက်လင်းဖန်၏မျက်နှာပေါ်တွင် ကျေနပ်မှုတစ်ခုပေါ်လာခဲ့သည်။

အလှလေးက”မစ္စလင်း၊ တခြားဘယ်နေရာမှသန့်ရှင်းရေးလုပ်ရအုံးမလဲ”ဟုမေးလိုက်သည်။

လင်းဖန်က ခေါင်းခါပြီး “မလိုတော့ပါဘူး မင်း သန့်ရှင်းရေလုပ်တာ အရမ်းကောင်းတယ်” လို့ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် မစ္စတာလင်း မင်းရဲ့ ချီးကျူးစကားအတွက်။” ချောမောလှပသော အမျိုးသမီးကပြောပြီးသည်နှင့် သူမ ခါးစည်းကို ချွတ်ပြီး ထွက်သွားမလို့လုပ်လိုက်သည်။

ဒီအချိန်မှာ လင်းဖန် က “အလျင်စလိုမသွားပါနဲ့အုံးမင်း ဟင်းချက်ပေးလို့ရလား”

“ဟင်?” အလှလေးကတုန်လှုပ်သွားခဲ့သည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters