← Chapters

အရသာရှိတယ်

Vol. 11 Ch. 165

အရသာရှိတယ်

Vol. 11 Ch. 165

လင်းဖန်ဤသို့ပြောရခြင်းမှာသူသည်စတော့ရှယ်ယာများ အရောင်းအဝယ်လုပ်နေတဲ့အခါတွင်ဗိုက်ဆာလေ့ရှိသည်။ထို့ကြောင့်လင်းဖန်သည်သူ၏ရေခဲသေတ္တာအပြည့်အုန်လုံးကိုဝယ်ထည့်ထားလိုက်သည်။သို့သော်သူသည်အလုပ်တွင်သာစိတ်ကိုမြှပ်ထားသောကြောင့်အစားအစာများကိုသိပ်မစားဖြစ်ခဲ့ပေ။

လင်းဖန်သည် အလှလေးတုန်လှုပ်နေတာကိုကြည့်ပြီး”ချက်ပြုတ်တာနဲ့သန့်ရှင်းရေးလုက်တာကိုမူရင်းထက်နှစ်ဆပေးမယ်လေ” ဟုဆိုလိုက်သည်။

အလှလေးသည်ခဏတာတုံ့ဆိုင်းသွားပြီး “ဒါ...ဒါဆိုလဲကောင်းပြီ”ဟုပြောလိုက်သည်။

ခဏအကြာထမင်းစားပွဲဝိုင်းပေါ်တွင်ဝက်နံရိုးကျော်၊ဆိက်သားဟင်၊ပုဇွန်ချည်စပ်ဟင်းချို၊အားလူးကိုချေပြီးကြက်ဉဖောက်ထည့်ပြီးကျော်ထားတဲ့ဟာ၊အရွက်ကျော်စသဖြင့်ဟင်းပွဲများသည်စားပွဲအပြည့်ပင်ဖြစ်သည်။

လင်းဖန်သည် ဟင်းများကိုကြည့်ပြီးဝက်နံရိုးကျော်တစ်ခုကို ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

အပြင်ပိုင်းကအနေတော်ပုံစံဖြင့်ပြီး အတွင်းပိုင်းမှာ နူးညံ့သည်။

ထို့နောက် လင်းဖန်သည်ဟင်းပွဲတသ်ခုစီကိုလိုက်မြည်းနေလိုက်သည်။

ဟင်းတစ်ပွဲချင်းစီ၏ အရသာသည် အလွန်ကောင်းသောကြောင့် လင်းဖန်သည် သူအဖွားချက်ပေးသော အရသာကို ခံစားလိုက်ရသည်။

လင်းဖန်သည် ငယ်စဉ်ကကျေးလက်တွင် အဘိုးအဘွားများနှင့်အတူ အမြဲနေထိုင်ခဲ့သည်။

သူငယ်ငယ်က အဖွားရဲ့ အစားအသောက်ရဲ့အရသာကို အမြဲတမ်းရနေသည်။

အဲဒီတုန်းက သူ၏မိသားစုသည် အရမ်းကိုဆင်းရဲသည်။

သို့သော်လည်း အဘိုးအဘွားများသည် အခက်အခဲများကို ကြံ့ကြံ့ခံပြီး လင်ဖန်းစားရန်အတွက် အသားမျိုးစုံကိုချက်ပြုတ်ပေးလေ့ရှိသည်။

သူ့ရှေ့က အစားအစာကို မြည်းစမ်းနေရင်း အဘိုးအဘွားတွေရဲ့ အသံကိုလင်းဖန်ကကြားလိုက်သည်။

“ရှောင်ဖန်၊ မင်းခန္ဓာကိုယ်ကြီးထွားလာအောင်အသားများများစားနော်”

“ရှောင်ဖန်၊ ဒီဝက် နံရိုးကို ထပ်စားကြည့်ပါအုံး”

အဲဒါတွေကိုတွေးရင်းအတိတ်ကအဖြစ်အပျက်တွေထဲကိုနစ်မျောသွားခဲ့သည်။

လင်းဖန်သည် သူမချက်ပြုတ်ထားသော ဟင်းလျာများကို စားသောက်ပြီးနောကတိတ်ဆိတ်နေသည်ကိုမြင်ပြီးနောက် အလှလေးသည်လင်းဖန်ကိုကြည့်ပြီး”စားလို့မကောင်းလို့လား” ဟုမေးလိုက်သည် ။

လင်းဖန်ကအဲ့အခါကျမှသတိပြန်ဝင်လာပြီးခေါင်းကိုခါကာ “အရမ်းအရသာရှိတယ်” ဟုပြောလိုက်သည်။

ခေတ္တနားပြီးနောက် သူက “စကားမစပ်၊ မင်းနာမည်ဘယ်လိုခေါ်လဲ ‘’ လို့ပြောလိုက်သည်။

“ငါ့နာမည်က စုနမ်ပါ” အလှလေးက တိုးတိုးလေးပြောသည် ။

လင်းဖန် က “စုနမ်၊ အိမ်သန့်ရှင်းရေးအလုပ်နဲ့ ဟင်းချက်ဖို့ ငါ့အနားလာဖို့ စိတ်ဝင်စားလား။ လစာက တစ်လကို ယွမ် ၁၅၀၀၀ပေးမယ်”ဟုပြောလိုက်သည်။

“ဒါ့အပြင် မင်း နေ့တိုင်း အလုပ်လာစရာ မလိုဘူး။ ဘာလို့လဲ ဆိုတော့ ငါ ဒီမှာ နေ့တိုင်း မနေလို့”

“မင်းလပ်စရာကငါလာတဲ့အခါ မင်း သန့်ရှင်းရေးနဲ့ ဟင်းချက်တာကိုလုပ်ဖို့ပဲ”

“ပြီးတော့၊ မင်းဒီမှာ ထာဝရနေနိုင်ပြီး ဗီလာကို စီမံခန့်ခွဲဖို့ကိုလဲကူညီပေးနိုင်ပါတယ်။”ဟုပြောလိုက်သည်။

လစာက 15000?

ဒါကိုကြားပြီးနောက်စုနမ်ကလုံးဝအံ့အားသင့်သွားခဲ့သည်။

သိရန်……

စုနမ် ၏ လက်ရှိအလုပ်သည် လစဉ် လစာ ယွမ်5,000 သာရှိပြီး၊အခုလင်းဖန်ပေးသောလစာသည်သူမလစာ၏သုံးဆဖြစ်သည်။

ထို့အပြင် တစ်ဖက်သားကိုလဲနေ့တိုင်း အိမ်သန့်ရှင်းရေးလုပ်ရန် မလိုအပ်ပေ။

ပြီးတော့ဗီလာမှာတောင်နေလို့ရသည်။

ဒါကစဉ်းစားရင်းစုနမ်သည်ဒါကအစစ်အမှန်မဟုတ်ဟု ခံစားလိုက်ရသည်။

စုနမ်ပြန် မဖြေတာကိုမြင်တော့လင်းဖန် က “စုနမ်ဒါကို မင်းဘယ်လိုထင်လဲ”

စုနမ် က “ငါ... တကယ်တော့ ငါက အိမ်သန့်ရှင်းရေးလုပ်သမားမဟုတ်ဘူး”

“ဟမ်?” ဒါကိုကြားပြီးနောက်လင်းဖန်သည် သူ၏မျက်နှာတွင် သံသယစိတ်များ ပေါ်လာခဲ့သည်။

“ငါက သန့်ရှင်းရေကုမ္ပဏီ ရဲ့ ဖုန်းဖြေရတဲ့သူပါ။ဘာကြောင့်လဲဆိုတော့ ငါတို့သန့်ရှင်းရေးကုမ္ပဏီက မင်းစီကို တစ်နာရီအတွင်း လာဖို့ ညွှန်ကြားထားခဲ့ပေမယ့် ဒီနေ့ ကျန်တဲ့လူတွေကအလုပ်အရမ်းရှုပ်နေလို့... ဒါကြောင့်မင်းကိုခဏတာ ကူညီဖို့ ထွက်လာခဲ့တာ။” စုနမ် က ပြန်ဖြေလိုက်သည်။

လင်းဖန် က “ဒါပေမယ့်လဲမင်းက သန့်ရှင်းရေးလုပ်ရတဲ့နေရာမှာ အရမ်းကျွမ်းကျင်ပုံရတယ်။ မင်း လေ့ကျင့်ထားတာလား”

“လေ့ကျင်ထားတာမဟုတ်ဘူး၊ဒါကငါ့အိမ်မှာလုပ်နေကျမို့လို့လေ” ဟုစုနမ် က ပြောလိုက့သည်။

ဒါကိုကြားပြီးနောက်လင်းဖန်ကခေါင်းညိတ်ပြီး “ဒါဆို ငါ့အဆိုပြုချက်အပေါ် မင်းဘယ်လိုထင်လဲ”

စုနမ်က ခေါင်းကို မော့ပြီး လင်းဖန်ကို တိတ်တဆိတ် ကြည့်လိုက်သည်။

တကယ်တော့ လင်းဖန်ကို သူမ ကြည့်နေတာဒါကပထမဆုံးအကြိမ်မဟုတ်ပေ။

သူမသည်အိမ်ထဲသို့ဝင်လာကတည်းကအလွန်သတိထားခဲ့သည်။

စုနမ် သူမသည်အလွန်လှပပြီး ဒီအလှကြောင့်ပဲလူဆိုးများနှင့် ရင်ဆိုင်ရတတ်ကြောင်း နားလည်သောကြောင့်ဖြစ်သည်။

ဤသည်မှာ သူမကြွားဝါပြီးပြောခြင်းမဟုတ်ပေ။သူမသည်အရင်ကဒီလိုကိစ္စမျိုးအကြိမ်များစွာ ဖြစ်ပျက်ခဲ့သည်။(ဖြစ်ပျက်တယ်ဆိုတာကမကောင်းတာကိုလုပ်တာမဟုတ်ပါဘူး။ဘီလူးသရဲစီးသလိုမျိုးမျက်စိထောက်ထောင့်ကြည့်တာကိုပြောတာပါ)

အချို့သောလူများက သူမကို ထောက်ပံ့ပေးရန် တစ်လလျှင် ယွမ် 50,000 ကိုပေးရန်ပင် တိုက်ရိုက်အဆိုပြုခဲ့သည်။

စုနမ် ၏ မိသားစု အခြေအနေများသည်မကောင်းသော်လည်း သူမသည် မိမိကိုယ်ကို အလွန်လေးစားပြီး မိမိကိုယ်ကို ချစ်မြတ်နိုးသူဖြစ်သည်။ ဒီလိုလူဆိုးတွေနဲ့ ရင်ဆိုင်ရတိုင်း သူမဟာ အမြဲတမ်း ဝေးဝေးကနေသာနေသည်။

ပန်လုံဗီလာကို ရောက်ကတည်းက လင်းဖန်သည် သူမကို မြင်လိုက်ရသည်နဲ့အနည်းငယ် အံ့သြသွားသည်ကို သူမ သတိပြုမိလိုက်သည်။

အဲဒီနောက်ပိုင်း တွင်တော့ပုံမှန်ပြန်ဖြစ်သွားသည်။

ယနေ့တွင် လင်းဖန်၏ အပြောအဆို လေသံမှာ အခြားဆန္ဒများမပါဘဲ ကြောင်းသူမသိသည်။

ထို့အပြင် ယွမ် 15,000 ၏စျေးနှုန်းသည်အတော်လေးကျိုးကြောင်းဆီလျော်သည်။

လင်းဖန်သည် စျေး ၅၀၀၀၀ သို့မဟုတ် ၁၀၀၀၀၀ ပေးမည်ဟု တိုက်ရိုက်ပြောပါက

စုနမ်က တိုက်ရိုက်ငြင်းဆိုမည်ဖြစ်သည်။

ခြုံပြောရရင်လင်းဖန် က သူမကိုအိမ်မှုကိစ္စနဲ့ ချက်ပြုတ်ရာတွင်သာလုပ်ခိုင်းဆိုတာကိုသူမသိသည်။

သို့သော် စုနမ်သည် အနည်းငယ်တုံ့ဆိုင်းနေသေးသဖြင့်”ငါ... အဲဒါကို စဉ်းစားလို့ရမလား?”ဟုပြောလိုက်သည်။

“ရပါတယ် ဒါပေမယ့် သိပ်အကြာကြီးမစဉ်းစားရင် ပိုကောင်းပါတယ်။” ဟုလင်းဖန်က ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်...ကျေးဇူးတင်ပါတယ်” ဟုစုနမ် က ပြောလိုက်သည်။

ထို့နောက် လင်းဖန်သည် နောက်ထပ် ပန်းကန်ပြားတစ်ချောင်းကို ကောက်ယူကာ သူဘေးတွင်ထားလိုက်သည်။

ထို့နောက်လင်းဖန် က “မင်း မတ်တပ်ထရပ်ပြီး ဘာလုပ်နေတာလဲ။ ဟင်းတွေအများကြီးကိုအတူတူ ထိုင်စားကြရအောင်။ စားတဲ့အချိန်အားလုံးကိုငါငွေနှစ်ဆပေးပါ့မယ်’’ဟုပြောလိုက်သည်။

“ငါ...နောက်မှစားမယ်” ဟုစုနမ်ကတိုးတိုးလေးပြောလိုက်သည်။

ခေတ္တနားပြီးနောက်သူမက “ငါစားနေတယ့်အချိန်ကိုမရေတွက်ဘူး” ဟု ကမန်းကတန်းပြောလိုက်သည်။

စုနမ် ၏ လေးနက်သော အသွင်အပြင်ကြောင့် လင်းဖန်သည် ရယ်မောလိုက်ပြီး “အဆင်ပြေပါတယ် လာဒီမှာလာထိုင်စား “ လို့ ပြောလိုက်သည်။

စုနမ်သည် တစ်ချိန်လုံး ဘေးနားတွင် ရပ်နေပြီး မည်သည့်လှုပ်ရှားမှုမှ မရှိဘဲ ခေါင်းငုံ့ထားသည်။

လင်းဖန်သည် ဤမိန်းကလေးသည် အရမ်းခေါင်းမာလိမ့်မည်မထင်ထားသောကြောင့်လင်းဖန်သည်ဘာမှမပြောတော့ပေ။

လင်းဖန်သည်ဗိုက်ကားသည့်အချိန်ထိစားပြီးနောက်ဆိုဖာပေါ်ကျေနပ်စွာထိုင်လိုက်သည်။

ထိူ့နောက်သူသည်စုနမ်ကိုကြည့်လိုက်ရာပန်းကန်များယူပြီးဟင်းများကိုထည့်ကာ ခေါင်းငုံ့ကာ စားနေတယ်ဆိုတာကိုတွေ့လိုက်သည်။

ငွေကုန်သက်သာရန်အတွက် စုနမ်သည် ခေါက်ဆွဲနှင့် ဒိန်ချဉ်ကို သာနေ့တိုင်းစားခဲ့သည်။

ထို့ကြောင့် လက်ရှိအစားအစာများကိုစားရသည့်အတွက်သူမသည် အလွန်ပျော်ရွှင်နေသည်။

သူမသည်ထမင်းများကိုစားပြီးနောက်ပန်းကန်များကိုဆေးလိုက်သည်။

သူမပန်ကန်ဆေးပြီးထွက်လာသည်ကိုလင်းဖန်မြင်ပြီးနောက်သူသည် လုံးဝမှောင်နေသော ကောင်းကင်ကြီးကို ကြည့်ကာ “နောက်ကျနေပြီ၊ ငါမင်းကို ပြန်လိုက်ပို့ပေးမယ်” လို့ပြောလိုက်သည်။

“ရတယ် ရတယ် ငါတစ်ယောက်တည်း ပြန်သွားနိုင်တယ်” ဟုစုနမ် က ကမန်းကတန်းပြောလိုက်သည်။

All Chapters