စိတ်ကူးယဉ်မှုတစ်ခု
Vol. 12 Ch. 166
စုနမ် သည် ပန်းလုံဗီလာမှ ထွက်ခွာလာပြီး အနီးနားရှိ ဘတ်စ်ကားဂိတ်သို့ ရောက်ရှိလာခဲ့သည်။သူသော်သူမသည်အချိန်ကိုတစ်ချက်ကြဘ့်ကာဘတ်စ်ကားမလာတော့ဘူးဆိုတာကိုသိသောကြောင့်အိမ်သို့လမ်းလျှောက်ပြန်လာသည်။
“ပီ ပီ!”
ထိုအချိန်တွင် သူမ၏နောက်မှနေပြီးစူးရှသောအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကားဟွန်းသံတစ်ခုထွက်ပေါ်လာသည်။
ဒါကိုကြားပြီးနောက်စုနမ်သည်သူမ၏ခေါင်းကိုဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။
သူမသည်အမိုက်စား စူပါပြိုင်ကားတစ်စီးက သူမနားမှာလာ ရပ်လိုက်တယ်ဆိုတာကိုမြင်လိုက်သည်။
စူပါကား၏ ပြတင်းပေါက်မှန်သည် နှိမ့်ချလိုက်ရာကားထဲမှာ ထိုင်နေတဲ့ လင်းဖန်ကို သူမတွေ့လိုက်ရသည်။
“ဘတ်စ်ကားတွေ အကုန်မရှိတော့ဘူး၊ ဘာလို့ တက္ကစီမစီးတာလဲ။” ဟုလင်းဖန်က မေးလိုက်သည်။
“ငါ...ငါနေထိုင်ရာနဲ့ မဝေးလိုလေ” ဟုစုနမ် က ခေါင်းငုံ့ကာ ပြောလိုက်သည်။
“ညဘက် တစ်ယောက်တည်း လမ်းလျှောက်တာကမလုံခြုံဘူး။ ကားပေါ်တက် မင်းကို ငါလိုက်ပို့ပေးမယ်။”ဟု လင်းဖန်က ပြောလိုက်သည်။
စုနမ်သည် ထိုစကားကိုကြားသောအခါတွင် ကောင်မလေးအချို့သည် ညဘက်လမ်းလျှောက်သွားရင်း လူဆိုးဂိုဏ်းများနှင့်တွေ့သည့် သတင်းကို ချက်ခြင်းတွေးမိလိုက်သည်။
ဒါနဲ့ သူမက ခေါင်းညိတ်ပြီး “ကျေးဇူးတင်ပါတယ်” ဟုပြောလိုက်သည်။
စကားပြောပြီးနောက် ကားတံခါးကိုဖွင့်ပြီးကားထဲဝင်ထိုင်လိုက်သည်။
“ဗွမ်း!”
လင်းဖန်သည် အရှိန်မြှင့်စက်ကို နင်းလိုက်သောအခါ ကားတစ်စင်းလုံး ချက်ချင်းပင် ရှေ့သို့အျလင်အမြန်မောင်းသွားခဲ့သည်။
စုနမ် ဟာ စူပါကားတစ်စီးကို ပထမဆုံးစီးဖူးတာကြောင့် သူမသည် လက်ရန်းကို ကိုင်ထားပြီးသူမ၏မျက်နှာတွင်လဲချွေးအနည်းငယ်ထွက်လာသည်။
မိနစ်နှစ်ဆယ်လောက်ကြာတော့ လင်းဖန်သည် နောက်ဆုံးတွင်သူမနေထိုင်ရာနေရာသို့ရောက်လာခဲ့သည်။
သူသည်သူမနေသည့်နေရာကိုကြည့်ကာ “ဒီမှာနေတာလား။” ဟုလင်းဖန်က မေးလိုက်သည်။
စုနမ် သည် လင်းဖန်၏ စိုက်ကြည့်ခြင်းကို မခံနိုင်တော့ဘဲ ခေါင်းငုံ့ကာ သူမ၏ လှပသော မျက်နှာသည် နီမြန်းနေသည်။
ဒါကိုမြင်တော့ လင်းဖန် က “ကောင်းပြီ၊ စောစောအိပ်ပါ”ဟုပြောလိုက်သည်။
“လိုက်ပို့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်’’ဟု စုနမ် က တိုးတိုးလေးပြောလိုက်သည်။
…………
ထိုအချိန်တွင်၊ လင်းဖန်သည်သူ၏တည်နေရာသည် ဆရာမဟန်တီ ၏အိမ်နှင့် သိပ်မဝေးလှကြောင်းကိုသိလိုက်သည်။
ထို့ကြောင့် သူသည် ပန်လုံဗီလာသို့ မပြန်ဘဲ ဆရာမဟန်တီ ၏အိမ်သို့ သွားလိုက်သည်။
“ဒင်ဒေါင်!”
တံခါးခေါက်သံကြားပြီးနောက် ဆရာမဟန်တီ သည် သူမ၏ ပျော့ပျောင်းသော ညဝတ်အင်္ကျီဝတ်ကာ ထွက်လာခဲ့သည်။
သူမ၏ ဆံပင်များသည် အနည်းငယ် စိုစွတ်နေသေးပြီး မွှေးရနံ့ များကလဲသင်းပျံ့နေပါသည်။
“မင်းလာတာလား?” ဟန်တီ က ဝမ်းသာအားရ ပြောပြီး လင်းဖန်၏ ရင်ခွင်ထဲသို့ခေါင်းတိုးထည့်လိုက်သည်။
ဒီနေ့ စနေနေ့ဆိုတော့ မနက်ဖြန် အတန်းမရှိပေ။
ထို့ကြောင့်ဆရာမဟန်တီသည် ခါတိုင်းထက် ပိုပြီး တက်ကြွနေခဲ့သည်။
…………
နောက်တစ်နေ့တွင် ပြတင်းပေါက်ကနေရောင်ကြောင့်လင်းဖန်သည် နောက်ဆုံးတွင် သူ့မျက်လုံးများကို ဖွင့်လိုက်သည်။
ထိုအချိန်တွင် ဧည့်ခန်းရှိ ထမင်းစား စားပွဲပေါ်တွင် အလွန်ကောင်းမွန်သော နံနက်စာများပြင်ဆင်ထားသည်ကိုတွေ့လိုက်သည်။ဒါကိုတွေ့ပြီးနောက်လင်းဖန်သည်အမြန်ရေချိုးကာဟေးတီချက်ထားသောအစားအစာတွေကိုစားတော့သည်။
“အင်း! အရသာက အရင်အတိုင်းပဲအရမ်းအရမ်းကိုအရသာရှိတာပဲ”ဟု လင်းဖန်က ပြောလိုက်သည်။
“အရသာရှိရင် များများစားပါ။” ဟေးတီကပြုံးပြီးပြောလိုက်သည်။
လင်းဖန်က ခေါင်းညိတ်ကာ သူ့ပါးစပ်ထဲသို့ ခေါက်ဆွဲကျော်ကို ထည့်ကာ “ အင်တာနက် ကွန်ဖရင့်မှာ ပါဝင်ဖို့ကို အတူတူ သွားကြည့်ချင်လား” ဟု မေးလိုက်သည်။
လင်းဖန်စကားကိုကြားပြီးနောက်ဟန်တီ က ခေါင်းခါလိုက်ပြီး “ငါအိမ်မှာ ပဲအနားယူတော့မယ်”ဟုပြောလိုက်သည်။
စကားပြောနေစဉ်တွင်ဟန်တီ က သမ်းဝေလိုက်သည်။
လင်းဖန်ကဒါကိုမြင်ပြီးနောက်သူက “မနေ့ညက နည်းနည်း ပင်ပန်းနေခဲ့တယ်ထင်တယ်။ဒါကြောင့်အိမ်မှာ ကောင်းကောင်းအနားယူပြီးနေပါ’’ဟုပြောလိုက်သည်။
လင်းဖန်သည်မနေ့ညကမနက်စာကိုစားပြီးနောက်မနေ့ညက မောင်းလာခဲ့သော Lamborghini Daniel(ကား) ကားကို မောင်းနှင်ရင်း အင်တာနက် ကွန်ဖရင့်သို့မောင်းသွားလိုက်သည်။
…………
ဤအင်တာနက်ကွန်ဖရင့်ပွဲသည်ကျန်ပေ့မြို့၏ ကောဗန့်စ်တွင် တည်ရှိသည်။
ယခုအချိန်တွင် စည်းဝေးပွဲနှင့် ပြပွဲစင်တာတစ်ခုလုံးသည် ပန်းများနှင့် ရောင်စုံအလံများဖြင့် ပြည့်နှက်နေသည်။
အနောက်တိုင်း၀တ်စုံနှင့် သားရေဖိနပ်များ ဝတ်ဆင်ထားသော အမျိုးသား အမျိုးသမီး အုပ်စုများသည် လမ်းလျှောက်ကာ ရံဖန်ရံခါ ဆူညံသံများ ထွက်ပေါ်နေပါသည်။
“မစ္စကျန်း၊ ငါမင်းကိုမတွေ့ရတာကြာပြီ!”
“မင်္ဂလာပါ မစ္စတာ ယူ!”
“မစ္စတာ ဟွမ်၊ ဟားဟား။မင်းရဲ့အက်ပ်က တကယ်ကောင်းတာပဲ။”
“မင်းချီးကျူးလွန်းနေပြီ”
…………
ဤလူများထဲတွင်၊ အတွေ့အကြုံများဖလှယ်ရန်နှင့် ပရောဂျက်များကို ရှာဖွေရန် ရည်ရွယ်ချက်ဖြင့် ဤနေရာသို့ ရောက်ရှိလာသော အင်တာနက်လုပ်ငန်းတွင်ရှင် များရှိလဲပါရှိသည်။
အင်တာနက်ပေါ်တွင် ရုန်းကန်လှုပ်ရှားသူများနှင့် တီထွင်သူများလည်း ဤနေရာ၌ ကြီးမားသောအလုပ်များလုပ်နိုင်ရန် မျှော်လင့်ကြပြီး တစ်ချိန်တည်းတွင် ၎င်းတို့၏ပရောဂျက်များအပေါ် ကြီးမားသောအာရုံစူးစိုက်မှုကို လဲရှာဖွေကြသည်။
၎င်းတို့ထဲတွင် လင်းဖန် နှင့် ချိန်းတွေ့ဖူးသော ကျူရှင်းရလည်း ပါဝင်ပါသည်။
ယနေ့ကျူရှင်းရသည် အပေါ်ကအဖြူရောင် ရှပ်အင်္ကျီနှင့် အောက်တွင်အနက်ရောင် ဘောင်းဘီရှည်ကို ၀တ်ဆင်ထားသည်မှာ အလွန်ပင်လှပသည်။
အဝေးမှာရှိတဲ့ တီဗီနဲ့ အင်တာနက်မှာ မကြာခဏ ပေါ်လာတတ်တဲ့ အင်တာနက် သူဌေးကြီးတွေကို ကြည့်လိုက်တော့ သူမရဲ့ မျက်နှာက စိတ်လှုပ်ရှားမှုတွေ ကြောင့်နီမြန်းသွားခဲ့သည်။
သူ့ဘေးနားမှရှိတဲ့ထိပ်ပြောင်က”ရှင်းရ ငါတို့ ထုတ်ကုန်တွေရဲ့ အကြောင်းအရာအားလုံးကို မှတ်မိသေးလား။ ဒီနေ့ အင်တာနက် ကွန်ဖရင့်က အရမ်းခမ်းနားတယ်၊ ဒါကြောင့်ငါတို့က ငါတို့ထုတ်ကုန်ကိုကြော်ငြာရမယ်”ဟုပြောလိုက်သည်။
“အဲဂရုဥက္ကဌနဲ့ ပန်ကူဥက္ကဌတို့ လူကိုယ်တိုင်လာခဲ့မယ်။ငါတို့ထုတ်ကုန်ကို သူတို့တန်ဖိုးထားရင် ငါတို့ကုမ္ပဏီက ချက်ချက်းနာမည်ကြီးသွားနိုင်တယ်”
“ဒီပွဲရဲ့ အရေးကြီးပုံကို နားလည်လား”
ကျူရှင်းရက လေးနက်စွာဖြင့် “စိတ်ချပါ ခေါင်းဆောင်၊ ငါရဲ့အလုပ်ကို သေချာပေါက် ပြီးပြည့်စုံအောင် လုပ်မှာပါ!”
ထိပ်ပြောင်လူက ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။
မတော်တဆမှုကို တားဆီးရန်အတွက် လုံခြုံရေးစက်များကိုဝင်ပေါက် ဂိတ်များတွင် တပ်ဆင်ထားသည်။
လူအများအပြားသည် လုံခြုံရေးဂိတ်ရှေ့တွင် ရပ်ကာ စစ်ဆေးခဲ့နေကြသည်။
ကျူရှင်းရသည် လုံခြုံရေးဂိတ်ထဲသို့ လူများစွာဝင်သကဲ့သို့ လျှောက်လာသောအခါတွင်စက်အသံလေးတွေထွက်ပေါ်လာသည်။
ထို့နောက် လုံခြုံရေးစစ်ဆေးရေးမှူး၏ ညွှန်ကြားချက်အတိုင်းအိတ်ထဲရှိ လက်ကိုင်ဖုန်း၊ ပိုက်ဆံအိတ်နှင့် အခြားပစ္စည်းများကို ထုတ်ယူလိုက်သည်။
သူမကို ဆေးစစ်နေချိန်မှာတော့ VIP ကနေ တည့်လျှောက်နေတဲ့ရင်းနှီးအကျွမ်းတဝင်ရှိတဲ့ ရုပ်ပုံလွှာကို သူမမမျှော်လင့်ဘဲ တွေ့ရှိလိုက်သည်။
“လင်းဖန်?” ကျူရှင်းရက တိုးတိုးလေးပြောလိုက်သည်။
ထိုအချိန်တွင် လုံခြုံရေးစစ်ဆေးရေးမှူးက “ကောင်းပြီ၊ မင်းဝင်လို့ရပြီ” ဟုပြောလိုက်သည်။
“အာ...ဟုတ်” ကျူရှင်းရကပြန် ဖြေလိုက်သည်။
သူ့နောက်ရှိ ထိပ်ပြောင်လူသည် ကျူရှင်းရအနည်းငယ် စိတ်ရှုပ်သွားသည်ကို သတိပြုမိလိုက်ပြီး”အသိမိတ်ဆွေကို တွေ့လို့လား” ဟု မေးလိုက်သည်။
ကျူရှင်းရက ခေါင်းကို ခါလိုက်ပြီး “ငါ လူမှားသွားတာ ဖြစ်မယ်။”
သိရန်……
အင်တာနက် သူဌေးအနည်းငယ်သာ VIP လမ်းကနေသွားရန် အရည်အချင်းပြည့်မီပါသည်။
လင်းဖန်ကရောသူသည်အိမ်ခြံမြေပွဲစားတစ်ယောက်သာဖြစ်သည်။
သူက VIPလမ်းကနေသွားတာလား။
ဒါဟာ စိတ်ကူးယဉ်မှုတစ်ခုပင်ဖြစ်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး