← Chapters

ဝမ်းနည်းခြင်း

Vol. 12 Ch. 167

ဝမ်းနည်းခြင်း

Vol. 12 Ch. 167

အချိန်ကြာလာသည်နဲ့အမျှခန်းမထဲတွင်လူများသည်တဖြည်းဖြည်းပို၍များလာခဲ့သည်။

လူများသည်အထဲရောက်တာနဲ့အသိမိတ်ဆွေများကိုနှုတ်ဆက်ကာနေရာချထားပေးသောထိုင်ခုံများပေါ်တွင်ထိုင်လိုက်သည်။

ခဏအကြာတွင်တွင် ကေသပ်ထားပြီးအနောက်တိုင်း၀တ်စုံနှင့် အမျိုးသားတစ်ဦး သည်စင်မြင့်ပေါ်သို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။စင်မြင့်ပေါ်ရောက်တာနဲ့သူက

“အင်တာနက်ကွန်ဖရင့်မှာ လာရောက်ပါဝင်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။ပြီးဆော့ဒီပွဲကနေလဲလူကြီးမင်းတို့ကိုအားလုံးကို ကြိုဆိုပါတယ်”ဟုပြောလိုက်သည်။

အဲ့ဒါပြောပြီးတာနဲ့အနောက်တိုင်းဝတ်စုံဝတ်ထားသောအမျိုးသားသည်အဖွင့်အမှာစကား ကိုပြောကြားခဲ့ပါသည်။

သူပြောတာကို လူတိုင်းက စိတ်မဝင်စားဘူးဆိုတာကိုလည်း သူမြင်လိုက်တော့အဖွင့်အမှာစကားကိုအကျဉ်းချုပ်ကာတစ်ခြားခေါင်းစဉ်ကိုပြောင်းလိုက်သည်။

“လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အဲဂရု ရဲ့ဥက္ကဌနဲ့ ပန်ကူ ဥက္ကဌတို့လည်း အင်တာနက် ကွန်ဖရင့်မှာ ပါဝင်ခဲ့ကြပါတယ်”

“ဒီနေ့၊အဲဂရု ဥက္ကဌနဲ့ ပန်ကူရဲ့ဥက္ကဌတို့ကိုကျနော်တို့က ကံကောင်းပြီးတော့ ဖိတ်ကြားနိုင်ခဲ့ပါတယ်။ ဒီနေ့ သူတို့ ဘာပြောမလဲ ဆိုတာကိုကြည့်လိုက်ရအောင်။ အဲဂရုဥက္ကဌနဲ့ပန်ကူဥက္ကဌတို့ကိုစင်မြင့်သို့လာရးန်ဖိတ်ကြားအပ်ပါသည်။”

“!ပါ့ ပါ့ ပါ့”

ရုတ်တရက်ပင် ခန်းမတစ်ခုလုံး သည်အလွန်ကျယ်လောင်သောလက်ခုပ်သံများ ထွက်ပေါ်လာခဲ့သည်။

လူတိုင်း၏ကြိုဆိုမှုကြားတွင် ရှောင်လန် နှင့် ရှောင်လူတို့ သည် စင်မြင့်ပေါ်သို့ တက်လှမ်းလာခဲ့သည်။

ရှောင်လန် က “အိမ်ရှင်ပြောသွားတာ မှန်ပါတယ်။ မစ္စတာလူနဲ့ ကျွန်တော် စင်မြင့်ပေါ်မှာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အတူတူ ရပ်ခဲ့ကြပါတယ်။ဒီနေ့ လဲထပ်ပြီး တက်လာနိုင်တာ တစ်ကယ့်ကိုကံကြမ္မာပါပဲ”

ခေတ္တနားပြီးနောက် သူက ပြုံးပြီး “ဒါပေမယ့် ကွာခြား​ချက်တစ်ခုတော့ရှိတယ်။ အဲဒီတုန်းက ရှောင်လူ နဲ့ ကျွန်တော်ဟာ အင်တာနက်လောကထဲမှာ လူသစ်တွေပါ။အဲတုန်းကဆို စင်ပေါ်မှာ ငါတို့ စကားနည်းနည်းပဲပြောရတယ်။ ငါတို့ကို ဘေးဖယ်ထားသလိုပဲ”ဟုပြောလိုက်သည်။

ဒါကိုကြားပြီးနောက်စင်အောက်ရှိလူများချက်ချင်းပင် ရယ်မောသွားလေသည်။

ရှောင်လန်သည် ယနေ့တွင်ကြီးမားသောအင်တာနက်လုပ်ငန်းကိုဦးစီးနိုင်သည်မှာမအံ့သြပေ။

သူသည့စကားလုံးအနည်းငယ်မျှဖြင့် မူလကတင်းကြပ်နေသောအင်တာနက်ကွန်ဖရင့်ပွဲကို ပိုမိုသက်ဂင်လာစေသည်။

ရှောင်လူက “ရှောင်ပြောတာ မှန်တယ်။ ငါမှတ်မိရင် အဲဒီတုန်းကဆို စာကြောင်းလေးကြောင်းပဲ ပြောရတယ်။စာကြောင်းလေးကြောင်းပဲပြောရတယ်ဆိုပေမဲ့ကျနော်တို့ကအခုလိုအဆင့်အတန်းမျိုးကိုရောက်ခဲ့တယ်”

“ကျွန်ုပ်တို့အခု ကျွန်တော်တို့ ရောက်နေတဲ့ နေရာကို ရောက်ဖို့ ဆယ်နှစ်ကျော် အချိန်ယူခဲ့ရပါတယ်... ဒါကြောင့် အင်တာနက် ကွန်ဖရင့်ဟာ အလွန်ကောင်းမွန်တဲ့ ပွဲတစ်ခုပင်ဖြစ်သည်”

“ဒါကြောင့်မင်းတို့လဲ​လာရောက်ငြိုးစားနိုင်ပါတယ်။မင်းတို့ကအနာဂတ်မှာ ငါတို့ထက် ပိုကောင်းလာမှာ သေချာတယ်.”

နှစ်ယောက်သား စင်ပေါ်မှာ ခဏလောက် စကားစမြည်ပြောပြီးနောက်ဆင်းလာကြသည်။

ထိုအချိန်တွင် အဝေးမှ လျင်မြန်သော ခြေသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

လင်းဖန်သည် အပြင်ဘက်နေခန်းမထဲသို့ဖြည်းဖြည်းချင်း လျှောက်ဝင်လာသည်။

လင်းဖန်ကိုမြင်လိုက်ရသောအခါတွင်ရှောင်လန်နှင့် ရှောင်လူတို့၏ မျက်လုံးများသည် အနည်းငယ် တောက်ပလာခဲ့သည်။

သူတို့ ကုမ္ပဏီရဲ့ ရှယ်ယာ ၅ ရာခိုင်နှုန်းကို ဝယ်တဲ့ လူအကြောင်းကိုသူတို့ အမြဲတမ်း သိချင်နေခဲ့သည်။

ထို့နောက် ရှောင်လန် နှင့် ရှောင်လူတို့သည် အတူတူ လမ်းလျှောက်လာပြီး လက်ကိုဆန့်ကာ ပြုံးကာ “မင်္ဂလာပါ မစ္စတာလင်း”ဟုခေါ်လိုက်သည်။

ဒီမြင်ကွင်ကိုခန်းမထဲရှိလူတိုင်းမြင်လိုက်ကြသည်။

ဒါကြောင့်လူတိုင်း ကအံ့အားသင့်သွားပြီး လင်းဖန်၏ အဆင့်အတန်းကိုတိတ်တဆိတ် ခန့်မှန်းနေလိုက်ကြသည်။

သူ့တို့ထက်အရမ်းငယ်တဲ့ကောင်လေးကိုအင်တာနက် သူဌေးကြီး နှစ်ယောက်က တချိန်တည်း နှုတ်ဆက်တယ်။

ဒါဟာ ... တစ်ကယ့်ကိုမှမယုံနိုင်စရာပဲ။

တကယ်တော့ ဒါကလည်း ပုံမှန်ပင်ဖြစ်သည်။

ရှောင်လူသည် သူ့ကုမ္ပဏီရဲ့ ရှယ်ယာ ၈ ရာခိုင်နှုန်းကိုသာပိုင်ဆိုင်ထားပြီး လင်းဖန်တွင်ရှယ်ယာ ၅ ရာခိုင်နှုန်းရှိသောကြောင့်လင်းဖန်သည်တိုက်ရိုက် တတိယအကြီးဆုံး ရှယ်ယာရှင် ဖြစ်လာခဲ့သည်။

ရှောင်လန်သည် ၎င်း၏ကုမ္ပဏီ၏ရှယ်ယာ ၄.၈ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ပြီးလင်းဖန်ကတော့ရှယ်ရာ ၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားသည်။ ဤရှုထောင့်မှကြည့်လျှင်လင်းဖန်သည် ရှောဂ်လန်ထက် အစုရှယ်ယာများ ပိုမိုပိုင်ဆိုင်ထားပြီး ကုမ္ပဏီ၏ ဒုတိယအကြီးဆုံးရှယ်ယာရှင်ဖြစ်သည်။

လင်းဖန်သည်တစ်ခြားသူများကသူ့ကိုလာနှုတ်ဆက်လျှင်ပြန်၍နှုတ်ဆက်မည်ဖြစ်သည်။

ယခုအခါ ရှောင်လန်နှင့် ရှောင်လူ တို့သည် သူ့ကိုကြိုဆိုနှုတ်ဆက်ကြပြီး ၎င်းတို့နှင့် သူ့ကိုလက်ဆွဲနှုတ်ဆက်ရန် အစပျိုးလုပ်ဆောင်ခဲ့ကြသည်။

ထို့ကြောင့် လင်းဖန်သည် သူ၏ဘယ်ညာလက်များကို ဆန့်တန်းကာ ရှောင်လန်နဲ့ရှောင်လူတို့ကိုပြန်ပြီးလက်ဆွဲနှုတ်ဆက်လိုက်သည်။

နောက်တန်းမှာထိုင်နေတဲ့ ကျူရှင်းရ ဟာ မစ္စတာလန် နဲ့မစ္စတာလူတို့ကက စင်ပေါ်ကနေ လှမ်းဆင်းကာလင်းဖန်နားကိုလက်ဆွဲနှုတ်ဆက်လိုက်သည်ကိုမြင်သောအခါလင်းဖန်ကိုတစ္ဆေမြင်လိုက်ရသလိုမျိုးမယုံကြည်နိုင်သောမျက်ဝန်းများဖြငိ့​ကြည့်နေလိုက်သည်။

မစ္စတာလန်နှင့် မစ္စတာလူတို့၏အထောက်အထားကား အဘယ်နည်း။

၎င်းတို့နှစ်ယောက်သည် တရုတ်နိုင်ငံ၏ ကွန်ရက်ကုမ္ပဏီများ၏၏အသီးသီးခေါင်းဆောင်ကြီးများဖြင့်​သည်။သူတို့သည်ဒေါ်လာ ဘီလီယံရာနှင့်ချီရှိသော စူပါချမ်းသာသူများလဲဖြစ်သည်။

လင်းဖန်ကိုတွေ့တာနဲ့သူတို့ကအရင်လက်ဆွဲနှုတ်ဆက်ဖို့အစပြုတာလား။

ထို့နောက် ကျူရှင်းရ သည် သူမတို့ပထမဆုံးစတွေ့စဉ်က ရည်းစားချိန်းတွေ့သည့်(ရည်စားချိန်းတွေ့တာကချစ်သူရှာတဲ့သဘောပါ) မြင်ကွင်းကို ရုတ်တရက် တွေးမိလိုက်သည်။ ထိုအခါကလင်းဖန်သည် Lamborghini(ကား)ကို မောင်းနှင်ခဲ့သည်။ ဒါကိုမြင်တော့သူမကလင်းဖန်သည်သူမရှေ့မှာကြွားဝါရန်ကားကိုငှားခဲ့သည်ဟုခံစားခဲ့ရသည်။

ဒုတိယအကြိမ်တွေ့ဆုံတုန်းက လင်းဖန် သည် ဝမ်ကျင်းဝမ်ရှင်နတီမှ အိမ်ခြံမြေလက်မှတ်များ အများအပြားကိုထုတ်ယူပြခဲ့သည်ကိုသူမမြင်ခဲ့သည်။ လင်းဖန်သည်ဒါတွေ က သူ့အိမ်လို့ ပြောပေမယ့် သူမကတော့သူသည် အိမ်ခြံမြေ ပွဲစားလို့သာထင်မြင်ခဲ့သည်။

နောက်တော့ ပန်လုံဗီလာရှေ့မှာ လင်းဖန်က ပန်လုံဗီလာက သူ့ပိုင်တယ်လို့ ပြောတာရိုသူမကသူသည်ကြွားလုံးထုတ်သည်ဟုထင်လိုက်သည်။

ဒါပေမယ့် အခု မစ္စတာလန်နဲ့မစ္စတာလူတို့ နှစ်ယောက်လုံးက လင်းဖန်ကို ယဉ်ကျေးစွာ ဆက်ဆံကြသည်။

ဒါဆိုလင်းဖန်ပြောခဲ့တာတွေကအမှန်ပေါ့။

တခဏအတွင်းမှာပင်သူမသည်သူမသူ သူမစိတ်ပျက်သွားခဲ့သည်ာယသူမရဲ့ရင်းထဲတွင်အဆုံးမဲ့နောင်ဒါတွေဒလဟောထွက်လာခဲ့သည်။

“ရှင်းရ၊ နောက်တစ်ယောက်ကမင်းပဲအဆင်သင့်လုပ်ထား” ဟု သူ့ဘေးနားကထိပ်ပြောင်လူက တိုးညှင်းသောအသံဖြင့် သတိပေးလိုက်သည်။

သို့သော်လည်း ယခုအချိန်တွင် ကျူရှင်းရ သည် သူမ၏ နှလုံးသားထဲတွင် နောင်တနှငိ့ဝမ်းနည်းမှုများသာ ပြည့်နေသောကြောင့်ထိပ်ပြောင်သူ၏ စကားကို သူမ မကြားရပေ။

ထိုအချိန်တွင် စင်မြင့်ပေါ်၌ ရပ်နေသော သေသပ်ထားသောလူက “အားလုံးကို ကျေးဇူးတင်ပါတယ်။”ဟုပြောလိုက်သည်။(ဒီကြားထဲမှာဖြတ်ထားတာမဟုတ်ပါဘူးမူရင်းအတိငြ်းပြန်ထားတာပါ)

“ပါ့ ပါ့ ပါ့”

ရုတ်တရက် လက်ခုပ်သံများ ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။

ကျူရှင်းရ က ထိုင်ခုံမှာ ရှိနေတာကို မြင်လိုက်ရတော့ ထိပ်ပြောင်တဲ့က သူမကို တွန်းကာ “ဘာလို့ ထိုင်နေသေးတာလဲ၊ မင်းတက်သွားတော့လေ။”ဟုပြောလိုက်သည်။

ထိပ်ပြောင်လူပြောသောစကားကိုသူကြားလိုက်ရပေမဲ့ဒီပွဲကိုစာလာတုန်းကစိတ်နဲ့မိုးနဲ့မြေအလားကွာခြားနေသည်။

စီစဉ်သူက “ ကွန်မို၏ ပြောရေးဆိုခွင့်ရှိသူ ကျူရှင့်ရစင်ပေါ်ကို လာခဲ့ပါ။”ဟုပြောလိုက်သည်။

ကျူရှင်းရသည်မျက်နှာမသာမယာဖြင့်စင်မြင့်ပေါ်သို့ သွားလိုက်သည်။

သူမ စင်အအောက်ကိုကြည့်လိုက်တော့ရှောင်လန် နှင့် ရှောင်လူတို့၏နံဘေးတွင်ထိုင်နေသော လင်းဖန်ကို တွေ့လိုက်ရသည်။

လင်းဖန်ကိုဒီလိုတွေ့လိုက်ရသောကြောင့် သူမ​စိတ်​ထဲ ဝမ်းနည်း​ကြေကွဲမှု​တွေဟာပို၍ပြင်းထန်​လာခဲ့သည်။

ထို့ကြောင့်ကျူရှင်းရသည်သူမတို့၏ပရောဂျက်ကိုမိဆက်ပေးရာတွင်အမှားများကိုသာပြောပြီးစင်အောက်လို့ဆင်းလာခဲ့သည်။

ထကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters