ရှစ်ဖန်လန့်ခြင်း
Vol. 12 Ch. 168
ကျူရှင်းရသည် သူမ၏ထိုင်ခုံဆီသို့ ပြန်လာပြိးနောက် ထိပ်ပြောင်လူက ချက်ချင်းပင်အော်ပြောလိုက်တော့သည်။
“ကျူရှင်းရ၊ မင်း ကုမ္ပဏီမှာ ဘယ်လိုတွေပြောလိုက်တာလဲ”
“မင်းလိုချင်တဲ့ဘောနပ်စ့်တွေအကုန်လုံးကိုမေ့ပြီးအိမ်ပဲပန်အိပ်လိုက်တော့!”
…………
ထိပ်ပြောင်လူသည် အော်ဟစ်ပြောဆိုပြီးနောက်အပြင်သို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။
မူလက ကုမ္ပဏီသည် မိတ်ဆွေဖွဲ့ရန် အင်တာနက်ကွန်ဖရင့်တွင် ပါဝင်ခဲ့ပြီး စင်မြင့်ပေါ်၌ ပရောဂျက်သည် သူတို့ကုမ္ပဏီဘယ်လောက်ကောင်းကြောင်းကိုပြာသသောအရာဖြစ်သည်။
အခုတာ့ လုံးဝဆန့်ကျင်ဘက်ဖြစ်သွားပြီဖြစ်သည်။
ဒါဟာဘယ်လောက်ရှက်စရာကောင်းလိုက်သလဲ။
ဒါကြောင့်ထိပ်ပြောင်လူသည် ပွဲတွင်ဆက်နေရန် လုံးဝမစဉ်းစားတော့ပေ။
ကျူရှင်းရသည် ထိပ်ပြောင်လူပြောသည်ကို ကြားပြီးနောက်တွင် သူမ၏နောင်တရနေသောစိတ်ခံစားချက်ကနေပြန်လည်သက်သာလာခဲ့သည်။
ဘောနပ်စ်တွေမရတော့ဘူးလား။
ငါ့အစ်ကိုက အခုတစ်လကို ယွမ် ၃၀၀၀၀ နဲ့ အိမ်ငှားပြီးနေ နေသည်။
အခုငါဘာလုပ်သင့်လဲ?
ဒါကိုစဉ်းစားရင်းကျူရှင်းရ က “မန်နေဂျာ၊ မန်နေဂျာ... ကျေးဇူးပြုပြီး ခဏစောင့်ပါအုံး....”
သို့သော်လည်း ထိပ်ပြောင်လူသည် သူမ၏အသံကို လုံးဝမကြားရသကဲ့သို့ရှေ့ကိုပဲဆက်လျှောက်သွားခဲ့သည်။
…………
လင်းဖန်သည် ကျူရှင်းရ၏အရေးကိစ္စများကို ဂရုမစိုက်ပေ။
ထိုအချိန်တွင် သူသည် ပထမနေရာတွင် ထိုင်နေပြီး စင်မြင့်ပေါ်တွင် အင်တာနက်ကုမ္ပဏီဝန်ထမ်းတစ်ဦးပြောသော စကားအား ငြိမ်သက်စွာ နားထောင်နေသည်။
အာဏာရနိုင်သူတွေမှာ အရည်အချင်းတချို့ရှိတယ်လို့ ပြောရမည်ဖြစ်သည်။
သူတို့ကုမ္ပဏီကို ကြော်ငြာဖို့စင်ပေါ်တက်တဲ့အခါ ကွန်ရက်ဆိုင်ရာ ဗဟုသုတတွေ အများကြီးကိုအချိန်တော်တော်ကြာလေ့လာထားမှယခုလိုပြောနိုင်မည်ဆိုတာကိုလင်းဖန်ခံစားမိသည်။
တစ်နေ့တာ ကွန်ဖရင့်ပွဲသည်မျက်စိတစိမှိတ်အတွင်းပြီးဆုံးသွားခဲ့သည်။ကွန်ဖရင့်ပွဲ ပြီးဆုံးချိန်သည်ညအချိန်သို့ပင်ရောက်နေတော့သည်။
ရှောင်လန်နှင့် ရှောင်လူတို့က “မစ္စတာလင်း၊ ညစာအတူတူသွားစားရအောင်” လို့ တပြိုင်တည်းပြောလိုက်သည်။
တစ်ပြိုင်နက်ထဲပြောလိုက်သောကြောင့်နှစ်ယောက်သားသည်တစ်ယောက်ကို တစ်ယောက်ကြည့်နေခဲ့သည်။သူတို့၏မျက်စိထဲတွင်လဲသတိထားမှုနဲ့တင်းမာမှုတွေကိုမြင်နေရသည်။
သိရန်ပန်ကူ နှင့် အဲဂရုတို့ သည် တရုတ်နိုင်ငံတွင်ရှိသော အင်တာနက် ကုမ္ပဏီကြီး နှစ်ခုဟု ဆိုနိုင်သည်။
သို့သော် အတိအကျပြောရလျှင် ကျားနှစ်ကောင်သည်ဂူတစ်ဂူထဲတွင်နေရန်မှာမဖြစ်နိုင်ပေ။
သူတို့နှစ်ယောက်လုံးသည်တစ်ယောက်နဲ့တစ်ယောက်အမြဲတမ်းယှဉ်ပြိုင်နေကြသည်။
ယနေ့တွင်၊ လင်းဖန်သည် သူတို့ကုမ္ပဏီတစ်ခုစီတွင်ရှယ်ယာ 5% ကို ရရှိထားသည်။
သို့ကြောင့်သူတို့အတွက်လင်းဖန်၏စိတ်ကအလွန်အရေးကြီးသည်။
တကယ်လို့သူတို့နှစ်ယောက်ထဲကတစ်ယောက်ယောက်ကိုလင်းဖန်နှင့်အတူညစာသွားစားခဲ့ရင်ကျန်တစ်ယောက်ကထိုင်လို့လဲမရထလို့လဲမရအဖြစ်မျိုးဖြစ်နေမည်ဖြစ်သည်။
လင်းဖန်သည်သူတို့နှစ်ယောက်ကြားတွင်နစ်ယောက်နဲ့တစ်ယောက်စိုက်ကြည့်နေတာကိုကြည့်ပြီးသူစိတ်ထဲတွင်သူတို့ကတော်တော်လေးညီအကိုသံယောစဉ်ရှိတယ်ဟုတွေးမိလိုက်သည်။
ထို့ကြောင့်သူက “ကျုပ်က ကျန်ပေ့မှာနေတာကြာနေပြီဆိုတော့ညနော်ကနှစ်ယောက်လုံးကိုဒီနေ့ဒကာခံပါ့မယ်ဗျ’’ဟုပြောလိုက်သည်။
ရှောင်လန်နှင့် ရှောင်လူတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခေါင်းညိတ်ပြပြီး “ဒါဆို မစ္စတာလင်းကို အနှောက်အယှက်ဖြစ်စေမိပြီ” လို့တစ်ပြိုင်နက်ပြောလိုက်သည်။
ထို့နောက် လူအုပ်ကြီးသည် ကားပါကင်ဆီသို့ လမ်းလျှောက်ထွက်လာကြသည်။
လင်းဖန်သည် သူ၏ Lamborghini(ကား)ပေါ်တွင်ထိုင်ပြီးရှေ့ကိုမောင်းထွက်သွားလိုက်သည်။
ရှောင်လန်၊ ရှောင်လူ နှင့် ၎င်းတို့နောက်လိုက်ဖြစ်သော အင်တာနက်ကုမ္ပဏီကြီးအများအပြားသည် ရိုလာကတ်စိ့၊ ဘယ်တီ၊ မေဘီစ့်၊ Mercedes-Benz(ကား) နှင့် အခြားကားများပေါ်တွင်ထိုင်ကာလင်းဖန်ကားနောက်သို့လိုက်သွားကြသည်။
ဒီမြင်ကွင်းကိုအဝေးတွင် စိတ်ပျက်အားငယ်နေသော ကျူရှင်းရ ၏မျက်လုံးထဲတွင် မြင်လိုက်ရသည်။
သူမ သက်ပြင်းချရင်း “သူတကယ်ပဲ Lamborghini(ကား)ကို ငှားခဲ့တာမဟုတ်ဘူးဆိုတာကိုအခုမှသိရတယ်’’ဟုရေရွတ်လိုက်သည်။
“ကလင် ကလင် ကလင်!”
ထိုအချိန်တွင် ကျူရှင်းရ၏ ဆဲလ်ဖုန်းသည်အသံမြည်လာခဲ့သည်။
“ရှီယာ၊ မင်းဒီနေ့ ဒီကွန်ဖရင့်မှာ ဘယ်လိုလဲအဆင်ပြေရဲ့လား။ မင်းရဲ့ ကုမ္ပဏီက မင်းကို မကြာခင်မှာ ဘောနပ်စ်ကြီး ပေးတော့မှာမလား။”
ဖုန်းကိုင်လိုက်တာနဲ့ သူ့အမေ ချမ်မီဖန် ရဲ့ စိတ်လှုပ်ရှားနေတဲ့ အသံက တစ်ဖက်ကနေထွက်လာသည်။
ဘောနပ်စ်?
ဤစကားများသည် ကျူရှင်းရ ၏ နှလုံးသားကို ဓားအချောင်းတစ်ထောင်နဲ့ထိုးစိုက်ထားသလိုခံစားရသည်။
ထို့ကြောင့်နောက်ဆုံးတွင်သူမ မနေနိုင်ပဲငိုချလိုက်တော့သည်။
“အီး...အား.....”
ချမ်မီဖန် က ဒါကိုကြားပြီး “ရှင်းရ မင်းဘာလို့ ငိုနေတာလဲ၊ မင်းကို တစ်ယောက်ယောက်က အနိုင်ကျင့်တာလား၊ဘယ်သူလဲဆိုတာကိုအမေကို ပြောစမ်း!”
ကျူရှင်းရက “မေမေ၊ ကျွန်မ အလုပ်ထုတ်ခံလိုက်ရတယ်။ ကျွန်မရဲ့ ဘောနပ်စ်တွေလဲမရတော့ဘူး”
“ဘာ?” ချမ်မီဖန် က “ဒါက ဘယ်လိုဖြစ်ရတာလဲ၊ ဘောနပ်စ်လဲမရတဲ့အပြင်အလုပ်ကနေလဲအထုတ်ခံရတယ်....ဒါဆို မင်းအစ်ကို ကျောင်းတက် စရိတ်ကို ဘာလိုလုပ်မလဲ!”
“အူ...”
ကျူရှင်းရကဒါကိုကြားတော့ စိတ်မသက်မသာနဲ့ ထပ်ပြီးငိုလိုက်သည်။
…………
ဒါတွေကိုလင်းဖန် လုံးဝမသိခဲ့ပေ။
ထိုအချိန်တွင်၊ သူဦးဆောင်သော ဇိမ်ခံကားအဖွဲ့သည် ကျန်ပေ့လမ်းများပေါ်တွင် လှပစွာသွားနေကြသည်။
သိပ်မကြာခင်မှာပဲ သူတို့က ကျန်ပေ့ဟိုတယ်သို့ရောက်လာခဲ့သည်။
ကျန်ပေ့ဟိုတယ်ရှိဝန်ထမ်းများသည် ဇိမ်ခံကားများစွာကို အဝေးမှမြင်ပြီးနောက် တုန်လှုပ်သွားခဲ့သည်။
ဝန်ထမ်းများကဒီအခြေအနေကို မန်နေဂျာ ရှစ်ဖန်ကို အမြန်သတင်းပို့လိုက်သည်။
သတင်းကိုကြားတာနဲ့ရှစ်ဖန်သည်ဟိုတယ်အပြင်သို့ချက်ချင်းထွက်လာခဲ့သည်။ရှစ်ဖန်၏ အမြင်အာရုံသည် သာမန်လူများထက် များစွာမြင့်မားသည်။
ဇိမ်ခံကားထဲတွက်ရှိနေသောလူတစ်စုကို သူ မှတ်မိသည်။
ပလီဥက္ကဋ္ဌ၊ မူလောင့မှုဥက္ကဋ္ဌ၊ ကော့လန့်ဥက္ကဋ္ဌ၊ UBဥက္ကဋ္ဌ၊ ပင်ဂွင်းဥက္ကဋ္ဌ၊ ကလောက်စ့် ဥက္ကဋ္ဌ...
အဲဂရုဥက္ကဌရှောင်လန်နှင့်ပန်ကူဥက္ကဌရှောင်လူ တို့လည်း ရှိသည်။
ဒီလိုအင်အားကြီးတဲ့လူကဒီနေ့ သူတို့ကျန်ပေ့ဟိုတယ်ကို ရောက်လာတယ်။ !
ကံကောင်းထောက်မစွာနဲ့ရှစ်ဖန်သည် ဒီလိုမြင်ကွင်းမျိုးကို များစွာကို မြင်တွေ့ဖူးသည်။ထို့ကြောင့်သူကရှောင်လန်နှင့်ရှောင်လူတို့စီသွားပြီးအမြန်နှုတ်ဆက်လိုက်သည်။
ထိုအချိန်တွင် လင်းဖန်သည် ထိုဥက္ကဌများထဲတွင် ပါဝင်ကြောင်း သူတွေ့ရှိခဲ့သည်။
ထိုအချိန်တွင်လင်းဖန် သည် လဲရှစ်ဖန်ကိုမြင်လိုက်သည်။ထို့ကြောင့်လင်းဖန်က “မန်နေဂျာ ဖန်၊ မင်းဒီမှာရှိတာနဲ့အတော်ပဲငါတို့အတွက်ပိုကြီးပြီးကောင်းတဲ့အခန်းတွေရှိလား”
ကျန်ပေ့ဟိုတယ်တွင်ဒီလိုအခန်းမျိုးကိုကြိုတင်ဘွတ်ကင်လုပ်ထားမှာသာဝင်လို့ရမည်ဖြစ်သည်။ဒါတေွကသာမန်လူတွေအတွက်သာဖြစ်သည်။
လင်းဖန်သည် သာမန်လူမဟုတ်သည်မှာ ထင်ရှားသည်။
ထို့ကြောင့်ရှစ်ဖန်က ကမန်းကတန်းဖြင့်”ငါတို့ကျန်ပေ့ဟိုတယ်မှာဒီလိုအခန်းတွေရှိပါတယ်။ကျေးဇူးပြုပြီးလိုက်ခဲ့ပေးပါ”
ထို့နောက် ရှစ်ဖန် ၏ ဦးဆောင်မှုအောက်တွင် လင်းဖန်တို့သည် ကျန်ပေ့ဟိုတယ်၏ အပေါ်ဆုံးထပ်ရှိ အခန်း 888 သို့ လာခဲ့ကြသည်။
နောက်ဆုံးအကြိမ်တွင် လင်းဖန်သည်ကျန်ပေ့ တက္ကသိုလ်မှ ခေါင်းဆောင်များနှင့် အခြားသူများသည် ဤအခန်းထဲတွင်လာ၍စားသောက်ကြသည်။
သို့သော်ဤတစ်ကြိမ်တွင်မူကွဲဲပြားသွားသည်။လင်းဖန်သည် ရှောင်လန်၊ ရှောင်လူ နှင့် တစ်ခြားဥက္ကဋ္ဌ အများအပြားကိုစကားပြောနေသည်ကိုရှစ်ဖန်ကမြင်လိုက်သည်။
ရှောင်လန်နှင့်ရှောင်လူတို့သည် လင်းဖန်အပေါ် အလွန်လေးစားစွာဆက်ဆံနေတယ်ဆိုတာကိုလဲသူကမြင်လိုက်သည်။
ထို့အပြင် ယနေ့ ကျန်ပေ့ဟိုတယ်သို့ လာရခြင်း အကြောင်းရင်းမှာလင်းဖန်ကြောင့်ဆိုတာကိုသူသဘောပေါက်လိုက်သည်။
ဒါကိုတွေးမိပြီး ရှစ်ဖန်ရဲ့ နှလုံးသားကပိုလို့တောင် တုန်လှုပ်သွားစေခဲ့သည်။မစ္စတာ ကျူဝမ်မင်၊ ချန် ပြည်နယ်ခေါင်းဆောင်တွေ၊ ကျန်ပေ့ တက္ကသိုလ်ခေါင်းဆောင်တွေ စသဖြင့် အားလုံးဟာ အလွန်လေးစားစွာဆက်ဆံနေကြသည်။
ဒါကပင်အရမ်းကိုလေးစားစရာကောင်းနေပြီဖြစ်သည်။
အရင်တစ်ခေါက်ကလူမှုဆက်ဆံရေးကွန်ရက်ဆိုရင်ယခုအခါတွင်တော့စီပွားရေးကွန်ယက်ပင်ဖြစ်သည်။
အထူးသဖြင့် ရှောင်လန်နှင့် ရှောင်လူ တို့သည်တရုတ်နိုင်ငံရှိ ပကတိဘီလူးကြီးများပမာဖြစ်သည်။
ဒါဟာ ရိုးရိုးရှင်းရှင်းပါပဲ. စိတ်ကူးမယဉ်နိုင်သောကိစ္စပင်ဖြစ်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး