ထရီလီယံ ပါတီ
Vol. 12 Ch. 169
အခန်း၈၈၈။
ရှောင်လန်နှင့် ရှောင်လူတို့၏ တညီတညွတ်တည်း တောင်းဆိုမှုအရ လင်းဖန်သည် ထိပ်ဆုံးနေရာတွင်ထိုင်လိုက်သည်။
သူတို့ရဲ့အကြောင်းပြချက်က ရိုးရှင်းပါသည်။
ဘာလို့ဆိုတော့လင်းဖန်ဟာဒီနေ့အိမ်ရှင်ဖြစ်သောကြောင့်ပင်ဖြစ်သည်။
ရှောင်လန်နှင့်ရှောင်လူတို့သည် လင်းဖန်၏ဘယ်ညာတွင် ထိုင်နေကြသည်။
ကျန်တဲ့နေရာတွင်တော့တစ်ခြားဥက္ကဌများကထိုင်နေကြသည်။
သာမာန်အချိန်များတွင် ဤလူများသည် အချင်းချင်း ရန်စဖို့ရန်သာသိသည်။
ဒီနေ့ မှာတော့မတွေ့တာကြာတဲ့သူငယ်ချင်းလိုမျိုးပြုံးပျော်ပြီးအရက်သောက်နေကြသည်။
ဒါကိုမန်နေဂျာရှစ်ဖန်မြင်သောအခါတွင်သူအိမ်မက်များမက်နေသလားဆိုပြီးထင်လိုက်သည်။ထို့ကြောင်သူကသူပါးကိုသူရိုက်သည်။သူရိုက်လိုက်သောအခါတွင်နာကျင်မှုကိုခဲစားရမှသာအိမ်မက်မဟုတ်ဘူးဆိုတာကိုသဘောပေါက်လိုက်သည်။
ဒီအကြောင်းတွေကိုဆက်မတွေးဘူးဟုဆုံးဖြတ်ကာလင်းဖန်တို့စားဖို့အတွက်အရသာရှိသောအစားအစာမျကိုသာဆက်တိုက်လာချပေးနေလိုက်သည်။
ရှောင်လန်သည်ပုစွန်စွပ်ပြုတ်ကိုအနံခံကာပါးစပ်ထဲသို့ထည့်လိုက်သည်။ထည့်လိုက်တာနဲ့သူက” အရသာက တကယ်ကောင်းတယ်!”ဟုမယုံနိုင်သောအမူအရာဖြင့်ချီးကျူးလိုက်သည်။
ရှောင်လူက “ဒီဝက်ပေါင်သားလဲ အရသာရှိတယ်!”
တစ်ခြားဥက္ကဌတွေကလဲသူတို့သည်တစ်ပန်ကန်တစ်ခုစီကြားပြီးအသီးသီးကဟင်းပွဲတွေကိုချီးကျူလိုက်သည်။
ဒါကိုမြင်တော့လင်းဖန်က “လူတိုင်းကဒီဟင်းပွဲတွေကိုတော်တော်ကြိုက်တာပဲ”ဟုပြောလိုက်သည်။
ရှောင်လန်က “ကျွန်တော်ကဒီမှာရှိတဲ့ဟာတွေအားလုံးကိုကြိုက်တယ်။သူတို့ကလတ်ဆတ်ပြီး၊ကြွက်ရွပြီးနူးညံကာအရမ်းကိုစားလို့ကောင်းတယ် “
“ငါအရင်ကစားခဲ့တာတွေကဟင်းပွဲအတုတွေပဲဖြစ်မယ်!”
“ငါ့ကို ဟင်းစစ်စစ်တွေကိုစားခွင့်ပေးလို့ ကျေးဇူးတင်ပါတယ် မစ္စတာလင်း။ ငါ မင်းကို ဒီတစ်ခွက်နဲ့ချီးကျူးပါရစေ”
စကားပြောနေစဉ်မှာပင် ရှောင်လန်သည် ဖန်ခွက်ကို မြှောက်ကာ တစ်ချက်တည်း သောက်လိုက်သည်။
လင်းဖန်က “ရှောင်လန်မင်းပ ယဉ်ကျေးလွန်းနေပြီ’’(လင်းဖန်ရှောလန်ဟုခေါ်ရခြင်းမှာရှောင်လန်ကခေါ်ခိုင်းသောကြောင့်ဖြစ်သည်။)
သူ့ဘေးနားရှိ ရှောင်လူလဲဒါကိုမြင်ပြီးမနေနိုင်ပဲ “မစ္စတာလင်း၊ ငါတို့ ပန်ကူကို ယုံကြည်မှုအတွက် မင်းကျေးဇူးတင်ပါတယ်၊ ငါလည်း မင်းကို ဝိုင်တစ်ခွက်နဲ့ချီးကျူးပါရစေ” လို့ပြောလိုက်သည်။
ထို့နောက် ရှောင်လူသည်လည်း ဝိုင်တစ်ခွက်ကိုသောက်လိုက်သည်။
.......
ဒီနေ့ အစားအသောက်ပွဲကိုည ၁၀း၃၀ မှာ သာပြီးသွားခဲ့သည်။
ထိုအချိန်တွင် လူတိုင်း၏ မျက်နှာများသည်နီရဲနေသည်။လင်းဖန်က လွဲရင်ပေါ့။
သူ့မျက်နှာကအရက်သောက်ထားတာတောင်ပုံမှန်ပင်ဖြစ်သည်။
ဒါကလည်း ပုံမှန်ပင်ဖြစ်သည်။
ဘာလို့လဲဆိုတော့လင်းဖန်တွင်ဘယ်လောက်သောက်သောက်မမူးခြင်းစွမ်းရည်ရှိသောကြောင့်ပင်ဖြစ်သည်။
လင်းဖန်သည် ကျန်ပေ့ဟိုတယ်မှ ထွက်သွားသောအခါ သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
【ဒင်း! လျှို့ဝှက်မစ်ရှင်ပြီးခြင်း- ထရီလီယံလောက်ရှိသောပါတီပွဲသို့သွားသောကြောင့်ငွေရောင်စာအိတ် ၅ အိတ်ကိုရရှိသည်။။ 】
ဒါကိုကြားပြီးနောက်လင်းဖန် အနည်းငယ် အံ့အားသင့်သွားသည်။
ရုတ်တရက်ကြီးမစ်ရှင်တစ်ခုပြီးသွားတာလား?
ထရီလီယံ ပါတီ?
လင်းဖန်သည် ထိုအချက်ကို ခဏလောက်တွေးပြီး စနစ်ကဘာကိုရည်ညွှန်းသည်ကို သိလိုက်သည်။
ရှောင်လန်၊ရှောင်လူနှင့်တစ်ခြားလူများ၏စုစုပေါင်းတန်ဖိုးသည် တစ်ထရီလျံကျော်ရှိသည်မှာသေချာသည်။
ဒါက ထရီလီယံပါတီတစ်ခုမဟုတ်လား။
ထမင်းစားလိုက်သောကြောင့်အလုပ်တစ်ခုပြီးသွားသည်။ဒါကသိပ်မဆိုးဘူးဟုတွေးမိလိုက်သည်။
အခုအချိန်က တော်တော်နောက်ကျနေပြီဖြ်သည်။ ဒါကြောင့်လင်းဖန် က ဆရာမဟန်တီရဲ့အိမ် ဒါမှမဟုတ် ရီကေကို မသွားဘဲပန်းလုံဗီလာသို့ပြန်လာခဲ့သည်။
ထို့နောက် တွင်သူသည်ငွေရောင်စာအိတ်ကို အာရုံစိုက်လိုက်သည်။
“ငွေရောင်စာအိတ် ၅ အိတ်ကိုဖွင့်မည်လား။”
“ဟုတ်တယ် ‘’
【ဒင်း! ဂုဏ်ယူပါတယ် ၊ သင် ယွမ် 500,000 လက်ခံရရှိသည်။ 】
【ဒင်း! ဂုဏ်ယူပါတယ်၊ ငမန်းဒင်္ဂါး သန်း 100 ကို ရရှိခဲ့သည်။ 】
【ဒင်း! ဂုဏ်ယူပါတယ် ၊ မင်း 800,000 ယွမ်ကို လက်ခံရရှိသည်။ 】
【ဒင်း! ဂုဏ်ယူပါတယ် ၊ ယွမ် 100,000 လက်ခံရရှိသည်။ 】
【ဒင်း! ဂုဏ်ယူပါသည်၊ သင်သည် 20 ကာရက် သဘာဝစိန်တစ်လုံးကို ရရှိသည် 】
လင်းဖန်က နှုတ်ခမ်းမဲ့ကာ “ဘာလို့ အသုံးမကျတဲ့ အရာတွေ ရနေတာလဲ?”ဟုတစ်ယောက်တည်းရေရွတ်လိုက်သည်။
အသုံးမကျတဲ့အရာတွေတဲလား။
လင်းဖန်စကားကိုသူများတွေကြားရင်လင်းဖန်ကိုသူတို့ပြောမည့်စကားတစ်ခွန်းသာရှိသည်။အဲ့ဒါကမင်းကအသုံးမကျတဲ့အရာတွေဆိုတော့ငါတို့ကမင်းအစားပဲယူလိုက်မယ်ဆို၍ပင်ဖြစ်သည်။
ငွေသား ၁.၄ သန်းသည်လူများစွာသည် ၎င်းတို့၏တစ်သက်တွင်ရချင်မှသာရသည်။
ငါးမန်းဒင်္ဂါးပြားသန်း၁၀၀၀၏ စျေးကွက်တန်ဖိုးမှာ ယွမ် ၁၀ သန်းရှိကြောင်း သိရသည်။
20 ကာရက် သဘာဝစိန်အတွက် အနိမ့်ဆုံးစျေးနှုန်းမှာ ဆယ်သန်းကျော်ဖြစ်သည်။
ဒါတောင်အသုံးမဝင်တဲ့ဟာတွေတဲ့လား။
ထို့နောက် လင်းဖန်သည် အကောင့်ဝင်စနစ်ကိုအာရုံစိုက်လိုက်သည်။
“သင်အကောင့်ဝင်ချင်ပါသလား”
“ဟုတ်တယ်’’
【ဒင်း! အောင်မြင်စွာ ဝင်ရောက်ပြီး ယွမ် 10 သန်း ရရှိခဲ့သည်။ 】
“ဟုတ်နေပါပြီ။ငါ့ရဲ့ကံကောင်းလြင်းတွေပြီးဆုံးသွားပြီ” ဟုလင်းဖန် သက်ပြင်းချပြီးပြောလိုက်သည်။
...
ထိုအချိန်တွင် တစ်နေကုန် အလုပ်များနေသော စုနမ်သည် သူ့မ၏အဝတ်အစားများကို လျှော်ဖွပ်ပြီးသွားသည် ။
သူမ ပင်ပန်းနေသော်လည်း သူမ သည်တစ်ချက်ပင်မညည်းညူပေ။
“ကလင် ကလင် ကလင်”
ထိုအချိန်တွင် ကုတင်ပေါ်တင်ထားသော ဖုန်းက အသံမြည်လာခဲ့သည်။
စုနမ်သည် တောင်ပေါ်ရှိ အဘွားထံမှ လာခြင်းဖြစ်ကြောင်းကိူသူမသိလိုက်သည်။
ထို့ကြောင့်သူမသည်အချိန်ကိုကြည့်လိုက်ရာအရမ်းနောက်ကိပြီဆိုတာကိုသူမသိလိုက်သည်။ဒီအချိန်ကြီးအဖွားဘာလို့ငါ့ကိုဖုန်းဆက်ရတာလဲဟုတွေးလိုက်သည်။
စုနမ်က သံသယအရိပ်အမြွက်ဖြင့် အဖြေခလုတ်ကို နှိပ်လိုက်သည်။
“အစ်မ နေမကောင်းဘူး။ အဖွား နေမကောင်းဘူး”
ဤစကားများကြားသည် စုနမ်၏နှလုံးသားကို မိုးကြိုးပစ်ချလိုက်သလိုခံစားရသည်။
စုနမ် နှင့် သူမ၏ညီမငယ်တို့သည် ငယ်စဉ်ကတည်းက အဖွားဖြစ်သူထံမှ ကြီးပြင်းလာခဲ့ကြပြီး အဖွားနှင့် အလွန်ဆက်ဆံရေးကောင်းခဲ့ကြသည်။
အခု အဖွား ရုတ်တရက် နေမကောင်းဖြစ်တော့ ဘယ်လိုလုပ်စိတ်မပူဘဲနေမည်နည်း။
စုနမ်က “အဖွားနေမကောင်းဘူးဆိုတော့ ဆေးရုံသွားပြီးပြီလား’’ဟုမေးလိုက်သည်။
“ငါဆေးရုံရောက်နေပြီ! ဒါပေမယ့် ခွဲစိတ်မှုလုပ်ဖို့ ယွမ် 80,000 ကုန်မယ်လို့ ဆရာဝန်က ပြောတယ်။ အရင်က အိမ်ကိုပို့တဲ့ငွေက စုစုပေါင်း ယွမ် 40,000 ပဲကျန်တော့တယ်...” လို့ သူမ၏ညီမလေးက ငိုယိုပြီး ပြောလိုက်သည်။
စုနမ် က “ငါ့မှာ ယွမ် 10,000 ရှိတယ်။ ငါ မင်းကို အခု ပို့ပေးလိုက်မယ်။ ကျန်တာကိုတော့ခဏလောက်စောင့်ပါ”
ဖုန်းချပြီးနောက်တွင် သူမသည် သူမ၏ လက်ကိုင်ဖုန်းကို အသုံးပြု၍ ညီမဖြစ်သူထံ ယွမ် ၁၀,၀၀၀ ကို အမြန်လွှဲပြောင်းပေးလိုက်သည်။
ထို့နောက် စုနမ်သည်ဘာလုပ်ရမယ်မှန်းမသိဖြစ်နေသည်။
30000?
လူတော်တော်များများအတွက် ယွမ် 30,000 ဆိုတာကဘာမမဟုတ်ပေ။
သို့သော် သူမအတွက်မူဤငွေသည် ကြီးမားသော ပမာဏတစ်ခုဖြစ်သည်။
စုနမ်သည်ပိုက်ဆံကိုဘယ်ကနေရမလဲဆိုတာကိုအသဲအသန်စဉ်းစားလိုက်သည်။
နောက်ဆုံးတော့ မနေ့က လင်းဖန်ပြောတဲ့စကားကိုချက်ချင်းသတိရမိလိုက်သည်။
အချိန်အတော်ကြာ တုံ့ဆိုင်းသွားပြီးနောက် တွင် စုနမ် က လင်းဖန်ကိုဖုန်းခေါ်လိုက်သည်။
“ဟယ်လို?” လင်းဖန်က စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။
“လင်း...မစ္စလင်း၊ မင်္ဂလာပါ။” လင်းဖန်အသံကြားပြီးနောက်တွင်စုနမ် က စိတ်လှုပ်ရှားစွာပြောလိုက်သည်။
အသံကြားတာနဲ့လင်းဖန်သည် အခြားသူ၏ အထောက်အထားကို အလွယ်တကူ မှတ်မိလိုက်သည်။
“အိုး စုနမ်မ ဟုတ်လား မင်းက ငါနဲ့ အချိန်ပြည့် အိမ်ထိန်းဖြစ်ချင်လို့လား။” ဟုလင်းဖန်က မေးလိုက်သည်။
စုနမ် က “ဟုတ်...ဟုတ်တယ်”
“ကောင်းပြီ မနက်ဖြန်မနက် လာခဲ့” လင်းဖန်က ပြောလိုက်သည်။
စုနမ် က တုန်လှုပ်ချောက်ချားပြီး “အမ်... မစ္စတာလင်း၊ ငါ့ရဲ့ လစာ နှစ်လ ကြိုပေးလို့ရမလား”ဟုပြောလိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး